Monday, April 28, 2014
လှိုင်မြို့နယ်၌ အုတ်နံရံအနီးတွင်ပေါက်နေသော ညောင်ပင်ပြိုလဲရာမှ ဘုန်းကြီးကျောင်းဆောင်ပေါ်သို့ပိမိသဖြင့် သံဃာ(၁)ပါး ပျံလွန်တ်ာမူ၊ (၁)ပါးဒဏ်ရာရ
RangonNewsDaily: April . 28 .2014
၂၈.၄.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်တွင် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်း၊ ဇေယျမင်္ဂလကျောင်းတိုက်ဝင်းနှင့်
ကပ်လျက်ရှိ စက်မှုဝန်ကြီးဌာနပိုင် လွယ်ဟိန်းကုမ္ပဏီမှငှားရမ်းထားသော ဘီစကွတ်စက်ရုံခွဲ(၂)၀င်းအတွင်းမှ နှစ်ပေါင်း(၆၀)ခန့်
သက်တမ်းရှိ အဆောက်အဦအုတ်နံရံအနီး၌ကပ်ပေါက်နေသော ညောင်ပင်ပြိုလဲရာမှအစပြုပြီး အုတ်နံရံ အလျား(၁၂၀)ပေ၊ အမြင့်
(၂၅)ပေခန့်မှာပြိုကျခဲ့ပါသည်။
လူငယ်အဆိုရှင်တွေကို ပွဲထုတ်ပြီး ပရိသတ်ကို ရသအသစ်ပေးမယ့် စည်သူလွင်
RangonNewsDaily: April . 28 .2014
ဒုတိယအကြိမ်မြောက် ပြုလုပ်မည့် တစ်ကိုယ်တော် ဖျော် ဖြေပွဲတွင် စုံတွဲအဆိုရှင်များအ ဖြစ် လူငယ်အဆိုရှင်များကို ရွေး ချယ်ထားခြင်းမှာ ၎င်း၏ သီချင်း များကို လူငယ်အဆိုရှင်များ၏ အသံဖြင့် သီဆိုကာ ပရိသတ်များ အတွက် ခံစားမှုအသစ်များပေး နိုင်ရန်ရည်ရွယ်ကြောင်း အဆို တော်စည်သူလွင်က ပြောသည်။
တောင်ကြီးအတက်လမ်း ကားမီးလောင်မှုတွင် နောင်တရားမြို့နယ် လူဦးရေ သန်းကောင်စာရင်း စာရွက်များပါ လောင်ကျွမ်း
တောင်ကြီး၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ အတက်လမ်းပိုင်းတွင် ဧပြီလ ၂၈ရက် နံနက်၁၀နာရီ မိနစ်၂၀ခန့်ကကားမီးလောင်မှု ထပ်မံဖြစ်ပွားရာ ကားပေါ်တွင် တင်လာသည့် ရှမ်းပြည်နယ် နောင်တရားမြို့နယ်အတွင်း ကောက်
ခံထားသည့် လူဦးရေ သန်းကောင်စာရင်း စာရွက်များ လောင်ကျွမ်းခဲ့သည်ဟု ယာဉ်မောင်းသူ ကိုကြည်သိန်းက မဇ္ဈိမကို ပြောသည်။
ပစ္စတိုတစ်လက်နှင့် မူးယစ်ဆေးပြားများသယ်လာသူ ဒဂုံဧရာအဝေးပြေးတွင်ဖမ်းမိ
RangonNewsDaily: April . 28 .2014
ရန်ကုန်၊ မဇ္ဈိမ။ ။ ပစ္စတိုသေနတ်တစ်လက်နှင့်အတူ စိတ်ကြွမူးယစ်ဆေးပြားများ သယ်လာသည့် ခရီးသည်တစ်ဦးကို လှိုင်သာယာ
ဒဂုံဧရာ အဝေးပြေးကားဝင်း အတွင်းတွင် ကြိုတင်သတင်းအရ ဧပြီ ၂၇ ရက် ည ၈ နာရီခန့်က ဖမ်းဆီးရမိလိုက်သည်။

မြင်းမူတွင် လူနာတင်ယာဉ်တိမ်းမှောက်ကာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
RangonNewsDaily: April . 28 .2014
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် မုံရွာ- မန္တလေးကားလမ်း မိုင်တိုင် ၅၇၊ ဘိုးမင်းကြီးကင်း၊ ဂွေးပင်တောကျေးရွာအနီးတွင် ဧပြီလ ၂၇ရက် နံနက်ပိုင်းက လူနာတင်ယာဉ်တစ်စင်း တိမ်းမှောက်ကာ လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မုံရွာ ဒုဖွဲ့ခွဲရုံးက သိရသည်။

ကျောက်တန်းမြို့နယ်၌ ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်
RangonNewsDaily: April . 28 .2014
၂၇.၄.၂၀၁၄ရက်နေ့ ၁၃၄၀အချိန် ကျောက်တန်းမြို့နယ်၊ ချောင်းစောက်ကျေးရွာ၊ပရိယတ္တိဘူမိ ဘုန်းတော်ကြီးကျောင်းရှိ သွပ်မိုး၊ ပျဉ်ကာကျောင်းဆောင်အပေါ်ထပ်တွင် ဂေါပကအဖွဲ့ဝင် ဦးလှိုင်ကြူ (၆၀)နှစ်၊ချောင်းစောက်ကျေးရွာ၊ ကျောက်တန်းမြို
့နယ်နေသူမှ ကော်ဇောပေါ်၌ခြင်ဆေးခွေထွန်းထားခဲ့ ရာ ခြင်ဆေးခွေမီးမှ ကော်ဇောပေါ်သို့ကျပြီး မီးစတင်လောင်းကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ရှိပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၁၄၂၀အချိန်တွင်မီးငြိမ်းသွားခဲ့ ပါသည်။
၂၇.၄.၂၀၁၄ရက်နေ့ ၁၃၄၀အချိန် ကျောက်တန်းမြို့နယ်၊ ချောင်းစောက်ကျေးရွာ၊ပရိယတ္တိဘူမိ ဘုန်းတော်ကြီးကျောင်းရှိ သွပ်မိုး၊ ပျဉ်ကာကျောင်းဆောင်အပေါ်ထပ်တွင် ဂေါပကအဖွဲ့ဝင် ဦးလှိုင်ကြူ (၆၀)နှစ်၊ချောင်းစောက်ကျေးရွာ၊ ကျောက်တန်းမြို
့နယ်နေသူမှ ကော်ဇောပေါ်၌ခြင်ဆေးခွေထွန်းထားခ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် လေပြင်းတိုက်ခတ်၍လူနေအိမ်တစ် ရာခန့်ပျက်စီး
RangonNewsDaily: April . 28 .2014
ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့နယ် ခြင်းဘို့အုပ်စုတွင် ဧပြီလ(၂၇)ရက်နေ့ကရုတ်တရက်မိုးရွာသွန်း ရာမှ လေပြင်းမုန်းတိုင်း ပြင်းထန်စွာတိုက်ခတ်ခဲ့၍ယင်းအုပ်စုအတွင်းရှိဆိပ်သာဘုန်တော်ကြီးကျောင်းနှင့် ကျေးရွာ (၈)ရွာမှလူနေအိမ် တစ်ရာခန့် ပျက်စီး ခဲ့ကြောင်းဒေသခံအုပ်ချုပ်ရေးမှူးထံမှသိရသည်။
ကြေးပိဿာချိန် ၆၀ ခန့်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် ပျောက်ဆုံး
RangonNewsDaily: April . 28 .2014
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ထနီးကျေးရွာ ဘုရားကြီး ကျောင်းတိုက်အတွင်း နှစ်ပေါင်း တစ်ရာကျော်ကတည်းက ကိုး
ကွယ်ခဲ့သည့် ဉာဏ်တော် အမြင့် သုံးပေခန့်၊ အလေးချိန် ကြေးပိဿာချိန် ၆၀ ခန့်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဧပြီလ ၂၆ ရက်နေ့က ပျောက်ဆုံးသွားခဲ့ကြောင်း ထနီးကျေးရွာ ဒေသခံများက ပြောကြားသည်။

Subscribe to:
Posts (Atom)