Wednesday, December 11, 2013
27th SEA Games: Opening Ceremony ဖွင့်ပွဲအခမ်းအနားယနေ့ညနေပိုင်းကကျင်းပပြုလုပ်
RangonNewsDaily:: December . 11
27th SEAGames:OpeningCeremonyဖွင့်ပွဲအခမ်းအနားယနေ့ညနေပိုင်းကကျင်းပပြုလုပ်နေပြီဖြစ်ကြောင်း
သတင်းရရှိပါသည်။ ဖွင့်ပွဲအခမ်းအနားပုံရိပ်များကိုတင်ဆက်ပေးလိုက်ပါသည်။
ဆီးဂိမ်းကို အိုးမဲသုတ်သူများ
မြန်မာ-ကမ္ဘောဒီးယား ဘောလုံးပြိုင်ပွဲ မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) |
RangonNewsDaily:: December . 11 .2013
ပြီးခဲ့တဲ့ ရက်အတွင်း ဆီးဂိမ်း အားကစားပြိုင်ပွဲတွေထဲက တခုဖြစ်တဲ့ ဘောလုံး အားကစားပြိုင်ပွဲတွေ စတင် ကျင်းပပါတယ်။ ကစားပွဲထဲမှာ လာရောက်ကြည့်ရှုတဲ့ မြန်မာ ပရိသတ်တွေ အားပေးတဲ့ ပုံစံဟာ အရင့်အရင်

နှစ်တွေကထက် တော်တော် တိုးတက်လာတာတွေ့ ရသလို ပရိသတ် တချို့ရဲ့ ပြုမူပုံတွေကတော့ တော်တော်ကြီး ရှက်စရာကောင်းတယ်လို့ မြင်မိပါတယ်။
ဒေါ်နော်အုန်းလှကို ၂၀၀၇ ခုနှစ်က ပြစ်မှုဟောင်းဖြင့် ထပ်မံတရားစွဲ
RangonNewsDaily:: December . 11 .2013
လက်ပံတောင်း ကြေးနီစီမံကိန်းရပ်ဆိုင်းပေးရန်အတွက်တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အလံကို မီးရှို့ကာ ဆန္ဒ

ထုတ်ဖော်မှုကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှောင့်ယှက်မှု ပုဒ်မ
၅၀၅ (ခ)ဖြင့် တရားစွဲ ခံထားရသူ
ဒေါ်နော်အုန်းလှကို ရွှေတိဂုံဘုရားဂေါပကအဖွဲ့က ၂၀၀၇ ခုနှစ်က ပြစ်မှုဟောင်းတစ်ခုဖြင့် ထပ်မံတရားစွဲဆို
လိုက်ကြောင်း ဒေါ်နော်အုန်းလှ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
နိုင်ပွဲဆက်နေသော အမျိုးသားဘောလုံးအသင်းအပေါ်အမြင်များ
RangonNewsDaily:: December . 11 .2013
ဆီးဂိမ်းပြိုင်ပွဲအမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်နှစ်ပွဲကစား ပြီးချိန်တွင် ခြောက်မှတ်ရရှိပြီးအလားအလာ
ကောင်းများပိုင်ဆိုင်ထားသည့် မြန်မာအသင်းအပေါ်နည်းပြများ၊ ကစားသမားဟောင်း များနှင့်ပရိသတ်များ၏ သုံးသပ် ချက်များကို တင်ပြလိုက်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း " မဒီ " ၏ လက်ရှိ အခြေအနေ မှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မုန်တိုင်းအန္တရာယ် ကြိုတင် သတိပြုရန် လိုအပ်
RangonNewsDaily:: December . 11 .2013
ယနေ့ညနေ ၅ နာရီခွဲ အချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်း နှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ် နေသော အားကောင်း သည့် ဆိုင်ကလုန်း မုန်တိုင်း ''မဒီ'' ( Madi ) သည် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ ၏ အရှေ့မြောက် ဘက်(၃၂၅) မိုင်ခန့် ၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ ၏ အနောက် - အနောက် မြောက်ဘက် (၄၈၅)မိုင် ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြု နေပါသည်။

အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်နော်အုန်းလှကို ရွှေတိဂုံစေတီမှာ အသံကျယ်ကျယ်နဲ့ ဘုရားရှိခိုးမှုနှင့် ဒဂုံမြို့နယ်တရားရုံးက တရားစွဲ
RangonNewsDaily:: December . 11 .2013
တရုတ်အလံမီးရှို့မှုနဲ့ လို့ဆိုပြီး သာသနာကိုစော်ကားမှုနဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်တရားရုံးက ဒီနေ့ တရားစွဲလိုက်တယ်လို့ ဒေါ်နော်အုန်းလှရဲ့ရှေ့နေက ပြောပါတယ်။ ဒေါ်နော်အုန်းလှနဲ့ Generation Youth အဖွဲ့က ကိုတင်ထွဋ်ပိုင်တို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၉ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွင်းခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ဆန္ဒပြစဉ် တရုတ်သံရုံးအနီးမှာ တရုတ်နိုင်ငံ အလံကိုမီးရှို့ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅ (ခ)နဲ့ ဒဂုံမြို့နယ်တရားရုံးမှာ ဒီနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

Subscribe to:
Posts (Atom)