Pages

Wednesday, December 11, 2013

ဆိုင်ကလုန်းမုန်တိုင်း " မဒီ " ၏ လက်ရှိ အခြေအနေ မှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မုန်တိုင်းအန္တရာယ် ကြိုတင် သတိပြုရန် လိုအပ်

RangonNewsDaily:: December . 11 .2013
ယနေ့ညနေ ၅ နာရီခွဲ အချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်း နှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ် နေသော အားကောင်း သည့် ဆိုင်ကလုန်း မုန်တိုင်း ''မဒီ'' ( Madi ) သည် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ ၏ အရှေ့မြောက် ဘက်(၃၂၅) မိုင်ခန့် ၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ ၏ အနောက် - အနောက် မြောက်ဘက် (၄၈၅)မိုင် ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြု နေပါသည်။
အဆိုပါ အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းသည် မြောက်ဘက်သို့ ဖြည်းညင်းစွာ ဆက်လက် ရွေ့လျားလျက် ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ အားလျော့ သွားမည်ဟု ခန့်မှန်းရ ပါသည်။

အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်း အသင့်အတင့် မှ လှိုင်းကြီးနိုင် ပါသည်။
::
မိုးသက်လေပြင်း ကျစဉ် ရေပြင်/ မြေပြင် လေသည် တစ်နာရီ လျှင် (၃၅)မိုင်မှ မိုင်(၄ဝ) အထိ တိုက်ခတ် နိုင်ပါသည်။

အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အဝါရောင် အဆင့်သာ ရှိသော်လည်း မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့ရှိ ကမ်းနီး ၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ်ကို ကြိုတင် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။


မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန

0 comments:

Post a Comment