Sunday, April 14, 2013
Facebook ကြောင့်၂၄ နာရီအတွင်း ဖော်ထုတ်နိုင်တဲ့ ရန်ကုန်လူသတ်မှု
ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့က လူသတ်မှုတခုမှာ သေဆုံး တဲ့အမျိုးသမီး ဘယ်သူဘယ်ဝါ ဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်လို့မ ရ ဖြစ်ခဲ့ပါတယ်။ လမ်းမတော်မြို့နယ်က MGM ဟိုတယ် မှာ ဖြစ်ပွားခဲ့တဲ့အမှုပါ။ ဟိုတယ်က သေဆုံးတဲ့ဧည့်သည်ရဲ့ မှတ်ပုံတင်ကို မှတ်တမ်း တင်ခဲ့ခြင်းမရှိတဲ့အတွက် စုံစမ်းရခက်သွားတဲ့သဘောပါ။
၇၈၆ ဆိုတာဘာကိုပြောတာလဲ ?
မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော “အလ္လာဟ်”အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ ကုရ်
အာန်ကျမ်းမြတ် ကဏ္ဍ(၁) မုက္ခပါဌ်တော်(၁)၇၈၆ “ခုနစ်ရာရှစ်ဆယ့်ခြောက်” ကိန်းဂဏန်းအက္ခရာသုံးလုံးကို
မြန်မာ၊
အင်္ဂလိပ်၊ အရဗီ၊ အူရဒူ ကိန်းဂဏန်းအက္ခရာ(၇၈၆၊ 786) များဖြင့်အစ္စလာမ်ဘာသာဝင်တိုင်းရင်းသား
၊ နိုင်ငံသား မြန်မာမွတ်စ်လင်မ်ပသီလူမျိုးအချို့၏ အိုးအိမ်၊တိုက်တာ၊ အဆောက်အဦ၊ စားသောက်ဆိုင်များ
နှင့် စာရွက်စာတမ်း၊ မင်္ဂလာဖိတ်စာ၊
ကြော်ငြာ၊ ဆိုင်းဘုတ်များ၏ ထိပ်နဖူးစီးများတွင် (အချို့ အစ္စလာမ်ဘာ
သာဝင်
မွတ်စ်လင်မ်များ) ရေးသားအသုံးပြုနေကြသည်ကို ကြိုကြား ကြိုကြား
တွေ့မြင်နေကြရပေသည်။
မြန်မာပြည်အနှံက မဟာသင်္ကြန်အကျနေ့မြင့်ကွင်းများ
သတင်းဓါတ်ပုံ-သီဟ
ဧပြီလ
14 ရက်နေ့ သင်္ကြန်အကျနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ
မဏ္ဍပ်များတွင် သင်္ကြန် အကြိုနေ့ကထက် ပို၍ရေပက်ခံကားများ၊ လူများ စည်ကားစွာ
ပျော်ပျော်ရွှင်ရွှင်ရေပက်နေကြသည် ကို
တွေ့ရသည်။ မဏ္ဍပ်များအားလုံး ရေပက်သူအပြည့်ဖြင့် စည်ကားနေပြီး
မဏ္ဍပ်များရှေ့တွင်လည်း ယာဉ်ထိန်းရဲများ လမ်းကြောရှင်းပေးမှုကြောင့်
ယာဉ်ပိတ်ဆို့မှု ကြပ်တီးခြင်း မဖြစ်ခဲ့ပေ။
သတင်းဓါတ်ပုံ-သီဟ
မဟာသင်္ကြန် အကျနေ ရန်ကုန်မြို့တွင် ပြည်သူများပျော်ရွင်စွာရေကစား (သတင်း/ဓာတ်ပုံ)
ဓာတ်ပုံ-ဂျေမောင်မောင် (အမရပူရ)
မဟာသင်္ကြန် အကျနေ ရန်ကုန်မြို့တွင် ပြည်သူများပျော်ရွင်စွာရေကစားနေကြသည်ကိုတွေ့ရှိရသည်။
ဓာတ်ပုံ-ဂျေမောင်မောင် (အမရပူရ)
မဟာသင်္ကြန် အကျနေ ရန်ကုန်မြို့တွင် ပြည်သူများပျော်ရွင်စွာရေကစားနေကြသည်ကိုတွေ့ရှိရသည်။
ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန် အကြိုနေ့) ညနေပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း မိုးကြိုးထိမှန်ပြီး လူ ငါးဦး သေဆုံး
ဧပြီ ၁၄ ရက် ၂၀၁၃
ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) ညနေ ၆ နာရီ မိနစ် ၃၀အချိန့်ခန့်က မိုးရွာသွန်း၍ လေပြင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ မိုးကြိုးပစ်မှုများကြောင့် မိုးကြိုးထိမှန်ပြီး လူငါးဦးသေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွား
နေပြည်တော်၊ ဧပြီ ၁၄
၁၃-၄-၂၀၁၃ ရက်နေ့ ၂၁၅၅အချိန်ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ညောင်ပင်စုရပ်ကွက်၊ စက်ကြီး
ရပ၊် ဇလွန်-ရန်ကုန်ကားလမ်းဘေးရှိ အလျား ၈၀ ပေ၊ အနံ ၅၀ ပေ၊ အမြင့် ၂၅ ပေရှိ သစ်သားတိုင်၊ ထရံကာ
၊သွပ်မိုး၊ပျဉ်ခင်းကုန်သွယ်လယ်ယာဂိုထောင်ဟောင်း (၃)လုံးအနက်ဂိုထောင်(၁)လုံး အားမီးလောင်ကျွမ်းသ
ဖြင့်ဇလွန်မြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့်မြို့နယ်မီးသတ်ဌာနမှတပ်ဖွဲ့ဝင်များ စုပေါင်းငြှိမ်းသတ်ခဲ့

ရာ ၂၃၀၀ အချိန် မီးညွန့်ကျိုးသွားပြီး ၂၃၅၀ အချိန် မီးငြိမ်းသွားခဲ့သည်။
သင်္ကြန်တွင်း ယာဉ်ထိန်းအင်အား ၅၀၀ ခန့် တာဝန်ချထားမည်
ယခုနှစ်သင်္ကြန်ကာလတွင်ယာဉ်မတော်တဆမှုများနှင့်အရေးပေါ် ပြဿနာများ
ဖြေရှင်းနိုင်ရန် နှစ်စဉ်ထက်
ယာဉ်ထိန်းတပ်ဖွဲ့အင်အား နှစ်ဆကျော်တိုးချဲ့တာဝန်ချထားမည်ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း
တပ်ဖွဲ့မှူးရုံးမှရဲမှူးက ပြောသည်။နှစ်စဉ်လမ်းဆုံလမ်းပွိုင့်များတွင်အရေးပေါ်ယာဉ်နှင့် လှည့်ကင်းယာဉ်များ
ချထားသည်များရှိသော်လည်းတပ်ဖွဲ့အင်အားအရေအတွက်မှာ၂၀၀ ၀န်းကျင်သာချထားလေ့ရှိသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် အတာသင်္ကြန်နှစ်သစ်ကူး အခါသမယ မိန့်ခွန်း
နေပြည်တော် ဧပြီ ၁၄
မိဘပြည်သူများခင်ဗျား ယခုကဲ့သို့ အတာသင်္ကြန်နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေရာ
ဒေသအနှံ့အပြားမှာမိမိတို့ မြန်မာနိုင်ငံသားအားလုံးအသက်အရွယ်ကြီးငယ်မရွေး ပျော်ရွှင်စွာပါဝင်ဆင်နွဲ
ကြတဲ့ အစည်ကား အသိုက်မြိုက်ဆုံးဖြစ်တဲ့ ရိုးရာပွဲတော်တစ်ရပ် ဖြစ်ပါတယ်။

MBA , MPA , MDevS မဟာဘွဲ့သင်တန်းများအတွက်လျှောက်လွာခေါ်ယူခြင်း
MBA , MPA , MDevS မဟာဘွဲ့သင်တန်းများအတွက်အောက်ပါ အတိုင်းထပ်မံသိရှိရသည်။
MBA , MPA , MDevSတို့အတွက်လျှောက်လွှာပိတ်ရက်မှာ၇-၅-၂၀၁၃သတ်မှတ်ကြောင်း
၊ MBA အတွက် ပတ္တမြားဆောင် ( လှိုင်နယ်မြေ ) ၊ MPA အတွက် အခန်း ၁၁၂
ရန်ကုန်စီးပွားရေးတက္ကသိုလ် ၊ M Devs အတွက် အခန်း ၁၀၆
ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင်လျှောက်ထားရမည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ထီးတော်မိုး ကျေးရွာအနီး ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်
၁၃-၄-၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊
ထီးတော်မိုး ကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ်(၁၀/ ၂-၃)တွင်
မတ္တရာမှ မန္တလေးသို့ အမျိုးသား တစ်ဦးစီးနင်းလာသည့် ဆိုင် ကယ်နှင့်မန္တလေး
မှမတ္တရာသို့မတ္တရာမြို့နယ်၊သနပ်ကုန်းရွာနေမောင်စိုး (၃၀)နှစ်
စီးနင်းလာသည့်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့သည် ။
အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များအား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ ခြိမ်းခြောက်ပြောဆိုမှုအပေါ် အဆင့်ဆင့် တရားဝင် တိုင်ကြားမည်
၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ နေ (၃) နာရီခန့်အချိန်တွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်မှ မန္တလေးမြို့ပေါ်ရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များအား
နှုတ်ဖြင့် ဖိတ်ခေါ်ခဲ့၍ မန္တလေးတိုင်း ၀န်ကြီးချုပ်ရုံးခန်းတွင်
အစ္စလာမ်ဘာသာရေးအဖွဲ့မှ အဖွဲ့ခါင်းဆောင်များအပါအ၀င် (၁၀) ဦး
ရောက်ရှိခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
မင်္ဂလာတောင်ညန့်မှာ စေတီတော်ပုံစံမျိုးပါတဲ့ပိတ်စတွေဖြန့်ချီနေတယ်ဆိုပြီး ဘာသာရေးသွေးထိုးလှုံ့ဆော်မှုတစ်ခု ပြုလုပ်နေ (ကောလဟာလများမယုံကြပါနှင့်)
ခုမှာရေကစားသလိုလို ၊ ဝင်ကသလိုလိုနဲ့ လူတစ်စုရောက်လာပြီး ယာဉ်ကြောတွေကြပ်နေတုန်း လှုံ့ဆော်
မှုတစ်ခုပြုလုပ်သွားတာကိုတွေ့ရတယ်အဓိကက တောင်ညွန့်ဘက်မှာ စေတီတော်ပုံစံမျိုးပါတဲ့ပိတ်စတွေ
"ဘာလာကြောင်တာလဲ" ဆိုတော့မှ ကားပေါ်တက်ပြီးထွက်သွားကြတယ်ဆိုပါတယ်။
တမူထူးခြား ဘုန်းကြီးတစ်ပါး
ဧပြီ ၈၊ ၂၀၁၃။ (ရိုက်တာ)
မြန်မာ့ အစွန်းရောက်အမျိုးသားရေးဝါဒီ ဘုန်းကြီး ၀ီရသူဟာ သာမန်သံဃာတွေ
ရဟန်းတွေရဲ့ ၀ိနည်းတွေ
ထက် ကျော်လွန်ပြီး ကျင့်သုံးနေထိုင်သူဖြစ်တယ်။သူ့မှာ iPhone တစ်လုံးရှိပြီး ဖုန်း ring tone ကိုတော့ ၁၉၉၂
ခုနှစ်လောက်ပေါ်ခဲ့တဲ့ ဗြိတိသျှသီချင်း(Nightcrawlers ရဲ့ "Push the
Feeling"သီချင်း)တီးလုံးကိုထည့်သွင်း
ထားတာ တွေ့ရတယ်။

လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်မှုကြောင့် စေတီတော်တိမ်းစောင်း၍ နေအိမ်များပျက်စီး
နေပြည်တော်၊ ဧပြီ ၁၃
၁၃-၄-၂၀၁၃ ရက်နေ့ ၀၆၃၅ အချိန် မိုးရွာသွန်း၍ လေပြင်းများတိုက်ခတ်ပြီး
မိုးကြိုးပစ်မှုကြောင့် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အမှတ်(၂)ရပ်ကွက်၊
စည်ပင်ဈေးအနီးရှိ ဆုတောင်းပြည့်စေတီ၏ ထီးတော်သည် အနောက်ဘက်သို့ ၅
ဒီကရီခန့် တိမ်းစောင်းသွားခဲ့သည်။ ထို့ပြင် ထိုနေ့ ထိုအချိန်တွင်ပင်
ကျုံဒိုးမြို့အမှတ်(၁) ရပ်ကွက်၊ ကျုံဒိုးမီးပုံးပျံပွဲပြုလုပ်သည့် ဒုံးစင်၏ နောက်ခံအုတ်တံတိုင်းလည်း ပြိုလဲသွားခဲ့သည်။
Subscribe to:
Posts (Atom)