Pages

Pages - Menu

Sunday, April 14, 2013

သေမယ်ဆိုတာ ကြိုသိခဲ့တဲ့ဆရာဝန်တစ်ယောက်ရဲ့ ခံစားချက် (Only when we learn how to die then we learn how to live )

သေမယ်ဆိုတာ ကြိုသိတဲ့အခါ . . .

 

    မျက်နှာအလှပြုပြင်ခွဲစိတ်ကုဆရာဝန် ဒေါက်တာ ရစ်ချတ်ဟာ အသက် ၄၀အရွယ်၊ သန်းကြွယ်သူဌေး တဦးဖြစ်ပါတယ်။ သူဟာ နောက်ဆုံးအဆင့် အဆုပ်ကင်ဆာဖြစ်ပွားနေကြောင်း သိရပြီးနောက် သူ့ရဲ့ဘ၀အကြောင်းကို ၁၉.၀၁.၁၂ နေ့မှာ သွားဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသားများရှေ့မှာ ကိုယ်ကျိုးမငှဲ့ပဲ လူအများအတွက် တွေ့ဆုံပြောပြခဲ့ပါတယ်။

    မင်္ဂလာ နံနက်ခင်းပါ။ ကျွန်တော့်အသံက နဲနဲသြနေတော့ သည်းခံပေးပါခင်ဗျာ။ ကျွန်တော်ကတော့ ရစ်ချတ်ပါ။ ဆရာဝန်ပါ။ ကျွန်တော့်ဘ၀အကြောင်း နဲနဲဝေမျှချင်ပါတယ်။ ပါမောက္ခက ကျွန်တော့်ကို ဖိတ်လို့လာရတာ ၀မ်းသာပါတယ်။ ခင်ဗျားတို့သင်ကြားနေတဲ့ သွားဆေးကုသရေးဆိုင်ရာများအပြင် တခြားအရာတွေရှိသေးတယ်ဆိုတာ တွေးမိတယ်ဆိုရင်ဖြင့် ပြောပြရကျိုးနပ်ပါတယ်ခင်ဗျာ။

    ငယ်ငယ်ကတည်းက ကျွန်တော်က ဒီနေ့လူ့အဖွဲ့အစည်းရဲ့ ထုတ်ကုန်ပစ္စည်းစစ်စစ်ပါ။ အထိုက်အလျောက်အောင်မြင်တဲ့ ထုတ်ကုန်ပေါ့ခင်ဗျာ။ ငယ်ငယ်တုန်းကတော့ ဆင်းရဲတယ်ခင်ဗျ။ မီဒီယာတွေနဲ့ ပတ်ဝန်းကျင်ကလူတွေက ပြောကြတာကတော့ ပျော်ရွှင်မှုဆိုတာ အောင်မြင်မှုပဲတဲ့။ အဲဒီအောင်မြင်မှုဆိုတာလည်း ချမ်းသာမှုပဲတဲ့ခင်ဗျ။ ဒီလို အတွေးအခေါ်မျိုးနဲ့ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက အင်မတန်ပြိုင်ဆိုင်လိုစိတ် များခဲ့တာကလား။

    ကျွန်တော်ဟာ ကျောင်းမှာထိပ်ဆုံးဖြစ်ရုံသာမကသေးဘူး နယ်ပယ်အားလုံးမှာကို အောင်မြင်ဖို့လိုသေးတာ။ ၀တ်စုံဆင်တူဝတ်တဲ့အဖွဲ့တွေ၊ ပြေးပွဲပြိုင်ပွဲတွေ နေရာတိုင်းမှာ အောင်မြင်ဖို့လိုတယ်လေ။ အရောင်မျိုးစုံနဲ့ ဆုတံဆိပ်မျိုးစုံ၊ နိုင်ငံတော်ကပေးတဲ့တံဆိပ်တွေ အားလုံးလိုချင်တာပေါ့။ ဒါကြောင့်လည်း ငယ်ငယ်ကတည်းက အပြင်းအထန်ပြိုင်တတ်ခဲ့တာ။ ဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်လာတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ မျက်စိအထူးကုဖြစ်ဖို့က လူကြိတ်ကြိတ်တိုးနေတော့ အဲဒါဖြစ်အောင်လုပ်ခဲ့တယ်။ ကျွန်တော်က မျက်စိကုသရေးမှာ သင်တန်းတက်ခွင့်ရတယ်။ လေဆာနဲ့ မျက်စိကုဖို့ သုတေသန ပညာသင်ဆုကိုလည်း National University of Singapore ကပေးတယ်လေ။

    ပစ္စည်းသစ်ထွင်ဖို့၊ သုတေသနလုပ်ဖို့ အခွင့်အရေးတွေလည်းရ၊ ဆေးကုသရေးပစ္စည်းတွေလည်းကိုင်ရ၊ လေဆာတွေလည်းကိုင်ရပါတယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ဒါတွေက ပညာရပ်ပိုင်းဆိုင်ရာအောင်မြင်မှုတွေချည်းပဲဗျ။ ချမ်းသာမှု မဟုတ်သေးဘူး။ ဒါနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ စာချုပ်ပြည့်သွားတော့ မျက်စိကုသရေးသင်တန်းဟာ သိပ်ကြာလွန်းတယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ ပုဂ္ဂလိကဆေးခန်းမှာ ၀င်ငွေကောင်းတယ်လေဗျာ။ ခင်ဗျားတို့ သတိထားမိမယ်ဆိုရင်တော့ အလှအပအတွက်ခွဲစိတ်ကုပညာဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ခေတ်စားလာတာပေါ့။ ပိုက်ဆံတွေအများကြီးကိုရတာလေ။ ဒါနဲ့ကျွန်တော်လည်း ကျောင်းတက်တာတော်လောက်ပြီလို့ ဆုံးဖြတ်လိုက်တယ်။ ကျောင်းတ၀က်နဲ့ ထွက်လိုက်တယ်။ ကျွန်တော့်ကိုယ်ပိုင် အလှပြုပြင်ရေး ဆေးခန်းနဲ့ ခွဲစိတ်ကုဆေးခန်းဖွင့်တယ်ဗျ။

    ဒါပေမယ့်လည်း အထွေထွေကုဆရာဝန်တွေ၊ မိသားစုဆရာဝန်တွေကို လူတွေကသိပ်အထင်မကြီးဘူးလေ။ လူတွေက ချမ်းသာတာ၊ ကျော်ကြားတာကိုမှ အထင်ကြီးတာကလား။ ရိုးရိုးဆရာဝန်ကို ဒေါ်လာ၂၀ မပေးချင်ပေမယ့် အဆီတွေကိုလျော့သွားအောင်ခွဲစိတ်ပေးတဲ့ဆရာဝန်ကိုတော့ ဒေါ်လာတသောင်းပေးဖို့ ၀န်မလေးဘူးလေ။ ရင်သားအလှခွဲစိတ်ပြုပြင်ဖို့ ဒေါ်လာတသောင်းခွဲပေးတယ်။ ဘာလို့အထွေထွေကုဆရာဝန်လုပ်နေမလဲဗျ။ ဒါနဲ့ပဲ အလှအပပြုပြင်ရေး ခွဲစိတ်ကုဆရာဝန် ဖြစ်လာတာပေါ့။  နေမကောင်းပြီး ရောဂါဖြစ်နေတဲ့လူတွေကို ကုဖို့ထက် ကျွန်တော်ဟာ နာမည်ကြီးအလှဖန်တီးရှင်ဖြစ်လာတာပေါ့။ 

 

    အလုပ်ကတော့ ဖြစ်သလားမမေးနဲ့။ ပထမတော့ လူနာတွေက တပတ်စောင့်ရတယ်။ နောက်တော့ ၃ ပတ်၊ နောက် တလ၊ နှစ်လ၊ ၃ လအထိတောင်စောင့်တယ်ဗျို့။ ကျွန်တော်ကတော့ လူနာများလွန်းတော့ စိတ်ညစ်ရော။ အတော်ဘ၀င်မြင့်စရာ ကောင်းတဲ့အလုပ်ဗျ။ ကျွန်တော်မနိုင်လွန်းလို့ ဆရာဝန် ၄ ယောက်တောင် ထပ်ငှားရတယ်။ တနှစ်အတွင်းမှာကို သန်းနဲ့ချီရတာဗျ။ တနှစ်ထဲနော်။ ဒါလည်း တော်လောက်ပြီလို့ မထင်ဘူးဗျ။ စွဲနေပြီကိုး။ ဒါနဲ့ အင်ဒိုနီးရှားမှာ ဆေးခန်းထပ်ဖွင့်ပြီး အင်ဒိုနီးရှားလူချမ်းသာတွေဆီက ငွေရှာတာပေါ့။ ဘ၀ဟာ ပျော်စရာသိပ်ကောင်းဗျာ။

 

    ပိုတဲ့ပိုက်ဆံတွေဘာလုပ်တယ်ထင်တုန်း။ စနေ၊ တနင်္ဂနွေအားရင် ဘာလုပ်လဲသိလား။ ကျွန်တော်က ကားကလပ်မှာ အဖွဲ့ဝင်ဗျ။ အပိုဝင်ငွေနဲ့ဝယ်ထားတဲ့ ထရပ်ကားကိုထုတ်၊ ချိန်းထားတဲ့ဆီကိုသွား၊ မလေးရှားထိအောင် ကားမောင်းပြိုင်ကြတာဗျို့။ ဒါဟာကျွန်တော့် ဘ၀ပါပဲ။ နောက်ထပ် ဖာရာရီပြိုင်ကားတစီးဝယ်ထားသေးတယ်။ အဲဒီတုန်းက မော်ဒယ် ၄၅၈ မထွက်သေးလို့ ပင့်ကူတံဆိပ် ၄၃၀ ပေါ့ဗျာ။ ကျွန်တော့်သူငယ်ချင်းဘဏ်သူဌေးကားက အနီရောင်၊ ကျွန်တော့်ကားက ငွေရောင်ဗျ။

    ကားတွေရပြီးသွားတော့ဘာဖြစ်လဲ။ အိမ်ဝယ်တာပေါ့ဗျ။ ကိုယ်ပိုင်ဘန်ဂလိုတွေဆောက်ဖို့ မြေလိုက်ရှာတယ်။ ပိုက်စစ်တိုက်ရှာရတာဗျ။ ကဲ ကျွန်တော်ဘယ်လိုနေခဲ့လဲ။ ချမ်းသာမှုနဲ့ ကျော်ကြားမှုကြားမှာ နေခဲ့တာပဲ။ မယ်စကြာဝဠာ နဲ့တောင်တွဲခဲ့သေးတယ်။ လှပေ့ ချောပေ့ ချမ်းသာပေ့ ကျော်ကြားပေ့ဆိုတဲ့ သူငယ်မတွေနဲ့ပေါ့ဗျာ။ စားသောက်ဆိုင်တွေသွား၊ Michelin စားဖိုမှုးတွေချက်ကြွေးတာကိုစား၊ ပျော်စရာပေါ့ဗျာ။

    လိုချင်တာတွေအကုန်လုံးပြည်စုံတဲ့ အချိန်ကိုရောက်လာတာပေါ့။ ကိုယ့်လက်ထဲမှာ အားလုံးရှိနေပြီလေ။ လွန်ခဲ့တဲ့တနှစ်လောက်က အားကစားလုပ်ရင်းနဲ့ တွေးမိတာက ကျွန်တော့်ဘ၀ကို ကျွန်တော်ကောင်းကောင်းတည်ဆောက်နိုင်ပြီလို့ ထင်ခဲ့တာ။ ထိပ်ဆုံးက ကျွန်တော်ပေါ့ဗျာ။

    အင်း - ကျွန်တော်မှားသွားတာပေါ့လေ။ အားလုံးကျွန်တော့်လက်ထဲမှာမှ မဟုတ်တာပဲ။ မနှစ်က မတ်လတုန်းက ခါးနာလာတယ်ဗျ။ ထိုင်ထလုပ်တာများလို့ နာတယ်ထင်နေတာ။ ဒါနဲ့ စင်္ကာပူဆေးရုံကြီး ကိုသွားတယ်၊ ကျွန်တော့်အတန်းဖော်သူငယ်ချင်းက MRI ရိုက်ပေးတယ်။ ဘာဖြစ်သလဲရှာဖို့ပေါ့။ ညနေလည်းကျရော သူကကျွန်တော့်ကို ခေါ်ရော။ သူက ကျွန်တော့်ခါးရိုးထဲမှာ ကင်ဆာရောက်နေတယ်တဲ့။ ကျွန်တော်မယုံဘူးဗျ။ လက်မခံနိုင်ဘူး။ တကယ်ပြောတာလားလို့ ပြန်မေးနေသေးတယ်။ အားကစားရုံမှာ ပြေးလို့ကောင်းတုန်းရှိနေသေးတာကိုး။ နောက်နေ့ကျတော့ PET scan ထပ်ရိုက်တယ်။ အဆင့်၎ ( နောက်ဆုံးအဆင့် ) အဆုပ်ကင်ဆာတဲ့ဗျာ။ ဘယ်လိုက ဘယ်လိုများရောက်လာတာလဲလို့ အံ့သြနေမိတာ။ ဦးဏှောက်၊ ခါးရိုး၊ အသည်း၊ ကျောက်ကပ်အပေါ်ပိုင်းအထိတောင်ပျံ့နေတာတဲ့။ ကျွန်တော်က အားလုံးပိုင်ဆိုင်နေပြီလို့ ထင်တဲ့အချိန်ကျမှ အားလုံးဆုံးရှူံးရတော့တာပဲဗျ။

    CT scan မှာကြည့်လိုက်၊ အဆုပ်ပေါ်က အစက်အားလုံးဟာ ကင်ဆာဗျ။ ဒါကို Miliaries turmor လို့ခေါ်သဗျ။ တကယ်တော့ ကျွန်တော့်အဆုပ်ထဲမှာ သောင်းနဲ့ချီပြီးရှိနေပြီ။ ဒါကြောင့် Chemo ဆေးတွေပေးရင်တောင်မှ ၃-၄ လပဲခံတော့မှာတဲ့။ ကျွန်တော့်ဘ၀ပျက်မသွားဘူးလား။ မပျက်ပဲဘယ်ခံနိုင်ပါ့မလဲဗျာ။ စိတ်ဓါတ်ကျတယ်၊ အကြီးအကျယ်စိတ်ဓါတ်ကျတယ်၊ ကျွန်တော့်မှာအားလုံးရှိတယ်လို့ထင်ခဲ့မိတာ။

    ကဲ သံမဏိကြီးလို အောင်မြင်မှုတွေနဲ့။ အိမ်ရှိတယ်၊ ကားရှိတယ်၊ အလုပ်ကောင်းကောင်းရှိတယ်၊ ဒါတွေနဲ့ ပျော်ရွှင်မှုကို ၀ယ်ခဲ့တာ။ အခုတော့ ဆိုးဆိုးရွားရွားစိတ်ဓါတ်ကျနေရပြီ။ အခုတော့ ကျွန်တော်ပိုင်တာတွေကလည်း ကျွန်တော်ပျော်အောင်လုပ်မပေးနိုင်တော့ဘူးလေ။ ဖာရီရာကားကို ကျွန်တော်ဖက်ထားရင်းအိပ်လို့ရမလား။ ဘယ်ရမလဲဗျ။ လွန်ခဲ့တဲ့ ၁၀ လအတွင်းမှာ ကျွန်တော်က အဲဒီဟာတွေအသုံးကျမယ်ထင်နေတာ။ တကယ်တော့ ကျွန်တော်ရခဲ့တာ ပျော်ရွှင်မှုအစစ်မှ မဟုတ်တာပဲကိုး။ တကယ်တမ်း ပြီးခဲ့တဲ့ ၁၀ လအတွင်းမှာ ကျွန်တော့်ကို ပျော်ရွှင်စေခဲ့တာက ချစ်တဲ့ခင်တဲ့သူတွေ၊ သူငယ်ချင်းတွေ၊ ကျွန်တော့်ကိုဂရုစိုက်တဲ့လူတွေနဲ့ အပြန်အလှန်နားလည်ပြီး ဆက်ဆံရတာမှ ပျော်စရာဗျ။ သူတို့က ကျွန်တော်နဲ့အတူ ငိုတယ်၊ ကျွန်တော်နဲ့အတူ ရယ်တယ်၊ ကျွန်တော်နာကျင်ခံစားရသလို သူတို့လဲလိုက်ပြီးခံစားနားလည်ပေးတယ်လေ။ ဒါက ကျွန်တော့်ကို ၀မ်းသာပီတိဖြစ်စေတယ်။ ပိုင်ဆိုင်မှုတွေက ဒီလိုမပေးနိုင်ပါဘူးဗျာ။ ဒီပစ္စည်းတွေကသာ လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်စိတ်ဓါတ်ကျနေတုန်းက သူတို့အကြောင်းစဉ်းစားလိုက်ရင် ပျော်လာဖို့ကောင်းတာပေါ့။

    တရုတ်နှစ်သစ်ကူးကို ရောက်တော့မယ်နော်။ အရင်တုန်းက ကျွန်တော်ဘာလုပ်လဲ။ ကျွန်တော့်ကားအသစ်ကို တပတ်ပြီး တပတ်မောင်း၊ ဆွေမျိုးတွေဆီသွားလည်၊ ကျွန်တော့်သူငယ်ချင်းတွေကို ကြွား။ ဒါပျော်စရာလို့ထင်ခဲ့မိတာ။ ငွေရေးကြေးရေးသိပ်မပြေလည်တဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက ကျွန်တော်ပျော်သလိုလိုက်ပျော်မယ်ထင်လား။ ဒီလိုကားသစ်ကြီးမောင်းပြီး ကြွားနေတာကို ကူပျော်ပေးမလား။ ဘယ်ပျော်မလဲဗျ။သူတို့ဝင်ငွေနဲ့သူတို့ မနည်းလောက်အောင်သုံးပြီး မီးရထားစီးနေရတဲ့ဟာ။ ကျွန်တော်ထင်တာတော့ ကျွန်တော့်ကိုအားကျတာရယ် မနာလိုဖြစ်တာရယ်ပဲရှိမှာ။ တခါတလေတော့ မုန်းတောင်မုန်းဦးမယ်။

    ဒါတွေက ကျွန်တော်တို့ထင်ထားတဲ့ အားကျမှုမျိုးပါ။ ပိုင်ဆိုင်မှုကို ကြွားတယ်ဆိုတာ ကျွန်တော့်မာနနဲ့ အတ္တကို ဖြည့်ဆည်းတာပါပဲ။ ကျွန်တော့်မှာ ထူးဆန်းတဲ့သူငယ်ချင်းတယောက်ရှိတယ်ဗျ။ သူ့နာမည်က ဂျနီဖာတဲ့။ သူငယ်ချင်းပါဗျာ။ လမ်းအတူလျှောက်သွားလို့ ခရုတကောင်တွေ့ရင် သူကကောက်ပြီးတော့ မြက်ခင်းထဲကိုချပေးတယ်ဗျ။ ဘာလို့ဒီလိုလုပ်တာလဲလို့ တွေးနေတာ။ တက်နင်းလိုက်လို့ သေသွားမှာ သူကစိုးရိမ်နေတာ။ ကျွန်တော့်အတွက်တော့ ခရုက ခရုပဲလေ။ လူတွေလဲဒီလိုပဲ။ လမ်းကြောင်းပေါ်ကနေထွက်မသွားနိုင်ရင် နင်းခံရမှာပဲလေ။ ဒါကပဲ ဖြစ်ရိုးဖြစ်စဉ်ဟုတ်ဘူးလား။ အသဲတော်တော်မာတာနော်။

    ဆရာဝန်တယောက်အနေနဲ့ သနားကြင်နာဖို့၊ ကိုယ်ချင်းစာတတ်ဖို့ သင်ခဲ့ရသားပဲ။ ဒါပေမယ့် ကျွန်တော်မတတ်ခဲ့ပါဘူး။ အလုပ်သင်ဆရာဝန်ဘ၀တုန်းက National University Hospital က ကင်ဆာဌာနမှာလုပ်ရတယ်လေ။ နေ့တိုင်းနေ့တိုင်း ကင်ဆာရောဂါနဲ့ သေတာတွေတွေ့နေရပါရော။ သူတို့ဘယ်လိုခံစားရတယ်၊ ဘယ်လိုနာကျင်ဒဏ်ခံရတယ် နေ့တိုင်းတွေ့နေတာပဲ။ အောက်စီဂျင်ကို ခဲခဲယဉ်းယဉ်း နောက်ဆုံးထွက်သက်အထိရှူနေရတာ။ ဒါဟာ ကျွန်တော့်အတွက်တော့ အလုပ်တခုသာပါပဲ။ နေ့တိုင်း ဆေးရုံကိုသွား၊ သွေးဖောက်၊ ဆေးပေး လုပ်နေပေမယ့် ဒီလူနာတွေကို အစစ်လို့မထင်ပါဘူး။ ဒါဟာအလုပ်ပဲ။ ကျွန်တော့်အလုပ် ကျွန်တော်လုပ်၊ ပြီးရင်အိမ်ပြန်၊ ဒါပဲ။

    ဒီလိုနာကျင်ခံစားတာတွေက အစစ်လား။ မဟုတ်ပေါင်။ ဆေးပညာအခေါ်အဝေါ်အားလုံး ကျွန်တော် သိသားပဲ။ တကယ်တော့ ကျွန်တော်လူနာမဖြစ်မချင်း ဒါတွေကိုမသိခဲ့ပါဘူး။ အခုတော့ ကျွန်တော်တကယ်သိလာပြီလေ။ အခုနေများ ခင်ဗျားတို့က ကျွန်တော်ကို အသစ်ကပြန်စခွင့်ရှိသေးရင် အချိုးပြောင်းမလားလို့မေးလာရင် ပြောင်းမယ်လို့ ပြန်ဖြေမှာပဲ။ ဘာလို့လဲဆိုတော့ အခုမှပဲ လူနာတွေ ဘယ်လိုခံစားရတယ်ဆိုတာကို နားလည်လာတာကိုး။ တခါတလေတော့ ဒီလိုပဲ ခဲရာခဲဆစ် သင်ယူရတာမျိုးရှိပါတယ်။

    အခုခင်ဗျားတို့က ပထမနှစ်ပဲရှိသေးတာ ဆိုတော့ ဒီလမ်းကြီးကို ဖြတ်ရဦးမှာပါပဲ။ ခင်ဗျားတို့ကို အချက် ၂ ချက် သတိပေးစရာရှိတယ်။

ခင်ဗျားတို့အားလုံးက ပုဂ္ဂလိကဆေးခန်းပဲလုပ်ကြရမှာပဲ။ ပြီးရင် ခင်ဗျားတို့ချမ်းသာလာကြမယ်ဆိုတာ အာမခံတယ်။ သွားစိုက်တာလေးတင် အများကြီးပိုက်ဆံရတာမို့လား။ တကယ်တော့ အောင်မြင်တယ်၊ ချမ်းသာတယ်၊ ဆိုတာတွေက မှားနေတာမဟုတ်ပါဘူး။ တကယ့်ပြသနာက ကျွန်တော်တို့အများစုက ဒီဒဏ်တွေကို မခံနိုင်တာ။

    ဒါကိုကျွန်တော်ဘာလို့ပြောနိုင်လဲဆိုတော့ ပြန်စဉ်းစားကြည့်တဲ့အခါမှာ ရလေလိုလေဖြစ်နေတယ်ဆိုတာတွေ့လာတယ်လေ။ ပိုပိုပြီးလိုချင်လာတော့ မရရင် မနေနိုင်ဖြစ်ရော။ ပြောခဲ့ပြီးတဲ့အတိုင်း ကျွန်တော်က ဒီလူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတာအားလုံးရခဲ့သားပဲ။ မရရင် မနေနိုင်ဖြစ်ခဲ့တယ်။ လူနာဆိုတာ ငွေဝင်လမ်းလို့ပဲ မြင်ခဲ့တာ။ လူနာဆီက ရသမျှပိုက်ဆံညှစ်ယူခဲ့တယ်လေ။

    အချိန်တော်တော်များများမှာ ကျွန်တော်တို့ တကယ်တမ်းဘယ်သူ့အတွက် လုပ်ပေးနေတာလဲဆိုတာ မေ့နေကြတယ်။ နောက်ဆုံးမှာ ဘယ်သူ့အတွက်မှ မဟုတ်ပဲ ကိုယ့်အတွက်တွေဖြစ်ကုန်ရော။ ဒါဟာ ကျွန်တော်တကယ်ဖြစ်ခဲ့တာပဲ။ ဒါဟာ ဆေးပညာပဲဖြစ်ဖြစ်၊ သွားဆေးကုပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကဆေးခန်းမှာ လူနာကို မလိုတဲ့ကုသမှုတွေ ပေးကြတယ်။ သိပ်မသေချာတဲ့အခါမျိုးမှာပေါ့။  မလိုအပ်မှန်းသိတာတောင်မှ ပေးဖြစ်အောင်ပေးသေးတာ။ ဒီအချိန်မှာတော့ ကျွန်တော်သိလာတာက သူငယ်ချင်းတွေထဲက တကယ်ဂရုစိုက်တဲ့လူနဲ့ ပိုက်ဆံလိုချင်လို့ မျှော်လင့်ချက်ပေးတဲ့လူနဲ့ကို ခွဲတတ်လာပြီ။ ပိုက်ဆံကြောင့် စိတ်ဓါတ်တွေ ပျက်စီးလာတာပေါ့။

    ပိုဆိုးတာကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း၊ ပြိုင်ဘက်တွေအကြောင်းကို ဆိုးဆိုးရွားရွားပြောခဲ့ကြတယ်လေ။ လိပ်ပြာမသန့်တာလေးတောင် မဖြစ်ပေါင်။ ကျွန်တော်တို့ဟာ သူများကိုနှိမ့်ချပြီး အပေါ်ရောက်ဖို့လုပ်ခဲ့ကြတယ်။ ဒါကနေရာအားလုံးမှာကို ဖြစ်နေတာ။ ခင်ဗျားတို့ကို သတိပေးချင်တာက ဒီလိုစိတ်ကောင်းနှလုံးကောင်းတွေ ပျက်စီးသွားတာမျိုးကိုတော့ မဖြစ်ပါစေနဲ့ဗျာ။ ကျွန်တော်ကဒါကို ခဲရာခဲဆစ်သင်ခဲ့ရတာမို့ပါ။ ခင်ဗျားတို့ကိုတော့ ကျွန်တော့်လို မဖြစ်စေချင်ပါဘူး။

    နောက်တခုက လုပ်သက်ရှည်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ လူနာတွေအပေါ်မှာ သိပ်အရေးမလုပ်တော့ဘူးလေ။ ထုံပေပေဖြစ်လာတယ်။ အစိုးရဆေးရုံဖြစ်ဖြစ်၊ ပုဂ္ဂ္ဂလိကဆေးခန်းပဲဖြစ်ဖြစ် လူနာမှတ်တမ်းတထပ်ကြီး လက်ထဲရောက်နေတာနဲ့ အဲဒီဟာကြီးမြန်မြန်ကုန်သွားဖို့ပဲ အရေးကြီးနေတော့တာပဲလေ။ လူနာတွေများလွန်းလို့ အခန်းထဲက မြန်မြန်ထွက်သွားဖို့ပဲ အာရုံရှိတော့တာ။ ဒါအမှန်ပဲဗျ။ ဒါက နေ့တဓူဝ အလုပ်ဖြစ်လာတော့ ငြီးငွေ့လာတာပေါ့ဗျာ။ လူနာတွေဘက်က ဘယ်လိုစိတ်ထဲမှာထင်သွားလဲ ကျွန်တော်မသိပါဘူး။ ကြောက်ရွံ့တာ၊ စိုးရိမ်တာ အားလုံးပေါ့ဗျာ။ ကျွန်တော်ကိုယ်တိုင်တကယ်ခံစားရတဲ့အချိန်ရောက်မှ သိလာတာဗျ။ ဒါဟာကျွန်တော်တို့ရဲ့ အကြီးဆုံးချွတ်ယွင်းချက်ပါပဲဗျာ။

    ကျွန်တော်တို့ဟာ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရှင်များအနေနဲ့ လေ့ကျင့်ပေးထားခဲ့ပေမယ့် တကယ်တမ်းလူနာတွေခံစားနေရတာကိုတော့ ကိုယ်ချင်းမစာနိုင်ခဲ့ပါဘူး။ စိတ်ဆင်းရဲလိုက်၊ ၀မ်းနည်း ၀မ်းသာလိုက်ဖြစ်နေဖို့ပြောတာမဟုတ်ပါဘူး။ ခံစားမှုကဲလွန်းရင် Professional မဆန်ဘူးဗျ။ ဒါပေမယ့် ကျွန်တော်တို့တကယ်တမ်း သူတို့ကိုနားလည်အောင်ကြိုးစားသလား။ အများအားဖြင့်တော့ မကြိုးစားဘူးဗျ။ ခင်ဗျားတို့ကို သတိပေးချင်တာကတော့ လူနာတွေကို ကိုယ်ချင်းစာပါဗျာ။

    ဘာလို့လဲဆိုတော့ နာကျင်တာတွေ၊ ကြောက်ရွံ့တာတွေ၊ စိုးရိမ်တာတွေက ကျွန်တော်တို့အတွက် အစစ်မဟုတ်ပေမယ့် သူတို့အတွက်တော့ အစစ်တွေကိုးဗျ။ ကျွန်တော်က အခုဆိုရင် Chemotherapy ယူနေတာ ၅ ခါရှိပြီ။ ဒါဟာ သိပ်ခံရခက်တာပဲဗျာ။ Chemotherapy ဆိုတာ ခင်ဗျားတို့ရဲ့ရန်သူအတွက်တောင် ဆုမတောင်းသင့်ဘူး။ တကယ့်ကို ခံစားရတာဗျာ။ အစာစားမိလား မစားမိလားတောင်မသိတော့ပါဘူး။ သိပ်ကိုဆိုးပါတယ်။ ကျွန်တော်နဲနဲအင်အားရှိတာနဲ့ တခြားကင်ဆာလူနာတွေဆီကို သွားပါတယ်။ နာကျင်တာတွေကို သိလာပြီကိုး။ ဒါက သိပ်နောက်ကျပြီး လုပ်ပေးနိုင်တာလဲ သိပ်နဲနေပါပြီလေ။

    ခင်ဗျားတို့မှာက တောက်ပတဲ့အနာဂတ်နဲ့ ခွန်အားအပြည့်နဲ့။ ကျွန်တော်ပြောချင်တာက ခင်ဗျားတို့ လူနာအကြောင်းကိုထဲထဲဝင်ဝင်သိအောင်လုပ်ပါဗျာ။ သူတို့ဟာလူသားစစ်စစ်တွေ၊ အမှန်တကယ်ကို နာကျင်ခံစားပြီး အခက်ခဲဆုံးအချိန်တွေကို ရောက်နေတယ်ဆိုတာကို သိအောင်လုပ်ပါ။ ဆင်းရဲတဲ့လူတွေပဲ ခံစားရတယ်လို့ မထင်ပါနဲ့ဗျာ။ ဆင်းရဲတဲ့လူတွေက အစကထဲကသူတို့မှာ နဲနဲပဲရှိတော့ ရောင့်ရဲလွယ်တယ်ဗျ။ ကျွန်တော်တို့၊ ခင်ဗျားတို့ထက်လည်း ပိုပြီးပျော်ပျော်နေနိုင်ကြတယ်။ တခြားစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပြင်းထန်နေတာ၊ ငွေရေးကြေးရေး စတဲ့ပြသနာနဲ့ လူတွေအများကြီး။ ဒါတွေကလည်းတကယ်ရှိတာ။ ကျွန်တော်တို့က မသိချင်ယောင်ဆောင်၊ အသိအမှတ်မပြုပဲ နေခဲ့ကြတာ။

    ဒါကြောင့်မို့ တကယ်လိုအပ်နေတဲ့လူတွေအပေါ်မှာ အလေးထားကြပါဗျာ။ ခင်ဗျားနဲနဲလေးလုပ်ပေးလိုက်တာ သူတို့အတွက်အများကြီးကို ထူးခြားသွားတာပါ။ ကျွန်တော်ကတော့ သေခါနီးနေပြီဆိုတော့ ဘယ်သူကတကယ်ဂရုစိုက်တယ်၊ အားပေးတယ်ဆိုတာကို ခံစားတတ်နေပြီလေ။ ဒါဟာ ကျွန်တော့်ကို တကယ်ပြောင်းလဲသွားစေတယ်။ ဒါဟာကုသမှုတွေယူပြီးတဲ့နောက်သိလာတာပါ။ ကျွန်တော်ဆေးသွင်းထားတာ မကြာသေးဘူး။ နောက်နေ့မှ ဆေးထပ်သွင်းမယ်ဗျာ။ ဒါကြောင့် ကျွန်တော်ခင်ဗျားတို့ကို စကားပြောဖို့ အားရှိနေသေးတာပေါ့။

    မောရစ် နဲ့ အင်္ဂါနေ့ ဆိုတဲ့စာအုပ်ထဲက စကားလုံးလေးတွေ ပြောပြချင်တယ်။ ခင်ဗျားတို့ဖတ်ပြီးသားလဲဖြစ်ချင်ဖြစ်မှာပါ။ လူတိုင်းသေရမှာသိတာပဲ။ ဒါပေမယ့် ဘယ်သူမှ မယုံကြဘူး။ တကယ်ယုံတယ်ဆိုရင် လုပ်ပုံကိုင်ပုံတွေကို ပြောင်းပစ်ကြမှာပဲ။ ကျွန်တော်သေရတော့မယ်ဆိုတာသိတော့ ကျန်တာအကုန်လုံးမေ့ထားပြီး တကယ်လိုအပ်တာတွေပဲ စဉ်းစားတယ်။ တကယ်တော့ သေခါနီးမှပဲ ဘယ်လိုနေရမှန်း သိတော့တယ် ဆိုပါတော့ဗျာ။ ဒါမျိုးကို မနက်စောစောစီးစီးကြားရတာ ကျက်သရေတော့ မရှိဘူးပေါ့လေ။ ဒါပေမယ့် ကျွန်တော်သိခဲ့တဲ့အမှန်တရားမို့ ပြောပြတာပါ။

    ခင်ဗျားတို့ကို ပတ်ဝန်းကျင်က ပြောတဲ့အတိုင်းမနေကြပါနဲ့။ မီဒီယာပြောတာကိုလည်း လက်မခံနဲ့။ ကျွန်တော်ခံခဲ့ရပြီးပြီ။ ပျော်မယ်ထင်လို့ သူတို့ပြောတဲ့အတိုင်းလုပ်ခဲ့မိပြီ။ ခင်ဗျားတို့ သေချာစဉ်းစားပြီး ဘယ်လိုအသက်ရှင်သန်မယ်ဆိုတာ ဆုံးဖြတ်ပါ။ သူများပြောတိုင်းလိုက်မလုပ်နဲ့။ ကိုယ့်တကိုယ်ရည်စာပဲကြည့်နေမလား။ တခြားတယောက်ဘ၀ကို ပြောင်းလဲသွားအောင်ကူညီမလား။ ဆုံးဖြတ်ပါ။ တကယ့်ပျော်ရွှင်မှုအစစ်ဆိုတာ ကိုယ့်အတွက်ချည်းပဲကြည့်နေလို့မရပါဘူး။ ကျွန်တော်ရနိုင်မယ်လို့ထင်ခဲ့တာ မရခဲ့ပါဘူး။ နားထောင်ပေးတာကျေးဇူးပါပဲ။ မေးချင်တာရှိရင် မေးနိုင်ပါတယ်ခင်ဗျာ။

( ဒေါက်တာရစ်ချတ်ဟာ ၁၈.၁၀.၁၂ နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ )

by Thanda Win on Friday, 2 November 2012 at 23:53
Link: 
https://www.facebook.com/notes/thanda-win/%E1%80%B1%E1%80%9E%E1%80%99%E1%80%9A%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%90%E1%80%AC-%E1%81%BE%E1%80%80%E1%80%AD%E1%80%B3%E1%80%9E%E1%80%AD%E1%80%90%E1%80%B2%E1%80%B7%E1%80%A1%E1%80%81%E1%80%AB/553155508034751 

ရှယ်ပြီးသိမ်းပါတယ်ခင်ဗျာ။ သံဝေဂလည်း တကယ်ရပါတယ်။ ကျေးဇူးလည်းအထူးတင်ပါတယ်။

မျက်နှာအလှပြုပြင်ခွဲစိတ်ကုဆရာဝန်ဒေါက်တာရစ်ချတ်ဟာအသက် ၄၀အရွယ်၊ သန်းကြွယ်သူဌေး တဦးဖြစ်
ပါတယ်။သူဟာနောက်ဆုံးအဆင့် အဆုပ်ကင်ဆာဖြစ်ပွားနေကြောင်း သိရပြီးနောက် သူ့ရဲ့ဘ၀အကြောင်းကို ၁၉.၀၁.၁၂နေ့မှာသွားဆေးတက္ကသိုလ်ပထမနှစ်ကျောင်းသားများရှေ့မှာကိုယ်ကျိုးမငှဲ့ပဲ လူအများအတွက် 
တွေ့ဆုံပြောပြခဲ့ပါတယ်။

Facebook ကြောင့်၂၄ နာရီအတွင်း ဖော်ထုတ်နိုင်တဲ့ ရန်ကုန်လူသတ်မှု

Facebook ကြောင့်၂၄ နာရီအတွင်း ဖော်ထုတ်နိုင်တဲ့ ရန်ကုန်လူသတ်မှု 
Sunday, April 14, 201

ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့က လူသတ်မှုတခုမှာ သေဆုံး
တဲ့အမျိုးသမီး ဘယ်သူဘယ်ဝါ ဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်လို့မ
ရ ဖြစ်ခဲ့ပါတယ်။

လမ်းမတော်မြို့နယ်က MGM ဟိုတယ် မှာ ဖြစ်ပွားခဲ့တဲ့အမှုပါ။
ဟိုတယ်က သေဆုံးတဲ့ဧည့်သည်ရဲ့ မှတ်ပုံတင်ကို မှတ်တမ်း
တင်ခဲ့ခြင်းမရှိတဲ့အတွက် စုံစမ်းရခက်သွားတဲ့သဘောပါ။

ရဲအရာရှိက သေဆုံးသူရဲ့ ဓာတ်ပုံကို Facebook မှာ တင်လိုက်ရာ
မှာတော့ သေဆုံးသူ ဘယ်သူဖြစ်တယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တယ်၊
ဒါ့အပြင် လူသတ်သမားအဖြစ် သံသယရှိသူကိုပါ ဖော်ထုတ်နိုင်ခဲ့ပါတယ် 
တဲ့။ ၂၄ နာရီအတွင်း ဒီ ၂ ခုကို ဖော်ထုတ်နိုင်ခဲ့တာပါ တဲ့။ 

အရပ်သားအစိုးရလက်ထက် အင်တာနက် မြန်နှုန်းတိုးတက်လာတာနဲ့အမျှ Facebook အသုံးပြုမှု ပိုမို တွင်ကျယ်လာတဲ့ အကျိုးကျေးဇူးတခု ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ မြန်မာပြည်မှာ Facebook ကျေးဇူးကြောင့် လူသတ်မှုကို ပထမ
ဆုံး ဖော်ထုတ်နိုင်ခဲ့တဲ့အမှု ဖြစ်ပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့က အမှုလိုက်ရာမှာ အင်တာနက်ကို အရင်ကထက် ပိုပြီး အသုံးပြုလာဖွယ်ရှိပါတယ်။

MGM ဟိုတယ် လူသတ်မှု ဘာကြောင့် ဖြစ်ပွားရတယ် ဆိုတဲ့ အကြောင်းရင်း
ကို မသိရပါဘူး။

ဧည့်သည်ရဲ့ မှတ်ပုံတင်ကို မှတ်တမ်းတင်ခဲ့ခြင်းမရှိတဲ့ MGM ဟိုတယ်ကို ရဲတပ်ဖွဲ့က အရေးယူမယ်လို့ ဆိုတယ်။ဒဏ်ရိုက်တဲ့ အရေးယူမှုမျိုးဖြစ်
မယ်လို့ ယူဆရပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကတော့ ဒီဟိုတယ်က လိမ်လည်မှုကျူးလွန်မယ့် နိုင်ငံခြား
သား ၂ ဦးကို ရဲလက်အပ်နိုင်ခဲ့ပါတယ်။ ကင်မရွန်း နိုင်ငံသား ဘောလုံးသမား ၂ ဦးက ဒေါ်လာအတု လုပ်ပေးမယ် ဆိုပြီး ရန်ကုန်မှာ ဈေးကွက်ရှာနေတုန်း အဖမ်းခံရတဲ့အမှု ဖြစ်ပါတယ်။

ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ တွေ့ရတဲ့ မူရင်းသတင်းကို ကူးယူ
ဖော်ပြပေးလိုက်ပါတယ်။

Sunday, April 14, 201

ကြာသပတေးနေ့က ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့က လူသတ်မှုတခုမှာ သေဆုံး တဲ့အမျိုးသမီး ဘယ်သူဘယ်ဝါ ဆိုတာကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်လို့မ ရ ဖြစ်ခဲ့ပါတယ်။ လမ်းမတော်မြို့နယ်က MGM ဟိုတယ် မှာ ဖြစ်ပွားခဲ့တဲ့အမှုပါ။ ဟိုတယ်က သေဆုံးတဲ့ဧည့်သည်ရဲ့ မှတ်ပုံတင်ကို မှတ်တမ်း တင်ခဲ့ခြင်းမရှိတဲ့အတွက် စုံစမ်းရခက်သွားတဲ့သဘောပါ။

ဆရာဝန်ရဲ့ နောက်ဆုံးစကား (ဟာသ)

ဆရာဝန်ရဲ့ နောက်ဆုံးစကား
Sunday, April 14, 2013

- အသက်နှစ်ဆယ်ခန့် ခပ်မိုက်မိုက် ကောင်မလေးတစ်ယောက် ဆရာဝန်နဲ့ လာဆွေးနွေးပါတယ်..
- "ဆရာ.. ကျမရည်းစားကို အရမ်းစိတ်ဆိုးတာပဲ... မျိုးမစစ်လို့တောင် ခေါ်သင့်တယ်...
သူ အရမ်းကို လွန်တာပဲ... တကယ်ပါပဲ"
- "ဟင်း... အရမ်း ရင့်သီးတဲ့ စကားလုံးပဲကွယ့်... ဒါပေမဲ့ မင်းမှာ အကြောင်းတော့ရှိမှာပေါ့လေ..
ငါ ကူညီနိုင်ရအောင် အဲဒီအကြောင်းပြောပြပါဦး..."
- "ဟုတ်ကဲ့ ဆရာ.. ဟိုတစ်ညကပေါ့... ကျမတို့ ကမ်းခြေတခုမှာ ကားရပ်ထားပြီး နေကျတုန်းက...
အဲဒီမှာ လူလည်း ပြတ်တယ်လေ... အဲဒီအချိန် သူက ကျမလက်ကို ကိုင်လိုက်တယ်.."
- "မင်းလက်ကို ဒီလိုကိုင်လိုက်တာလား"
- "ဟုတ်တယ် ဆရာ... ခုဆရာ ကိုင်ထားသလိုပဲ..."-
"အဲဒါကြောင့်ပဲ ဆိုရင်တော့ မျိုးမစစ်လို့ မခေါ်သင့်ပါဘူးကွယ်...
အဲဒါက မင်းနဲ့ မဝေးချင်ဘူးဆိုတဲ့ သဘောလေ.."
- "ပြီးတော့... သူက ကျမဖက်ကို တိုးလာပြီး.. ကျမကို ဖက်လိုက်တယ်..."
- "ဒီလိုလား"
- "ဟုတ်တယ် ဆရာ.. ဆရာလုပ်သလိုပဲ"
- "ဒါလည်း မျိုးမစစ်လို့ မခေါ်ပါဘူးကွယ်.. မင်းနဲ့အနားမှာ ထာဝရနေချင်တယ်လို့ ဆိုလိုတာလေ.."
- "ပြီးတော့ ကျမကို နမ်းတယ်.."
- "ဒီလိုလား"
- "ဟုတ် ဆရာ... ဆရာ ခုနမ်းတဲ့အတိုင်းပဲ.."
- "အလို နမ်းတာလေးနဲ့တော့ မျိုးမစစ်လို့ ပြင်းပြင်းထန်ထန် မခေါ်သင့်ပါဘူးကွယ်..
မင်းကို ကြင်နာတဲ့ အပြုအမူပါ..."
- "ပြီးတော့ သူ ကျမအင်္ကျီထဲ လက်ထည့်လိုက်တယ်... ဆရာ"
- "ဒီလိုလေးလား"
- "ဟုတ်... ဆရာ အဲဒီလိုပဲ.."
- "ဒါလည်း မျိုးမစစ်တဲ့ လုပ်ရပ်မဟုတ်ပါဘူးကွယ်... မင်းကို ကာကွယ်ချင်တဲ့ သဘောပါ..."
- "ပြီးတော့ သူ ကျမ အ၀တ်အစားတွေကို ဖြည်းဖြည်းချင်း ချွတ်လိုက်တယ်"
- "မင်း ငြင်းသေးလား"
- "ဟင်အင်း... ကျမ သူ့ကို ချစ်တော့ သူသဘောအတိုင်းပါပဲ.."
- "မင်း အ၀တ်အစားတွေကို ဒီလိုချွတ်လိုက်တာလား.."
- "ခုထိ သူ့ကို မျိုးမစစ်လို့ ခေါ်စရာ အကြောင်းမရှိသေးဘူးကွယ်..
ဘာလို့လဲဆိုတော့ သူက မင်းရဲ့ တကိုယ်လုံး စူးစမ်းချင်လို့ပဲလေ.."
- "ပြီးတော့ သူ ကျမကို နမ်းပြီး... ကျမနဲ့ ချစ်တင်းနှောတယ်..."
.......................
- "ခုငါတို့ လုပ်နေသလိုမျိုး သူလုပ်တာလား"
- "အင်း... ခုလိုအတိအကျပါပဲ ဆရာရယ်..."
- "မျိုးမစစ်လို့ မခေါ်သင့်သေးပါဘူးကွယ်... သူအတွက် မင်းရှိဖို့
လိုအပ်တယ်ဆိုတဲ့ သဘောပဲလေ..."
- "ဒါပေမဲ့... သူက သူ့မှာ အေအိုင်ဒီအက်စ် ရှိနေတယ်လို့ ကျမကို ပြောလိုက်တယ်လေ..."
- အပြင်ဘက်က လူနာတွေ့နဲ့ ဆေးခန်းဝန်ထမ်းတွေ ဆရာဝန်ရဲ့ စူးစူးဝါးဝါး အော်သံကို ကြားလိုက်ရတယ်..

တစ်ထောင်.တစ်ညပုံပြင်ကြိုက်သူများ
Myawady News

- အသက်နှစ်ဆယ်ခန့် ခပ်မိုက်မိုက် ကောင်မလေးတစ်ယောက် ဆရာဝန်နဲ့ လာဆွေးနွေးပါတယ်..- "ဆရာ.. 
ကျမရည်းစားကိုအရမ်းစိတ်ဆိုးတာပဲ...မျိုးမစစ်လို့တောင်ခေါ်သင့်တယ်...သူ အရမ်းကို လွန်တာပဲ... တကယ်
- "ဟင်း... အရမ်း ရင့်သီးတဲ့ စကားလုံးပဲကွယ့်... ဒါပေမဲ့ မင်းမှာ အကြောင်းတော့ရှိမှာပေါ့လေ..ပါပဲ"

၇၈၆ ဆိုတာဘာကိုပြောတာလဲ ?

(၇၈၆)ခုနစ်ရာရှစ်ဆယ့်ခြောက်တွင် ပါရှိသည့် ဂဏန်း(၃)လုံးကို (၇+၈+၆)ပေါင်းပြီး (၂၁)ရရှိသည်။ (၂၁)ရာစုတွင် မွတ်စ်လင်မ်များ မြန်မာနိုင်ငံကို သိမ်းပိုက်မည်။ ဘာလုပ်မည်။ ဘာလုပ်မည် စသဖြင့် မဟုတ်မမှန်၊ ယုတ္တိမတန် ဝါဒဖြန့်ကြသည်။
                     စိုးရိမ်းစရာမလိုပါ  (၇၈၆) ၏ အဓိပါယ်သည် မပြတ်မစဲ သနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော ( allah ) အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏ ။တဲ့ ဘယ်လောက်ငြိမ်းချမ်းလဲ ( ၉၆၉) နှင့်ကွာပါ့နော် 
*************************************************


“၇၈၆ ခုနစ်ရာရှစ်ဆယ့်ခြောက်ဟူသည်”
(ဗိစ်မိလ်လာဟိရ်ရဟ်မားနိရ်ရဟီးမ်) မပြတ်မစဲ သနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော “အလ္လာဟ်”အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ ကုရ်အာန်ကျမ်းမြတ် ကဏ္ဍ(၁) မုက္ခပါဌ်တော်(၁)
၇၈၆ “ခုနစ်ရာရှစ်ဆယ့်ခြောက်” ကိန်းဂဏန်းအက္ခရာသုံးလုံးကို မြန်မာ၊ အင်္ဂလိပ်၊ အရဗီ၊ အူရဒူ ကိန်းဂဏန်းအက္ခရာ (၇၈၆၊ 786) များဖြင့် အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား၊ နိုင်ငံသား မြန်မာမွတ်စ်လင်မ် ပသီလူမျိုးအချို့၏ အိုးအိမ်၊ တိုက်တာ၊ အဆောက်အဦ၊ စားသောက်ဆိုင်များနှင့် စာရွက်စာတမ်း၊ မင်္ဂလာဖိတ်စာ၊ ကြော်ငြာ၊ ဆိုင်းဘုတ်များ၏ ထိပ်နဖူးစီးများတွင် (အချို့ အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်များ) ရေးသားအသုံးပြုနေကြသည်ကို ကြိုကြား ကြိုကြား တွေ့မြင်နေကြရပေသည်။
(၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်ဟူသော ကိန်းဂဏန်းအက္ခရာသည် မည်သို့သောအကြောင်းခံပေါ်တွင် အခြေခံ၍ ပေါ်ပေါက် အသုံးပြုလာခဲ့ကြသည်ကို ရေးသားအသုံးပြုနေကြသူများ ကိုယ်တိုင်ပင် မသိရှိသူက များပါသည်။
သိရှိသူများကလည်း ဤ (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်သည် လွန်ခဲ့သော နှစ်ပေါင်း(၁၅ဝဝ)ခန့်က လောကခပ်သိမ်းအတွက် အန္တိမ နိဂုံးချုပ်အဖြစ် ပွင့်ပေါ်တော်မူခဲ့သော လမ်းမှန်အလင်းပြပုဂ္ဂိုလ် ကမ္ဘာ့ငြိမ်းချမ်းရေးတမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းပါစေ)သခင်ထံသို့ အလ္လာဟ်အရှင်မြတ်ထုတ်ပြန်ပို့ချပေးသနားတော်မူခဲ့သည့် ကျမ်းမြတ်ကုရ်အာန်၏ အဖွင့်ကဏ္ဍ မုက္ခပါဌ်တော်(၁)နှင့်အညီ အနန္တကရုဏာတော်ရှင်၏ နာမတော်နှင့်အစပြုပြီး မေတ္တာ၊ ကရုဏာ၊ ငြိမ်းချမ်းမှု မင်္ဂလာခံယူသည့် သဘောဆန္ဒဖြင့် အသုံးပြုခြင်းဖြစ်သည်ဟုခံယူပြီး ရေးသားအသုံးပြုခြင်းဖြစ်သည်ဟုသာ သိရှိကြသူများပါသည်။
မြန်မာမွတ်စ်လင်မ် ပသီလူမျိုးများတွင် အရဗီစာပေစကားပြောတတ်သူ ရေးတတ်သူ အရေအတွက်အားဖြင့် အလွန်အင်မတန်နည်းပါးပါသည်။ ထို့အတွက်ကြောင့် (ဗိစ်မိလ်လာဟိရ်ရဟ်မားနိရ်ရဟီးမ်)ကို အရဗီလိုရေးသားအသုံးပြုရန် အခက်အခဲရှိခဲ့ကြသည်။ တစ်ဖန် စက္ကူတံဆိပ်များတွင် ရိုက်နှိပ်အသုံးပြုပါက ၄င်းမုက္ခပါဌ်တော်သည် မသန့်ရှင်း မစင်ကြယ်၊ မသင့်တော် မလျော်ကန်သော နေရာများသို့ ရောက်ရှိပါက ငရဲကြီးမှာကြောက်သည့်အတွက် ၄င်းအရဗီအက္ခရာများ၏ ကိန်းဂဏန်းများကို ပေါင်း၍ ရရှိသည့် (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်ကို တရားကျမ်းလာ မုက္ခပါဌ်တော်အစား လွယ်ကူစွာ အသုံးပြုခဲ့ကြခြင်း ဖြစ်နိုင်ပါသည်။
မည်သို့သော အကြောင်းခံပေါ်တွင် အခြေခံ၍ ရေးသားအသုံးပြုခဲ့ကြသည်ဖြစ်ပါစေ (၇၈၆)ခုနစ်ရာရှစ်ဆယ့်ခြောက်ကို ရေးသားအသုံးပြုကြသူတို့သည် ကျမ်းမြတ်ကုရ်အာန်လာ ကဏ္ဍ(၁) မုက္ခပါဌ်တော်(၁)ဖြစ်သော - “(ဗိစ်မိလ်လာဟိရ်ရဟ်မားနိရ်ရဟီးမ်) မပြတ်မစဲ သနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော “အလ္လာဟ်”အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏ဟု အဓိပ္ပာယ်ထွက်ရှိသော အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်ကို ကိုယ် နှုတ် နှလုံး သုံးပါးဖြင့် ယုံကြည်မြတ်နိုးစွာ ရေးသားအသုံးပြုကြခြင်းသာဖြစ်ပါသည်။ (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်ကို ရှင်းပြပါဟု သိရှိလိုသူက မေးမြန်းပါက ဂဃနဏ ရှင်းပြနိုင်သူ အလွန်နည်းပါးပါသည်။
ဤသို့ရှင်းမပြနိုင်သည်မှာလည်း အံ့သြဖွယ်ရာ ပြစ်တင်ဖွယ်ရာ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက် ဖြစ်ပေါ်လာပုံနှင့် တွက်ချက်နည်းကို အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်တိုင်း တတ်သိနားလည်ကြရမည်ဟူ၍လည်းကောင်း၊ (၇၈၆)ကို အိုးအိမ်၊ တိုက်တာ၊ အဆောက်အဦ၊ ဈေးဆိုင်၊ စားသောက်ဆိုင်များနှင့် ကြော်ညာဆိုင်းဘုတ်၊ ဖိတ်စာများတွင် ရေးသားအသုံးပြုရမည်ဟု ကုရ်အာန်ကျမ်းမြတ်နှင့် တမန်တော်မြတ်၏ သြဝါဒတော်များတွင် တစ်စုံတစ်ရာ မိန့်ကြားခိုင်းစေ လမ်းညွှန်ထားခြင်း လုံးဝမရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မွတ်စ်လင်မ်နိုင်ငံ (၅၇)နိုင်ငံတွင်လည်းကောင်း၊ မွတ်စ်လင်မ်အများစုရှိသောနိုင်ငံများတွင်လည်းကောင်း (၇၈၆)ကို ရေးသားအသုံးပြုမှု မရှိပါ။ အစ္စလာမ်ဘာသာ စတင်ထွန်းကားရာ အရဗ်နိုင်ငံများတွင် လုံးဝလက်ခံသုံးစွဲခြင်းမရှိသည့်အပြင် ပညာရှင်အများစုက ဤသို့ ကျမ်းမြတ်ကုရ်အာန်၏ မုက္ခပါဌ်တော်များကို ကိန်းဂဏန်းဖြင့် ရေးသားဖော်ပြမှုကို လက်မခံကြပါ။ အနည်းငယ်သောနိုင်ငံများတွင် မပြောပလောက်သော မွတ်စ်လင်မ်တချို့က အသုံးပြုနေခြင်းသာဖြစ်ပါသည်။
မည်သို့ပင်ရှိစေကာမူ မိမိတို့ရေးသားအသုံးပြုနေသည့် (၇၈၆) ခုနစ်ရာရှစ်ဆယ့်ခြောက်၏ အဓိပ္ပာယ်ဖြစ်စဉ် အကြောင်းအရာကိုတော့ သိရှိနားလည် ဖြေရှင်းပြတတ်ရမည်။ မေးမြန်းလာပါက ရှင်းပြနိုင်ရမည်။
မြန်မာစာပေစကားကိုသာ တတ်ကျွမ်းပြောဆိုနေကြသူများ အလွယ်တကူ လေ့လာနှိုင်းယှဉ်မှတ်သားနိုင်စေရန်အတွက် တင်ပြလိုသည်မှာ အရဗီစာပေစကားတွင် ဗျည်းအက္ခရာ(၂၈)လုံးရှိပါသည်။ မြန်မာစာပေစကားတွင် ဗျည်းအက္ခရာ (၃၃)လုံးရှိပါသည်။ မြန်မာဗျည်းအက္ခရာ (၃၃)လုံးတွင် နံသင့်အက္ခရာ နံသင့်ဂဏန်းများရှိပါသည်။ (မြန်မာစာအဖွဲ့ဦးစီးဌာနက မြန်မာအဘိဓာန်တွင် ဖော်ပြထားသည့် နံသင့် ဂဏန်းပြဇယားကို ပုံ ၁ တွင်ကြည့်ပါ။)
ထိုနည်းတူ မုံရွေးဆရာတော်က မင်းဆက်ရာဇဝင် သံပေါက်တွင်လည်း အောက်ပါအတိုင်း ဖော်ပြထားပါသည်။
နံသင့်အက္ခရာယူပုံကို ဤသို့မှတ်သားရာ၏။
တနင်္ဂနွေနံ အက္ခရာကို - ၁၊
တနင်္လာနံ အက္ခရာကို - ၂၊
အင်္ဂါနံ အက္ခရာကို - ၃၊
ဗုဒ္ဓဟူးနံ အက္ခရာ (လ)နှင့်(ဝ)ကို - ၄၊
ကြာသပတေးနံ အက္ခရာကို - ၅၊
သောကြာနံ အက္ခရာကို - ၆၊
စနေနံ အက္ခရာကို - ၇၊
ရာဟုနံ (ယ)နှင့် (ရ)ကို - ၈၊
(နော)နှင့် (ကိုး)ပါလျှင် - ၉၊
(န)သက်သက်ကို သုညယူဟု ဖော်ပြထားသည်။
မြန်မာတို့သည်လည်း မိမိတို့မှတ်သားလိုသည့် ခုနှစ် အရေအတွက်များကို လွယ်ကူစွာ မှတ်သားမှုပြုခဲ့ကြသည့် သာဓကများရှိပါသည်။ ဥပမာ - ပုဂံမြို့ဟောင်းတွင် ရှေးအခါက ဘုရားပေါင်းမည်မျှရှိသည်ကို “လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း”ဟု မှတ်ခဲ့ကြသည်။ (လှည်း= ၄၊ ဝင်= ၄၊ ရိုး= ၄၊ သံ= ၆၊ တ= ၇၊ ညံ= ၃၊ ညံ= ၃) ဘုရားပေါင်း ၄၄၄၆၇၃၃ ဆူရှိသည်ဟု သိနိုင်သည်။ မင်းကွန်းခေါင်းလောင်းကြီး၏ ကြေးပိဿာချိန်ပေါင်းကို “မင်းဖြူမှန်မှန်ပြော”ဟု မှတ်ခဲ့ကြသည်။ (မင်း= ၅၊ ဖြူ= ၅၊ မှန်= ၅၊ မှန်= ၅၊ ပြော= ၅) ကြေးပိဿာချိန် ၅၅၅၅၅ ရှိကြောင်း သိနိုင်သည်။
အလောင်းမင်းတရားသည် ရတနာသိင်္ဃ ကုန်းဘောင်မြို့တည်သည့်နှစ်ကို “ဥသြအော်မြည်၊ ကုန်းဘောင်တည်” (ဥ= ၁၊ သြ= ၁၊ အော်= ၁၊ မြည်= ၅) သက္ကရာဇ် ၁၁၁၅ ခုနှစ်တွင် တည်သည်ဟု အလွယ်တကူသိနိုင်သည်။ မင်းတုန်းမင်းတရားကြီးသည် မန္တလေးရတနာပုံနေပြည်တော် တည်သည့်နှစ်ကို “အုတ်ကျစ်ကျော်အေး၊ မန္တလေး”ဟူ၍ အဆိုရှိသည်။ (အုတ်= ၁၊ ကျစ်= ၂၊ ကျော်= ၂၊ အေး= ၁) သက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် တည်သည်ဟု အလွယ်တကူသိနိုင်သည်။ (မြန်မာဆိုရိုးစကား၊ မြန်မာစာအဖွဲ့ဦးစီးဌာန)
မြန်မာဗျည်းအက္ခရာများတွင် နံသင့် အက္ခရာ၊ နံသင့် ဂဏန်းများရှိသကဲ့သို့ အရဗီဗျည်းအက္ခရာ(၂၈)လုံးတွင်လည်း ကိန်းဂဏန်းသတ်မှတ်ချက်များ ရှိပါသည်။ (ပုံ ၂ တွင်ကြည့်ပါ။)
ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန် ကဏ္ဍ(၁) မုက္ခပါဌ်တော်(၁) (ဗိစ်မိလ်လာဟိရ်ရဟ်မားနိရ်ရဟီးမ်)တွင် ပါရှိသည့် အရဗီဗျည်းအက္ခရာတစ်လုံးစီ၏ ကိန်းဂဏန်းများကိုချ၍ ပေါင်းလျှင် စုစုပေါင်း (၇၈၆)ခုနစ်ရာရှစ်ဆယ့်ခြောက်ရရှိမည်ဖြစ်ပါသည်။ ၄င်းရရှိသောအဖြေကို ဒုတိယအကြိမ် ထပ်ပေါင်း၍ မရပါ။ ဒုတိယအကြိမ် ထပ်ဆင့်ပေါင်း၍ ရရှိသော ကိန်းဂဏန်းသည် လုံးဝအဓိပ္ပာယ်ရှိမည်လည်း မဟုတ်ပါ။ ဤသို့ ဒုတိယအကြိမ် ထပ်ဆင့်ပေါင်းသော အယူအဆ အတွေးအခေါ်သည် အစ္စလာမ်ဘာသာဝင်များ၏ အယူအဆ အတွေးအခေါ်လည်း မဟုတ်ပါ။
စိတ်နေသဘော မရိုးဖြောင့်၊ မဖြူစင်၊ ကောက်ကျစ်စဉ်းလဲသောသူများက (၇၈၆)ခုနစ်ရာရှစ်ဆယ့်ခြောက်တွင် ပါရှိသည့် ဂဏန်း(၃)လုံးကို (၇+၈+၆)ပေါင်းပြီး (၂၁)ရရှိသည်။ (၂၁)ရာစုတွင် မွတ်စ်လင်မ်များ မြန်မာနိုင်ငံကို သိမ်းပိုက်မည်။ ဘာလုပ်မည်။ ဘာလုပ်မည် စသဖြင့် မဟုတ်မမှန်၊ ယုတ္တိမတန် ဝါဒဖြန့်ကြသည်။ ဟောပြောတင်ပြကြသည်။ စာရွက်စာတမ်းများ၊ စာအုပ်စာပေများ ပုံနှိပ်ထုတ်ဝေဖြန့်ချိကြပြီး မွတ်စ်လင်မ်များအပေါ် အထင်အမြင်လွဲမှားစေရန်နှင့် မုန်းတီးစိတ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်နေကြသည်များကို အဟန့်အတားပြုမည့်သူမရှိ၊ တားဆီးခြင်းမရှိသည်ကို အလွန်အံ့သြမိပါသည်။
(၇၈၆)“ခုနစ်ရာရှစ်ဆယ့်ခြောက်”ကို အကြောင်းပြု၍ မြန်မာမွတ်စ်လင်မ် ပသီလူမျိုးများအပေါ်တွင် အကောက်ကြံသူများ၊ သွေးထိုးလှုံ့ဆော်သူများ၏ ပယောဂကြောင့် အထင်မှားသူများက အထင်မှား၊ အမြင်မှားသူများက အမြင်မှား၊ အပူပွားသူများက အပူပွား ဖြစ်နေကြရသည့်သူများအတွက် အမြင်ကြည်ဆေးအဖြစ်လည်းကောင်း၊ အပူငြိမ်းဆေးအဖြစ်လည်းကောင်း၊ ဖြေဆေးအဖြစ်လည်းကောင်း ရေးသားတင်ပြလိုက်ရပါသည်။
“တရားအလင်းကို အမြင်ရှင်းစွာ သိမြင်ကျင့်သုံးနိုင်ကြပါစေသတည်း။”
အလ်ဟာဂ်ျရှိုက်ခ်အုမရ်မြင့်နိုင် (မဒနီ-ရင်းတော်၊ အလ်အဇ်ဟရ်-ကိုင်ရို၊ အီဂျစ်)
(အစ္စလာမ့်ဓမ္မသတ်မှူး)
သာသနာ့ပညာရှင်များရေးရာဌာနမှူး
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
(၃၁.၃.၂ဝ၁၃)

“၇၈၆ ခုနစ်ရာရှစ်ဆယ့်ခြောက်ဟူသည်”(ဗိစ်မိလ်လာဟိရ်ရဟ်မားနိရ်ရဟီးမ်) မပြတ်မစဲသနားကြင်နာတော်
မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော “အလ္လာဟ်”အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ ကုရ်
အာန်ကျမ်းမြတ် ကဏ္ဍ(၁) မုက္ခပါဌ်တော်(၁)၇၈၆ “ခုနစ်ရာရှစ်ဆယ့်ခြောက်” ကိန်းဂဏန်းအက္ခရာသုံးလုံးကို
မြန်မာ၊ အင်္ဂလိပ်၊ အရဗီ၊ အူရဒူ ကိန်းဂဏန်းအက္ခရာ(၇၈၆၊ 786) များဖြင့်အစ္စလာမ်ဘာသာဝင်တိုင်းရင်းသား
၊ နိုင်ငံသား မြန်မာမွတ်စ်လင်မ်ပသီလူမျိုးအချို့၏ အိုးအိမ်၊တိုက်တာ၊ အဆောက်အဦ၊ စားသောက်ဆိုင်များ
နှင့် စာရွက်စာတမ်း၊ မင်္ဂလာဖိတ်စာ၊ ကြော်ငြာ၊ ဆိုင်းဘုတ်များ၏ ထိပ်နဖူးစီးများတွင် (အချို့ အစ္စလာမ်ဘာ
သာဝင် မွတ်စ်လင်မ်များ) ရေးသားအသုံးပြုနေကြသည်ကို ကြိုကြား ကြိုကြား တွေ့မြင်နေကြရပေသည်။

မဟာသင်္ကြန်ကာလ အချို့နေရာများ၌ ပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

သင်္ကြန်တွင်းတွင် တချို့နေရာများ၌ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

ပြည်သူတရပ်လုံးပျော်ရွှင်စွာဆင်နွဲကြရှာသော သင်္ကြန်အခါတော်အချိန်အတွင်း၌ တချို့နေရာများ၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေကြောင်း တပ်မတော်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

မိမိတို့အနေဖြင့် လွပ်လွပ်လပ်လပ်ကခုန်သည်ကို အရာရှိတစ်ဦးက မကြိုက်ဘူးဟုဆိုကာ ညီညီညာညာကခုန်ခိုင်းကြောင်း၊မိမိတို့ကသည့်အကမှာ မည်သူမှ မမြင်ဖူးသည့် ၊မိမိတို့ကိုယ်တိုင်တောင် ကြိုတွေးလို့မရသည့် “ကချင်သလိုက၊ခုန်ချင်သလိုခုန်”အကဖြစသည့်အတွက် မည်သို့မှ ညီညာမှုမရှိနိုင်သည်ကို အထက်အရာရှိများမှ နားလည်မှုပေးသင့်ကြောင်း အရာခံဗိုလ်ကြီးတစ်ဦးက အတင်းထောက်သို့ပြောသည်။

“ကျွန်တော်တို့ ပျောက်ရတဲ့စစ်သင်္ကြန်ဆိုတာ  ရေပက်တဲ့လူကလည်း ယောကျာ်း၊အားပေးတဲ့လူကလည်းယောကျာ်း၊လက်ခုပ်တီးပေးတဲ့လူကလည်းယောကျာ်း၊ယုတ်စွအဆုံး ဓာတ်ပုံရိုက်တဲ့လူကလည်း ယောကျာ်းဆိုတော့ စိတ်ညစ်တာပေါ့ဗျာ။မိန်းကလေးမှ မမြင်ရတာကိုး။အဲဒါကို ပေါက်ကွဲတဲ့အနေနဲ့ လွပ်လွပ်လပ်လပ်ကတာကို လူကြိးတွေက ညီညီညာညာကရမယ်ဆိုတော့ ဒုက္ခရောက်ပြီပေါ့ဗျာ”ဟု မျက်ရည်များဘူးသီးလုံးလောက် ကျမတက်ပြောရှာသည်။

ထို့ကြောင့် ထိုကဲ့သို့အမိန့်ပေးသည့် အရာရှိအား ဆက်သွယ်မေးမြန်းကြည့်ရာ ယင်းအရာရှိက မိမိအနေဖြင့် လက်အောက်ငယ်သားများ၏ လူ့အခွင့်အရေုးကို ချိုးနှိမ်ခြင်းမဟုတ်ပါကြောင်း၊မိမိတို့တပ်မတော်အနေဖြင့် စည်းကမ်းရှိရန်မရှိမဖြစ်လိုအပ်သဖြင့် ယခုကဲ့သို့ ညီညီညာညာကစေရန် ညွှန်ကြားရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေရှင်းသည်။

“သူတို့မပြောနဲ့၊ကျွန်တော်တို့တပ်က မွေးထားတဲ့ကြက်မတွေတောင် ဥ ဥတော့ဟေ့လို့ အမိန့်ပေးမှ ဥရတယ်။ အခုသင်္ကြန်တွင်း ဆွမ်းလောင်းချင်တော့ ကြက်မတွေကို အိုဗာတိုင်ဆင်းခိုင်းထားတယ်ဗျ။”ဟု မျက်နှာထားတည်တည်နှင့်ပြောသည်။

ပြည်သူတရပ်လုံးပျော်ရွှင်စွာဆင်နွဲကြရှာသော သင်္ကြန်အခါတော်အချိန်အတွင်း၌ တချို့နေရာများ၌ လူ့အ
ခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေကြောင်း တပ်မတော်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

၁၃၇၄ ခုနှစ် မဟာသင်္ကြန် အကြိုနေ့နှင့် အကျနေ့မြင့်ကွင်းများ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ဧပြီလ(၁၃)ရက်နေ့ သင်္ကြန်အကြိုနေ့ ညနေ (၆)နာရီခန့်က တာကလေး၇ပ်ကွက် တွင် ဗဟိုမဏ္ဍပ်အဖြစ် မြန်မာသက္ကရာဇ် ၁၃၇၄
ခုနှစ် မဟာသင်္ကြန်အား ဖွင့်လှစ်ခဲ့ပါတယ်။

မြို့နယ်များအတွက် ဗဟိုမဏ္ဍပ်များတညိဆောက်ရန် ဘတ်ဂျက်ခွဲတမ်း မပါရှိသော်လည်း မြို့ခံများအနေဖြင့် စုစည်းကာ ရပ်ကွက်မဏ္ဍပ်များ စည်ကားစွာ
ဖြင့် ဆောင်ရွက် ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

သင်္ကြန်အကြိုနေ့ ဟင်္သာတ တာကလေးရပ်ကွက် ရှိ မဏ္ဍပ်အား ဗဟိုမဏ္ဍပ်အဖြစ် ညနေ(၆)နာရီတွင် ဖွင့်လှစ်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးဦးမြအေး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများအား အတာရေပက်ဖျန်းပြီး
တာကလေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချစ်မင်းထိုက်မှ
ဖွင့်ပွဲအခမ်းအနားနှင့် ယိမ်းအဖွဲ့များအား ဆုချီးမြှင့်ပေးခဲ့ပါတယ်။

ယခုနှစ် ဟင်္သာတမြို့ မဟာသင်္ကြန်သည် အကမဏ္ဍပ်(၄)ခုနှင့် ယိမ်း(၆)ဖွဲ့၊ သံချပ်(၁)ဖွဲ့ ပါဝင်ဖျော်ဖြေပြီး နယ်မြို့အနေဖြင့် ဝိုင်းဝန်းစုစည်း၍ စည်းကားအောင် ကျင်းပနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

သင်္ကြန်ကာလအတွင်း လုံခြုံရေး တင်းကျပ်မှုများရှိပြီး အေးချမ်းပျော်ရွှင်စွာေ ရကစားနိုင်ရန် မြို့နယ် အာဏာပိုင်အဖွဲ့အစည်းများမှ စီစဉ်ဆောင်ရွက်ပေး မှုများရှိကြောင်းလည်း သိရှိရပါတယ်။

(သတင်းဓါတ်ပုံ -  ပြည့်ဖြိုး icj (ဟင်္သာတ))
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့သင်္ကြန်
ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့တွင်ဧပြီလ(၁၃)ရက်နေ့သင်္ကြန်အကြိုနေ့ညနေ(၆)နာရီခန့်က တာက
လေး၇ပ်ကွက် တွင် ဗဟိုမဏ္ဍပ်အဖြစ် မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ် မဟာသင်္ကြန်အား ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာပြည်အနှံက မဟာသင်္ကြန်အကျနေ့မြင့်ကွင်းများ

သတင်းဓါတ်ပုံ-သီဟ
ဧပြီလ 14 ရက်နေ့ သင်္ကြန်အကျနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ မဏ္ဍပ်များတွင် သင်္ကြန် အကြိုနေ့ကထက် ပို၍ရေပက်ခံကားများ၊ လူများ စည်ကားစွာ ပျော်ပျော်ရွှင်ရွှင်ရေပက်နေကြသည်ကို တွေ့ရသည်။ မဏ္ဍပ်များအားလုံး ရေပက်သူအပြည့်ဖြင့် စည်ကားနေပြီး မဏ္ဍပ်များရှေ့တွင်လည်း ယာဉ်ထိန်းရဲများ လမ်းကြောရှင်းပေးမှုကြောင့် ယာဉ်ပိတ်ဆို့မှု ကြပ်တီးခြင်း မဖြစ်ခဲ့ပေ။

မန္တလေးမြို့၊ သင်္ကြန်အကျနေ့ ဦးခေါင်းထိခိုက်မိသူ ၂၃ဦး အရေးပေါ်သို့ရောက်ရှိ

မန္တလေးမြို့၊ သင်္ကြန်အကျနေ့ ဦးခေါင်းထိခိုက်မိပြီး ဦးနှောက်အာရုံကြောခွဲစိတ်ဆောင် (၂၃)ဦးတက်ရရာ ခွဲစိတ်ကုသမှုမပြုရသေးခင် (၃)ဦးသေ၊ (၅)ဦး အရေးပေါ်ခွဲစိတ်ပေးထား၊ အသက်ရှူလမ်းကြောင်းပိုက်တပ်ထား (၁)ဦးရှိ

ဧပြီလ ၁၄ရက်၊ ၂၀၁၃ခုနှစ်

စုစုပေါင်း ၂၃ ယောက် ဦးနှောက်အာရုံကြောခွဲစိတ်ဆောင်ကို တက်ရပါတယ်။ ဦးခေါင်းကို စီတီစကန် ရိုက်ရတာ ၁၃ ယောက်ရှိတဲ့ အထဲက ၁၀ ယောက် မှာ ခေါင်းတွင်းဒါဏ်ရာတွေ့ပါတယ်။ 

ခွဲစိတ်ကုသမှု မပြုရသေးဘဲနဲ့ ၃ ယောက် သေပါတယ်။ ၅ယောက်ကို အရေးပေါ် ခွဲပေးရပါတယ်တဲ့။ 

အသက်ရှုလမ်းကြောင်းပိုက်တတ်ထားရတာ ၁ ယောက်ရှိပါတယ်တဲ့။ သတိထားနိုင်ဖို့။

Posted From Mg Mg Oo( Ministry of Health)
https://www.facebook.com/photo.php?fbid=493045760745355&set=a.431197800263485.88807.301458409904092&type=1&theater

မန္တလေးမြို့၊သင်္ကြန်အကျနေ့ဦးခေါင်းထိခိုက်မိပြီးဦးနှောက်အာရုံကြောခွဲစိတ်ဆောင်(၂၃)ဦးတက်ရရာ ခွဲ
စိတ်ကုသမှုမပြုရသေးခင်(၃)ဦးသေဆုံးခဲ့ပြီး၊(၅)ဦးအရေးပေါ်ခွဲစိတ်ပေးထားရကြောင်းသတင်းရရှိသည်။
အသက်ရှူလမ်းကြောင်းပိုက်တပ်ထားရသူ (၁)ဦးကြောင်းသိရသည်။

မဟာသင်္ကြန် အကျနေ ရန်ကုန်မြို့တွင် ပြည်သူများပျော်ရွင်စွာရေကစား (သတင်း/ဓာတ်ပုံ)

ရန်ကုန်မြို့ ပြည်လမ်းမတွင် သင်္ကြန်အကျနေ့ ရေကစားနေကြသူများ။
ဓာတ်ပုံ-ဂျေမောင်မောင် (အမရပူရ)
ဓာတ်ပုံ-ဂျေမောင်မောင် (အမရပူရ)
မဟာသင်္ကြန် အကျနေ ရန်ကုန်မြို့တွင် ပြည်သူများပျော်ရွင်စွာရေကစားနေကြသည်ကိုတွေ့ရှိရသည်။

၂၀၁၃ခုနှစ် မဟာသင်္ကြန်ရက်များအတွက် ရေပေးဝေမှုအစီစဉ်ထုတ်ပြန်ကြေငြာ

2013 သင်္ကြန်ရက်များအတွင်း ရေပေးဝေရေး အစီအစဉ်

၂၀၁၃ခုနှစ် မဟာသင်္ကြန်ရက်များအတွက် ရေပေးဝေမှုအစီစဉ်ထုတ်ပြန်ကြေငြာထားကြောင်းသတင်းရရှိ
သည်။

ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန် အကြိုနေ့) ညနေပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း မိုးကြိုးထိမှန်ပြီး လူ ငါးဦး သေဆုံး

ဧပြီ ၁၄ ရက် ၂၀၁၃

ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) ညနေ ၆ နာရီ မိနစ် ၃၀အချိန့်ခန့်က မိုးရွာသွန်း၍ လေပြင်းတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကာ မိုးကြိုးပစ်မှုများကြောင့် မိုးကြိုးထိမှန်ပြီး လူငါးဦးသေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဧပြီ ၁၄

၁၃-၄-၂၀၁၃ ရက်နေ့ ၂၁၅၅အချိန်ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ညောင်ပင်စုရပ်ကွက်၊ စက်ကြီး
ရပ၊် ဇလွန်-ရန်ကုန်ကားလမ်းဘေးရှိ အလျား ၈၀ ပေ၊ အနံ ၅၀ ပေ၊ အမြင့် ၂၅ ပေရှိ သစ်သားတိုင်၊ ထရံကာ
၊သွပ်မိုး၊ပျဉ်ခင်းကုန်သွယ်လယ်ယာဂိုထောင်ဟောင်း (၃)လုံးအနက်ဂိုထောင်(၁)လုံး အားမီးလောင်ကျွမ်းသ
ဖြင့်ဇလွန်မြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့်မြို့နယ်မီးသတ်ဌာနမှတပ်ဖွဲ့ဝင်များ စုပေါင်းငြှိမ်းသတ်ခဲ့
ရာ ၂၃၀၀ အချိန် မီးညွန့်ကျိုးသွားပြီး ၂၃၅၀ အချိန် မီးငြိမ်းသွားခဲ့သည်။

သင်္ကြန်တွင်း ယာဉ်ထိန်းအင်အား ၅၀၀ ခန့် တာဝန်ချထားမည်

ယခုနှစ်သင်္ကြန်ကာလတွင်ယာဉ်မတော်တဆမှုများနှင့်အရေးပေါ် ပြဿနာများ ဖြေရှင်းနိုင်ရန် နှစ်စဉ်ထက်
ယာဉ်ထိန်းတပ်ဖွဲ့အင်အား နှစ်ဆကျော်တိုးချဲ့တာဝန်ချထားမည်ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း
တပ်ဖွဲ့မှူးရုံးမှရဲမှူးက ပြောသည်။နှစ်စဉ်လမ်းဆုံလမ်းပွိုင့်များတွင်အရေးပေါ်ယာဉ်နှင့် လှည့်ကင်းယာဉ်များ
ချထားသည်များရှိသော်လည်းတပ်ဖွဲ့အင်အားအရေအတွက်မှာ၂၀၀ ၀န်းကျင်သာချထားလေ့ရှိသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် အတာသင်္ကြန်နှစ်သစ်ကူး အခါသမယ မိန့်ခွန်း

 နေပြည်တော် ဧပြီ ၁၄ 

မိဘပြည်သူများခင်ဗျား ယခုကဲ့သို့ အတာသင်္ကြန်နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေရာ
ဒေသအနှံ့အပြားမှာမိမိတို့ မြန်မာနိုင်ငံသားအားလုံးအသက်အရွယ်ကြီးငယ်မရွေး ပျော်ရွှင်စွာပါဝင်ဆင်နွဲ
ကြတဲ့ အစည်ကား အသိုက်မြိုက်ဆုံးဖြစ်တဲ့ ရိုးရာပွဲတော်တစ်ရပ် ဖြစ်ပါတယ်။

MBA , MPA , MDevS မဟာဘွဲ့သင်တန်းများအတွက်လျှောက်လွာခေါ်ယူခြင်း

MBA , MPA , MDevS မဟာဘွဲ့သင်တန်းများအတွက်အောက်ပါအတိုင်းထပ်မံသိရှိရသည်။ MBA , MPA , MDevSတို့အတွက်လျှောက်လွှာပိတ်ရက်မှာ၇-၅-၂၀၁၃သတ်မှတ်ကြောင်း ၊ MBA အတွက် ပတ္တမြားဆောင် ( လှိုင်နယ်မြေ ) ၊ MPA အတွက် အခန်း ၁၁၂ ရန်ကုန်စီးပွားရေးတက္ကသိုလ် ၊ M Devs အတွက် အခန်း ၁၀၆ ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင်လျှောက်ထားရမည်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ထီးတော်မိုး ကျေးရွာအနီး ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်

၁၃-၄-၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ထီးတော်မိုး ကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ်(၁၀/၂-၃)တွင် မတ္တရာမှ မန္တလေးသို့ အမျိုးသား တစ်ဦးစီးနင်းလာသည့် ဆိုင် ကယ်နှင့်မန္တလေး မှမတ္တရာသို့မတ္တရာမြို့နယ်၊သနပ်ကုန်းရွာနေမောင်စိုး (၃၀)နှစ် စီးနင်းလာသည့်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်

အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များအား မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှ ခြိမ်းခြောက်ပြောဆိုမှုအပေါ် အဆင့်ဆင့် တရားဝင် တိုင်ကြားမည်

၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ နေ (၃) နာရီခန့်အချိန်တွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်မှ မန္တလေးမြို့ပေါ်ရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များအား နှုတ်ဖြင့် ဖိတ်ခေါ်ခဲ့၍ မန္တလေးတိုင်း ၀န်ကြီးချုပ်ရုံးခန်းတွင် အစ္စလာမ်ဘာသာရေးအဖွဲ့မှ အဖွဲ့ခါင်းဆောင်များအပါအ၀င် (၁၀) ဦး ရောက်ရှိခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

မင်္ဂလာတောင်ညန့်မှာ စေတီတော်ပုံစံမျိုးပါတဲ့ပိတ်စတွေဖြန့်ချီနေတယ်ဆိုပြီး ဘာသာရေးသွေးထိုးလှုံ့ဆော်မှုတစ်ခု ပြုလုပ်နေ (ကောလဟာလများမယုံကြပါနှင့်)

အားလုံးနဲ့ဆိုင်တဲ့ ရန်ကုန်မြို့တော်လုံခြုံရေး

ဒီနေ့...
မဟာသင်္ကြန်အကြိုနေ့ညနေပိုင်းက အနော်ရထာလမ်းပေါ် ၊ ၁၉လမ်းနားက ရေကစားမဏ္ဏပ်တစ်ခုမှာ
ရေကစားသလိုလို ၊ ဝင်ကသလိုလိုနဲ့ လူတစ်စုရောက်လာပြီး ယာဉ်ကြောတွေကြပ်နေတုန်း လှုံ့ဆော်မှုတစ်ခု
ပြုသွားတယ်ကြားပါတယ်။
     အဓိကက တောင်ညွန့်ဘက်မှာ စေတီတော်ပုံစံမျိုးပါတဲ့ပိတ်စတွေဖြန့်ချီလို့ ရန်ဖြစ်နေကြပြီ။
မန္တလေးမှာမီးရှို့နေကြပြီ စတဲ့စကားတွေပါပါတယ်။ စည်းရုံးခြင်းခံရသူတွေက "ဘာလာကြောင်တာလဲ"
ဆိုတော့မှ ကားပေါ်တက်ပြီးထွက်သွားကြတယ်ဆိုပါတယ်။
xxx
    တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲ...
စေတီတော်ပုံစံပိတ်စတွေကိစ္စက အခုမှမဟုတ်ပဲ ၊ ကျွန်တော်သိထားတဲ့ကိစ္စ ၊ ကိုယ်တိုင်ကိုင်တွယ်ခဲ့ဖူးတဲ့ကိစ္စ
ဖြစ်နေလို့ သူတို့ကိုရှင်းပြနိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ ၉နှစ်လောက်ကတည်းက အင်ဒိုနီးရှားဘက်ကလို့သိရတဲ့
ဘာသာရေးအစွန်းရောက်အုပ်စုတွေက ဒီတိုက်ကွက်ကိုသုံးပြီး ရခိုင်ကို Target ထားလို့ဘာသာရေး အဓိကရုဏ်းတစ်ခုဖြစ်ဖို့
ဖန်တီးလှုံ့ဆော်ခဲ့ဖူးတာပါ။ အဲဒီတုန်းက သတင်းအရ စစ်တွေပင်လယ်ဝကိုဝင်လာတဲ့ အဲလိုပိတ်စမျိုး ပိတ်အုပ် ၇၀၀၀ကျော်
ရှာဖွေတားဆီးနိုင်ခဲ့ဖူးလို့ပါ။ 
      အခု...
ရခိုင်ကလှုပ်လှုပ် ၊ ပဲခူးရိုးမအနောက်ခြမ်းကရုတ်ရုတ် ဖြစ်လာချိန်မှာ....သူတို့...ကျားသေအသက်သွင်းဖို့
အားထုတ်လာကြပြန်ပြီ။ သတိသာထားကြပေတော့။
    တကယ်တော့ မနေ့ကလောင်တဲ့ မန္တလေးမီးကလည်းရှို့မီးမဟုတ်ပါဘူး။ တာဝန်ရှိသူတွေအဆိုအရ
ကြေးသွန်းလုပ်ငန်းရဲ့ ထုံးစံအတိုင်းလွန်လွန်ကဲကဲမြင့်မားလွန်းတဲ့ ကြေးသွန်းလုပ်တဲ့အပူဒဏ်ကိုမခံနိုင်လို့
မီးစွဲလောင်ခဲ့တာလို့သိရပါတယ်။
တကယ်လို့များ ဒီညနေမှာစည်းရုံးခံရသူတွေက အုတ်အော်သောင်းနင်းလုပ်လိုက်ရင် ပွဲပျက်ဖို့အင်မတန်
လွယ်ကူသွားပါပြီ။ မတ်လနောက်ဆုံးပတ်အတွင်းက မြို့နယ်တစ်ခု ရပ်ကွက်တစ်ခုတည်းကခဏကလေးဖြစ်ခဲ့တဲ့
အုတ်အော်သောင်းနင်းကြောင့် ည ၉နာရီမှာ တစ်စပြင်လို့ဖြစ်သွားတဲ့ ရန်ကုန်ညကိုသတိရကြမယ်ထင်ပါရဲ့။
xxx
     ရန်ကုန်တိုင်းကိုမေးကြည့်တော့ တိုင်းရဲတပ်ဖွဲ့မှူးက ပိတ်စတွေအကုန်သိမ်းဆည်းခဲ့ပြီးရောင်းချခွင့်ပါပိတ်လိုက်ပြီလို့
ရှင်းပြပါတယ်။ သူလဲအိမ်မပြန်ရတာကြာပြီ။ မဟာရန်ကုန်လုံခြုံရေးအတွက် ရုံးအိပ်ရုံးစားအဖြစ်နဲ့ အချိန်ပြည့်ကွပ်ကဲ
နေရတာတွေ့ခဲ့တယ်။ 
     သူ့ခမျာ...မနက်ကပဲ ရန်ကုန်မြို့လယ် ဟိုတယ်ပေါ်ကလူသတ်မှုတစ်ခုကို ဖော်ထုတ်ပြီးစပဲရှိသေးတယ်။
ဒီလူသတ်မှူမှာ အခန်းတွင်းအသတ်ခံရရှာတဲ့အမျိုးသမီးရဲ့အမည်ကိုတောင် မသိပဲတည်းခိုခွင့်ပြုခဲ့တဲ့ဟိုတယ်ရဲ့
စည်းကမ်းမဲ့တဲ့အားနည်းချက်တွေကိုတွေ့ရတယ်လို့ သူကပြောပါတယ်။ ဘာစာရင်းဇယားမှတောင်းခံခြင်းမရှိပဲ
တည်းခွင့်ပြုထားတဲ့ ဧည့်သည်တွေလဲအများကြီးတွေ့ခဲ့ရတယ်။ အဲလိုပူးပေါင်းဆောင်ရွက်မှုမရှိခဲ့လို့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေမှာ
အသတ်ခံရသူအမျိုးသမီး ဘယ်သူလဲဆိုတာကိုတောင်အတော်ကြာဖော်ထုတ်ခဲ့ရပြီး နောက်ဆုံး ၊ တိုင်းရဲတပ်ဖွဲ့မှူအစီအစဉ်နဲ့
အင်တာနက်ကတစ်ဆင့် လူအမည်ဖော်ထုတ်ရရှိပြီး လူသတ်တရားခံကို ကွင်းဆက်ရှာ ဆွဲထုတ်နိုင်ခဲ့ကြောင်းသိရပါတယ်။
xxx
     ဖြစ်စဉ်ဖြစ်ရပ်တွေ ဒုစရိုက်မှုတွေက အဆင့်မြင့်မြင့်လာတယ်။
အဆင့်မြင့်လာလေလေ အဖြစ်စိပ်လာလေလေ...။
လျင်မြန်မှုနဲ့ဖော်ထုတ်ချေမှုန်းသွားနိုင်ဖို့လိုလာလေလေပါ။ မသမာသူတစ်စုက ရှေ့ကိုတိုးတိုးလာပြီး
ရန်ကုန်ကိုလှုပ်ဖို့ ကြိုးစားလာနေတယ်။ 
    ၄၈လမ်းမီးတုန်းကလဲ ဘာသာရေးမှိုင်းနဲ့ ဆွဲထုတ်ဖောက်ခွဲလုလုမှာ ရဲကလျင်ပေလို့ ၊ ဝန်ကြီးချုပ်ကအကြိမ်ကြိမ်ရှေ့ထွက်
ရှင်းလင်းချပြနိုင်ခဲ့လို့ ၊ သင်ခန်းစာရပြီးဖြစ်တဲ့လူထုကလည်း လျင်လျင်မြန်မြန်ပူးပေါင်းပါဝင်ခဲ့ကြလို့ ရန်ကုန်မြို့ကြီး
ရေတိမ်မနစ်တာပါ။ 
    တာဝန်ရှိသူတွေဘယ်လောက်လုပ်ပေးနေပါစေ ၊ သက်ဆိုင်ရာလူထုမပါဝင်လို့ကတော့ ရာနှုန်းပြည့်လုံခြုံဖို့
မလွယ်လှပါဘူး။ အခုရန်ကုန်မှာ ရဲတပ်ဖွဲ့ဝင် အင်အား ၃၀၀၀ကျော်နဲ့ မြို့တော်ကိုလုံခြုံရေးလုပ်ပေးထားတယ်။
ဒါဟာ နှစ်ဆယ့်ငါးနှစ်တာကာလအတွင်း ရဲတပ်ဖွဲ့ဝင်အင်အားအများဆုံး သုံးထားတဲ့သင်္ကြန်လို့သိရပါတယ်။
    ခုနတုန်းကလှုံ့ဆော်လာသလို ကိစ္စမျိုးမှာ ခုနကလို Ignore မတုန့်ပြန်နိုင်ခဲ့ရင် အခြေအနေကစိုးရိမ်စရာပါ။

မိတ်ဆွေတို့နားကပ်နေသူ...
မိတ်ဆွေတို့နားကပ်လာသူတွေထဲမှာ...
ရန်ကုန်ကိုမီးဟုန်းဟုန်းတောက်အောင် လုပ်လိုသူတချို့ရှိနေတယ်ဆိုတာ အားလုံးသဘောပေါက်ထားရင်တော့
လုံခြုံရေးကျိုးပေါက်မှုဆိုတာ ဘယ်တော့မှရှိမှာမဟုတ်ပါဘူး။

ကွပ်ကဲမှုခက်ခဲလှတဲ့ 
အကျ ၊ အကြတ် ၊ အတက်... ဒီသုံးရက်သာ... တင်းခံနိုင်ပါစေ...။
ရန်ကုန်ဘယ်တော့မှ ရေတိမ်မနစ်တော့ပါ။

                               မောင်မောင် (ရန်ကုန်တက္ကသိုလ်)

ဒီနေ့...မဟာသင်္ကြန်အကြိုနေ့ညနေပိုင်းက အနော်ရထာလမ်းပေါ် ၊ ၁၉လမ်းနားက ရေကစားမဏ္ဏပ်တစ်
ခုမှာရေကစားသလိုလို ၊ ဝင်ကသလိုလိုနဲ့ လူတစ်စုရောက်လာပြီး ယာဉ်ကြောတွေကြပ်နေတုန်း လှုံ့ဆော်
မှုတစ်ခုပြုလုပ်သွားတာကိုတွေ့ရတယ်အဓိကက တောင်ညွန့်ဘက်မှာ စေတီတော်ပုံစံမျိုးပါတဲ့ပိတ်စတွေ
ဖြန့်ချီလို့ ရန်ဖြစ်နေကြပြီ။ မန္တလေးမှာမီးရှို့နေကြပြီ စတဲ့စကားတွေပါပါတယ်။ စည်းရုံးခြင်းခံရသူတွေက
 "ဘာလာကြောင်တာလဲ" ဆိုတော့မှ ကားပေါ်တက်ပြီးထွက်သွားကြတယ်ဆိုပါတယ်။

တမူထူးခြား ဘုန်းကြီးတစ်ပါး

တမူထူးခြား ဘုန်းကြီးတစ်ပါး

ဧပြီ ၈၊ ၂၀၁၃။ (ရိုက်တာ)

မြန်မာ့ အစွန်းရောက်အမျိုးသားရေးဝါဒီ ဘုန်းကြီး ၀ီရသူဟာ သာမန်သံဃာတွေ ရဟန်းတွေရဲ့ ၀ိနည်းတွေထက် ကျော်လွန်ပြီး ကျင့်သုံးနေထိုင်သူဖြစ်တယ်။

သူ့မှာ iPhone တစ်လုံးရှိပြီး ဖုန်း ring tone ကိုတော့ ၁၉၉၂ ခုနှစ်လောက်ပေါ်ခဲ့တဲ့ ဗြိတိသျှသီချင်း(Nightcrawlers ရဲ့ "Push the Feeling"သီချင်း)တီးလုံးကို ထည့်သွင်းထားတာ တွေ့ရတယ်။ သူ့ဘယ်ဘက်လက်မောင်းမှာတော့ တက်တူးတွေနဲ့။ “ကျုပ်က လူငယ်တစ်ယောက်လို နည်းနည်းတော့ ကြမ်းတယ်ဗျ”လို့ သူက ရှင်းပြတယ်။ သူ့ရဲ့ အခန်းကျဉ်းလေးထဲမှာ ဖလတ်တီဗီ၊ ဒီဗီဒီ စက်နဲ့ ကွန်ပျူတာ ၂ လုံးရှိနေတယ်။

သူ့ရဲ့ ရုံးခန်းအပြင်ဘက်မှာတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှ မွတ်စလင်သူပုန်တွေက ဗုဒ္ဓဘာသာဝင်တွေကို သတ်ဖြတ်ထားတဲ့ မြင်မကောင်းရှုမကောင်းတဲ့ ဓါတ်ပုံပိုစတာတွေကို ချိတ်ဆွဲထားတယ်။ သူက မွတ်စလင်တွေနဲ့ လက်မထပ်ဖို့၊ ကုလား(နှိမ့်ချခေါ်ဝေါ်သည့် အသုံးအနှုံး)တွေရဲ့ ဘာသာရေးအန္တရာယ်တွေကို သတိပေးထားတဲ့ စာအုပ်တွေ၊ ဒီဗီဒီခွေတွေကို ရောင်းချပါတယ်။

ထူးခြားတာက နံရံတစ်ခုမှာ အမေရိကန်သမ္မတ ဘားရတ်ဟူစိန်အိုဘားမားရဲ့ ပုံကိုလည်း ချိတ်ဆွဲထားပြန်တယ်။ ဒါပေမယ့် သူက ဂျော့ဘုရှ်ကို ကြိုက်တယ်၊ “ဘုရှ်က ကြမ်းတယ်၊ အိုဘားမားက အရမ်းပျော့လွန်းတယ်” လို့ သူက ဆိုတယ်။

မြန်မာပြည်က ဘုန်းကြီးကျောင်းတွေရဲ့ ၀င်ငွေတွေဟာ များသောအားဖြင့် ပွင့်လင်းမြင်သာမှုမရှိပါဘူး။ ဦးဝီရသူရဲ့ ဒကာတွေထဲမှာလည်း ဒီလိုပါပဲ။ သူကတော့ သူ့ကို လှူဒါန်းတဲ့ ဒကာတွေဟာ အခြေခံလူတန်းစားနဲ့ အလယ်အလတ် ငွေကြေးချမ်းသာသူတွေထဲကပါလို့ ဆိုပြန်တယ်။

ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးလုပ်နေစဉ်မှာပဲ သူ့ဒကာတစ်ယောက်က ဗီဒီယိုမှတ်တမ်းရိုက်ကူးပြီး ဒါဇင်နဲ့ချီတဲ့ ဓါတ်ပုံတွေ ရိုက်တယ်။

ဦးဝီရသူရဲ့ အဆိုကတော့ “ဒါတွေကို ဖေ့စ်ဘုတ်မှာ တင်ဖို့ပါ”တဲ့။

SAI- Reuters

http://in.mobile.reuters.com/article/idINDEE93708H20130408?irpc=932

ဧပြီ ၈၊ ၂၀၁၃။ (ရိုက်တာ)

မြန်မာ့ အစွန်းရောက်အမျိုးသားရေးဝါဒီ ဘုန်းကြီး ၀ီရသူဟာ သာမန်သံဃာတွေ ရဟန်းတွေရဲ့ ၀ိနည်းတွေ
ထက် ကျော်လွန်ပြီး ကျင့်သုံးနေထိုင်သူဖြစ်တယ်။သူ့မှာ iPhone တစ်လုံးရှိပြီး ဖုန်း ring tone ကိုတော့ ၁၉၉၂ 
ခုနှစ်လောက်ပေါ်ခဲ့တဲ့ ဗြိတိသျှသီချင်း(Nightcrawlers ရဲ့ "Push the Feeling"သီချင်း)တီးလုံးကိုထည့်သွင်း
ထားတာ တွေ့ရတယ်။

လေပြင်းတိုက်ခတ်ပြီး မိုးကြိုးပစ်မှုကြောင့် စေတီတော်တိမ်းစောင်း၍ နေအိမ်များပျက်စီး

နေပြည်တော်၊ ဧပြီ ၁၃

၁၃-၄-၂၀၁၃ ရက်နေ့ ၀၆၃၅ အချိန် မိုးရွာသွန်း၍ လေပြင်းများတိုက်ခတ်ပြီး မိုးကြိုးပစ်မှုကြောင့် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အမှတ်(၂)ရပ်ကွက်၊ စည်ပင်ဈေးအနီးရှိ ဆုတောင်းပြည့်စေတီ၏ ထီးတော်သည် အနောက်ဘက်သို့ ၅ ဒီကရီခန့် တိမ်းစောင်းသွားခဲ့သည်။ ထို့ပြင် ထိုနေ့ ထိုအချိန်တွင်ပင် ကျုံဒိုးမြို့အမှတ်(၁) ရပ်ကွက်၊ ကျုံဒိုးမီးပုံးပျံပွဲပြုလုပ်သည့် ဒုံးစင်၏ နောက်ခံအုတ်တံတိုင်းလည်း ပြိုလဲသွားခဲ့သည်။