Sunday, March 9, 2014
" မန်ချက်စတာယူနိုက်တက် ပရိတ်သတ်များ အတွက် မိုယက်စ် ဧ။် ပန်ကြားလွှာ "
RangonNewsDaily: March . 9 .2014
. အသင်း ဧ။် ရလဒ် ဆိုးများကြောင့် ပရိတ်သတ်များ ဧ။် ငြိုငြင် မှု တွေ နဲ့ ရင်ဆိုင် နေရသည့် မန်ချက်စတာယူနိုက်တက် အသင်းဧ။် နည်းပြ ဒေးဗစ် မိုယက်စ် သည် တစ်ရာသီလုံး အသင်း ရလဒ် ဆိုးရွား နေသော်လည်း အိမ်ကွင်း အဝေးကွင်း လိုက်လံ အားပေးခဲ့ကြသည့် အသင်းအားပေးသူ ပရိတ်သတ်များ အတွက် ပေးစာ တစ်စောင် ရေးလိုက်ကြောင်း သိရသည်။
ထားဝယ်မြို့နယ် အညာဖျားချောင်းအတွင်း သတ္တုတူးဖော်ရန် ပြုလုပ်နေခြင်းကို ဒေသခံများစုပေါင်းလက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးအစိုးရထံ ကန့်ကွက်လွှာပေးပို့ 
အညာဖျားကျေးရွာအုပ်စုအတွင်းရှိ ချောင်းရိုးများအားတွေ့ ရစဉ်
RangonNewsDaily: March . 9 .2014တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှ အရှေ့ဘက် ၁၆ မိုင်ခန့်အကွာရှိ အညာဖျားကျေးရွာအုပ်စုအနီး နယ်မြေအတွင်းတွင်
သတ္တုတူးဖော်ရန် လုပ်ငန်းရှင်နှစ်ဦးက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့မှုနှင့် Eastern Mining Company Limited က သတ္တုစမ်းသပ်တူးဖော်နေမှုအပေါ် တားမြစ်ပေးရန်အတွက် မတ် ၄ ရက်က ဒေသခံရွာသားများမှ စုပေါင်းလက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးအစိုးရနှင့် တာဝန်ရှိသူများအား စာရေးသားပေးပို့ကာ ကန့်ကွက်ကြောင်း အသနားခံတင်ပြခဲ့သည်ဟု သတင်းရရှိသည်။
ဂျက်လီ ဖောင်ဒေးရှင်းမှ လှူဒါန်းသော ကလေး ကစားကွင်းများ တပ်ဆင်ပြီးစီး
RangonNewsDaily: March . 9 .2014
မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နှင့် သပိတ်ကျင်း မြို့တို့တွင် တရုတ်ယွမ်ငွေ သုံးသိန်းတန် ဖိုက်ဘာ ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး အသင့်တပ်ဆင် ကစားနိုင်သော ကလေး ကစားကွင်း နှစ်ကွင်းကို ဂျက်လီ ဖောင်ဒေးရှင်းမှ လှူဒါန်းခဲ့ရာ ဖေဖော်ဝါရီ နောက်ဆုံးပတ်က တရုတ် ပညာရှင်များ လာရောက် တပ်ဆင်ခဲ့ပြီး မတ်လဆန်းက ပြီးစီးခဲ့သည်။
ကျောက်တန်းမြို့တွင် နေအိမ်အတွင်း၌ခြေလက်များကိုကြိုးတုပ်ပြီး အနုကြမ်းစီးလုယက်ခံရသည်ဟုတိုင်တန်းခဲ့သည့်အမှုမှာကျူးလွန် ခံရသူက မိမိကိုယ်ကိုပြုလုပ်ပြီး ဟန်ဆောင်ကာလုပ်ကြံလီဆယ် တိုင်တန်းခဲ့ခြင်းသာဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်
RangonNewsDaily: March . 9 .2014
အမှုမှာ ၄.၃.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန် ကျောက်တန်းမြို့၊ အလယ်ပိုင်းရပ်ကွက်နေ ဦးတင်ထွန်းသည် နေအိမ်မှအပြင်သို့
သွားနေခဲ့ပြီး ၀၈၀၀ အချိန်ခန့် ပြန်လာရောက်ရှိစဉ် နေအိမ်ဧည့်ခန်းရှိဘီဒိုတံခါးပွင့်နေကာ ဇနီးဖြစ်သူဒေါ်စန်းဝင်းအား
မတွေ့သဖြင့်ရှာဖွေရာ မီးဖိုချောင် အပေါက်တွင်ခြေလက်များကြိုးတုပ်ခံထားရပြီး လဲကျနေသည်ကိုတွေ့ရှိခဲ့ရကြောင်း၊
ရဲတပ်ရင်း ဆောက်လုပ်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ယင်းမာပင် ဒေသခံများ သုံးရက်ဆက် ပဋိပက္ခဖြစ်
RangonNewsDaily: March . 9 .2014
စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမပင်ခရိုင် ယင်းမာပင်မြို့နယ် အုံတုံပင် ကျေးရွာ၌ ရဲတပ်ရင်း (၂၈) တည်ဆောက်ရန် မြေရှင်းရာမှ ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံများ မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ သုံးရက်ဆက်တိုက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဒေသခံအချို့နှင့် သံဃာတစ်ပါး ယာယီ ထိန်းသိမ်းခံခဲ့ရကြောင်း အုံတုံပင် ကျေးရွာ ဒေသခံများက ပြောကြားသည်။
ပျောက်ဆုံးနေသည့် မလေးလေယာဉ်ပေါ်တွင် မသင်္ကာစရာ လူနှစ်ဦး ပတ်စ်ပို့အတုဖြင့် စီးနင်းလိုက်ပါသွားခဲ့
RangonNewsDaily: March . 9 .2014
ပျောက်ဆုံးနေသည့် မလေးလေကြောင်းလိုင်းပိုင် လေယာဉ် MH 370 ၊ မလေး-ဘေဂျင်း သွားလေယာဉ်ပေါ်ရှိ ခရီးသည်များအထဲ၌ ပတ်စ်ပို့ အတုဖြင့် တရားမ၀င် စီးနင်းလိုက်ပါလာသူ နှစ်ဦး ပါဝင်နေကြောင်း သိရ သည်။
MH 370 တွင် စီးနင်းလိုက်ပါသွားသူဟု အစောပိုင်း က ဖော်ပြခြင်း ခံရသူ အီတလီလူမျိုး လူဂျီမာရယ်ဒီမှာ တကယ်တမ်းတွင် မူ လေယာဉ် ခရီးစဉ်အတွင်း လိုက်ပါသွားခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် အသက်ရှင်လျက် ရှိနေသေးကြောင်း စင်ကာပူအခြေဆိုက် straitstimes သတင်း က ဖော်ပြသည်။
Subscribe to:
Posts (Atom)