Friday, August 1, 2014
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နေ့ အခမ်းအနားသို့ ဖိုးလပြည့်တက်ရောက်ခဲ့ခြင်းသည် မြန်မာ့တပ်မတော်နှင့် သက်ဆိုင်ခြင်းမရှိဟု တာဝန်ရှိသူအရာရှိတစ်ဦးမှပြောကြား
RangonNewsDaily:: August . 1 .2014
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၈၇ နှစ်မြောက် အခမ်းအနားအား ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ တရုတ်နိုင်ငံ သံရုံးမှ ကျင်းပပြုလုပ်သည် ထိုအခမ်းအနားသို့ စစ်ဘက်၊ နယ်ဘက်မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး၊မြန်မာ့တပ်မတော်မှ တတိယအဆင့်အမြင့်ဆုံး အရာရှိကြီး
တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး လှဌေးဝင်းတက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

Telenor မှ 4G ဆင်းကတ် သန်း (၃၀) စတင်ရောင်းချပေးမည်
RangonNewsDaily:: August . 1 .2014
Telenor မှ 4G အထိ အသုံးပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀)အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။ အဆိုပါ ဆင်းကတ်များ တွင် Video Call, Voice Mail, Internet, SMS စသည့်ဝန်ဆောင်မှုများကိုလည်း ထည့်သွင်း ဆောင်ရွက်ထားကြောင်း Telenor Mynmar မှ သိရသည်။

ဝန်ကြီးနှစ်ဦး နှုတ်ထွက်သွားမှုကိစ္စ ဦးရဲထွဋ် ရှင်းလင်းပြောကြား
RangonNewsDaily:: August . 1 .2014
ရာထူးကအနားပေးခံရတဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်
ခင်တို့ဟာ သမ္မတဦးသိန်းစိန်ရဲ့ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အတွက်ကြောင့် နှုတ်ထွက်သွားခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးအဖြစ် အဆိုပြု ခံထားရသူ သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။
တိုက်ပြီးပြေးသည့် ယာဉ်မောင်းများကို ရာသက်ပန် လိုင်စင်ပိတ်မည်
ရန်ကုန်မြို့လယ်တစ်နေရာတွင် ဓာတ်တိုင်တစ်တိုင်ကို ၀င်တိုက်သည့် ကားတစ်စီး (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
RangonNewsDaily:: August . 1 .2014ယာဉ်တိုက်မှုဖြင့်ထွက် ပြေးတိမ်းရှောင်ပါက ယာဉ်မောင်းလိုင်စင်ကို ရာသက်ပန်ပိတ်သိမ်း သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးအမှတ်(၂)ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့က ဇူလိုင် ၃၀ ရက်ညနေတွင် သတင်းထုတ်ပြန်လိုက်သည်။
အဖြေမှန်သည့် ကျောင်းသူကို အမှတ်လျှော့သည့် ဆရာမအား ရာထူးလျှော့ချ
RangonNewsDaily:: August . 1 .2014
အဋ္ဌမတန်းကျောင်းသူ ၏အဖြေမှန်သော်လည်း ရမှတ် လျှော့ချခဲ့မှုဖြင့် တိုင်ကြားခံရ သော ဆရာမအားအတန်းပိုင်ရာ ထူးမှ လျှော့ချခဲ့သလို အတန်း လျှော့၍ သင်ကြားရန်ဆုံးဖြတ် လိုက်ကြောင်း လပွတ္တာမြို့နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးမှ သတင်းရရှိသည်။

ရွှေလုပ်သား တစ်ရာကျော် တွင်းထဲမှာ ပိတ်မိနေ
RangonNewsDaily:: August . 1 .2014
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် သံတောင်ကျေးရွာက ရွှေတွင်းလုပ်ငန်းတွေ ကို ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့ဝင်တွေက တရားမ၀င်လုပ်ငန်းတွေဆိုပြီး ၀င်ရောက်ဖမ်းဆီးနေ တာကြောင့် ရွှေတွင်းလုပ်သား တစ်ရာကျော်လောက် တွင်းထဲမှာပိတ်မိနေတယ်လို့ ရွှေတွင်းလုပ်သားတွေ ကပြောပါတယ်။

ထူးမခြားနားသည့် အမ်ပီတီစနစ်၏ဖုန်းခ လျှော့သည့်ဝန်ဆောင်မှုဝေဖန်မှုများရှိ
RangonNewsDaily:: August . 1 .2014
ရန်ကုန်− မြန်မာ့ဆက်သွယ်ရေး၏ ပြည်ပကုမ္ပဏီနှင့်ပူးပေါင်းပြီးေ နာက် ပထမဆုံးဝန်ဆောင်မှု အနေဖြင့်စတင်သည့်ခေါ်ဆိုခ လျှော့ချပေးသောဝန်ဆောင်မှု့မှာ ဝေဖန်မှုများနှင့်ကြုံတွေရလျက်ရှိသည်။
ရန်ကုန်− မြန်မာ့ဆက်သွယ်ရေး၏ ပြည်ပကုမ္ပဏီနှင့်ပူးပေါင်းပြီးေ
ခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်သာ ကျသင့်မည့် MPT ၏ အထူးအစီအစဉ်တွင် ဘီလ်စနစ် မိုဘိုင်းဖုန်းများ မပါဝင်
RangonNewsDaily:: August . 1 .2014
မိမိရွေးချယ်ထားသောဖုန်းနံပါတ်သုံးခုကို
တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့်ခေါ်ဆိုနိုင် မည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏
အထူးအစီအစဉ်တွင် ငွေဖြည့်ကတ် သုံးမိုဘိုင်းဖုန်းများကိုသာ
ရွေးချယ်ရမည်ဖြစ်ပြီး ဘီလ်စနစ်သုံးဖုန်းများနှင့် ကြိုးဖုန်းများ
ပါဝင်မည်မဟုတ်ကြောင်း ၁၈၇၆ Call Center မှသိရသည်။
မိမိရွေးချယ်ထားသောဖုန်းနံပါတ်သ
ပနားမားတွင်ဖမ်းမိခဲ့သော မြောက်ကိုရီးယား သင်္ဘောကို ကုလသမဂ္ဂ၏ အမည်ပျက် စာရင်းတွင်ထည့်သွင်း
RangonNewsDaily:: August . 1 .2014
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် ပြီးခဲ့သည့်နှစ်က ပနားမား တူးမြောင်းတွင် ဖမ်းဆီးရမိခဲ့သော လက်နက် အစိတ်အပိုင်းများနှင့် MIG-21 တိုက်လေယာဉ် နှစ်စင်းစာ အစိတ်အပိုင်းများ တင်ဆောင်လာသည့် မြောက်ကိုရီးယား သင်္ဘောကို ဇူလိုင် ၂၈ ရက်က ကုလသမဂ္ဂ၏ အမည်ပျက် စာရင်း သွင်းလိုက်ကြောင်း သိရ သည်။

Miss Supranational Myanmar ဆုရမယ့်သူကို သရဖူလွှဲခွင့်မရှိတော့တဲ့ ခင်ဝင့်ဝါရဲ့ ရင်ဖွင့်သံ
RangonNewsDaily:: August . 1 .2014
ပြည်သူတွေချစ်တဲ့ Miss ခင်ဝင့်ဝါနဲ့ တွေ့ဆုံခိုက် Miss GoldenLand Myanmar Organization ကနေ Miss Supranational Myanmar ရဲ့Crown ကိုလွှဲပြောင်းခွင့် မပေးတဲ့ အပေါ် သူမရဲ့သဘောထားကိုမေးဖြစ်
ခဲ့တဲ့အခါ သူမက “ သူတို့ဘက်က ဘယ်လို အကြောင်းကြောင်း တွေကြောင့် ပြောခဲ့တယ်ဆိုတာတော့ ညီမမသိဘူး။ ညီမဘက်ကတော့ သူတို့နဲ့ချုပ်ထားတဲ့ စာချုပ်သက်တမ်း တစ်နှစ်အတွင်းမှာ လုံးဝစည်းကမ်း မဖောက်ဖျက်ခဲ့ဘူး။

Subscribe to:
Posts (Atom)