Pages

Pages - Menu

Thursday, May 30, 2013

မလေးရှားကူးတို့ရေယာဉ် တိမ်းမှောက်မှု အနည်းဆုံး လူ ၂၁ ဦးပျောက်ဆုံး

မလေးရှားကူးတို့ရေယာဉ် တိမ်းမှောက်မှု အနည်းဆုံး လူ ၂၁ ဦးပျောက်ဆုံး

မလေးရှား နိုင်ငံတွင် ဝန်ပိုတင်လာသည့် ကူးတို့ရေယာဉ်တစ်စင်း တိမ်းမှောက်ရာ အနည်းဆုံး လူ(၂၁)ဦးမျှ
ပျောက်ဆုံးနေကြောင်း သိရှိရသည်။ ပွဲတော်တစ်ခုသို့ ဦးတည်သွားရောက်သည့် ရေယာဉ် တိမ်းမှောက်မှုအ
တွင်း လူပေါင်း (၁၈၁)ဦးမျှသည် ကမ်းခြေသို့ ရေကူးပြီး လွတ်မြောက်လာနိုင်ခဲ့ကြောင်း ရဲများက ဆိုသည်။

ပြင်သစ်စစ်သားအား ဓားဖြင့်ထိုးသူကို DNA စစ်ဆေးမှုဖြင့် ဖော်ထုတ်ဖမ်းဆီး


ပြင်သစ် စစ်သား တစ်ဦးကို ဓားဖြင့်ထိုးကာ တိုက်ခိုက်ခဲ့သူကို ယခုအခါ DNA စစ်ဆေးမှု အကူအညီဖြင့် ဖော်
ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

မက္ကစီကိုတွင် ဟာရီကိန်းမုန်တိုင်း ဘာဘရာ ဝင်ရောက်တိုက်ခတ်


barbara

မက္ကစီကို နိုင်ငံတွင် ဝင်ရောက် တိုက်ခတ်သွားသော ဟာရီကိန်းမုန်တိုင်း ဘာဘရာကြောင့် လူ(၂)ဦး သေဆုံး
သွားပြီး (၁၀)ဦးကျော် ပျောက်ဆုံးနေကြောင်း သိရှိရသည်။ ဘာဘရာ မုန်တိုင်းသည် ဗုဒ္ဓဟူးနေ့ (မေလ ၂၉ ရက်) က မက္ကစီကို နိုင်ငံ၏ ပစိတ်ဖိတ် ကမ်းခြေ ဒေသကို ဖြတ်သန်းကာ ကုန်းတွင်း ဝင်ရောက်ခဲ့သည်။

လားရှိုးမှာ အကြမ်းဖက်မီးရှို့မှုတွေရပ်တံ့၊ ထွက်ပြေးတိမ်းရှောင်နေသည့် မွတ်စလင် နေအိမ်များကို ဖျက်ဆီး လုယက်နေ

လားရှိုးမှာ အကြမ်းဖက်မီးရှို့မှုတွေရပ်တံ့၊ ထွက်ပြေးတိမ်းရှောင်နေသည့် မွတ်စလင် နေအိမ်များကို ဖျက်ဆီး လုယက်နေ
=================
မေလ ၃၀၊ ၂၀၁၃
M-Media
သတင်း – ဆုံမှတ်

လာရှိုး။    ။ ယနေ့ မေလ ၃၀ရက်နေ့ နံနက် (၁၁)နာရီတွင် လာရှိုးမြို့တွင် အစ္စလာမ် ဘာသာဝင်များ အကြမ်းဖက်ခံရမှု အခြေအနေနှင့် ပတ်သက်၍ လတ်တလော အခြေအနေအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

“အခုတော့ မီးရှို့တာကို ရပ်ပြီး ပထမတစ်ရက်၊ နှစ်ရက်တုန်းက ဘာမှ မဖြစ်ဘဲ ကျန်နေသေးတဲ့ အစ္စလာမ်ဘာသာဝင် အိမ်တွေကို စာရင်းလိုက်ကောက်ပြီး လိုက်လံ ဖျက်ဆီး လုယက် ယူဆောင်နေပါတယ်၊ အစ္စလာမ်ဘာသာဝင်တွေလည်း သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ရပ်ကွက်ရုံးတွေမှာ ခိုလှုံနေရပါတယ်၊ ကျွန်မတို့ (၉)ရပ်ကွက် ရပ်ကွက်ရုံးကဆို ကာကွယ်ပေးထားပါတယ်၊ ကျွန်မတို့က ဆွေးမျိုးသားချင်းတွေ ရှိတဲ့ မြို့တွေ၊ ရွာတွေကို သွားချင်တယ်ဆိုရင်လည်း ခရီးသွားလာဖို့ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးပါတယ်၊ ဟုတ်ကဲ့ အဲဒီလို လိုက်လံ အကြမ်းဖက် ဖျက်ဆီးသူတွေက ကားတွေ၊ ဆိုင်ကယ်တွေ၊ ဘုန်းကြီးတွေ၊ အပြင်လူတွေ လူအင်းအားတော်တော်များပါတယ်၊  ဟုတ်ကဲ့ ရဲတွေရော၊ စစ်သားတွေရော ရှိပါတယ်၊ အကြမ်းဖက်သူတွေရဲ့ အနောက်ကိုတော့ လိုက်ပြီး ကြည့်ပေးကြပါတယ်၊ အကြမ်းဖက် သူတွေက လူအင်အား များတော့ သူတို့လည်း ၀င်မထိန်းရဲကြဘူး၊ ဟုတ်ကဲ့ စစ်သားတွေမှာ လက်နက်တွေတော့ ကိုင်ဆောင်ထားတာ တွေ့ပါတယ်၊ သေနတ် ပစ်ဖောက်ခြောက်လှန့်တာမျိုးတော့ မလုပ်ပါဘူး၊ လာရှိုးမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တော်တော်များများကတော့ အခြား မြို့တွေကို တိမ်းရှောင် ထွက်ခွာသွားကြပါပြီ”

ဓါတ်ပုံ-မေ-၂၉ ရက်နေ့ အကြမ်းဖက်မှု မြင်ကွင်းများဖြစ်ပါသည်။ 
photo credit- FB

မေလ ၃၀၊ ၂၀၁၃
လာရှိုး။ ။ ယနေ့ မေလ ၃၀ရက်နေ့ နံနက် (၁၁)နာရီတွင် လာရှိုးမြို့တွင် အစ္စလာမ် ဘာသာဝင်များ အကြမ်း
ဖက်ခံရမှု အခြေအနေနှင့် ပတ်သက်၍ လတ်တလော အခြေအနေအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့
ပါသည်။

လားရှိုး အကြမ်းဖက်မှုသည် ဗုဒ္ဓဘာသာ ဂိုဏ်းခွဲသစ် နိင်ငံ အနှံ့ပျံ့နှံ့သည့် လက္ခဏရပ်ပာု နာမည်ကြီးဆောင်းပါးရှင် Thomas Fuller သုံးသပ်

လားရှိုး အကြမ်းဖက်မှုသည် ဗုဒ္ဓဘာသာ ဂိုဏ်းခွဲသစ်  နိင်ငံ အနှံ့ပျံ့နှံ့သည့် လက္ခဏရပ်ပာု နာမည်ကြီးဆောင်းပါးရှင် Thomas Fuller သုံးသပ်

မေ ၂၉ 

နောက်ဆုံးဘာသာရေးအကြမ်းဖက်မှု ဖြစ်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမြို့ မှာ ဗုဒ္ဓဟူးနေ့ က ဗုဒ္ဓဘာသာအကြမ်းဖက်သမား လူအုပ်ကြီးဟာ ဗလီတစ်လုံး၊ မွတ်စလင် စာသင်ကျောင်းတစ်ကျောင်းနှင့် ဈေးဆိုင်များကို မီးရှို့ အပြီးမှာ လုံခြုံရေးတပ်ဖွဲ့ တွေဟာ ပြန်လည် တည်ငြိမ်စေရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ဒါဟာဆိုရင် ဗုဒ္ဓဘာသာ ဂိုဏ်းကွဲအသစ်ဟာ မြန်မာနိုင်ငံ တစ်ဝှမ်းပျံ့ နှံ့ နေတယ်ဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ နယ်စပ်အနီးရှိ လားရှိုးမြို့ မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ယခုနှစ်အတွင်း ယခင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ဒေသတွေနဲ့ မိုင်ပေါင်းရာနဲ့ ချီကွာဝေးပါတယ်။
ဖြစ်စဉ်မှာ မွတ်စလင်တစ်ဦးသေဆုံးပြီး ဗုဒ္ဓဘာသာဝင်လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့  လားရှိုးပြန်ကြားရေးဝန်ကြီးဌာနက ဦးဝေလင်းကပြောပါတယ်။

လားရှိုးမြို့ ရှိ အလွတ်တန်း ဓာတ်ပုံဆရာ ဦးခွန်ဇော်ဦးကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှာတော့ လူငယ်အများအပြားပါဝင်တဲ့ အကြမ်းဖက်လူအုပ်ကြီးဟာ တုတ်၊ ဓားများကိုင်ဆောင်ပြီး ဆိုင်ကယ်များဖြင့် မြို့ အတွင်း လှည့်လည်နေတယ်လို့ ပြောသွားပါတယ်။ “သူတို့ က မြို့ ထဲကို ပတ်ပြီးတော့ ဖျက်ဆီးနေကြတာ” လို့ ၎င်းက ပြောသွားသည်။

မွတ်စလင်များဟာ မြို့ ကို စွန့် ခွာပြေးသွားကြကြောင်း မျက်မြင်သက်သေများက ပြောသည်။ ရုပ်ရှင်ရုံတစ်ရုံ နှင့် မွတ်စလင်ဆိုင်များ ဗုဒ္ဓဟူးနေ့ က ဖျက်ဆီးခံလိုက်ရသည်ဟု အကြမ်းဖက်မှုကို မျက်မြင်တွေ့ ခဲ့သူ NLD ပါတီမှ ဦးမျိုးမြင့်က ပြောသည်။

အင်္ဂါနေ့  ညနေခန့် က ဖြစ်ပွားခဲ့သော ဗလီနှင့်တကွ အခြားအဆောက်အဦးများ မီးရှို့ ခံရမတွင်လဲ အခြားဒေသများတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကဲ့သို့ ပင် မြန်မာရဲတပ်ဖွဲ့ နှင့် စစ်တပ်သည် ဒေါသထွက်နေသော ဗုဒ္ဓဘာသာဝင် လူအုပ်ကြီးကို လူစုကွဲသွားစေရန် မပြုလုပ်ချင် (သို့ ) မပြုလုပ်နိုင် ခဲ့ကြောင်း သိရှိရသည်။

လားရှိုး မြို့ သို့ လာရောက် လည်ပတ်နေသော ဖင်လန်နိုင်ငံသားကျောင်းသားတစ်ဦးဖြစ်သူ Lauri Nio က လူအုပ်ကြီးက ဗလီကို စတင်မီးတင်ရှို့ ပြီး ဆိုင်များကို စတင်ဖျက်ဆီးအပြီး ၂နာရီခန့် အကြာတွင် ရောက်ရှိလာကြောင်း၊ ရဲများသည် အခင်းဖြစ်ပွားရာတွင် မိနစ်အနည်းငယ်ခန့် သာ ရှိနေပြီး ညဘက်ရောက်မှ လူအင်အားပိုမိုများသော တပ်ဖွဲ့ သည် တစ်ခေါက် ပြန်လည်ရောက်ရှိလာပြီး လမ်းများကို ပိတ်လိုက်ကြောင်း၊ သို့ သော် ဆူပူအကြမ်းဖက်သူများကိုမူ ဘာမှမလုပ်ကြောင်း ၎င်းကပြောသွားသည်။ လူအများသည် ဈေးအတွင်းစုဝေးကာ အော်ဟစ်အားပေးကြရင်း၊ နိုင်ငံတော်သီချင်းများသီဆိုရင်း ဆိုင်များကို ဖျက်ဆီးကြကြောင်း ၎င်းကပြောသွားသည်။

DVB မှဗုဒ္ဓဟူးနေ့ တွင် facebook ပေါ်တင်သည့် ဗီဒီယိုအရ မီးလောင်ထားပြီးသော အဆောက်အဦးများ ပျက်ဆီးနေသော မော်တော်ဆိုင်ကယ်များ နှင့် နိုင်ငံအတွင်း မြင်တွေ့ နေကျ မြင်ကွင်းမျိုး ဖြစ်လာကြောင်းတွေ့ ရှိရသည်။

ယခင်အကြမ်းဖက်မှုများအတိုင်းပင် သတင်းထောက်များလဲ ရွေးချယ် တိုက်ခိုက်ခံခဲ့ရသည်။ “သူတို့ ကျွန်တော့်ခေါင်းကို သံတုတ်နဲ့ ရိုက်သွားတယ်” ဟု ဦးခွန်ဇော်ထွန်းက ပြောသည်။ အကြမ်းဖက်လူအုပ်ကြီးသည် ကင်မရာအတွင်းမှ မန်မိုရီကဒ်ကို ဖြုတ်ယူကာ ဖျက်ဆီးသွားကြောင်းလဲ ၎င်းက ပြောကြားသည်။

မတ်လပိုင်းက မိတ္ထီလာမြို့ တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုကဲ့သို့ ပင် လားရှိုး အကြမ်းဖက်မှုသည်လဲ သာမန် အချင်းများမှုမှ စတင်ခဲ့သည်။ နိုင်ငံပိုင်ရုပ်သံများအရ ဓာတ်ဆီရောင်းသည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးသည် ဈေးဝယ်သူ မွတ်စလင်တစ်ဦး၏တိုက်ခိုက်မှုကို ခံခဲ့ရပြီး ၎င်းအား ရဲတပ်ဖွဲ့ မှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားအုပ်စုသည် ရဲစခန်းကို ၀ိုင်းရံခဲ့ကြပြီး ရဲတပ်ဖွဲ့ မှ တရားခံကို ထုတ်မပေးသောအခါ ဒေါသဖြင့် တုန့် ပြန်ခဲ့ကြသည်။ အချင်းများမှု ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရှိရသေးပေ။

အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က လားရှို့ မြို့ ရဲစခန်းအပြင်ဘက်တွင်ရှိသည့် လူအုပ်တွင် ဘုန်းကြီး အယောက်၈၀ခန့် ပါဝင်ကြောင်း ပြောကြားသွားသည်။ ဗုဒ္ဓဟူးနေ့ တွင် အထိကရုန်းကို နှိမ်နင်းရန် သေနတ်ပစ်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။ ဗုဒ္ဓဟူးနေ့ အစောပိုင်းက လားရှိုးမြို့ ရှိ အာဏာပိုင်များနှင့် ဘာသာရေး၊ လူမှုရေး အဖွဲ့ အစည်းများက ထပ်မံအကြမ်းဖက်မှုများကို ရှောင်ရှားနိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟု ၎င်းကပြောကြားသည်။

မွတ်စလင် ရွှေဆိုင်ပိုင်ရှင်နှင့် ဗုဒ္ဓဘာသာဝင် ဈေးဝယ်သူတို့ ၏ ပြဿနာမှစခဲ့သည့် မတ်လမှစ၍ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ၄၄ယောက်သေဆုံးခဲ့သည်။ မိတ္ထီလာရှိသေဆုံးသူ အများစုမှာ မွတ်စလင်များဖြစ်ကြသည်။
မွတ်စလင်များသည် မြန်မာနိုင်ငံ လူဦးရေ၏ ၅ရာခိုင်နှုန်းခန့် ရှိပြီး ၎င်းတို့ ကို မြန်မာနိုင်ငံ၏ မြို့ ကြီးပြကြီးများ အနှံ့ တွင်တွေ့ ရသည်။

ယခုလများအတွင်းဖြစ်ပွားသော အကြမ်းဖက်မှုများသည် မြန်မာနိုင်ငံနှင့် မွတ်စလင်နိုင်ငံများအကြား ဆက်ဆံရေးကို ပြောင်းလဲစေပြီး ဗုဒ္ဓဘာသာဝင် အများစုပါဝင်သည့် အစိုးရအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အခြား များစွာသော လူမျိုး၊ ဘာသာများနှင့် ရေရှည် ချစ်ကြည်ရေးနှင့် တည်ငြိမ်ရေးကို တည်ဆောက်နိုင်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်လာသည်။

The New York Times မှ Myanmar Struggles to Put Down Buddhist Attack on Muslims ကို MyanmarMuslim InfoCentre မှ ဘာသာပြန်ဆိုထားသည်။မှုရင်းသတင်း ရေးသားသူမှာ နာမည်ကြီး သတင်းစာ ဆရာ Thomas Fuller ဖြစ်ပါသည်။

ဓါတ်ပုံ Al Jazeera
ဓါတ်ပုံ Al Jazeera
နောက်ဆုံးဘာသာရေးအကြမ်းဖက်မှု ဖြစ်တဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမြို့ မှာ ဗုဒ္ဓဟူးနေ့ က ဗုဒ္ဓဘာသာအကြမ်းဖက်သမား လူအုပ်ကြီးဟာ ဗလီတစ်လုံး၊ မွတ်စလင် စာသင်ကျောင်းတစ်ကျောင်းနှင့် ဈေးဆိုင်များကို မီးရှို့ အပြီးမှာ လုံခြုံရေးတပ်ဖွဲ့ တွေဟာ ပြန်လည် တည်ငြိမ်စေရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ ဒါဟာဆိုရင် ဗုဒ္ဓဘာသာ ဂိုဏ်းကွဲအသစ်ဟာ မြန်မာနိုင်ငံ တစ်ဝှမ်းပျံ့ နှံ့ နေတယ်ဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

ပဲခူးတိုင်း မုန်းမြို့တွင် ဗလီတလုံးနှင့် လူနေအိမ်တလုံးဖျက်ဆီးခံရ

May 30, 2013
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မုန်းမြိုမှာအရပ်သားအချင်းချင်းစကားများရာကနေ မေ ၂၉ ရက်နေ့ ညနေပိုင်း

မှာ ဗလီတလုံးနဲ့ နေအိမ် တလုံး ဖျက်ဆီးခံရပါတယ်။ နယ်မြေခံတဦးရဲ့ ပြောဆိုချက်အရ မနက် ၁၀ နာရီက
တည်းက မြန်မာ ၂ ဦးနဲ့ အစ္စလာမ်သာသာဝင် ၂ ဦး အချင်းများရန်ဖြစ်ပြီး ရဲက အစ္စလာမ်ဘာသာဝင် ၃ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အသက် (၆၈)နှစ်ပြည့် မွေးနေ့ပွဲကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည် အသက် (၆၈)နှစ်ပြည့် မွေးနေ့ပွဲကျင်းပမည်..

***********************************************
(30.5.2013, Thursday)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်ပြည့် မွေးနေ့ကို (၂၀၁၃)ခုနှစ်၊ ဇွန်လ
(၁၉)ရက်နေ့တွင် အဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရ
သည်။ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့လက်ဆောင် ပေးခြင်း
အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့လည်းကောင်း၊ ကျန်းမာရေးကွန်ရက်
သို့လည်းကောင်း၊ ပညာရေးကွန်ရက်သို့လည်းကောင်း ထည့်ဝင်လှူဒါန်းနိုင်
ပြီး မေတ္တာလက်ဆောင်အဖြစ် ပေးလိုသော အလှူငွေများကို ဇွန်လ (၁၆)
ရက်နေ့အရောက်ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။ ဒေါ်အောင်ဆန်းစုကြည်
ကို (၁၉၄၅)ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ကြားဖြတ်
ရွေးကောက်ပွဲတွင် ကော့မှူးမဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် တရား
ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ဥက္ကဋ္ဌတာဝန်
ထမ်းဆောင်နေသူဖြစ်သည်။

အေးချမ်းမွန် Credit & Copy From >SkyNet TV Browser < Thank For Your Postst
Re-post By ACM 30-5-2013

30.5.2013, Thursday

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်
ပြည့် မွေးနေ့ကို (၂၀၁၃)ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့တွင် အဖွဲ့ချုပ်ရုံးတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရ
သည်။

မုန်တိုင်း INVEST 94B အနောက် ဘင်္ဂလားပြည်နယ် တောင်ပိုင်းကမ်းခြေအား ဖြတ်ကျော်ပြီး ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်

Photo

မေလ ၃ဝ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင် ယမန်နေ့ ညပိုင်းက အိန္ဒိယနိုင်ငံ၊ အနောက်
ဘင်္ဂလားပြည်နယ် တောင်ပိုင်းကမ်းခြေအား ဖြတ်ကျော်ပြီး ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်သွားခဲ့သည့် 
INVEST 94Bသညအရှိန်မသေနိုင်သေးပဲအနောက်တောင်ဘက်သို့ဆက်လက်ရွေ့လျားနေဆဲဖြစ်ကြောင်း
တွေ့ရပါသည်။

လားရှိုးမြို့ ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးစခန်း နှစ်ခု ဖွင့်လှစ်ထား

ရှမ်းပြည်နယ် လားရှိုးမြို့တွင် ပဋိပက္ခကြောင့် ပျက်စီးခဲ့သည့် နေအိမ်မှ ဒေသခံများနှင့် ဒဏ်ရာရရှိသူများ အတွက် ကယ်ဆယ်ရေးစခန်းကို မေလ(၃၀)ရက်နေ့တွင် ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဒုက္ခသည်စခန်းကို လားရှိုးမြို့ သိင်္ဂီလမ်း ရပ်ကွက်(၈)ရှိ မန်ဆူဘုန်းကြီးကျောင်း နှင့် ရပ်ကွက်(၇)ရှိ စိတ္တသုခ ဘုန်းကြီးကျောင်း၌ ဖွင့်လှစ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးကဆိုသည်။

ကျေးရွာကျောင်းအုပ်ကို မကျေနပ်သဖြင့် ရွာလုံးကျွတ် ကျောင်းမအပ်

Thursday, May 30, 2013

စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး မြို့နယ် ဆားတောင်ပုံကျေးရွာရှိ အခြေခံ ပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီးကို မကျေနပ်သဖြင့် ယင်းကျေးရွာ တစ်ရွာလုံးရှိ ကျောင်းသားမိဘများက ကျောင်းအပ်ကာလသို့ ရောက်ရှိ နေသော်လည်း ယခုအချိန်ထိ ကျောင်းမအပ်ကြသေး ကြောင်း အဆိုပါ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးဆောင် ကော်မတီ တာဝန် ရှိသူထံမှ စုံစမ်းသိရှိရသည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်း ဇွန်လဒုတိယပတ် ထွက်မည်

၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ စာရင်းကို လာမည့် ဇွန်လ ၉ ရက် တနင်္ဂနွေနေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။"ပြည်နယ်နှင့်တိုင်း ပညာရေးမှူး တွေကို လျှို့ဝှက်အစည်းအဝေး ခေါ်နေပြီ။ ၈ဝ ရာခိုင်နှုန်း သေချာပါတယ်"ဟု ၄င်းက ထပ်လောင်းပြောကြားသည်။

ကေအိုင်အိုနှင့် အစိုးရ အချက် ၇ ချက်သ ဘောတူ

Thursday, May 30, 2013

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)နဲ့ အစိုးရအြကား နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်ရေး အပါအ၀င် အချက် ၇ ချက်ကို မေ ၃၀ရက်ညေနပိုင်းမှာ သေဘာတူလက်မှတ်ထိုး လိုက်နိုင်ပြီလို့ မြစ်ကြီးနားမြို့မှာ အဲဒီဆွေးနွေးပွဲကိုတက်နေတဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှေမာင်ရွှေက ဒီဗွီဘီကို လက်မှတ်ထိုးနေချိန် မေးမြန်းရာမှာ ဖြေဆိုပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ထိုင်းဘုရင်၏ ''Knight Grand Cross (First Class) of the Most Noble Order of the Crown of Thailand'' တော်ဝင်ဘွဲ့ တံဆိပ် ပေးအပ် ချီးမြှင့်

Thursday, May 30, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေ ၂၈ ရက်၊ နံနက်ပိုင်းတွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ ကျင်းပ ပြုလုပ်သည့် ထိုင်းဘုရင် မင်းမြတ်မှ ပေးအပ် ချီးမြှင့်သော တော်ဝင် ဘွဲ့ တံဆိပ် ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်၍ တော်ဝင်ဘွဲ့ တံဆိပ်အား လက်ခံ ရယူသည်။

ရန်ကုန်မြို့ကမာရွတ်၊ လှည်းတန်းလမ်းဆုံက လှည်းတန်းဂုံးကျော်တံတားဖွင့်ပွဲ ယနေ့နံနက် (၇း၃၀) ကကျင်းပပြုလုပ်


ရန်ကုန်၊ မေ ၃၀

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု အများဆုံးနေရာများထဲမှ တစ်ခုဖြစ်သော ကမာရွတ်၊ လှည်းတန်းလမ်း
ဆုံတွင် တည်ဆောက်လျက်ရှိသော ခုံးကျော်တံတားကြီးအား ယနေ့နံနက် (၇း၃၀) နာရီတွင် စတင်ဖွင့်လှစ်ခဲ
့ကြောင်းသတင်းရရှိသည်။

လားရှိုးပဋိပက္ခ ပျက်စီးမှုတန်ဖိုး သိန်း ၆ဝဝ ရှိ လုံခြုံရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း

လားရှိုးပဋိပက္ခ ပျက်စီးမှုတန်ဖိုး သိန်း ၆ဝဝ ရှိ လုံခြုံရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း

သိင်္ဂီထွန်း | ကြာသပတေးနေ့၊ မေလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၁၉ မိနစ်

ရှမ်းပြည်နယ် လားရှိုးမြို့တွင် မေလ ၂၈ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခများမှ မီးလောင်ပြီး ပျက်စီးဆုံးရှုံးခဲ့မှု တန်ဖိုး သိန်း ၆ဝဝ နီးပါးရှိပြီး လုံခြုံရေးအတွက် အဖွဲ့ငါးဖွဲ့ ဖွဲ့စည်းလိုက်သည်ဟု လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းလိုက်သည့် လုံခြုံရေးအဖွဲ့များတွင် အထွေထွေအုပ်ချုပ်ရဲမှူး၊ ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် သံဃာတော်များ ပါဝင်ပြီး ''လုံခြုံရေးအဖွဲ့ ငါးဖွဲ့ချထားတယ်။ ညနေကမှ အစည်းအဝေးလုပ်တာဆိုတော့ ကျွန်တော်တို့လည်း အသေးစိတ်ကိုတော့မသိရသေးဘူး'' ဟု ဦးဝေလင်းက ပြောသည်။ ရိုက်နှက်မှုများ ဖြစ်ပေါ်လာခြင်းကြောင့် အခြေအနေကို ထိန်းသိမ်းရန် ဖွဲ့စည်းခြင်းဟုလည်း သူက ဆိုသည်။

ပဋိပက္ခများအတွင်း လားရှိုးမြို့ အမှတ် (၈) ရပ်ကွက်တွင် ယမန်နေ့ညနေက မီးရှို့မှုဖြစ်ပွားခဲ့ပြီး ဗလီတစ်လုံး၊ အစ္စလာမ် မိဘမဲ့ ကျောင်းနှင့် ပြန်/ဆက်ဌာနပိုင်ဆိုင်ခန်း နှစ်ခန်းအပါအဝင် ပုဂ္ဂလိက ဆိုင်ခန်းများနှင့် ဂိုထောင်များ မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး အတိအကျမှာ ၅၈၃ ဒသမ ၈ သိန်း ဖြစ်သည်ဟုလည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးက ထုတ်ပြန်သည်။

ထို့အပြင် မေလ၂၉ရက်နေ့လည်တွင် အမှတ် (၇) ရပ်ကွက်၌ လူတစ်စုက အကြမ်းဖက်ရိုက်နှက်မှုကြောင့် အစ္စလာမ်ဘာသာ ဝင်တစ်ဦးသေဆုံးကာ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လားရှိုးမြို့
ပြည်သူ့ဆေးရုံတွင် ဆေးကုခံယူနေသည်။ တစ်ဦးမှာ ဦးခေါင်းဒဏ်ရာရကာ ခွဲစိတ်ခန်းသို့ ပို့ထားရကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနမှ သိရသည်။

ထိုရပ်ကွက်တွင်ပင် သတင်းထောက် နှစ်ဦးအား ရိုက်နှက်မှုဖြစ်ပွားရာ တစ်ဦးမှာ ဦးခေါင်းကွဲခဲ့ပြီး တစ်ဦးမှာ သံတုတ်ဖြင့် နောက်ကျောကို ရိုက်နှက်ခြင်းခံခဲ့ရသည်။ ''ကျွန်တော်တောင် အခုပဲ အရိုက်ခံလိုက်ရတယ်။ ကျွန်တော်က ခေါင်းကွဲသွားတယ်။ ကျွန်တော့်သူငယ်ချင်းကိုလည်း နောက်ကနေ သံတုတ်နဲ့ ရိုက်လိုက်တယ်။ ခုထိမထနိုင်ဘူး။ ကင်မရာထဲက မန်မိုရီကတ် (Memory Card) ကိုလည်း ယူထားလိုက်တယ်။ ဆေးခန်းတွေ လည်း ပိတ်တယ်'' ဟု လားရှိုးဒေသခံ အလွတ်တန်းသတင်းထောက် ကိုခွန်ဇော်ဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ည ၈ နာရီမှာလည်း ညကိုးနာရီကျော်လျှင် မထွက်ရအမိန့် ပုဒ်မ ၁၄၄ ချက်ချင်းထုတ်ပြန်ခဲ့ရပြီး ရဲတပ်ဖွဲ့နှင့် စစ်တပ်အင်အားများ ချထားခဲ့သေးသော်လည်း နေ့လည်ပိုင်းတွင် ပြန်လည်ဖြစ်ပွားခဲ့သည်။

''မြို့ကကျယ်တော့ လုံခြုံရေးယူနိုင်တဲ့ နေရာတော့ အေးချမ်းပေမယ့် မြို့ပြင်တွေမှာတော့ နေ့လည်ပိုင်းမှာ လှုပ်လှုပ်၊ လှုပ်လှုပ်ဖြစ်နေတုန်းပဲ'' ဟု ကျားဖြူပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း စံမင်းကပြောသည်။

မေလ ၂၉ ရက်တွင် လားရှိုးမြို့ရှိ မြို့မဈေးနှင့် ဈေးဆိုင်များအားလုံး ပိတ်ထားကြပြီး မနက်ပိုင်းတွင် အခြေအနေ တည်ငြိမ် မှုရှိကြောင်းဒေသခံများကပြောကြသည်။

ယနေ့ နေ့လည်ပိုင်းတွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူတို့သည် လားရှိုးမြို့ သာသနာ့ဗိမာန်တွင် သံဃာတော်များ၊ အစ္စာလာမ်ဘာသာရေးခေါင်းဆောင်များ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသေးသည်။ 

==========================================
ပုံအညွှန်းစာ။ ။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ၂၀၁၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့က လုံခြုံရေးယူထားသော တပ်မတော်သားတဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP ၊ ရဲအောင်သူ) မေလ ၂၈ ရက်နေ့က စတင်ခဲ့သည့် အကြမ်းဖက်မှုများတွင် လူအုပ်များက ဗလီတခု၊ မိဘမဲ့ ကလေးဂေဟာတခုနှင့် ဆိုင်အများအပြား ဖျက်ဆီးခဲ့ကြသည်။

မေလ ၃၀ ရက် ၂၀၁၃ ခုနှစ်
ရှမ်းပြည်နယ် လားရှိုးမြို့တွင် မေလ ၂၈ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခများမှ မီးလောင်ပြီး ပျက်စီးဆုံးရှုံးခဲ့မှု တန်ဖိုး သိန်း ၆ဝဝ နီးပါးရှိပြီး လုံခြုံရေးအတွက် အဖွဲ့ငါးဖွဲ့ ဖွဲ့စည်းလိုက်သည်ဟု လားရှိုးမြို့ ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်းက မဇ္ဈိမကို ပြောသည်။

ဂျပန်ဝန်ကြီးချုပ် လာရောက် ခြင်း၏ နောက်ဆက်တွဲ တစ်ဒေါ်လာ ကျပ် ၁ဝဝဝ အထိ မကြာမီရောက်နိုင်

ဂျပန်ဝန်ကြီးချုပ် လာရောက် ခြင်း၏ နောက်ဆက်တွဲ တစ်ဒေါ်လာ ကျပ် ၁ဝဝဝ အထိ မကြာမီရောက်နိုင်
--------------------------------------------------------------------

ဂျပန်ဝန်ကြီးချုပ် လာရောက်လည်ပတ် ပြီး နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုတို့ ပိုမိုခိုင်မာနိုင် သောကြောင့် ကန်တစ်ဒေါ်လာလျှင် ကျပ် ၁ဝဝဝ အထိ မကြာမီ ရောက်ရှိလာနိုင်သည်ဟု ဘဏ် လုပ်ငန်းပညာရှင် ဦးမျိုးဦးက သုံးသပ်သည်။

 ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေ ကြောင့် အမေရိကန်အပါအဝင် ဂျပန်စသည့် နိုင်ငံကြီးတို့၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ ဝင် လာမည်ဖြစ်ရာ ထိုအပေါ်တွင် ကျပ်ငွေက အ ရေးကြီးလာမည်ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်ဈေး ကျပ် ၁ဝဝဝ အထိရှိသွားနို င်ကြောင်း ၄င်းက သုံး သပ်ခြင်း ဖြစ်သည်။ ”အခုလည်း ကျပ် ၁ဝဝဝ နား နီးနေတာ ပဲ။ ဒီပမာဏကဖြစ်လာမှာပဲ”ဟု ၄င်းက ဆက် ဆိုသည်။
ကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်မှုနှုန်း ကျပ် ၈ဝဝ အောက်တွင် ပို့ကုန်လုပ်ငန်းရှင် အများစုထိခိုက်ခဲ့ရပြီး ထိုဂယက်ကြောင့် လယ် ယာနှင့် သားငါးကဏ္ဍအပေါ် ဆိုးရွားစွာရိုက် ခတ်ခဲ့ကြောင်း စက်မှု၊ လက်မှုလုပ်ငန်းရှင်အများ စုက ဆိုသည်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦးက ”ထိခိုက်တဲ့အတွက် အများ ဆုံးပိတ်လိုက်ရတဲ့စက်ရုံက ရေထွက်ပို့ကုန်စက် ရုံတွေပဲ” ဟု ဆိုသည်။လွှတ်တော်ဥက္ကဋ္ဌက ဒေါ်လာဈေး ကျပ် ၁ဝဝဝ ဖြစ်သင့်ကြောင်းဆိုခဲ့ရာ မြန်မာငွေအ စား ဒေါ်လာကိုင်ထားမှုများလာခြင်း၊ ဒေါ်လာ တက်ရိပ်ရှိနေသဖြင့် တက်ဈေးမမိစေရန် ကြို တင်ဝယ်ထားခြင်းများကြောင့် ဝယ်လိုအားတက် လာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ ဝင်စပြု လာသဖြင့် ပုဂ္ဂလိကပိုင်းက စက်ယန္တရားများ အမြောက်အမြား  တင်သွင်းမှုများလာသည့်အ တွက် ဒေါ်လာဝယ်လိုအား တက်လာခြင်းစသ ဖြင့် အကြောင်းများစုသွားသောကြောင့် ငွေ လဲနှုန်းမှာ ဆက်တိုက်တက်လာနေသည်။

Read More >>> http://popularmyanmar.com/mpaper/?p=70290

ဂျပန်ဝန်ကြီးချုပ် လာရောက်လည်ပတ် ပြီး နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုတို့ ပိုမိုခိုင်မာနိုင် သောကြောင့် ကန်
တစ်ဒေါ်လာလျှင် ကျပ် ၁ဝဝဝ အထိ မကြာမီ ရောက်ရှိလာနိုင်သည်ဟု ဘဏ် လုပ်ငန်းပညာရှင် ဦးမျိုးဦးက သုံးသပ်သည်။

ပဋိပက္ခ ဖြစ်ပွားမှုများ ကူးစက်မလာစေရန် မန္တလေးတွင် လုံခြုံရေးအင်အား တိုးမြှင့်

ပဋိပက္ခ ဖြစ်ပွားမှုများ ကူးစက်မလာစေရန် မန္တလေးတွင် လုံခြုံရေးအင်အား တိုးမြှင့်
Thursday, May 30, 2013

ရှမ်းပြည်နယ်၊ လာရှိုးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေများ ကူးစက်လာမှု မရှိစေရန် မန္တလေးတိုင်း ရဲတပ်ဖွဲ့ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

"မီတ္ထီလာ ပဋိပက္ခဖြစ်စဉ်ကို သင်ခန်းစာယူပြီး အခုလို ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ထားတာပါ။ အခြေအနေ အရမ်းကြီး ဆိုးရွားမှ ဆိုရင်တော့ ထိန်းသိမ်းရ ခက်ခဲပြီး စစ်တပ်အကူညီ တောင်းရတဲ့အထိ မဖြစ်အောင် လုံခြုံရေးအင်အား အသင့်ပြင်ထားပါတယ်။ လားရှိုးပဋိပက္ခ ဖြစ်ပွားပြီး ည ၁၁ နာရီကတည်းက အဓိကရုဏ်း နှိမ်နင်းတဲ့ကားတွေ အဆင်သင့်ပြင်ထားတာ" ဟု ရဲမှူးဦးစိုးငြိမ်းက ပြောကြားသည်။

ပုံမှန်လုံခြုံရေး အင်အားအပြင် မိတ္ထီလာ ပဋိပက္ခအပြီး ဖွဲ့စည်းထားသည့် မြို့နယ်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီမှလည်း မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းထားရှိကာ ကောလဟာလများ ဖြစ်ပွားခဲ့ပါက ပြန့်ပွားမှု မရှိစေရန် အဆိုပါ ကော်မတီ အဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ယခုအခြေအနေတွင် တိုင်းရဲတပ်ဖွဲ့မှူး ရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နှင်းရေးကားများ အဆင်သင့်ထားရှိကာ လုံခြုံရေးအင်အား အသင့်ပြင်ဆင်ထားသည်။

"၂၈ ရက်နေ့ကလည်း ရမည်းသင်းမှာ လူ ၂၀ လောက် စုဝေးမှု ဖြစ်ပွားခဲ့တဲ့ ကောလာဟလတစ်ခု ဖြစ်ခဲ့သေးတယ်။ ဒါကြောင့်မို့ မန္တလေးမှာ အဲဒီလိုမျိုးတွေ ဖြစ်မလာအောင် အထူးဂရုစိုက်ပြီး ဆောင်ရွက်နေတာပါ" ဟု ရဲမှူးဦးစိုးငြိမ်းက ပြောကြားသည်။

EMG
မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နင်းရေးကားများ အသင့်ပြင်ဆင် ထားသည်ကို မေ ၂၉ ရက်က တွေ့ရစဉ်

မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် အဓိကရုဏ်း နှိမ်နင်းရေးကားများ အသင့်ပြင်ဆင် ထားသည်ကို မေ ၂၉ ရက်က တွေ့ရစဉ်
Thursday, May 30, 2013
ရှမ်းပြည်နယ်၊ လာရှိုးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ အခြေအနေများ ကူးစက်လာမှု မရှိစေရန် မန္တလေး
တိုင်း ရဲတပ်ဖွဲ့ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အသက် ၆ နှစ်အရွယ် ကမ္ဘာ့အသက်အငယ်ဆုံး ဒီဂျေ

Photo: အသက် ၆ နှစ်အရွယ် ကမ္ဘာ့အသက်အငယ်ဆုံး ဒီဂျေ

အင်္ဂလန်နိုင်ငံ အနောက်အလယ်ပိုင်း Pershore မြို့ မှာ နေထိုင်တဲ့ ကလေးငယ်လေး ဖြစ်ပါတယ်။ 

အသက် ၆ နှစ်သာ ရှိသေးပြီး ဖခင်ရဲ့ ရေဒိယို အသံလွင့်ဌာနမှာ ဒီဂျေ အဖြစ် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ TBFM Online အမည်ရ ရေဒီယို အသံလွင့်ဌာန တစ်ခုဖြစ်ပြီး သြစတေးလျ၊ အမေရိကန်၊ အဂ်လန်နဲ့ အခြား ကမ္ဘာတစ်ဝန်းက နိုင်ငံကြီးတွေမှာ နာမည်ရနေတဲ့ ရေဒီယိုလိုင်း တစ်ခု ဖြစ် ပါတယ်။ 

ညနေ Pershore မူလတန်းကျောင်းကနေပြန်တိုင်း ဖခင်ရှိရာ အသံလွင့် ဌာနသို့ သွားရောက်ပါတယ်။ ပြီးတော့ စတူဒီယိုမှာ ရှိတဲ့ စက်ပစ္စည်းတွေကို စမ်းသပ်အသုံးပြုရင်း သီချင်း၊ ဂီတကို ပါရမီပါတဲံ့ ၆ နှစ်အရွယ် Amber Jacobs က သီချင်းများကို စိတ်ကြိုက် ဖန်တီးပြသပါတယ်။ သူမရဲ့ ဖန်တီးချက်ဟာ အဆင့်မှီတဲ့အတွက် ရေဒီယို လှိုင်း မှာ ထုတ်လွင့်ကြည့်တော့ အားပေးတဲ့ သူ များပြားခဲ့ပါတယ်။ 

သူမရဲ့ ဖန်တီးချက်ကို အသိမှတ်ပြုပြီး အသက် ၆ နှစ်အရွယ် ကလေးမလေး လို့တောင် ဘယ်သူမှ မသိခဲ့ပါဘူး။ ကလေးတော်တော်များများက One Direction နဲ့ ဂျက်စတင်ဘီဘာတို့ကို စွဲလမ်းနေချိန် သူကတော့ ဟဲဗီးမယ်တယ်နဲ့ ရောခ့်ဂီတ ရူးသွတ်သူ ဖြစ်ပါတယ်။ Ozzy Osbourne နဲ့ Rob Zombie ဆိုတာ သူ ခရေဇီဖြစ်တဲ့ Heavy Metal အဆိုတော် နှစ်ဦး ဖြစ် ပါတယ်။ သူပြောတဲ့ ဂီတအကြောင်းအရာများကလည်း သာမန်လူအတွက် လိုက်လို့မမှီလောက်အောင် အိုင်ကျူမြင့်လှတယ်လို့ ရေဒီယို နားဆင်သူ အချို့ က Feedback ပြန်ပေးထားပါတယ်။ ဂီတ ဆော့ဖ်ဝဲများကို ပိုင်ပိုင်နိုင်နိုင် အသုံးပြု နိုင်သူလည်း ဖြစ်ပါတယ်။

စတူဒီယိုထဲမှာ တစ်ရက်ကို သူ့အတွက် ၂ နာရီ ထုတ်လွင့်ချိန်ပေးထားပြီး ယင်းအချိန်တွင်းမှာ သူက ခေါင်းဆောင် ဖြစ်ပါတယ်။ စတူဒီယိုထဲမှာ လက်ညိုးထိုး ခိုင်းစေနေတဲ့ သူဟာ ဝါရင့် ဒီဂျေတစ်ဦးမဟုတ်ပဲ ၆ နှစ်အရွယ် ပါရမီရှင်လေး ဖြစ်နေတာကို လူအများအံ့သြခဲ့ပါတယ်။ 

ယခုနောက်ပိုင်း နာမည်ကြီးလာပြီး သူမရဲ့  တစ်ကိုယ်တော် ဒီဂျေရှိုးတွေ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပရဟိတ ရန်ပုံငွေပွဲတွေအပြင် အခြား ဂီအဖွဲ့  များနဲ့ ပူးပေါင်းပြီးလည်း ပရော်ဖက်ရှင်နယ် ဆန်ဆန် ဒီဂျေကစားပြအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူမကို ကမ္ဘာ့ အသက်အငယ်ဆုံး ဒီဂျေ အဖြစ် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ မှတ်တမ်းတင် ရန် ပြင်ဆင်လျက် ရှိတယ်လို့ သိရပါတယ်။ 
-----
Ref:Zumart
ရိုးရာလေး

အင်္ဂလန်နိုင်ငံ အနောက်အလယ်ပိုင်း Pershore မြို့ မှာ နေထိုင်တဲ့ ကလေးငယ်လေး ဖြစ်ပါတယ်။

ကီးဘုတ်အဖြစ်လည်း အသုံးပြုနိုင်သည့် iPhone 5 ကာဗာ

Photo: ကီးဘုတ်အဖြစ်လည်း အသုံးပြုနိုင်သည့် iPhone 5 ကာဗာ

iPhone 5 အတွက် ထုတ်လုပ်ထားတဲ့ ကျောကပ်ကာဗာ ဖြစ်ပါတယ်။ ကာဗာ အနေနဲ့တောင် မဟုတ်ပါဘူး။ သူ့ကို ကီးဘုတ်အနေနဲ့ရော အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။ 

၂ မီလီမီတာသာ ထူတဲ့ Ultra-Thin Magnetic ကီးဘုတ်၊ Controller ဖြစ် ပါတယ်။ ကြိုးမဲ့ Bluetooth ဆက်သွယ်ရေး စနစ်ကို အသုံးပြု ပါတယ်။ Apple ရဲ့  iPhone 5 အတွက်ပဲ သီးသန့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အရမ်းလည်း ပါးတဲ့အတွက် အားကို ဘယ်လို သိမ်းဆည်းထားမလဲလို့တောင် သံသယ ဝင်ချင်စရာ ရှိပါတယ်။ အမှန်တော့ အားသွင်းစရာ အပေါက်ပါရှိပြီး အားတစ်ခါ သွင်းပြီးရင် နာရီပေါင်း ၄၀ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ 

ကီးဘုတ်မှာပါဝင်တဲ့ လက်ကွက်များကလည်း Keyboard Phone များထဲကလိုပါပဲ။ သူ့မှာ သံလိုက်ဓာတ်ပါပါတယ်။ ဒါကြောင့် iPhone 5 နောက်ကျောမှ တပ်ထားရင် အလိုလိုတွယ်ကပ်နေမှာ ဖြစ်ပါတယ်။ ကာလ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅၀ ဝန်းကျင် ရှိပြီး CES မှ ပြသလျက် ရှိတဲ့ ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: techblog
ရိုးရာလေး

iPhone 5 အတွက် ထုတ်လုပ်ထားတဲ့ ကျောကပ်ကာဗာ ဖြစ်ပါတယ်။ ကာဗာ အနေနဲ့တောင် မဟုတ်ပါဘူး။ သူ့ကို ကီးဘုတ်အနေနဲ့ရော အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။