Pages

Pages - Menu

Thursday, May 30, 2013

လားရှိုးမှာ အကြမ်းဖက်မီးရှို့မှုတွေရပ်တံ့၊ ထွက်ပြေးတိမ်းရှောင်နေသည့် မွတ်စလင် နေအိမ်များကို ဖျက်ဆီး လုယက်နေ

လားရှိုးမှာ အကြမ်းဖက်မီးရှို့မှုတွေရပ်တံ့၊ ထွက်ပြေးတိမ်းရှောင်နေသည့် မွတ်စလင် နေအိမ်များကို ဖျက်ဆီး လုယက်နေ
=================
မေလ ၃၀၊ ၂၀၁၃
M-Media
သတင်း – ဆုံမှတ်

လာရှိုး။    ။ ယနေ့ မေလ ၃၀ရက်နေ့ နံနက် (၁၁)နာရီတွင် လာရှိုးမြို့တွင် အစ္စလာမ် ဘာသာဝင်များ အကြမ်းဖက်ခံရမှု အခြေအနေနှင့် ပတ်သက်၍ လတ်တလော အခြေအနေအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

“အခုတော့ မီးရှို့တာကို ရပ်ပြီး ပထမတစ်ရက်၊ နှစ်ရက်တုန်းက ဘာမှ မဖြစ်ဘဲ ကျန်နေသေးတဲ့ အစ္စလာမ်ဘာသာဝင် အိမ်တွေကို စာရင်းလိုက်ကောက်ပြီး လိုက်လံ ဖျက်ဆီး လုယက် ယူဆောင်နေပါတယ်၊ အစ္စလာမ်ဘာသာဝင်တွေလည်း သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ရပ်ကွက်ရုံးတွေမှာ ခိုလှုံနေရပါတယ်၊ ကျွန်မတို့ (၉)ရပ်ကွက် ရပ်ကွက်ရုံးကဆို ကာကွယ်ပေးထားပါတယ်၊ ကျွန်မတို့က ဆွေးမျိုးသားချင်းတွေ ရှိတဲ့ မြို့တွေ၊ ရွာတွေကို သွားချင်တယ်ဆိုရင်လည်း ခရီးသွားလာဖို့ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးပါတယ်၊ ဟုတ်ကဲ့ အဲဒီလို လိုက်လံ အကြမ်းဖက် ဖျက်ဆီးသူတွေက ကားတွေ၊ ဆိုင်ကယ်တွေ၊ ဘုန်းကြီးတွေ၊ အပြင်လူတွေ လူအင်းအားတော်တော်များပါတယ်၊  ဟုတ်ကဲ့ ရဲတွေရော၊ စစ်သားတွေရော ရှိပါတယ်၊ အကြမ်းဖက်သူတွေရဲ့ အနောက်ကိုတော့ လိုက်ပြီး ကြည့်ပေးကြပါတယ်၊ အကြမ်းဖက် သူတွေက လူအင်အား များတော့ သူတို့လည်း ၀င်မထိန်းရဲကြဘူး၊ ဟုတ်ကဲ့ စစ်သားတွေမှာ လက်နက်တွေတော့ ကိုင်ဆောင်ထားတာ တွေ့ပါတယ်၊ သေနတ် ပစ်ဖောက်ခြောက်လှန့်တာမျိုးတော့ မလုပ်ပါဘူး၊ လာရှိုးမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တော်တော်များများကတော့ အခြား မြို့တွေကို တိမ်းရှောင် ထွက်ခွာသွားကြပါပြီ”

ဓါတ်ပုံ-မေ-၂၉ ရက်နေ့ အကြမ်းဖက်မှု မြင်ကွင်းများဖြစ်ပါသည်။ 
photo credit- FB

မေလ ၃၀၊ ၂၀၁၃
လာရှိုး။ ။ ယနေ့ မေလ ၃၀ရက်နေ့ နံနက် (၁၁)နာရီတွင် လာရှိုးမြို့တွင် အစ္စလာမ် ဘာသာဝင်များ အကြမ်း
ဖက်ခံရမှု အခြေအနေနှင့် ပတ်သက်၍ လတ်တလော အခြေအနေအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့
ပါသည်။
“အခုတော့ မီးရှို့တာကို ရပ်ပြီး ပထမတစ်ရက်၊ နှစ်ရက်တုန်းက ဘာမှ မဖြစ်ဘဲ ကျန်နေသေးတဲ့ အစ္စလာမ်
ဘာသာဝင် အိမ်တွေကို စာရင်းလိုက်ကောက်ပြီး လိုက်လံဖျက်ဆီးလုယက် ယူဆောင်နေပါတယ်၊ အစ္စလာမ်
ဘာသာဝင်တွေလည်း သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ရပ်ကွက်ရုံးတွေမှာ ခိုလှုံနေရပါတယ်၊ 

ကျွန်မတို့ (၉)ရပ်ကွက် ရပ်ကွက်ရုံးကဆို ကာကွယ်ပေးထားပါတယ်၊ ကျွန်မတို့က ဆွေးမျိုးသားချင်းတွေ ရှိတဲ့ မြို့တွေ၊ ရွာတွေကို သွားချင်တယ်ဆိုရင်လည်း ခရီးသွားလာဖို့ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးပါတယ်၊ 

ဟုတ်ကဲ့ အဲဒီလို လိုက်လံ အကြမ်းဖက် ဖျက်ဆီးသူတွေက ကားတွေ၊ ဆိုင်ကယ်တွေ၊ ဘုန်းကြီးတွေ၊ အပြင်
လူတွေ လူအင်းအားတော်တော်များပါတယ်၊ ဟုတ်ကဲ့ ရဲတွေရော၊ စစ်သားတွေရော ရှိပါတယ်၊ အကြမ်းဖက်
သူတွေရဲ့ အနောက်ကိုတော့ လိုက်ပြီး ကြည့်ပေးကြပါတယ်၊ 

အကြမ်းဖက် သူတွေကလူအင်အားများတော့သူတို့လည်း ၀င်မထိန်းရဲကြဘူး၊ ဟုတ်ကဲ့ စစ်သားတွေမှာ လက်
နက်တွေတော့ကိုင်ဆောင်ထားတာ တွေ့ပါတယ်၊ သေနတ် ပစ်ဖောက်ခြောက်လှန့်တာမျိုးတော့ မလုပ်ပါဘူး
၊ လာရှိုးမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တော်တော်များများကတော့ အခြား မြို့တွေကို တိမ်းရှောင် ထွက်ခွာ
သွားကြပါပြီ”

 

M-Media ,Rangonnewsdaily
RND:  :30.5.2013
သတင်း – ဆုံမှတ

No comments:

Post a Comment