Pages

Pages - Menu

Thursday, May 30, 2013

ပြင်သစ်စစ်သားအား ဓားဖြင့်ထိုးသူကို DNA စစ်ဆေးမှုဖြင့် ဖော်ထုတ်ဖမ်းဆီး


ပြင်သစ် စစ်သား တစ်ဦးကို ဓားဖြင့်ထိုးကာ တိုက်ခိုက်ခဲ့သူကို ယခုအခါ DNA စစ်ဆေးမှု အကူအညီဖြင့် ဖော်
ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အခင်းဖြစ်ရာ နေရာအနီး ကြွင်းကျန်နေသည့် လိမ္မော်ရည် ပုလင်းတစ်ခုမှ ကြွင်းကျန် DNAကို ရယူစစ်ဆေး
ခဲ့ပြီး တစ်ဖက်တွင်လည်း ဈေးဆိုင်တန်း တစ်ခု၌ ဝတ်ပြု ဆုတောင်းနေသူ တစ်ဦး၏ ပုံကို မှတ်တမ်းတင်နိုင်
ခဲ့သော ဗီဒီယိုတို့ကို အခြေပြုကာ သံသယ တရားခံကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က ပြင်သစ် ရဲတပ်ဖွဲ့သည် ပဲရစ်မြို့ အပြင်ဘက်နားရှိ လူထူထပ်သော နေရာတွင် လုံခြုံရေး ဆောင်ရွက်နေသည့် စစ်
သည်တစ်ဦးအား ဓားဖြင့်ထိုးခဲ့သော သံသယ တရားခံ လူငယ်ကို ဖမ်းဆီးနိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။

ဗြိတိန်တွင် တာဝန်ချိန်ပြင်ပ စစ်သားတစ်ဦးအား အစွန်းရောက် ဘာသာရေး ဝါဒီနှစ်ဦးက မြို့လယ်ခေါင်တွင် ဓားဖြင့်ထိုးသတ်ပြီး ခေါင်းဖြတ်ရန် ကြိုးစားခဲ့သည့် မေလ(၂၂)ရက်နေ့ ဖြစ်စဉ်နောက်ပိုင်းတွင် ယခုကဲ့သို့ အ
လားတူ အခြေအနေ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ ပြင်သစ် စစ်သား အနေဖြင့် ဓားဒဏ်ရာ ရရှိခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ ပြင်သစ် ရဲတပ်ဖွဲ့က အလက်ဇန္ဒားဟူသော အမည်သာ ဖော်ပြသည့် သံသယ တရားခံသည် စနေနေ့က လူစည်ကားရာ ဈေးဆိုင်တန်း တစ်ခုအနီးတွင် အတန်ငယ် ဂနာမငြိမ်
ဖြစ်နေကာ အစ္စလာမ် ဝတ်ပြုနည်းဖြင့် ဆုတောင်းနေသည်ကို မှတ်တမ်း ဗီဒီယို ရရှိခဲ့သည်။


ထို့နောက်ပိုင်းတွင် ဆက်လက် စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ နောက်ထပ် (၁၀)မိနစ် အကြာတွင် ပြင်သစ်စစ်သား
ကို ဓားဖြင့် ထိုးခဲ့ကြောင်း အသက်(၂၂)နှစ်အရွယ် သံသယ တရားခံက ဝန်ခံခဲ့သည်။ ရဲတပ်ဖွဲ့သည် အလက်
ဇန္ဒားကို ၎င်း၏ သူငယ်ချင်း တစ်ဦးနေအိမ်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သူငယ်ချင်းမှာမူ ယ
ခုအမှုနှင့် လုံးဝ ဆက်စပ်မှု မရှိဟု သိရသည်။ အစိုးရ ရှေ့နေ ဖရန်ကွိုက်စ် မိုလင်းစ်က "ရဲတွေ ဝင်လာတာနဲ့ သံသယ တရားခံက ခင်ဗျားတို့ ဘာကြောင့် ရောက်လာတယ်ဆိုတာ ကျွန်တော် သိပါတယ်လို့ ဝန်ခံတယ်
"ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခု သံသယတရားခံသည်အလုပ်လက်မဲ့နှင့်အိမ်ခြေရာမဲ့ တစ်ဦးဖြစ်ပြီး ၎င်းကို ခြေရာခံရာတွင် ၎င်းသောက်
သွားခဲ့သည့် ပလပ်စတစ် အချိုရည်ပုလင်း တစ်လုံးမှ DNAကို ဖော်ထုတ်ခဲ့ကြောင်း သိရသည်။ လီမွန်ဒေး သ
တင်းစာက ယခု သံသယ တရားခံသည် ရှုပ်ထွေးသော အခြေအနေ တစ်ခုတွင် အစ္စလာမ် ဘာသာသို့ ကူး
ပြောင်း ခံယူသွားသူ တစ်ဦးဟု ဖော်ပြထားသည်။

ပြင်သစ်စစ်တပ်သည် အာဖဂန် နစ္စတန် စစ်ပွဲတွင် ပါဝင်ခဲ့သလို မာလီတွင်လည်း အစွန်းရောက် အစ္စလာမ်
မစ် သူပုန်များကို အစိုးရနှင့် လက်တွဲ တိုက်ခိုက်နေခြင်းကြောင့် အစ္စလာမ်မစ် အစွန်းရောက် အကြမ်းဖက် အဖွဲ့များ၏ မုန်းတီးမှုကို ခံယူထားရသည်။

Source: CBS News
Rangonnewsdaily
RND:  :30.5.2013

No comments:

Post a Comment