![ဖူကူရှီးမား နျူကလီးယား စက်ရုံမှ ရေဒီယို သတ္တိကြွ အရည် တန် ၁၂ဝ ခန့် ယိုစိမ့်
Monday, April 8, 2013
တိုကျို ဧပြီ ၇
ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ သဘာဝ ဘေးဒဏ်ခံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီး
ယား စွမ်းအင်စက်ရုံမှ ရေဒီယို သတ္တိကြွ အရည် တန် ၁၂ဝ ခန့်ယိုစိမ့်ခဲ့ကြောင်း
ယင်းစက်ရုံအား လည်ပတ်နေသည့် တိုကျို လျှပ်စစ်စွမ်းအင် ကုမ္ပဏီ (TEPCO) က ဧပြီ ၆ ရက်တွင် ပြောကြား ထားသည်။
၎င်းအရည်များသည် နျူကလီးယား ဓာတ်ပေါင်းဖို အအေးပေး စနစ်အတွက် မြေအောက်တွင် သိုလှောင်ထား သောရေလှောင်
ကန် ခုနစ်ခုအနက် တစ်ခုမှ ယိုထွက်နေခြင်း ဖြစ်ကြောင်း TEPCO က ကြေညာချက် တစ်စောင်တွင် ပြောကြားထားသည်။
အဆိုပါ ရေဒီယို သတ္တိကြွ အရည်များ ယိုစိမ့်မှုသည် မည်သည့် အတွက်ကြောင့် ဖြစ်ပေါ်သည် ဆိုခြင်းကို လည်းကောင်း၊ မည်
သည့်အချိန်တွင် ဖြစ်ပွားခဲ့ သည်ကို လည်းကောင်း TEPCO က ပြောကြားထားခြင်း မရှိပေ။ သို့သော် ရေလှောင်ကန်သည်
ပင်လယ်မှ မီတာ ၈ဝဝ ခန့် အကွာတွင် တည်ရှိခြင်းကြောင့် ၎င်း
သတ္တိကြွ အရည်များသည် သမုဒ္ဒရာ အတွင်းသို့ ယိုစိမ့်မှု မရှိဟု ယူဆရကြောင်း TEPCO က ပြောကြား ထားသည်။
ယိုစိမ့် ထွက်သွားသော ရေများအတွင်း ပါဝင်သည့် ရေဒီယို သတ္တိကြွ ပမာဏမှာ ခန့်မှန်းခြေ အားဖြင့် ၇၁ဝ gigabecquerel ခန့် ရှိကြောင်း
ကုမ္ပဏီ က ပြောကြားထားသည်။](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash3/s480x480/563820_401577773273393_1928684116_n.jpg)
ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ သဘာဝ ဘေးဒဏ်ခံ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား စွမ်းအင်စက်ရုံမှ ရေဒီယို
သတ္တိကြွ အရည်တန် ၁၂ဝ ခန့်ယိုစိမ့်ခဲ့ကြောင်းယင်းစက်ရုံအားလည်ပတ်နေသည့် တိုကျို လျှပ်စစ်စွမ်းအင်
၎င်းအရည်များသည် နျူကလီးယား ဓာတ်ပေါင်းဖို အအေးပေး စနစ်အတွက် မြေအောက်တွင် သိုလှောင်ထား
သောရေလှောင်ကန် ခုနစ်ခုအနက် တစ်ခုမှ ယိုထွက်နေခြင်း ဖြစ်ကြောင်း TEPCO က ကြေညာချက် တစ်
စောင်တွင် ပြောကြားထားသည်။
အဆိုပါ ရေဒီယို သတ္တိကြွ အရည်များ ယိုစိမ့်မှုသည် မည်သည့် အတွက်ကြောင့် ဖြစ်ပေါ်သည် ဆိုခြင်းကို လည်းကောင်း၊မည်သည့်အချိန်တွင် ဖြစ်ပွားခဲ့သည်ကိုလည်းကောင်း TEPCO က ပြောကြားထားခြင်းမရှိပေ။
သို့သော် ရေလှောင်ကန်သည်ပင်လယ်မှ မီတာ ၈ဝဝ ခန့် အကွာတွင် တည်ရှိခြင်းကြောင့် ၎င်းသတ္တိကြွ အ
ရည်များသည် သမုဒ္ဒရာ အတွင်းသို့ ယိုစိမ့်မှု မရှိဟု ယူဆရကြောင်းTEPCO က ပြောကြား သည်။
ယိုစိမ့် ထွက်သွားသော ရေများအတွင်း ပါဝင်သည့် ရေဒီယို သတ္တိကြွ ပမာဏမှာ ခန့်မှန်းခြေ အားဖြင့် ၇၁ဝ gigabecquerel ခန့် ရှိကြောင်းကုမ္ပဏီ က ပြောကြားထားသည်။
မြ၀တီသတင်း, ရန်ကုန်နယူးဒေးလီးစ်
ရန်ကုန်-၈.၄.၂၀၁၃
![]() |

No comments:
Post a Comment