မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ ကျော်စီးနင်းလာတဲ့ ခရီးသယ်တင်ကား မတော်တဆမှုဖြစ်ပွား
မြန်မာရွှေ့ပြောင်းအလုပ်သမား
၅၀ ကျော်စီးနင်းလာတဲ့ ခရီးသယ်တင်ကားတစီးဟာ ဧပြီလ ၇ ရက်နေ့က
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့နားမရောက်ခင် ကီလိုမီတာ ၅၀လောက်မှာ
ဘရိတ်ပေါက်သွားပြီး ခရီးသည် ၃ယောက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းရုပ်သံတခုမှာ
ထုတ်လွင့်သွားပါတယ်။ တောင်းဆင်းပတ်လမ်းမှာ ဖြစ်တာကြောင့် ကားမောင်းသမားဟာ
အရေးပေါ်ကားရပ်တဲ့နေရာဆီ ကားကိုထိုးတင်နိုင်ခဲ့ပါတယ်။ ဒဏ်ရာရသူ
၃ယောက်ကိုတော့ မဲဆောက်မြို့ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။
အဲ့ဒီကားဟာထိုင်းနိုင်ငံဘန်ကောက်မြို့အနီးမဟာချိုင်ဒေသမှာ အလုပ်လုပ်နေကြတဲ့
မြန်မာအလုပ်သမား တွေ သင်္ကြန်အားလပ်ရက် ကိုယ့်ဒေသကိုယ်ပြန်ကြဖို့
စုငှားလာတဲ့ကားဖြစ်ပါတယ်။
DVB TV News:, Rangonnewsdaily
RND:8.4.2013
No comments:
Post a Comment