ကြည်မှုအပြည့်အ၀ပေးကာ ငြိမ်းချမ်းရေး၏ပထမအဆင့်ဖြစ်သောယုံကြည်မှုတည်ဆောက်ရေးကာလ အပစ်
အခတ်ရပ်စဲရေးကို ဖြတ်သန်းဆဲဖြစ်ပါသည်။ မိမိတို့အပစ်အခတ် ရပ်စဲရေးရရှိရုံဖြင့်-------------------------
တပြည်လုံးအတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေးနှင့် ပါတ်သက်သည့် ကိစ္စရပ်များသည် မိမိတို
့နှင့်မသက်ဆိုင်ဟူ၍ယူဆမရပေ။ပန်းဥယာဉ်တစ်ခုတွင်အရောင်အဆင်းတစ်မျိုးထဲရှိသောပန်းတစ်မျိုးထည်း
ဖြင့် မတင့်တယ်နိုင်ပေ။
အရောင်အသွေးစုံသော ပန်းအမျိုးအမည် စုံသောဥယာဉ် ဖြစ်ပါကလူအများအတွက်မျက်စိပသာဓရှိပြီး စိတ်
လုံးချမ်းမြေ့ဖွယ်ရာ ဖြစ်ပေ လိမ့်မည်။ မိမိတို့ ကလိုထူးဘောတပ်ဖွဲ့ အနေဖြင့်လည်း (ရကောက်နှင့်ရွှေသည့်
ရွှေကရင်မဟုတ်ဘဲ ဆလိန်နှင့်ဆွေသည့် ဆွေကရင်) အဖြစ် ခံယူထားသည့်အတိုင်း၊အရောင်အသွေးစုံလင်
သော ပန်းဥယာဉ်ကဲ့သို့၊ မိမိတို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံးကို ဆွေမျိုးများအဖြစ် သဘောထား ပြီး မျှဝေခံစားပါသည်။ ထို့အတွက်ကြောင့် လက်ရှိအစိုးရမှ ကချင်ဒေသအပေါ်ထိုးစစ်အရှိန်မြှင့်ပြီး စွမ်းအားပြင်း
လက်နက်ကြီး များအပြင် လေကြောင်းမှတိုက်ခိုက်မှုများကို
လိုထူးဘောတပ်ဖွဲ့ (DKBA) မှလည်း မိမိတို့ကိုယ်တိုင် တွေ့ကြုံနေရသကဲ့သို့ခံစားရပြီး ပြင်းထန်စွာ ကန့်ကွက်
ရှုတ်ချလိုက်သည်။
တဆက်ထည်းမှာဘဲ နိုင်ငံတော်အစိုးရအား သတိပေးလိုသည်မှာ ရှေးလူကြီးများ ပြောခဲ့ကြသော စကားရပ်
ထဲတွင် (ထောင်မြင် ရာစွန့်)ဟူသောစကားရပ်သည်လည်းအပါအ၀င် ဖြစ်သည်။ယနေ့ နိုင်ငံတော်အတွင်း
နေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးများတွင် ကချင်လူမျိုး သည်လည်း အပါအ၀င်ဖြစ်သည်။တစ်ခုချင်း
နှင့်တစ်ခုလုံး ဟူ၍ ခွဲပြောရမည်ဆိုလျှင် ကချင်လူမျိုး သည် တစ်ခုချင်းဖြစ်ပြီးတစ်နိုင်ငံလုံးဟူသည်တစ်ခုလုံး
ဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိတွင် လက်နက်ကိုင်တပ်ဖွဲ့ အချို့နှင့်၎င်း နိုင်ငံ
ရေးအဖွဲ့အစည်း အချို့နှင့်၎င်း ယုံကြည်မှုတည်ဆောက်ပြီး အပစ်ရပ်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီးဖြစ်သည်။
ယခု နိုင်ငံတော်အစိုးရအနေဖြင့်ကချင်ဒေသတွင်းကိစ္စကိုကိုင်တွယ်ရာမှာ စေ့စပ်ဆွေးနွေး ဖြေရှင်းခြင်းထက်
လက်နက်ဖြင့် အနိုင်ယူလိုစိတ် ပိုကဲနေသည်ကို တွေ့ရှိရသည်။ ဤအခြေအနေအပေါ် မိမိတို့ ကလိုထူးဘော
တပ်ဖွဲ့အပြင် အခြားအပစ်ရပ် လက်နက်ကိုင်အဖွဲ့များ၊ ပြည်သူလူထုအပါအ၀င် နိုင်ငံရေးအဖွဲ့အစည်းများမှ
လည်း
ကန့်ကွက်ရှုတ်ချမှုများ၊ ဆန္ဒထုတ်ဖေါ်ပြသမှုများ ပြုလုပ်လာနေကြသည်။ ကချင်ဒေသ ကိစ္စနှင့်ပါတ်သက်၍ ယခုအတိုင်း ဆက်လက်လုပ်ဆောင် သွားမည်ဆိုပါက နိုင်ငံတော်အစိုးရအနေဖြင့် ယခင်ရရှိထားပြီးသား ယုံ
ကြည်မှုနှင့် အပစ်အခတ် ရပ်စဲရေးကတိက၀တ်များကို လက်လွှတ်ဆုံးရှုံး လာရဖွယ်ရှိသည်ဟုသတိပေးလိုပါ
သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကချင်ဒေသ စစ်ပွဲအောင်နိုင်ရေး ဆိုသည့် ရာဂဏ္ဍန်းကို ဆက်လက်ဆုတ်
ကိုင်ထားပြီးအပစ်ရပ်အဖွဲ့များနှင့်တည်ဆောက်ထားသောယုံကြည်မှု ထောင်ဂဏ္ဍန်းကို စွန့်လွှတ်မည်လော။
တပ်မတော်ဆိုသည်မှာ အမိန့်ဖြင့် တည်ဆောက်ထားသော လူမှုအဆောက်အအုံတစ်ရပ် ဖြစ်သည်ဆိုသည်
ကို မူအရလက်ခံသည်။ သို့သော်အမိန့်ပေးနိုင်စွမ်းသောပုဂ္ဂိုလ်အနေဖြင့် တော်တည့်မှန်ကန်သော အမိန့်ကို
ပေးတတ်ဖို့လိုသည်။ ယခုအခြေမျိုးမှ တပ်ပြန်ဆုတ်ရလျှင် စစ်ရေး သိက္ခာ၊ တပ်မတော်ဂုဏ်သိက္ခာ ကျဆင်း
သည်ဆိုသည့် လွဲမှားသော အတွေးအခေါ်ဖက်မှ မချဉ်းကပ် စေလိုပါ။
တပ်မတော်အနေဖြင့် ထိုးစစ်ဆင်နေသောတပ်များကိုဂုဏ်သိက္ခာရှိစွာ ဆုတ်ခွါစေပြီးKIAအား ဆွေးနွေးရေး
စားပွဲဝိုင်းသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါက နတ်/လူ သာဓုခေါ်မှာ ဧကန်မလွဲပါ။ ယခင်ကာလ ပြည်တွင်းလူ
ထု/သံဃာ လှုပ်ရှားမှုများတွင်၎င်း။ တိုင်းရင်းသားဒေသများတွင်၎င်း လက်နက်ကိုင်နည်းလမ်းဖြင့်သာ ကိုင်
တွယ်ဖြေရင်းခဲ့သောသမိုင်းဆိုးသည့်တပ်မတော်အတွက်ယခုရရှိလာသည့် အခွင့်အရေးကိုဆုတ်ကိုင်ဆောင်
ရွက်လိုက်ပါက ပြည်သူယုံကြည်သော၊ လေးစားသော တပ်မတော်အဖြစ် မျက်နှာပွင့်လန်းပေလိမ့်မည်။
စစ်ရေးသိက္ခာ၊ တပ်မတော်သိက္ခာ ဟူသည် ဒြပ်မဲ့ခံစားချက်ဖြစ်ပြီးစစ်ရေးအတွက်ကုန်ကျသော နှစ်ဖက်တပ်
ဖွဲ့ စစ်အသုံးစားရိတ်/ နှစ်ဖက်တပ်ဖွဲ့ ထိခိုက်ကျဆုံးမှုများနှင့် ဒေသနေပြည်သူများ၏ ကြုံတွေ့ရသောလူမှု ဒုက္ခ
/သောက များသည် ဒြပ်ရှိခံစားချက်ဖြစ်သည်ကို တပ်မတော်ခေါင်းဆောင်များမှ သတိပြုသင့်ပါသည်။
ထိုအခြေအနေဆိုးများမှ ကျော်လွှားနိုင်ရန်မှာ နိုင်ငံတော်အစိုးရနှင့် တပ်မတော် ခေါင်းဆောင် များတွင်သာ တာဝန်ရှိသည်ဟု ထင်မြင်ယူဆပါကြောင်း မိမိတို့ ကလိုထူးဘော (DKBA)၏သဘောထားကို ထုတ်ပြန်အပ်
ပါသည်။
ဗိုလ်ချုပ်ကြီး စောလားပွယ်
စစ်ဦးစီးချုပ်
ကလိုထူးဘောတပ်ဖွဲ့
(D K B A)
0 comments:
Post a Comment