ယာဉ်မောင်းမှမောင်းနှင်ထွက်ပြေးမှုတစ်ရပ် ကမာရွတ်မြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ကိုအောင်ဇေယျ (၂၅) နှစ် ပဲကုမ္ပဏီ
ကိုယ်စားလှယ်နှင့် သူငယ်ချင်းဖြစ်သူ နှင်းမောင်မောင် ပဲကုမ္ပဏီဝန်ထမ်းတို့သည် ကမာရွတ်မြို့နယ်၊ (၂)ရပ်
ကွက်၊ ပြည်လမ်းရှိ ကမ္ဘောဇဘဏ်မှ စမ်းချောင်းမြို့နယ်တွင်ဖွင့်လှစ်ထားသော သလ္လာမွန် ပဲကုမ္ပဏီပိုင်ငွေ
ကျပ် သိန်း ၆၀၀ ကျော်အား ထုတ်ယူခဲ့ကြောင်းသိရသည်။
ထို့ပြင် ဘဏ်အနီးမှ အ၀ါရောင် (နံပါတ်မမှတ်မိ) အငှားယာဉ်အား ကျပ် ၂၀၀၀ ဖြင့် ငှားရမ်း၍ ပြည်လမ်း
အတိုင်း မောင်းနှင်လာခဲ့ရာ စိုက်ပျိုးရေးကားမှတ်တိုင်ကျော် အရောက်တွင် ကားပျက်သွားခဲ့ကြောင်းသိရ
သည်။
ထိုအချိန်တွင်ကားပေါ်ပါလာသူကိုအောင်ဇေယျတို့နှစ်ဦးမှကားအားတွန်းပေးစဉ်စက်နိုးသွားပြီးယာဉ်မောင်း
မှ ကားအားမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပဲကုမ္ပဏီအား သွားရောက်မေးမြန်းရာကိုအောင်ဇေယျနဲ့ကိုနှင်းမောင်မောင်တို
့နှစ်ယောက
ရွက်နေပါတယ်" ဟု ပြောကြားခဲ့သည်။
အဆိုဖြစ်စဉ်ကို ကမာရွတ်ရဲစခန်းမှ (ပ) ၈/၂၀၁၃၊ ပုဒ်မ-၃၇၉ ဖြင့်အမှုဖွင့်ပြီးအမှုစစ်မှကျူးလွန်သွားသူအား
ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။
ကျွန်တော်တို့အနေနဲ့ကျူးလွန်သွားတဲ့သူကို ဖြစ်စဉ်ဖြစ်သွားတဲ့အချိန်ကစပြီး
သူ့သူငယ်ချင်းနဲ့ ပူးပေါင်းပြီးတော့ ကျူးလွန်သွားတဲ့သူကို လိုက်လံစုံစမ်းစစ်ဆေးနေတုန်းပါဘ
ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူကို ဖမ်းဆီးနိုင်ရန်အတွက် တိုင်းအဆင့်စုံစမ်းဆေးရေးအဖွဲ့ ဖွဲ့စည်း
ထားပြီး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Eleven Media Group
0 comments:
Post a Comment