ရန်ကုန်၊ ဇူလိုင် ၁၅
၁၄.၇.၂၀၁၃ ရက်နေ့ ၀၈၁၅ အချိန်ခန့်တွင် တာမွေမြို့နယ်၊ဌေးကြွယ်(က)ရပ်ကွက်နေ ဒေါ်စန်းစန်းမော်
သည် အာသောကဈေးအတွင်း ၀က်သားဆိုင်မှဈေးဝယ်ပြီးပြန်ထွ က်လာစဉ် အမျိုးသမီးတစ်ဦးသည် ၎င်း၏
ရှေ့မှနေ၍မိုးမရွာဘဲထီးဖွင့်ေ ဆာင်းကာ
လမ်းပိတ်လျောက်နေသဖြင့် ဖယ်ပေးရန်ပြောနေစဉ် နောက်ဘက်မှအခြားအမျိုးသမီးတစ်ဦးမှထီးပိတ်ပေးရန်းဝင်ရောက် ပြောဆိုကာ၎င်းအားတိုးဝှေ့၍သွားစဉ် ၀ဲဘက်လက်ကောက်ဝတ်မှာနာကျင်သွားသဖြင့်ကြည့်ရာဝတ်ဆင်ထားသည့်အခေါက်ရွှေ(၃)ကျပ်သားခန့်ရှိ
လက်ကောက်မှာမတွေ့ရှိတော့သဖြင့် အော်ဟစ်အကူအညီတောင်းခဲ့၍ပတ်ဝန်းကျင်ရှိပြည်သူများမှဝိုင်းဝန်း
ဖမ်းဆီးခဲ့ရာ ထီးဖြင့်ကာထားပေးသူ အမျိုးသမီး အားဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိခဲ့သည့် ထီးဖြင့်ကာပေးသူမှာဒေါ်အေးရွှေ(ခ)ဒေါ်ညွန့်ကြည်(ဘ) ဦးထွန်းကြိုင်၊( ၁၀)မိုင် ကုန်း ပဲခူး
မြို့နေသူဖြစ်ပြီး၊ နောက်ဘက်မှလူတိုးကာလက်ကောက်ချွတ်ယူသွားသူမှာမမူ(ခ)အေးအေးမူဒနင်းကုန်းကျေး
ရွာ၊ ဘီးလင်းမြို့နယ်နေသူဖြစ်ကြောင်းစစ်ဆေးသိရှိရ၍ မမူ(ခ)အေးအေးမူ အားလိုက်လံစုံစမ်းဖမ်းဆီးရမိခဲ့ပါ
သည်။
အဆိုပါအမှုအား တာမွေမြို့မရဲစခန်း (ပ)၂၉၁/၂၀၁၃၊ပုဒ်မ ၃၈၂ ဖြင့် အရေးယူထားရှိ ကာဖမ်းဆီးရမိသူ(၂)
ဦးအားစစ်ဆေးချက်များအရ ပူးပေါင်းကျူးလွန်သူတရားခံများကျန်ရှိနေကြောင်း သိရှိရသဖြင့် ထပ်မံဖမ်းဆီး
ရမိရေးနှင့် ပါဆုံးရွှေလက်ကောက်အားပြန်လည် သိမ်းဆည်းရမိရေးတိုင်း/ ခရိုင် အထူးအဖွဲ့များဖြင့် လိုက်လံ
စုံစမ်းဖမ်းဆီးလျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police , RangonNewsDaily
ZawWinNaung(KTDA): 15.7.2013

0 comments:
Post a Comment