Pages

Pages - Menu

Saturday, April 20, 2013

သင်္ကြန် ရေပက်ခံထွက်လူငယ်များအားလုံခြုံရေးအတွက် မြန်မာစစ်ကြောင်းအသုံးပြု

ရေပက်ခံထွက်လူငယ်များအား လုံခြုံရေးအတွက် မြန်မာစစ်ကြောင်းအသုံးပြု

 April 19, 2013 Posted by သျှမ်းသံတော်ဆင့်

သင်္ကြန်ရက်အတွင်း ရေကစား၍  ရွာသို့ပြန်လာသော တန့်ယန်းမြို့နယ်မှ လူငယ်များအား မြန်မာ စစ်တပ်က ဖမ်းဆီးကာ ၎င်းတို့စစ်ကြောင်းနှင့်အတူ  ခေါ်ဆောင်သွားသည်ဟု အဖမ်းခံရသူများကပြန်လည်ပြောပြသည်။

“ သင်္ကြန်ရက်တွေတုန်းက မိုင်းကောဝ်ကနေ နမ့်ပန်ချောင်းမှာရေသွားဆော့လာတဲ့ လူတွေကို နမ့်လောင်းဝ်ဂိတ် အထိ သူတို့စစ်ကြောင်း လုံခြုံရေး အဖြစ် မြန်မာ့စစ်ကြောင်းက ဖမ်းခေါ်သွားတယ်။သျှမ်းတပ်ဘက်က သူတို့စစ်ကြောင်းကိုမပစ် အောင် စစ်ကြောင်းကြား ညှပ်ပြီး ခေါ်သွားတာ။  အဲဒီနေ့မှာဘဲ ဆိုင်ကယ်အစီး ၅၀ လောက် ရှိ မယ် အဖမ်းခံရတာ” ဟု ချောဆွဲခံရသူလူငယ်စိုင်းပီး ကပြောသည်။

တန့်ယန်းမြို့နယ် (မိုင်းရှူး-တန့်ယန်းကားလမ်းကြား)ရှိ မိုင်းကောင်ဝ်အုပ်စုအရှေ့ဘက် ဝမ့်မူးဆေးရွာမှ နမ့်လောင်းရွာအထိ ၎င်းတို့စစ်ကြောင်းအတွက် လုံခြုံရေးအဖြစ်လိုက်ခိုင်းကြောင်း နမ့်လောင်းဝ်၌ကိစ္စအပြီး မိုင်းကောင်ဝ်သို့ပြန်လိုက်ပို့ ခိုင်းပြီးမှ သာ အဆိုပါလူငယ်များအား ပြန်လွှတ်ပေးကြောင်း အဖမ်းခံရသူလူငယ်တဦး၏ဖခင် လုံးစိုင်းကလည်းပြောသည်။

အလားတူ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ကလည်း မိုင်းရှူး-တန့်ယန်းကားလမ်းမပေါ်တွင် ဗုံးတလုံးပေါက်ကွဲခဲ့သဖြင့် လူတဦးဒဏ်ရာရကာ တန့်ယန်းဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု တန့်ယန်းဒေသခံများပြောပြချက်အရသိရသည်။

ယခင်လက ရမခတိုင်းမှူးက တန့်ယန်း-မိုင်းရှူးကားလမ်းအရှေ့ဘက်ခြမ်းနှင့် သံလွင်မြစ်အနောက်ခြမ်း (သံလွင်မြစ်နှင့် ကားလမ်းကြား) အခြေစိုက် သျှမ်းပြည်တပ်မတော်၏ တပ်စခန်းများအားလုံး တပ်ဆုတ်ပေးရန်၊ မဟုတ်ပါက မိမိတို့မြန်မာ့ တပ်မတော်၏ နယ်မြေရှင်းလင်းရေးတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့နိုင်ပြီး တိုက်ပွဲများမလွဲမသွေ ဖြစ်ပွါးမည်ဖြစ်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီအား သတိပေးပြောဆိုခဲ့သည်ဟုဆို၏။


သင်္ကြန်ရက်အတွင်း ရေကစား၍ ရွာသို့ပြန်လာသော တန့်ယန်းမြို့နယ်မှ လူငယ်များအား မြန်မာ စစ်တပ်က ဖမ်းဆီးကာ ၎င်းတို့စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားသည်ဟု အဖမ်းခံရသူများကပြန်လည်ပြောပြသည်။
“ သင်္ကြန်ရက်တွေတုန်းက မိုင်းကောဝ်ကနေ နမ့်ပန်ချောင်းမှာရေသွားဆော့လာတဲ့ လူတွေကို နမ့်လောင်းဝ်
တို့စစ်ကြောင်းကိုမပစ် အောင် စစ်ကြောင်းကြား ညှပ်ပြီး ခေါ်သွားတာ။ အဲဒီနေ့မှာဘဲ ဆိုင်ကယ်အစီး ၅၀ 
ဂိတ် အထိရှိ မယ် အဖမ်းခံရတာ” ဟု ချောဆွဲခံရသူလူငယ်စိုင်းပီး ကပြောသည်။

အစိုးရ ကိုယ်စားလှယ် အဖွဲ့ စစ်တွေမြို့ ရပ်မိ ရပ်ဖ များနှင့် တွေ့ဆုံ

20.4.2013

စစ်တွေ ။ ။ ယမန်နေ့ (ဧပြီလ ၁၉ ရက်) က စစ်တွေမြို့ ဗန္ဓုလ ခန်းမတွင် ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့မှ ရခိုင်နှင့် ရိုဟင်ဂျာလူမျိုး ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိပါသည်။

နေပြည်တော် လယ်ဝေးမြို့နယ်တွင် မန္တလေး မစိုးရိမ်ကျောင်းမှဟုပြောဆိုခြိမ်းခြောက်၍ မွတ်စလင်ဆိုင်များတွင် ဘုန်းကြီးတစ်ပါး အဓမ္မအလှူငွေများကောက်ခံ

(၁၉-၄-၂၀၁၃)ရက်နေ့ နံနက်(၁၁)နာရီအချိန်ခန့်က နေပြည်တော် လယ်ဝေးမြို့၊ ဈေးအတွင်းတွင် မန္တလေး မစိုးရိမ်ကျောင်းမှဟုပြောဆိုကာ သင်္ကန်းဝတ်ဘုန်းကြီးတစ်ဦး အလှူငွေများကို လိုက်လံ ကောက်ခံခဲ့သည်ဟု သတင်းရရှိပါတယ်။“တစ်ချို့ဆိုင်တွေကငါးဆယ်ထုတ်ပေးတယ်။တချို့ကို၂၀၀အတင်းထည့်ခိုင်းတယ်၊ ဆိုင်အခြေနေပေါ်မှုတည်ပြီးအလှုငွေထည့်ခိုင်းတာလို့သိရပါတယ်။

မလေးရှားတွင် ပြုလုပ်မည့် အစ္စလာမ့်ရေးရာ ဟောပြောပွဲအား မြန်မာမွတ်စလမ် မီဒီယာမှ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မည်

မေလးရှားတွင် ပြုလုပ်မည့် အစ္စလာမ့်ရေးရာ ဟောပြောပွဲအား မြန်မာမွတ်စလမ်မင်ီဒီယာမှ ရုပ်သံတိုရကိုက်ထုတ်လွှင့်မည်

မေလးရှားနိုငင်ံအေခြစိုက် မြန်မာမွတ်စလမင်အသင်း MMAM (Myanmar Muslim's Accociation of Malaysia) မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်မြောက် အစ္စလာမ့်ရေးရာဟောပြောပွဲအား ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ အစ္စလာမ့်ရေးရာဟောပြောပွဲအား မေလးရှားစံတော်ချိန် နေ့(၁)နာရီစတကင်ာ ညေန (၅)နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဟောပြောပို့ချမည့် ဆရာတော်များကေတာ့ မွတ်ဖ်သီ နူးရ်မိုဟမ္မဒ် ဦးကိုလေး၊ မောင်ဝ်လာနာ ဦးအုန်းသောင်နှင့် ဒေါက်တာဦးမြင့်သိန်းတို့ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အစ္စလာမ့်ရေးရာဟောပြောပွဲတွင် ဟောကြားမည့် ဆရာတော်ကြီးများဟာ မြန်မာမွတ်စလမ်မင်ျားအား ဦးဆောမငှ်ုပေးနိုင်ပြီး သြဇာတိက္ကမရှိသူများဖြစ်ခြင်းကြောင့် မေလးရှားရောက် မြန်မာမွတ်စလမ်မင်ျားအပြင် မြန်မာဗုဒ္ဓများလည်း အဆိုပါ တရားပွဲသို့ တက်ရော်ရကန် ဆန္ဒပြင်းပြေနကြေကြာင်း သိရပါတယ်။

`သမီးကေတာ့ သွားမှာပါ။ SM ကုန်တိုက် အေပ်ါထပ်မှာ လုပ်မယ်လို့ သိရပါတယ်။ သမီးက မွတ်စလမ်မင်ဟုတ်ပါဘူး။ မိဘက ဗုဒ္ဓဘာသာပါ။ ဘာသာရေးတွေကို လေ့လာရတာ ၀ါသနာပါတယ်။ ပြီးတော့ လူသားတွေ အားလုံးဟာ အတူတူပဲ။ ဒီလိုသေဘာပဲ မြပင်ါတယ်။ ဟုတ် မြန်မာပြည်မှာဆိုရင် သမီးတို့ ဗုဒ္ဓဘာသာတရားပွဲတွေပဲ ရှိတယ်လေ။ ဒါမျိုး မွတ်စလမ်တင်ရားပွဲဆိုတာ တစ်သက်တစ်ကိုယ် မကြုံဖူးသေးပါဘူး။ ဟုတ်။ အခုဆို ဘုန်းကြီးတွေဟောတဲ့တရားပွဲတွေကို မြန်မာပြည်မှာတော့ မသိဘူး။ ဒီမှာတော့ အရှင်ဝီရသူဟောတာတွေကို အွန်လိုင်းမှာ နာရပါတယ်။ သမီးက အထည်ချုပ်စ်ရကုံမှာ လုပ်တာဆိုတော့ အေဆာမငှ်ာ နိုငင်ံခြားသူငယ်ချင်းတွေအများကြီးပဲ။ သူတို့က အရှင်ဝီရသူတရားတွေကို ဘာတွေဟောတာလဲဆိုပြီး မေးခံရဖူးတယ်။ သူတို့က အစ္စလာမ်တွေလေ။ သမီး ဘာပြန်ပြောရမှန်းတောင် မသိဘူး။ ရှက်လဲရှက်တယ်။ ဟုတ်။ ကမ္ဘာမှာ ဗုဒ္ဓဘာသာဆိုတာ လူနည်းစုပါ။ သမီးတို့ လူနည်းစုတွေဟာ တကယ်တော့ ၀ါးလုံးခေါင်းထဲ လသာပြီး သူများဘာသာတွေကို လိုက်စော်ကားနေတာကို ရှက်မိပါတယ်။ ဟုတ်။ ဒီမှာတော့ ဗုဒ္ဓဘာသာဆိုတာ တကယ့်လူနည်းစုပေမယ့် အစိုးရက ဥပေဒအတိုင်း ကာကွယ်ပေးတယ်။ ဟုတ် အခုက သူငယ်ချင်းတွေနဲ့ သွားမှာပါ။ ကားတွေ ကြို/ပို့လုပ်ပေးမယ်ပြောတယ်။ (ရယ်လျှက်) သမီးမှာ ချစ်သူရှိပါတယ်။ သူကလဲ ဗုဒ္ဓဘာသာဝပင်ါပဲ။ အခု မေလးရှားမှာပါပဲ။ သူတော့ ဒီပွဲကို သွားမှာ မဟုတ်ပါဘူး။´မေလးရှားရောက် ဗုဒ္ဓဘာသာဝင် အမျိုးသမီးငယ် ကေသီဝင်းက အလင်းမျက်ဝန်းသို့ ပြောပြတာ ဖြစ်ပါတယ်။

ယခု အစ္စလာမ့်ရေးရာ ဟောပြောပွဲအား မြန်မာမွတ်စလမ်မင်ျားမီဒီယာ (MMM) မှ အတင်ာနက်မှတဆင့် ထုတ်လွှင့်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့ မေလးရှားစံတော်ချိန် နေ့(၁၂:၄၅)၊ မြန်မာစံတော်ချိန် နေ့(၁၁း၁၅) အချိန်တွင် http://www.ustream.tv/channel/myanmar-muslim-media ချန်နယ်လိုင်းမှတဆင့် စတထင်ုတ်လွှင့်မည်ဖြစ်ကြောင်း သိရပါတယ်။

အေသးစိတ်ကိုတော့ မြန်မာမွတ်စလမ်မင်ီဒီယာ၏ တရားဝင်ဝဘ်စာမျက်နှာဖြစ်သော www.myanmarmuslim.net တွင် သွားရောက် လေ့လာနိုပင်ါတယ်။

မေလးရှားနိုငင်ံအေခြစိုက် မြန်မာမွတ်စလမင်အသင်း MMAM (Myanmar Muslim's Accociation of Malaysia) မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်မြောက် အစ္စလာမ့်ရေးရာဟောပြောပွဲအား ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

တရုတ်နိုင်ငံ မြေငလျင် လူပေါင်း ၁၀၀ ကျော်သေဆုံး

တရုတ်နိုင်ငံ မြေငလျင် လူပေါင်း ၁၀၀ ကျော်သေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ဘက် ဆီချွမ်းပြည်နယ်မှာ အင်အားပြင်း မြေလျင် တခု လှုပ်ခါ သွားခဲ့ပြီးနောက်  လူပေါင်း ၁၀၀ ကျော် သေဆုံးကာ ထောင်နဲ့ချီပြီး ဒဏ်ရာ ရရှိသွားခဲ့ပြီ ဆိုတာကို တရုတ် နိုင်ငံပိုင် မီဒီယာ ကနေ အတည်ပြု ပြောကြားပါတယ်။

ပြင်းအား ၆.၆ ရှိတဲ့  ဒီမြေငလျင်ကြောင့် အဆောက်အဦးတွေလည်းပြိုကျကုန်ပြီး၊ လမ်းတွေလည်း ပျက်စီးကုန်ပါတယ်။

မြေငလျင်ဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရတဲ့ တိဘက် ကုန်မြင့်ပိုင်း တောင်တန်း ဒေသမှာ ကယ်ဆယ်ရေး ဆောင်ရွက်ဖို့ အတွက် ရဲနဲ့ ကယ်ဆယ်ရေး လုပ်သား ၆၀၀၀ ကို စေလွှတ်လိုက်ပြီဖြစ်ပါတယ်။

အဲဒီ တောင်တန်း ဒေသဟာ ဆီးချွမ်း ပြည်နယ် မြို့တော် ချိန်တူးနဲ့ ကီလို ၁၀၀ ကျော် အကွာ လောက်မှာသာ တည်ရှိတာ ဖြစ်ပါတယ်။

တခြားဒေသတွေ ကတော့ တယ်လီဖုန်းလိုင်းတွေနဲ့ လမ်းတွေ ပျက်နေ တာကြောင့် ကယ်ဆယ်ရေးတွေ မရောက်ရှိနိုင်ပဲ ဖြစ်နေပါတယ်။

တရုတ် ဝန်ကြီးချုပ် လီကွတ်ချန် ဟာလည်း တိုက်ရိုက် ကယ်ဆယ်ဆောင်ရွက်မှုတွေအတွက် အဲဒီဒေသကို သွားရောက်နေပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ဘက်ဆီချွမ်းပြည်နယ်မှာအင်အားပြင်း မြေလျင်တခုလှုပ်ခါသွားခဲ့ပြီးနောက်
လူပေါင်း ၁၀၀ ကျော် သေဆုံးကာ ထောင်နဲ့ချီပြီး ဒဏ်ရာ ရရှိသွားခဲ့ပြီ ဆိုတာကို တရုတ် နိုင်ငံပိုင် မီဒီယာ က
နေ အတည်ပြု ပြောကြားပါတယ်။

မြန်မာနိုင်ငံရဲ့ တတိယမြို့တော် မော်လမြိုင်မြို့ရဲ့ မဟာသင်္ကြန်ပွဲဆင်နွဲခဲ့တဲ့ပုံရိပ်များ

Photo: Red Group From Tingyan
အနှီရောင်ဆင်တူဝတ်ပြီး သင်္ကြန်ပွဲဆင်နွဲနေပုံ (ဓာတ်ပုံ- မော်လမြိုင်သား)
မြန်မာနိုင်ငံရဲ့ တတိယမြို့တော် မော်လမြိုင်မြို့ရဲ့ မဟာသင်္ကြန်ပွဲဆင်နွဲခဲ့တဲ့ပုံရိပ်များကိုစုစည်းဖော်ပြပေး
လိုက်ပါတယ်။မော်လမြိုင်မြို့ကိုလွမ်းနေတဲ့ ပြည်ပရောက် ရွေမြိုင်သူ/ရွေမြိုင်သားများ လွမ်းပြေကြပါစေဗျာ။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်

၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့်  MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။

ဘော်စတန် ဗုံးခွဲမှု သံသယတရားခံ ဖမ်းဆီးရမိ၊ ကျူးလွန်ရခြင်း၏ အ​ကြောင်းရင်းများကို စိစစ်သွားမည်ဖြစ်သော်လည်း ထုတ်ဖော်ပြောကြားလိမ့်မည် မဟုတ်ဟု အိုဘာမားဆို

 
APTOPIX Boston Marathon Explosions Suspect

ဘော်စတန်ဗုံးခွဲမှုမှ သံသယတရားခံ ညီအစ်ကိုနှစ်ဦး

ဧပြီလ ၂၀ ရက်၊ ၂၀၁၃
ဘော်စတန်ဗုံးခွဲမှုသံသယတရားခံညီအစ်ကိုနှစ်ဦးမှ အသက်ရှင်ကျန်ရစ်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် ညီဖြစ်သူဂျော့ခါဆာနာအီဗ်(DzhokharTsarnaev)ကို ဖမ်းဆီးလိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုသတင်းကို အမေရိကန် စံတော်ချိန် ဧပြီလ ၁၉ ရက်နေ့ ၊ ည ၉.၃၀ အချိန်တွင် မက်ဆာချူးဆက် ပြည်နယ် ရဲဌာနမှ ဗိုလ်မှူးကြီး တင်မသီ ပီ.အလ်ဘန်က အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

မာရသွန်ပြေးပွဲမှာပါဝင်နေတဲ့ ချစ်သူကိုအားပေးဖို့ရောက်လာတဲ့သူရဲ့အဖြစ်ဆိုး

အပြေးပြိုင်ပွဲဝင်နေတဲ့ကျုပ်ချစ်သူကိုအားပေးဖို့ မက်ဆာချူးဆက်ကနေ
ဘော်စတွန်ကိုလာခဲ့တယ်၊၊ လူတွေ အုန်းအုန်းကျက်ကျက်ဖြစ်နေတုန်း
လူတစ်ယောက် အထုပ်တစ်ထုပ် ကျုပ်ခြေထောက်နားလာချသွားတယ်
သေချာမှတ်မိလိုက်ပါတယ် သူ့မျက်လုံးနဲ့တည့်တည့်ကိုစိုက်ကြည့်မိတာ

”၀ုန်း”

ကိုယ့်ခါးအောက်ပိုင်းတစ်ခုလုံး လေဟာနယ် ထဲရောက်သွားတယ် 
အဆုံးအစမရှိတဲ့လေဟာနယ်ပါ... ခြေနှစ်ဖက်စလုံးဆုံးရှုံးသွားတယ်လေ
သို့သော်ကျုပ် သတိမလစ်ပါ သွေးပျက်ပြီးကြောက်တတ်ရင်အသက်ပါ
သေသွားနိုင်လောက်တဲ့ ဒဏ်ရာပါပဲ.. တရားဥပဒေစိုးမိုးရေးအတွက်၊
အပြစ်ရှိသူကိုဖော်ထုတ်နိုင်ရေးအတွက် ကျုပ် သေသွားလို့မဖြစ်သေးဘူး
FBI ကိုကျနော်မြင်ခဲ့တဲ့မျက်လုံးတစ်စုံ ဖောက်သည်ချခဲ့လို့ အပြစ်ကျူး
လွန်ခဲ့တဲ့ တရားခံကို မကြာမှီပဲရှာတွေ့ခဲ့တယ်လေ.. ယုန်ထင်ကြောင်
တင်နဲ့ ပြီးတာတွေလည်းပြီးပါစေ ဆိုတဲ့ မူသုံးခဲ့ရင်ကျနော်သေလိုက်တာ
ပိုကောင်းတာပေါ့နော်၊ ပြီးတာတွေလည်းတကယ်ပြီးခဲ့ပြီကို၊၊ နည်းနည်း
ကြာရင်မေ့သွားတတ်ကြတာ လူ့ဓမ္မတာ၊ ခြေထောက်ပြတ်တဲ့သူတော့
ဘယ်မေ့လို့ရပါ့မလဲ၊၊ 

ကိုယ်ကဒုစရိုက်သမားဖော်ထုတ်ရာမှာ ပါဝင်ကူညီပေးခဲ့သလိုပဲ လူသား
ချင်းစာနာတတ်တဲ့ လူသားတွေကလည်း ကျနော့်အတွက် ခြေတုတပ်ဖို့
လိုငွေ $ 300,000 ကို အွန်လိုင်းကတဆင့် ဆော်သြ ဗုတ်ပေးနေကြပြီ
ကျန်နော့်အလုပ်ထဲက သူငယ်ချင်းများကလည်း ချော့ကလက်ရောင်း
ပြီး ရေခဲမုန့်ရောင်းပြီး အလှူငွေရှာပေးနေကြတယ်လေ.. လူလူချင်းပါပဲ
ဗုံးခွဲတဲ့သူတွေရှိသလို လူလူချင်းပါပဲ...လူသားချင်းစာနာတဲ့ လူတွေလည်း
အများကြီးရှိနေသေးလို့ကျုပ်ကျေနပ်ပါတယ်၊၊ ကျုပ်အားနည်းချက်က
မက်ဆာချူးဆက်မှာနေရက်သားနဲ့ medical insurance မလုပ်ထားမိ
တဲ့သူပါ၊၊ အားနည်းချက်ကိုဖော်ထုတ်ပြီး အရည်မရအဖတ်မရအွန်လိုင်းမှာ 
ရန်ဖြစ်နေကြတဲ့ လူတွေရှိသလို၊ အားနည်းချက်ကိုဖေးမပြီး လိုအပ်ချက်
အတွက် အွန်လိုင်း ကိုအကျိုးရှိစွာအသုံးချ ပိုက်ဆံရှာပေးနေတဲ့ လူသား
တွေကိုကျုပ် လေးစားပါတယ်၊၊ကျေးဇူးလည်းတင်တယ်၊၊~~~~

<<Kathryn Smith ရေးတဲ့ Injured man who helped ID Boston 
suspects is uninsured သတင်းထဲက Jeff Bauman, 27နေရာကနေ
ခံစားရေးသီ၊ အခြေအမြစ်မရှိရေးတာမျိုး မဟုတ်ရပါ :/ >>
Jeff Bauman, 27yr
အပြေးပြိုင်ပွဲဝင်နေတဲ့ကျုပ်ချစ်သူကိုအားပေးဖို့ မက်ဆာချူးဆက်ကနေဘော်စတွန်ကိုလာခဲ့တယ်၊၊ လူတွေ
အုန်းအုန်းကျက်ကျက်ဖြစ်နေတုန်း လူတစ်ယောက် အထုပ်တစ်ထုပ် ကျုပ်ခြေထောက်နားလာချသွားတယ်
သေချာမှတ်မိလိုက်ပါတယ် သူ့မျက်လုံးနဲ့တည့်တည့်ကိုစိုက်ကြည့်မိတာ

အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်မည့် မြစိမ်းတောင်ဆရာတော် တရားစခန်း၊ တရားပွဲ အစီအစဉ်များ

( U.S က ဆန်ဖရန်စစ္စကို၊ နယူးယောက်၊ နယူးဂျာစီ၊ လော့စ်အိန်ဂျလီ မှာ မိတ်ဆွေ သူငယ်ချင်းရှိသူများ ယခု တရားစခန်း၊ တရားပွဲသတင်းကို ကျေးဇူးပြုပြီး Share ပေးကြပါ။)

အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်မည့် မြစိမ်းတောင်ဆရာတော် တရားစခန်း၊ တရားပွဲ အစီအစဉ်များ။

(၁) ဆန်ဖရန်စစ္စကို ( Bay Area)
တရားစခန်း အစီအစဉ် (၁)
နေ့ ရက် ။ ။ ၂၀-၀၄-၂၀၁၃ မှ ၂၅-၀၄-၂၀၁၃ အထိ
နေရာ ။ ။ (Hollister, California)
ဆက်သွယ်ရန် ။ ။ ကိုစောထွန်း (  408-838-7624  )၊ မအေးအေးမော် (  408-529-9570  )

တရားစခန်း အစီအစဉ် (၂)
နေ့ ရက် ။ ။ ၂၆-၀၄-၂၀၁၃ မှ ၀၂-၀၅-၂၀၁၃ အထိ
နေရာ ။ ။ Dhamma Nanda Monstery, Halfmoon bay
ဆက်သွယ်ရန် ။ ။ ကိုကိုသန့် ၊ မခိုင်ခိုင်ညွန့်  (  510-484-6079  )၊ ကိုစောထွန်း (  408-838-7624  )၊ မအေးအေးမော် (  408-529-9570  )

တရားပွဲ အစီအစဉ် (၁)
နေ့ ရက် ။ ။ ၂၇-၀၄-၂၀၁၃ (စနေ နေ့ )
အချိန် ။ ။ ညနေ ၆း၀၀ မှ ညနေ ၈း၀၀
နေ ရာ ။ ။ Myitta Nanda Monstery, Central Fremont
ဆက်သွယ်ရန် ။ ။ ကိုကိုသန့် ၊ မခိုင်ခိုင်ညွန့်  (  510-484-6079  )၊

တရားပွဲ အစီအစဉ် (၂)
နေ့ ရက် ။ ။ ၂၈-၀၄-၂၀၁၃ (တနင်္ဂနွေ နေ့ )
အချိန် ။ ။ ညနေ ၇း၀၀ မှ ညနေ ၉း၀၀
နေရာ ။ ။ Theravada Dhamma Society ;699 serramonte Blvd. ,Daly City, San Francisco Bay Area,
ဆက်သွယ်ရန် ။ ။ Contact:  650-993-8770  , www.tdusa.blogspot.com
_______________________________________________________

(၂) နယူးယောက်၊ နယူးဂျာစီ
တရားစခန်း အစီအစဉ် (၁)
နေ့ ရက် ။ ။ မေလ ၄ရက် ၂၀၁၃ မှ မေလ ၁၀ ရက် ၂၀၁၃
နေရာ ။ ။ Loka Chantha Monstery, 619 bergen Street, Brooklyn , NY 11238 www.mahasiusa.org
ဆက်သွယ်ရန် ။ ။ မစန်းစန်းဌေး (  917-903-2589  )

တရားပွဲ အစီအစဉ် (၁)
(နှင့် ဆရာတော်၏ ဒကာ၊ ဒကာမများမှ စုပေါင်းနေ့ ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း)
နေ့ ရက် ။ ။ မေလ ၁၁ ရက် ၂၀၁၃ ၊
အချိန် ။ ။ နံနက် ၁၁း၀၀ နာရီ။
နေရာ ။ ။ The Mahasi Satipatthana Meditation Center Monastery ,
63 Gordons Corner Manalapan, NJ 07726. New Jersey
ဆက်သွယ်ရန် ။ ။ ဆရာတော် ဦးပညာသီလ (  732-792 1484  )၊ မစန်းစန်းဌေး (  917-903-2589  )

တရားပွဲ အစီအစဉ် (၂)

2013 May 11
အချိန် ။ ။5:00 PM
နေရာ ။ ။ Nanda Thitsa Theravada Buddhism and Meditation Center; 2119,
West 6th Street, Brooklyn, New York 11223,USA
ဆက်သွယ်ရန် ။ ။ Dr Tin Mar Tun :  347-254-6434 

တရားပွဲ အစီအစဉ် (၃)
နေ့ ရက် ။ ။ 2013 May 12, Buddha Day Dhamma Talk,
အချိန် ။ ။ 1:00 PM ,
နေရာ ။ ။ Loka Chantha Monastery, 619 bergen Street , Brooklyn (www.mahasiusa.org)

ဆက်သွယ်ရန် ။ ။ မစန်းစန်းဌေး (  917-903-2589  )

____________________________________________________

လော့စ်အိန်ဂျလီ
တရားစခန်း အစီအစဉ် (၁)

နေ့ ရက်။ ။ မေလ ၁၄ ၂၀၁၃ မှ မေ ၁၈ ၂၀၁၃ အထိ။
နေရာ။ ။ 21342 Blackhawk St, Chatsworth, Los Angeles, CA 91311
ဆက်သွယ်ရန်။ ။ ဒေါ်သီတာဆွေ (  805-581-6462  ) (  805-291-7461  )

တရားပွဲ အစီအစဉ် (၁)
နေ့ ရက် ။ ။ မေလ ၁၈ ၂၀၁၃ (ကြာသာပတေးနေ့ )
အချိန် ။ ။ ညနေ ၇း၀၀
နေရာ ။ ။ Azusa Burmese Monstery, 1790-1830 Ranch Rd, Azusa Los Angeles, CA 91702
ဆက်သွယ်ရန် ။ ။  626-969-2118  ,  626-969-5959  (ဘုန်းကြီးကျောင်းဖုန်းနံပါတ်ဖြစ်ပါတယ်)

တရားပွဲ အစီအစဉ် (၂)
(နှင့် ဆရာတော်အား နေ့ ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း)
နေ့ ရက် ။ ။ မေလ ၁၉ရက် ၂၀၁၃။
အချိန် ။ ။ နံနက် ၁၁း၀၀
နေရာ ။ ။Dr Naing Aung Moore and Dr. Mar Mar Win's resident , Santa Teresa Blvd, Pasadena


အမေရိကန်ပြည်ထောင်စုမှာပြုလုပ်မယ့် မြစိမ်းတောင်ဆရာတော် တရားစခန်းနှင့် ပတ်သတ်၍ သိလိုသည်များကို ကိုစောထွန်း (  408-838-7624  )၊ မအေးအေးမော် (  408-529-9570  ) သို့  အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

(၁) ဆန်ဖရန်စစ္စကို ( Bay Area)
တရားစခန်း အစီအစဉ် (၁)
နေ့ ရက် ။ ။ ၂၀-၀၄-၂၀၁၃ မှ ၂၅-၀၄-၂၀၁၃ အထိ
နေရာ ။ ။ (Hollister, California)
ဆက်သွယ်ရန် ။ ။ ကိုစောထွန်း ( 408-838-7624 )၊ မအေးအေးမော် ( 408-529-9570 )

သမ္မတအိုဘားမားက ပြည်သူကို အိမ်ဖြူတော်ကနေ စကားပြောဆိုနေပြီ

အခုမိနစ်ပိုင်းမှာပဲ သမ္မတအိုဘားမားက ပြည်သူကို အိမ်ဖြူတော်ကနေ စကားပြောဆိုပါတယ်။
ရဲအဖွဲ့ပေါင်းစုံကစုပေါင်းပြီး လုပ်ဆောင်လို့ အခုလိုဖမ်းမိတာဖြစ်ကြောင်း အိုဘားမားက ချီးကျူးပြောဆိုပါတယ်။ သေဆုံးသွားတဲ့ ၂၃ နှစ်အရွယ် ရဲအရာရှိအတွက် 
ဝမ်းနည်းဂုဏ်ယူကြောင်း၊ ပြောပါတယ်။ ဒီဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း၊  စည်းလုံးညီညွတ်မှုနဲ့ မတူကွဲပြားမှုတွေက အမေရိကန်နိုင်ငံကို အင်အားကြီးအောင်
 ဆောင်ရွက်ပေးနေကြောင်း၊ တရားဥပဒေအရ စုံစမ်းစစ်ဆေးမှာမို့ ဘာကြောင့် ဘယ်သူကြောင့်ဆိုတဲ့ နောက်ခံအကြောင်းတွေကို သိရှိလာမှာ ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။
တပြိုင်နက်ထဲမှာပဲ တက်ဆက်မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆပေါက်ကွဲမှုက
 ပြည်သူတွေရဲ့ အခြေအနေကို မမေ့မလျော့ရှိနေပြီး ကူညီဆောင်ရွက်သွားမယ် လို့လည်း သမ္မတ အိုဘားမားက ထည့်သွင်းပြောဆိုသွား ပါတယ်။ z
ကိုးကား- အိမ်ဖြူတော် live

အခုမိနစ်ပိုင်းမှာပဲ သမ္မတအိုဘားမားက ပြည်သူကို အိမ်ဖြူတော်ကနေ စကားပြောဆိုပါတယ်။ ရဲအဖွဲ့ပေါင်း
စုံကစုပေါင်းပြီးလုပ်ဆောင်လို့အခုလိုဖမ်းမိတာဖြစ်ကြောင်းအိုဘားမားက ချီးကျူးပြောဆိုပါတယ်။ သေဆုံး
သွားတဲ့ ၂၃ နှစ်အရွယ် ရဲအရာရှိအတွက် ၀မ်းနည်းဂုဏ်ယူကြောင်း၊ ပြောပါတယ်။

ဘော့စတွန်မြို့၊ မာရသွန်ပြိုင်ပွဲတွင် ဗုံးခွဲသူ Tamerlan Tsarnaev အကြောင်း

ဘော့စတွန်မြို့၊ မာရသွန်ပြိုင်ပွဲတွင် ဗုံးခွဲသူ Tamerlan Tsarnaev သည်
Boxer တစ်ဦးဖြစ်ပြီး မူဆလင်ဘာသာရေးကို လွန်ခဲ့တဲ့ (၂) နှစ်ကကမှ အပြင်းအထန်ကိုင်းရှိုင်းလာသူဖြစ်

ဧပြီလ ၁၉ရက်နေ့၊ ၂၀၁၃ခုနှစ်

ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်သူတွေအဖြစ် သံသရရှိသူတွေရဲ့ အဒေါ် မီဒီယာတွေနဲ့တွေ့ဆုံ

အဒေါ်ဖြစ်သူက သူ့တူတွေဒီလိုအကြမ်းဖက်မှုမှာပါဝင်နေတာကို အလွန်အံ့ဩမိတယ် ဆိုပြီး ဒေါသထွက်ရကြောင်း မီဒီယာတွေ နဲ့တွေ့ဆုံပွဲမှာပြောပါတယ်။ သူ့တူနှစ်ဦးစလုံးရယ် သူ့မောင်ရယ်ကို ဒုက္ခသည်အဖြစ်နဲ့ အမေရိကန်နိုင်ငံထဲကို သူခေါ်သွင်းလာတယ် လို့ပြောသွားပါတယ်။

တူအကြီးဖြစ်သူ အသက် ၂၆နှစ်ရှိ Tamerlan Tsarnaev ဟာ မူဆလင်ဘာသာရေးကို လွန်ခဲ့တဲ့ (၂) နှစ်ကကမှ အပြင်းအထန်ကိုင်း ရှိုင်းလာပြီး တစ်နေ့ငါးကြိမ် ဝတ်ပြုတယ်ဆိုပါတယ်။ အသက် (၁၉) နှစ်ရှိ တူအငယ် Dzhokhar Tsarnaev ကတော့ စာကြိုးစားကြောင်း ပြောပါတယ်။

သူ့မောင်ဟာ အလုပ်ကြိုးစားကြောင်းပြောပါတယ်။ ချေချင်ညာ က ရုရှားက မခွဲထွက်နိုင်သေးဘဲ ရုရှားနိုင်ငံထဲမှာပဲ အခုထက်ထိ ရှိနေဆဲမို့ ဗုန်းဖောက်သူတွေဟာ ရုရှားနိုင်ငံသား ချေချင်တိုင်းရင်းသားတွေ လို့ခေါ်ရမှာဖြစ်ပါတယ်။

သူ့မောင်နဲ့ဇနီးတွေဟာ ချေချင်ကို ပြန်လိုက်သွားလိုက်နေကြတယ်လို့ပြောသွားပါတယ်။

ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်မှုမှာ သူ့တူတွေဖြစ်နေရတာ သူ မယုံမိပါဘူး ဟုတ်ပါ့မလားလို့သံသ ယတောင်ဖြစ်မိတယ်လို့မီဒီယာတွေကိုပြောသွားပါတယ်။

သူ့တူတွေ ဒီလို မလုပ်သင့်ဘူးလို့ အဒေါ်ဖြစ်သူကမီဒီယာတွေ ကိုပြောသွားပါတယ်။ သူ့တူအသက် ၂၆နှစ်ရှိ Tamerlan Tsarnaev ဟာ အမေရိကန်နိုင်ငံသားမဟုတ်သေးဘူး။

သူ့တူအငယ်ကောင် Dzhokhar Tsarnaev ကတော့ ပြီးခဲ့တဲ့နှစ် ၂၀၁၂ စက်တင်ဘာလ ၁၁ရက်က (၉/၁၁) ကမှ အမေရိကန်နိုင်ငံသားဖြစ် သွားခဲ့တယ် လို့ မီဒီယာတွေကိုပြောသွားပါတယ်။

CNN News

Posted From Zaw Win

Source : https://www.facebook.com/photo.php?fbid=526284494079871&set=a.445129605528694.104366.439724399402548&type=1&theater
ဘော့စတွန်မြို့၊ မာရသွန်ပြိုင်ပွဲတွင် ဗုံးခွဲသူ Tamerlan Tsarnaev သည်
Boxer တစ်ဦးဖြစ်
ဘော်စတွန် မာရသွန်အားကစားပြိုင်ပွဲ ဗုံးခွဲအကြမ်းဖက်သူတွေအဖြစ် သံသရရှိသူတွေရဲ့ အဒေါ် မီဒီယာတွေနဲ့တွေ့ဆုံရာမှာအဒေါ်ဖြစ်သူက သူ့တူတွေဒီလိုအကြမ်းဖက်မှုမှာပါဝင်နေတာကို အလွန်အံ့ဩမိတယ် ဆိုပြီး ဒေါသထွက်ရကြောင်း မီဒီယာတွေ နဲ့တွေ့ဆုံပွဲမှာပြောပါတယ်။ သူ့တူနှစ်ဦးစလုံးရယ် သူ့မောင်ရယ်ကို ဒုက္ခသည်အဖြစ်နဲ့ အမေရိကန်နိုင်ငံထဲကို သူခေါ်သွင်းလာတယ် လို့ပြောသွားပါတယ်။

ဖုန်းအားသွင်းလို့ရမည် ဆိုလာအိင်္ကျီ အိန္ဒိယက ထုတ်မည်

ဖုန်းအားသွင်းလို့ရမည် ဆိုလာအိင်္ကျီ အိန္ဒိယက ထုတ်မည်

အိန္ဒိယနိုင်ငံအခြေဆိုက် သိပ္ပံပညာရှင်တို့ရဲ့  ထူးထူးခြားခြား တီထွင် ဖန်တီးမှုများထဲမှ တစ်ခုပါပဲ။ ဝတ်ထားတဲ့ အိင်္ကျီကနေ ဖုန်းအပြင် အခြားသော Gadget များကို အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ 

ပုံမှာ မြင်တွေ့ရတဲ့ အိင်္ကျီမျိုး ဖြစ်ပါတယ်။ ဝတ်လိုက်ရင် သာမန် အိင်္ကျီများရဲ့  အလေးချိန်နဲ့ မထူးမခြားနားပါပဲ။ သို့ပေမယ့် သူ့မှာ ဆိုလာပြားပါပါတယ်။ ဆိုလာပြားကနေ ဆုပ်ယူတဲ့ စွမ်းအင်ကို သိုလှောင်ပေးမယ့် ဘက်ထရီအပြားလေးလည်း ပါဝင်ပါသေးတယ်။ USB ပေါက်ကို အိပ်ကပ်နားလောက်မှာ တပ်ဆင်ထားပြီး ကိုယ်အားသွင်းချင်တဲ့ ပစ္စည်းနဲ့ တိုက်ရိုက် ချိတ်ဆက်ရုံပါပဲ။ 

ရေစိုခံဖို့လည်း တီထွင်သူတို့ကြိုးစားထားပါတယ်။ ဒါမှ လျှော်ဖွတ်လို့ အဆင်ပြေမှာမို့ ဖြစ်ပါတယ်။ လျှော်ဖွတ်ချိန်တော့ ဘက်ထရီပြားလေး ခဏထုတ်ရမယ့် အနေအထားမှာ ရှိပါတယ်။ 

ဈေးနှုန်းကတော့ အိန္ဒိယ ရူပီ ၁၀၀၀ ရှိတယ်လို့ဆိုပါတယ်။  ဒီတော့ မြန်မာငွေနဲ့ဆို (လက်ရှိကာလပေါက်ဈေးအရ) တစ်သောင်းခြောက်ထောင်ကျပ် (၁၆၀၀၀ကျပ်) ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techbog
Aung Kham (TSJ team)
--



အိန္ဒိယနိုင်ငံအခြေဆိုက် သိပ္ပံပညာရှင်တို့ရဲ့  ထူးထူးခြားခြား တီထွင် ဖန်တီးမှုများထဲမှ တစ်ခုပါပဲ။ ဝတ်ထားတဲ့ အိင်္ကျီကနေ ဖုန်းအပြင် အခြားသော Gadget များကို အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။

တွဲရုံအတွင်းပြုပြင်ရန်ထားသည့်ရထားတွဲမီးလောင်

နေပြည်တော်၊ ဧပြီ ၂၀
၁၉-၄-၂၀၁၃ ရက်နေ့ ၂၂၀၃ အချိန် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးဘူတာကြီး မြောက်ဘက် တွဲပြင်ရုံအတွင်း ပြုပြင်ရန်ထားသော အထက်တန်းတွဲ(အိပ်စင်) တွဲအမှတ် BMCXY-12857 တွဲမှ A,B,C,D အခန်း(၄)ခန်းရှိ D အခန်းမှမီးစတင်လောင်ကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မန္တလေးရထားရဲစခန်းမှ တပ်ဖွဲ့ဝင်များ၏ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ၂၂၀၉ အချိန် မီးငြိမ်းသွားခဲ့သည်။

တရုတ်နိုင်ငံ စီချွမ် (Sichuan) ပြည်နယ်အနောကိပိုင်းကို ဗဟိုပြုပြီးတော့ လှုပ်ရှားသွားတဲ့ငလျှင်ကြောင့် လူရာနဲ့ချီသေဆုံးပြီး ဒဏ်ရာရသူများပြား

ဒီကနေ့ နံနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ စီချွမ် (Sichuan) ပြည်နယ်အနောကိပိုင်းကို ဗဟိုပြုပြီးတော့ လှုပ်ရှားသွားတဲ့ အင်အား magnitude ၆.၆ အဆင့်ရှိတဲ့ ငလျှင်ကြီးကြောင့် လူရာနဲ့ချီပြီးတော့ သေဆုံးဒဏ်ရာ ရနိုင်ဖွယ်ရှိတယ်လို့ ဒေသခံ အာဏာပိုင်များက ပြောကြားလိုက်ပါတယ်။ ။

စီချွမ်ငလျှင် ဗျူရိုရဲ့ အတည်ပြုပြောကြားချက်များနဲ့ အစိုးရသတင်းဌာနများရဲ့ ထုတ်ပြန်ချက်များအရ လူရာနဲ့ချီပြီးတော့ ငလျှင်ဒဏ်ကြောင့် ဒဏ်ရာရတာ သေဆုံးတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သေဆုံးသူ နှစ်ဦးပဲ ရှိသေးတယ်လို့လဲ သတင်းများက ထွက်ပေါ်နေပါတယ်။ အခုအချိန်အထိတော့ သေဆုံးဒဏ်ရာ ရရှိမှု စာရင်းကို အတည်မပြုနိုင်သေးပါဘူး

ငလျှင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရတဲ့ စီချွမ်ပြည်နယ်ရဲ့ အနောက်တောင်ဘက် ရှီဖန်း (Shifang) ကလူတွေကတော့ နောက်ဆက်တွဲ ငလျှင်တွေ ထပ်မံဖြစ်ပေါ်လာမှာ စိုးရိမ်နေကြတဲ့အတွက် လမ်းမတွေပေါ်ကို ထွက်နေကြတယ်လို့ ဆိုပါတယ်။ 

USGS က တာဝန်ရှိသူတွေကတော့ ငလျှင်ပမာဏဟာ အတော်လေးကို ပြင်ထန်ပြီးတော့ ထိခိုက်ဒဏ်ရာရတာတွေ ပျက်စီးဆုံးရှုံးမှုတွေ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။ ဒေသစံတော်ချိန် နံနက် ၈ နာရီအချိန်လောက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီငလျှင်ဟာ အင်အား ၆.၆ အဆင့်ရှိတဲ့ ငလျှင်ကြီးဖြစ်ပြီးတော့ စီချွမ်ဒေသရဲ့ အနောက်ဘက်ပိုင်း နေရာတွေကို ဆိုးဆိုးရွားရွား ရိုက်ခတ်ခဲ့ပါတယ်။

စီချွမ်ဒေသမှာ၂၀၀၈ခုနှစ်က လှုပ်ရှားခဲ့တဲ့ တရုတ်ပြည်ရဲ့ ဆယ်စုနှစ် တစ်ခုအတွင်း အပြင်းထန်ဆုံး ငလျှင်ဒဏ်ကြောင့် လူပေါင်း ၈၇ ၀၀၀ လောက် သေကျေပျက်စီး ခဲ့ဖူးပါသေးတယ်။ ငလျှင်ဒဏ်ခံစားရတဲ့ ဒေသကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများပြုလုပ် ပေးနိုင်ဖို့ တပ်ဖွဲ့ဝင် ၂၀၀၀ ခန့် လွှတ်လိုက်ပြီလို့ ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။ ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ အခုရရှိတဲ့ သတိပေးချက် အဆင့်အရ နိုင်ငံအဆင့်နဲ့ နိုင်ငံတကာအဆင့် တုံ့ပြန်မှုတွေ လုပ်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆကြပါတယ်။ 

အစိုးရ ငလျှင်ဗျူရိုကတော့ ငလျှင်ဟာ ဒေသစံတော်ချိန် ဒီကနေ့ စနေနေ့ မနက် ၈ နာရီလောက်မှာ စတင်ရိုက်ခတ်ခဲ့တာလို့ ထုတ်ပြန်ခဲ့ပြီးတော့ Ya'an မြို့ကို အဓိက ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားတွေနဲ့ ဒေသခံများစွာတို့ဟာ လမ်းပေါ်ထွက် နေကြရပါတယ်။

အစဆုံးမှာ တရုတ်ငလျှင်ဗျူရိုက အင်အား ၇ အဆင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် USGS ကတော့ အင်အား ၆.၆ အဆင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီပြင်အားဟာ ပြင်ထန်တဲ့ သေဆုံး ဒဏ်ရာရမှုတွေနဲ့ ပျက်စီးမှုတွေကို ဆိုးဆိုးရွားရွား ဖြစ်နိုင်စေနိုင်ပါတယ်။

ဒီငလျှင်ဟာ မြေပြင်နဲ့ နီးကပ်တဲ့ မြေအောက် ၁၂.၃ ကီလိုမီတာ(၇.၆ မိုင်) အနက်ကို ဗဟိုပြုတဲ့အတွက် ပျက်စီးမှုတွေ ပိုများစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ ဆင်ဟွာသတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ ငလျှင်ဟာ အရှေ့ဘက် ၁၁၅မိုင် အကွာအဝေးက ပြည်နယ်မြို့တော် ချန်ဒူး (Chengdu) မှာလဲ ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

REF: http://www.news.com.au

ပုံ: ငလျှင်ထပ်မံ လှုပ်ရှားမည် စိုးရိမ်နေကြသော ကျောင်းသားများ အဆောက်အဦးရှေ့ ထွက်နေကြပုံ
ငလျှင်ထပ်မံ လှုပ်ရှားမည် စိုးရိမ်နေကြသော ကျောင်းသားများ အဆောက်အဦးရှေ့ ထွက်နေကြပုံ
ဒီကနေ့ နံနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ စီချွမ် (Sichuan) ပြည်နယ်အနောကိပိုင်းကို ဗဟိုပြုပြီးတော့ လှုပ်ရှားသွားတဲ့ အင်အား magnitude ၆.၆ အဆင့်ရှိတဲ့ ငလျှင်ကြီးကြောင့် လူရာနဲ့ချီပြီးတော့ သေဆုံးဒဏ်ရာ ရနိုင်ဖွယ်ရှိတယ်လို့ ဒေသခံ အာဏာပိုင်များက ပြောကြားလိုက်ပါတယ်။ ။

မြေငလျင်သတင်း (မြန်မာစံတော်ချိန် ၀၇း၀၀ နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၃ခုနှစ်၊ဧပြီလ(၂၀)ရက်နေ့မြန်မာစံတော်ချိန်(၀၆)နာရီ၊(၃၅)မိနစ်၊(၂၀)စက္ကန့်အချိန်တွင်မန္တလေးမြေငလျင်
စခန်းမှအရှေ့မြောက်ဘက်မိုင်(၇၀၀)ခန့်ကွာဝေးသောမြန်မာနိုင်ငံပြည်ပတရုတ်ပြည်သူ့သမ္မတနိုင်ငံ (Sich
uan)ကိုဗဟိုပြု၍အင်အားရစ်(ခ်)တာစကေး(၆.၇)အဆင့်ရှိအင်အားပြင်းထန်သောမြေငလျင်တစ်ခုလှုပ်ရှားသွား
ကြောင်း တိုင်းထွာရရှိပါသည်။

ဘော်စတွန်ဗုံးဖောက်ခွဲမှုရဲ့ ဒုတိယ သံသယရှိသူ Dzhokhar Tsarnaev ကို ရဲက ဖမ်းမိသွားပြီလို့ CNN သတင်းက ကြေညာ

ဘော်စတွန်ဗုံးဖောက်ခွဲမှုရဲ့ ဒုတိယ သံသယရှိသူ Dzhokhar Tsarnaev ကို ရဲက ဖမ်းမိသွားပြီလို့ CNN သတင်းက ကြေညာ.......

ဘော်စတွန်ဗုံးဖောက်ခွဲမှုရဲ့ ဒုတိယ သံသယရှိသူ Dzhokhar Tsarnaev အသက် ၁၉နှစ်ကို ရဲက ဖမ်းမိသွားပြီလို့ CNN သတင်းက ကြေညာပါတယ်။
သူ့ကို ရှေ့နေကိုယ်စားလှယ်နဲ့ တရားစီရင်မှာ ဖြစ်ပါတယ်။ သူ့အတွက် ဆေးဝါးကုသမှုလို မလိုကိုတော့ မသိရသေးပါဘူး။
ရဲက ဖမ်းမိသူဟာ Dzhokhar Tsarnaev ဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။
ဆေးရုံကားနဲ့ ခေါ်ထုတ်သွားတာမဟုတ်ဘဲ ရဲကားနဲ့ ခေါ်ထုတ်သွားတာမို့ ဒဏ်ရာ ကြီးကြီးကျယ်ကျယ် ရပုံမရဘူးလို့ သတင်းမီဒီယာတွေက ပြောပါတယ်။ သူ့ကို အိမ်တအိမ်ရဲ့ နောက်က မော်တော်ဘုတ်ပေါ်မှာ ပုန်းနေတာကို တွေ့ရှိဖမ်းဆီးခဲ့တာပါ။ z

Burma-Newselite

ဘော်စတွန်ဗုံးဖောက်ခွဲမှုရဲ့ ဒုတိယ သံသယရှိသူ Dzhokhar Tsarnaev အသက် ၁၉နှစ်ကို ရဲက ဖမ်းမိသွားပြီ
လို့ CNN သတင်းက ကြေညာပါတယ်။သူ့ကို ရှေ့နေကိုယ်စားလှယ်နဲ့ တရားစီရင်မှာ ဖြစ်ပါတယ်။ သူ့အ
တွက် ဆေးဝါးကုသမှုလို မလိုကိုတော့ မသိရသေးပါဘူး။

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် ပေါက်ကွဲမှု အလောင်းတွေ ထပ်တွေ့

Saturday,April20,2013

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဓာတ်မြေသြဇာ စက်ရုံပေါက်ကွဲမှု
ဟာ တကယ့်ကို အိပ်မက်ဆိုးကြီး မက်သလိုပဲလို့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Perry က ပြော
လိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ ကျောင်းစုရပ်ကွက်ရှိ သမ္ဗန်ဆိပ်နေရာ၌ ဧပြီလ ၁၆ ရက်နေ့မှ စ၍ ၁၇ ရက်နေ့အထိ ကမ်းပါးပြိုကျမှုများ ဆက်လက်ဖြစ်ပွားနေ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ ကျောင်းစုရပ်ကွက်ရှိ သမ္ဗန်ဆိပ်နေရာ၌ ဧပြီလ ၁၆ ရက်နေ့မှ စ၍ ၁၇ ရက်နေ့အထိ ကမ်းပါးပြိုကျမှုများ ဆက်လက်ဖြစ်ပွားနေကာ တည်ဆောက်ဆဲ ရေထိန်းနံရံမှာ ဧပြီလ ၁၇ ရက်နေ့၌ ပြိုကျမှု ဖြစ်ပွားခဲ့သည်။ဧပြီလ ၁၇ ရက်နေ့ထိ ကမ်းပါးပြိုကျမှုကြောင့် စက်တပ်သမ္ဗန်ဆိပ် ကျောက်ဆင်းလမ်းနှင့် လက်ခတ်သမ္ဗန်ဆိပ် ကျောက်ဆင်းလမ်းတို့ ပျက်စီးခဲ့ပြီး ကမ်းပါးမှာလည်း ပေ ၂၀၀ နီးပါးခန့် ပြိုကျနေကြောင်း သိရသည်။