![]() |
လူပေါင်း ၁၀၀ ကျော် သေဆုံးကာ ထောင်နဲ့ချီပြီး ဒဏ်ရာ ရရှိသွားခဲ့ပြီ ဆိုတာကို တရုတ် နိုင်ငံပိုင် မီဒီယာ က
နေ အတည်ပြု ပြောကြားပါတယ်။
ပြင်းအား ၆.၆ ရှိတဲ့ ဒီမြေငလျင်ကြောင့် အဆောက်အဦးတွေလည်းပြိုကျကုန်ပြီ
ကုန်ပါတယ်။
မြေငလျင်ဒဏ်ကို အဆိုးဝါးဆုံး ခံခဲ့ရတဲ့ တိဘက် ကုန်မြင့်ပိုင်း တောင်တန်း ဒေသမှာ ကယ်ဆယ်ရေး ဆောင်
ရွက်ဖို့ အတွက် ရဲနဲ့ ကယ်ဆယ်ရေး လုပ်သား ၆၀၀၀ ကို စေလွှတ်လိုက်ပြီဖြစ်ပါတယ်။
အဲဒီ တောင်တန်း ဒေသဟာ ဆီးချွမ်း ပြည်နယ် မြို့တော် ချိန်တူးနဲ့ ကီလို ၁၀၀ ကျော် အကွာ လောက်မှာသာ တည်ရှိတာ ဖြစ်ပါတယ်။တခြားဒေသတွေ ကတော့ တယ်လီဖုန်းလိုင်းတွေနဲ့ လမ်းတွေ ပျက်နေ တာကြောင့် ကယ်ဆယ်ရေးတွေ မရောက်ရှိနိုင်ပဲ ဖြစ်နေပါတယ်။
တရုတ် ဝန်ကြီးချုပ် လီကွတ်ချန် ဟာလည်း တိုက်ရိုက် ကယ်ဆယ်ဆောင်ရွက်မှုတွေအတွက် အဲဒီဒေသကို သွားရောက်နေပြီ ဖြစ်ပါတယ်။
BBC Burmese , Rangonnewsdaily
RND:20.4.2013

No comments:
Post a Comment