သင်္ကြန်ရက်အတွင်း ရေကစား၍ ရွာသို့ပြန်လာသော တန့်ယန်းမြို့နယ်မှ
လူငယ်များအား မြန်မာ စစ်တပ်က ဖမ်းဆီးကာ ၎င်းတို့စစ်ကြောင်းနှင့်အတူ
ခေါ်ဆောင်သွားသည်ဟု အဖမ်းခံရသူများကပြန်လည်ပြောပြသည်။
“ သင်္ကြန်ရက်တွေတုန်းက မိုင်းကောဝ်ကနေ နမ့်ပန်ချောင်းမှာရေသွားဆော့လာတဲ့
လူတွေကို နမ့်လောင်းဝ်
တန့်ယန်းမြို့နယ် (မိုင်းရှူး-တန့်ယန်းကားလမ်းကြား)ရှိ မိုင်းကောင်ဝ်အုပ်စုအရှေ့ဘက် ဝမ့်မူးဆေးရွာမှ နမ့်
လောင်းရွာအထိ ၎င်းတို့စစ်ကြောင်းအတွက် လုံခြုံရေးအဖြစ်လိုက်ခိုင်းကြော င်း နမ့်လောင်းဝ်၌ကိစ္စအပြီး မိုင်း
ကောင်ဝ်သို့ပြန်လိုက်ပို့ ခိုင်းပြီးမှ သာ အဆိုပါလူငယ်များအား ပြန်လွှတ်ပေးကြောင်း အဖမ်းခံရသူလူငယ်
တဦး၏ဖခင် လုံးစိုင်းကလည်းပြောသည်။
အလားတူ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ကလည်း မိုင်းရှူး-တန့်ယန်းကားလမ်းမပေါ် တွင် ဗုံးတလုံးပေါက်
ကွဲခဲ့သဖြင့် လူတဦးဒဏ်ရာရကာ တန့်ယန်းဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု တန့်ယန်းဒေသခံများ
ပြောပြချက်အရသိရသည်။
ယခင်လက ရမခတိုင်းမှူးက တန့်ယန်း-မိုင်းရှူးကားလမ်းအရှေ့ ဘက်ခြမ်းနှင့်
သံလွင်မြစ်အနောက်ခြမ်း (သံ
လွင်မြစ်နှင့် ကားလမ်းကြား) အခြေစိုက်
သျှမ်းပြည်တပ်မတော်၏ တပ်စခန်းများအားလုံး တပ်ဆုတ်ပေးရန်၊ မဟုတ်ပါက
မိမိတို့မြန်မာ့ တပ်မတော်၏ နယ်မြေရှင်းလင်းရေးတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့နိုင်ပြီး တိုက်ပွဲများ
မလွဲမသွေ ဖြစ်ပွါးမည်ဖြစ်ကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီအား သတိပေးပြောဆိုခဲ့သည်ဟုဆို၏။
သျှမ်းသံတော်ဆင့် , Rangonnewsdaily
RND:20.4.2013

No comments:
Post a Comment