Pages

Friday, April 11, 2014

သင်္ကြန်မတိုင်မီကတည်းကပင်ပေးဆပ်သူများအဖွဲ့ သံချပ်ထိုးမည်


RangonNewsDaily: April . 10 .2014
နာရေးကူညီမှုအသင်း (ရန်ကုန်) ဦးဆောင်သည့် သုခမျိုးဆက် သစ်များ အဖွဲ့နှင့် ပေးဆပ်သူများသံချပ်အဖွဲ့မှ သင်္ကြန်ကာလ မရောက်မီ လက်ရှိ ခံစားနေသော ပြည်သူများ၏ အကြောင်းအရာများကို ရည်ရွယ်၍ သံချပ်ထိုးမည်ဟု သိရသည်။
အဆိုပါ ပေးဆပ်သူများ သံချပ်အဖွဲ့သည် သင်္ကြန်အကြိုနေ့ မတိုင်မီ ကတည်းကပင် ရန်ကုန်မြို့အတွင်း လှည့်လည်၍ သံချပ်ထိုးမည်ဖြစ်ပြီး လယ်ယာမြေသိမ်းဆည်းခံရမှု၊ လျှပ်စစ် ဓာတ်အားခ တိုးမြှင့်ကောက်ခံမှု၊ ဧရာဝတီ မြစ်ဆုံစီမံကိန်းများနှင့်ပတ်သက်သည့် သံချပ်များကို ကဏ္ဍစုံလင်စွာဖြင့်ဖျော်ဖြေတင်ဆက်သွားရန် စီစဉ်ထားကြောင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

ယခင်နှစ်များတွင် ၈၈ ကျောင်းသား ခေါင်းဆောင်များ ပါ ဝင်သော တော် ရိရော်ရိသံချပ်အဖွဲ့နှင့် ပါးပါးလေးသံချပ်အဖွဲ့များသည် ၂ဝ၁၄ ကြား ဖြတ်ေ ရွးကောက်ပွဲနှင့် နိုင်ငံရေးကိစ္စများကြောင့် ယခုနှစ်တွင် ပါဝင်၍ သံချပ်ထိုးနိုင်တော့မည် မဟုတ်ကြောင်း သိရသည်။ နာရေးကူ ညီမှုအသင်း၏ ဥက္ကဋ္ဌ ဦးကျော်သူက 

''ပြည်သူတွေ ခံစားရတာ တွေ ကျွန်တော်တို့ ထပ်တူ ခံစားရ တယ်။ ပြည်သူရဲ့ရင်ဖွင့်သံ၊ ပြည်သူရဲ့အခက်အခဲကို ပြည်သူရဲ့ ကိုယ်စားပြောပေးတာပါ။ ဘယ်အဖွဲ့အစည်းကို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမှ ပုတ်ခတ်စော်ကားဖို့ ရည်ရွယ်ချက်မရှိပါဘူး'' ဟု ပြောသည်။

ယခုနှစ် မန္တလေးသင်္ကြန်တွင် ပါဝင်ဖျော်ဖြေမည့် ခွပ်ဒေါင်းကြယ်ဖြူ၊ အောင် စံမောင်၊ တမာရိပ်စသည့် သံချပ်အဖွဲ့ သုံးဖွဲ့ထွက်မည်ဖြစ်ပြီး ခွပ်ဒေါင်းကြယ်ဖြူနှင့် အောင်စံမောင်သံချပ်အဖွဲ့သည် မန္တလေးတိုင်းဒေ သကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စီစဉ်ခြင်း ဖြစ်ကြောင်းနှင့် တမာရိပ်သံချပ်အဖွဲ့တွင် အမျိုးသမီးများ ပါဝင်မည်ဟု 
သိရသည်။ 

သံချပ်အဖွဲ့များ လုပ်ငန်းကော်မတီမှ သံချပ်စာသားများကို စိစစ်မှုနှင့်ပတ်သက်ပြီး ''သံချပ်စာသားများကို စိစစ်ရေးကော် မတီကိုတင်ခိုင်းတာ လုံးဝ အဓိပ္ပာယ်မရှိဘူး။ ပြည် သူတွေရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒကိုသံချပ်ထိုးတာပါ''ဟု သံချပ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

Popular Myanmar , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment