Pages

Pages - Menu

Sunday, October 20, 2013

မြန်မာ့ဖြစ်ထွန်းမှု ဥရောပကော်မရှင်သတိနဲ့စောင့်ကြည်

Photo: မြန်မာ့ဖြစ်ထွန်းမှု ဥရောပကော်မရှင်သတိနဲ့စောင့်ကြည် 
Sunday, October 20, 2013

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် လုပ်စရာတွေ အများကြီးရှိနေသေးတာကို EU ဥရောပသမဂ္ဂအနေနဲ့ ကောင်းကောင်း သိပါတယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso နဲ့ ပြောလိုက်ပါတယ်။ Belgium နိုင်ငံ Brussels မြို့တော်က ဥရောပကော်မရှင်မှာ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ Mr. Barroso က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေအပေါ်မှာ အထူးသတိနဲ့ စောင့်ကြည့်နေတယ်”-လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။ နိုင်ငံရေးနဲ့ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေမှာ ဥရောပသမဂ္ဂအနေနဲ့ ထိပ်တန်းကနေ မြန်မာပြည်သူတွေအတွက် ဆက်ပြီး ပံ့ပိုးကူညီသွားမယ်လို့လည်း Mr. Barroso က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေကို ပေးနေတဲ့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွေကို စတင်ပေးတော့မယ်လို့လည်း Mr. Barroso က ပြောပါတယ်။

မြန်မာအစိုးရတင်မက ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်အရ ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုနဲ့ တရားဥပဒေစိုးမိုးမှုဆိုင်ရာ စည်းမျဉ်းတွေ လက်တွေ့ကျင့်သုံးမှုတွေကို ပေးမှာဖြစ်တယ်လို့ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso ကပြောကြားခဲ့ပါတယ်။

ဒီပူးတွဲသတင်းစာရှင်းပွဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်က မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးတို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ရင် စစ်မှန်တဲ့ ဒီမိုကရေစီလူ့ဘောင်ကို ဘယ်တော့မှ ရရှိမှာ မဟုတ်ဘူးလို့ မြန်မာပြည်သူအများစုက လက်ခံထားကြပါတယ်။ ဒီကိစ္စကို ကမ္ဘာကြီးက သတိမူထားကြဖို့နဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုထောက်ခံတဲ့အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးမှာ ကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။ အခု ဥရောပခရီးစဉ်မှာ သူပေးချင်တဲ့ သတင်းစကားက မြန်မာနိင်ငံမှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့ လိုအပ်နေတယ်ဆိုတာဖြစ်ပြီး အားလုံးနားလည် သဘောပေါက်စေချင်တယ်လို့ ဥရောပကော်မရှင်ဥက္ကဌ Jose Manuel Barroso နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

စနေနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ Brussels မြို့တော်မှာရှိတဲ့ Catholique de Louvain တက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံယူခဲ့ပါတယ်။ Belgium ဘုရင်နဲ့ မိဖုရားကိုလည်း  လေကင် (Laeken) နန်းတော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ဥရောပကောင်စီဥက္ကဋ္ဌ Herman Van Rompuy နဲ့တွေ့ဆုံဖို့ အစီအစဉ်ရှိပြီး တနင်္လာနေ့ ကျရင်တော့ လူဇင်ဘတ်နိုင်ငံမှာ EU ဥရောပသမဂ္ဂနိုင်ငံ ၂၈ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ နေ့လည်စာ စားရင်း တွေ့ဆုံဖို့ရှိတယ်လို့ ဥရောပကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။


VOA

ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso (ယာ)
ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso (ယာ)
RangonNewsDaily:: October. 20 .2013
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် လုပ်စရာတွေ အများကြီးရှိနေသေးတာကို EU ဥရောပသမဂ္ဂအနေနဲ့ ကောင်းကောင်း သိပါတယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso နဲ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ သိမ်ကြီးဈေး ဒီရုံ အနီးကားပါကင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား


RangonNewsDaily:: October. 20 .2013 ရန်ကုန်မြို့ သိမ်ကြီးဈေး ဒီရုံ အနီးကားပါကင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားနေကြောင်းသတင်း၇ရှိပါသည်.။
မင်္ဂလာ ရုပ်ရှင်ရုံအောက်ထပ်နှင့်ကားပါကင်နေရာ ၄ ထပ်တွင် ဆက်လက်လောင်ကျွမ်းနေတာဖြစ်ပါတယ် ။ ည ၈း၂၀ မီးစတင်လောင်ကျွမ်းတာ ဖြစ်ပါတယ်။

ရန်ကုန် Junction Maw Tin ရှေ့တွင် ဗုံးလန့်မှုဖြစ်ပွားပြန်

RangonNewsDaily:: October. 20 .2013
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ လမ်းသစ်လမ်းရှိ Junction Maw Tin ဈေးဝယ်စင်တာ၏ မျက်နှာချင်းတိုက်
အရှေ့ပလက်ဖောင်းတွင် ကြွပ်ကြွပ်အိတ်တစ်လုံးတွေ့ရှိရာမှ အောက်တိုဘာ၂၀ရက်ကဗုံးလန့်မှုတစ်ခုဖြစ်ပွား
ခဲ့သည်။"အိတ်အမဲထုတ်တွေ့တာပေါ့။ဒီရက်ထဲမှာကလည်းခဏ၊ခဏ ဖြစ်သံတွေကြားနေတော့ရဲကိုဖုန်းဆက်
အကြောင်းကြားလိုက်တာပါ။ သူတို့တော်တော်မြန်တယ်။ ငါးမိနစ်လောက်ဆို ရောက်လာတာပဲ"ဟု ထိုတိုက်
တွင်နေသည့် အမည်မဖေါ်လိုသူ အသက် ၅၀အရွယ် အမျိုးသမီးက ပြောပြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံ ခရီးစဉ်မှ ပြန်လည်ရောက်ရှိ

RangonNewsDaily:: October. 20 .2013
တပ်မတော် နှစ်ရပ်အကြား အကျိုးတူ ကိစ္စရပ်များ ဆောင်ရွက်ရန် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။

အဝေးသင်ကျောင်းသူတစ်ဦး ဆိုင်ကယ်ချင်း ချိတ်မိ၍ သေဆုံး

RangonNewsDaily:: October. 20 .2013
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယားကျေးရွာ ဟင်္သာတ-ဇလွန်လမ်းကြီးပေါ်တွင် (၁၉-၁၀-၂၀၁၃) သီတင်းကျွတ်လပြည့်နေ နံနက် ၇ နာရီ ၄၅ မိနစ် အချိန်ခန့်၌ ဆိုင်ကယ်ချင်းချိတ်မိ၍ အဝေးသင်ကျောင်းသူတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဆိုင်ကယ်နောက်တွင်

Samsung Galaxy S5 တွင် Eye Scanner ပါဝင်လာဖွယ်ရှိ

Samsung Galaxy S5 တွင် Eye Scanner ပါဝင်လာဖွယ်ရှိ

မကြာခင် ထွက်ရှိလာတော့မည်ဟု ဆိုနေကြသော Samsung Galaxy S5 တွင် Eye Scanning Sensor (ပိုင်ရှင်၏ မျက်ကြည်လွှာကို ဖတ်ရှုမည့် လုံခြုံရေးစနစ်) ပါဝင်လာမည်ဟု သိရသည်။ 

iPhone 5S တွင် Fingerprint Scanner ဟူ၍ စမတ်ဖုန်းလုံခြုံရေး စနစ်ကို တစ်ခေတ်ဆန်းစေခဲ့ပြီး HTC One Max တွင်လည်း Fingerprint Scanner ထည့်သွင်းခဲ့ခြင်းတို့နှင့်အတူ တောင်ကိုရီးယားအခြေစိုက် Samsung ကလည်း ပိုမိုဆန်းပြားပြီး လူစိတ်ဝင်စားမှုရှိအောင် ဖန်တီးလိုက်ခြင်း ဖြစ်သည်။

စမတ်ဖုန်း၏ Sensor မှ ဖုန်းအသုံးပြုသူ၏ မျက်လုံးကို Scan ဖတ်ပြီး ပိုင်ရှင်ဟုတ်/မဟုတ် ခွဲခြားနိုင်မည် ဖြစ်သည်။ Galaxy S5 တွင် Eye Scanner ပါဝင်လာမည်ဟုသာ သိရပြီး အဆိုပါ Sensor မည်သို့ မည်ပုံ အလုပ်လုပ်မည် ဖြစ်ကြောင်း မသိရသေးပေ။ 

ပြိုင်ဆိုင်မှု ပြင်းထန်သော စမတ်ဖုန်းလောက၌ လုံခြုံရေးစနစ်အမျိုးမျိုးကို သူ့ထက်ငါ ထူးခြားဆန်းသစ် ကောင်းမွန်အောင် ဖန်တီးထုတ်လုပ်နေကြသလို ဖုန်းပုံစံကိုလည်း သာမန်ပုံစံများမှ ခွဲထွက်ပြီး အကွေးအကောက်များဖြင့် တီထွင်လာကြသည်မှာ စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။ 

အနာဂါတ်တွင်မူ စမတ်ဖုန်းအပါအ၀င် နည်းပညာပစ္စည်းများကို မည်သို့မည်ပုံ သုံးစွဲကြရမည် ဆိုသည်မှာလည်း စိတ်ဝင်စားစရာ၊ လေ့လာစရာ၊ နှစ်သက်စရာ ဖြစ်နေပါတော့သည်။
---
Kangyi (Myanmar Consumer Guide)

RangonNewsDaily:: October. 20 .2013
မကြာခင် ထွက်ရှိလာတော့မည်ဟု ဆိုနေကြသော Samsung Galaxy S5 တွင် Eye Scanning Sensor (ပိုင်ရှင်၏ မျက်ကြည်လွှာကို ဖတ်ရှုမည့် လုံခြုံရေးစနစ်) ပါဝင်လာမည်ဟု သိရသည်။

ရုပ်ရှင်သရုပ်ဆောင် မိုးယုစံရဲ့ အလှဓာတ်ပုံလေးများ စုစည်းမှု

famous myanmar actress moe yu san

RangonNewsDaily:: October. 20 .2013

ရုပ်ရှင်သရုပ်ဆောင် မိုးယုစံရဲ့ အလှဓာတ်ပုံလေးများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Myanmar Sexy Girls 2013

myanmar sexy girls collection 12

Myanmar Sexy Girls 2013 ပုံလေးများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ 

သတင်းစာရှင်းလင်းပွဲ ဖိတ်ကြားခြင်း

RangonNewsDaily:: October. 20 .2013
ယခုရက်ပိုင်းများအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ် ကရင့်အမျိုးသားအစည်းအရုံး (KNU)၏ သဘောထားရှင်းလင်းချက်ကို KNU ခေါင်းဆောင် (၃)ဦးမှ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်
ထူထောင်ရေးလုပ်ငန်းဗဟိုဌာန တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်၍ မီဒီယာ
များမှ သတင်းတက်ရောက် ရယူနိုင်ကြရန် ဖိတ်ကြားအပ်ပါသည်။

သီတင်းကျွတ် လပြည့်နေ့မှစ၍ ရွှေတိဂုံ စေတီတော်၌ CID၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်မည်

RangonNewsDaily:: October. 20 .2013
အောက်တိုဘာ ၁၉ ရက်တွင် ကျရောက်သည့် သီတင်းကျွတ် လပြည့်နေ့မှ စတင်၍ ရွှေတိဂုံစေတီတော်၌ လုံခြုံရေးဆောင်ရွက်မှုကို CID ရဲတပ်ဖွဲ့၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

Weather News Update ဘင်္ဂလားပင်လယ်တောင်ပိုင်းမှလေဖိအားနည်းရပ်ဝန်းအားကောင်းလာခြင်းမရှိတော့ပါ.

RangonNewsDaily:: October. 20 .2013
(၂၀-၁၀-၂၀၁၃)ရက် တနင်္ဂနွေနေ့ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ နံနက် (၃း၃၀)နာရီအချိန်အထိ နောက်ဆုံးတိုင်းတာရရှိချက်တွေကတော့
(၁)ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းအစပ်မှာဖြစ်ပေါ်နေခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာခြင်းမရှိတဲ့အပြင် မြန်မာနိုင်ငံနဲ့ ပိုဝေးရာ အနောက်ဖက်ကိုရွေ့သွားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်ရဲ့ အနောက်တောင်ပိုင်းထဲ ကို ရောက်ရှိသွားပါပြီ။

သူရိယအလင်း အရှုပ်အရှင်း ဖြစ်စဉ်မှန်မှာ ထုတ်ဝေသူ ဦးယုနိုင်ကိုယ်တိုင် ဂျာနယ်နဲ့ ပစ္စည်းတွေလာသိမ်းသွာခြင်းဖြစ်

RangonNewsDaily:: October. 19 .2013
ကမာရွတ်မီဒီယာနဲ့ တင်ခဲ့တဲ့ ပို့စ်တစ်ခုနဲ့ပတ်သက်ပြီး မိတ်ဆွေတစ်ချို့ကို ပြန်ရှင်းပြချင်ပါတယ်။ သူရိယအလင်းကိစ္စ မေးခွန်းတွေ ထုတ်စရာတွေထက် ပိုပြီး သံသယရှိစရာတွေကြောင့် တစ်ဖက်သတ်ပြောဆိုတာတွေကို ဖြုတ်ချလိုက်တာဖြစ်ပါတယ်။