Friday, March 29, 2013
မကြာမီ ရက်ပိုင်းအတွင်းက ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ယခုအခါ အခြေအနေများ
တည်ငြိမ် အေးချမ်းမှုရှိလာသည် နှင့်အမျှပြည် သူများ သွားလာ လှုပ်ရှားမှု ပုံမှန် အတိုင်း ပြန် လည် ရောက်ရှိ
ယနေ့ နံနက်ပိုင်းတွင် မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှတာဝန်ကျ
ဝန်ထမ်းများနှင့် ပြည်ထောင်စု ကြံ့ခိုင်
ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ
ပါတီဝင်များ ပူးပေါင်း၍ မီးလောင် ပျက်စီးသွားသော နေအိမ် အဆောက်အအုံ
များနှင့် လမ်းများပေါ်ရှိ အမှိုက်သရိုက် များကို ရှင်းလင်းလျက် ရှိသည်ကို
တွေ့ရှိရသည်။
ယနေ့သည် ရုံးဖွင့်ရက် ဖြစ်သည်နှင့် အညီ မိတ္ထီလာ မြို့ပေါ်၌ ဖွင့်လှစ်ထားသည့် မြန်မာ့ စီးပွားရေးဘဏ်၊
ကမ္ဘောဇဘဏ်နှင့် အာရှ စိမ်းလန်းမှု
ဖွံ့ဖြိုးရေးဘဏ် (AGD Bank) တို့တွင် ငွေသွင်း၊ ငွေ ထုတ် သူများဖြင့် လှုပ်ရှား သက်ဝင်လျက် ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ,Rangonnewsdaily
Kolatt(PBDN):29.3.2013
![]() |

0 comments:
Post a Comment