Pages

Friday, March 29, 2013

ဥက္ကံတွင် ယနေ့ည တရားပွဲပြီးချိန်၌ မွတ်စလင်မ်အိမ်များ ဖျက်မည်ဟုဆိုသော သတင်းများကြောင့် မွတ်စလင်မ်များစိုးရိမ်ထိတ်လန့် ကြ ( မတ်လ ၂၉၊ ၂၀၁၃ ည ၉း၃၀ နာရီ)

ဥက္ကံတွင် ယနေ့ည တရားပွဲပြီးချိန်၌ မွတ်စလင်မ်အိမ်များ ဖျက်မည်ဟုဆိုသော သတင်းများကြောင့် မွတ်စလင်မ်များစိုးရိမ်ထိတ်လန့်ကြ (ည ၉း၃၀ နာရီ)
==================
မတ်လ ၂၉၊ ၂၀၁၃
M-Media
သုတ

ဥက္ကံ ။         ။   ဥက္ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ည တရားပွဲအပြီးတွင် ဖျက်ဆီးမည်ဟု သတင်းထွက်ပေါ်လာသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်နေ့ပြီး မွတ်စလင်မ်တချို့မှာ ရှောင်ပြေးနေကြောင်းသတင်းရရှိသည်။

ဥက္ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ဖျက်ဆီးမည်ဟု လွန်ခဲ့သောရက်ကတည်းမှ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် စစ်တပ်မှ လုံခြုံရေးချထားသော်လည်း ၂၇-ရက်ညမှ စတင်ခဲ့သော (၃)ရက်တိုင် တရားပွဲပြီးဆုံးမည့် ၂၉-ရက်နေ့ ညပိုင်းရောက်မည်ကို ဥက္ကံမှ မွတ်စလင်မ်လင်များ စိုးရိမ်သောကရောက်နေခဲ့ကြကြောင်း သိရပြီးဖြစ်သည်။

(၃)ရက် တရားပွဲမှာ ယနေ့ည နောက်ဆုံးဖြစ်ပြီး တရားပွဲပြီးသည်နှင့် ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးမည်ဟုစီစဉ်ထားကြောင်း၊ ယခင်က ရပ်ကွက်အတွင်းရှိခဲ့သူ တချို့အား ကတုံးများတုံးပြီး သင်္ကန်းများဝတ်ပေးထားကြောင်း၊ တရားပွဲအပြီး ဖျက်မည်ဟု သံဓိဌာန်ချပြီး ကြိုတင်စီမံမှုများပြုလုပ်ထားပြီးဖြစ်သောကြောင့် မွတ်စလင်မ်များအား ရှောင်နေကြရန် ဗုဒ္ဓဘာသာဝင် မိတ်ဆွေတချို့မှ တိတ်တဆိတ်သတိပေးလာကြောင်းသိရသည်။

ယခုအခါ စစ်တပ်မှ စစ်ကား ၂-စီးမှာ ဥက္ကံမြို့ အနော်ရထာ ရပ်ကွက်အုပ်ချုပ်ရေးရုံးရှေ့တွင် ရှိနေပြီး၊ တရားပွဲပြုလုပ်နေသည့် နေရာမှာ အနော်ရထာရပ်ကွက် ဘုရားကြီးဘုန်းကြီးကျောင်းဘေးက ကွင်းတွင် ဖြစ်ကြောင်းသိရသည်။ ယနေ့ည တရားဟောပြောမည့် ဆရာတော်မှာ မစိုးရိမ်တိုက်မှ ဖြစ်သည်ဆိုသောကြောင့် ဥက္ကံမြို့သားများ ပိုမိုထိတ်လန့်နေကြောင်းလည်းသိရသည်။ မစိုးရိမ်တိုက်ဆရာတော်မှာ ဦးဝီရသူ မဟုတ်ကြောင်းနှင့် နာမည်ကို မပြောတတ်ကြောင်း ဥက္ကံမြို့ခံမှ M-Media အား ပြောကြားလာပါသည်။

မတ်လ ၂၉၊ ၂၀၁၃
ဥက္ကံ ။ ။ ဥက္ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ည တရားပွဲအပြီးတွင် ဖျက်ဆီးမည်ဟု သတင်းထွက်ပေါ်လာသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်နေ့ပြီး မွတ်စလင်မ်တချို့
မှာ ရှောင်ပြေးနေကြောင်းသတင်းရရှိသည်။ ဥက္ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား-----------------အကြမ်းဖက်သမားများမှ ဖျက်ဆီးမည်ဟု လွန်ခဲ့သောရက်ကတည်းမှ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် စစ်တပ်မှ လုံခြုံရေးချထားသော်လည်း ၂၇-ရက်ညမှ စတင်ခဲ့သော (၃)ရက်တိုင် တရားပွဲပြီးဆုံးမည့် ၂၉-ရက်နေ့ ညပိုင်းရောက်မည်ကို ဥက္ကံမှ မွတ်စလင်မ်လင်များ စိုးရိမ်သောကရောက်နေခဲ့ကြကြောင်း သိရပြီးဖြစ်သည်။

(၃)ရက် တရားပွဲမှာ ယနေ့ည နောက်ဆုံးဖြစ်ပြီး တရားပွဲပြီးသည်နှင့် ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်
ဆီးမည်ဟုစီစဉ်ထားကြောင်း၊ယခင်ကရပ်ကွက်အတွင်းရှိခဲ့သူတချို့အားကတုံးများတုံးပြီးသင်္ကန်းများဝတ်
ပေးထားကြောင်း၊တရားပွဲအပြီးဖျက်မည်ဟုသံဓိဌာန်ချပြီး ကြိုတင်စီမံမှုများပြုလုပ်ထားပြီးဖြစ်သောကြောင့်
မွတ်စလင်မ်များအား ရှောင်နေကြရန် ဗုဒ္ဓဘာသာဝင် မိတ်ဆွေတချို့မှ တိတ်တဆိတ်သတိပေးလာကြောင်း
သိရသည်

ယခုအခါ စစ်တပ်မှ စစ်ကား ၂-စီးမှာ ဥက္ကံမြို့ အနော်ရထာ ရပ်ကွက်အုပ်ချုပ်ရေးရုံးရှေ့တွင် ရှိနေပြီး၊ တရား
ပွဲပြုလုပ်နေသည့် နေရာမှာအနော်ရထာရပ်ကွက်ဘုရားကြီးဘုန်းကြီးကျောင်းဘေးကကွင်းတွင် ဖြစ်ကြောင်း
သိရသည်။ 
 
ယနေ့ည တရားဟောပြောမည့် ဆရာတော်မှာ မစိုးရိမ်တိုက်မှ ဖြစ်သည်ဆိုသောကြောင့် ဥက္ကံမြို့သားများ ပို
မိုထိတ်လန့်နေကြောင်းလည်းသိရသည်။ မစိုးရိမ်တိုက်ဆရာတော်မှာ ဦးဝီရသူ မဟုတ်ကြောင်းနှင့် နာမည်
ကို မပြောတတ်ကြောင်း ဥက္ကံမြို့ခံမှ M-Media အား ပြောကြားလာပါသည်။
 
M-Mediaသုတ, Rangonnewsdaily
Kolatt(PBDN):29.3.2013

0 comments:

Post a Comment