Pages

Pages - Menu

Friday, March 29, 2013

ဥက္ကံတွင် ယနေ့ည တရားပွဲပြီးချိန်၌ မွတ်စလင်မ်အိမ်များ ဖျက်မည်ဟုဆိုသော သတင်းများကြောင့် မွတ်စလင်မ်များစိုးရိမ်ထိတ်လန့် ကြ ( မတ်လ ၂၉၊ ၂၀၁၃ ည ၉း၃၀ နာရီ)

ဥက္ကံတွင် ယနေ့ည တရားပွဲပြီးချိန်၌ မွတ်စလင်မ်အိမ်များ ဖျက်မည်ဟုဆိုသော သတင်းများကြောင့် မွတ်စလင်မ်များစိုးရိမ်ထိတ်လန့်ကြ (ည ၉း၃၀ နာရီ)
==================
မတ်လ ၂၉၊ ၂၀၁၃
M-Media
သုတ

ဥက္ကံ ။         ။   ဥက္ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ည တရားပွဲအပြီးတွင် ဖျက်ဆီးမည်ဟု သတင်းထွက်ပေါ်လာသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်နေ့ပြီး မွတ်စလင်မ်တချို့မှာ ရှောင်ပြေးနေကြောင်းသတင်းရရှိသည်။

ဥက္ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ဖျက်ဆီးမည်ဟု လွန်ခဲ့သောရက်ကတည်းမှ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် စစ်တပ်မှ လုံခြုံရေးချထားသော်လည်း ၂၇-ရက်ညမှ စတင်ခဲ့သော (၃)ရက်တိုင် တရားပွဲပြီးဆုံးမည့် ၂၉-ရက်နေ့ ညပိုင်းရောက်မည်ကို ဥက္ကံမှ မွတ်စလင်မ်လင်များ စိုးရိမ်သောကရောက်နေခဲ့ကြကြောင်း သိရပြီးဖြစ်သည်။

(၃)ရက် တရားပွဲမှာ ယနေ့ည နောက်ဆုံးဖြစ်ပြီး တရားပွဲပြီးသည်နှင့် ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးမည်ဟုစီစဉ်ထားကြောင်း၊ ယခင်က ရပ်ကွက်အတွင်းရှိခဲ့သူ တချို့အား ကတုံးများတုံးပြီး သင်္ကန်းများဝတ်ပေးထားကြောင်း၊ တရားပွဲအပြီး ဖျက်မည်ဟု သံဓိဌာန်ချပြီး ကြိုတင်စီမံမှုများပြုလုပ်ထားပြီးဖြစ်သောကြောင့် မွတ်စလင်မ်များအား ရှောင်နေကြရန် ဗုဒ္ဓဘာသာဝင် မိတ်ဆွေတချို့မှ တိတ်တဆိတ်သတိပေးလာကြောင်းသိရသည်။

ယခုအခါ စစ်တပ်မှ စစ်ကား ၂-စီးမှာ ဥက္ကံမြို့ အနော်ရထာ ရပ်ကွက်အုပ်ချုပ်ရေးရုံးရှေ့တွင် ရှိနေပြီး၊ တရားပွဲပြုလုပ်နေသည့် နေရာမှာ အနော်ရထာရပ်ကွက် ဘုရားကြီးဘုန်းကြီးကျောင်းဘေးက ကွင်းတွင် ဖြစ်ကြောင်းသိရသည်။ ယနေ့ည တရားဟောပြောမည့် ဆရာတော်မှာ မစိုးရိမ်တိုက်မှ ဖြစ်သည်ဆိုသောကြောင့် ဥက္ကံမြို့သားများ ပိုမိုထိတ်လန့်နေကြောင်းလည်းသိရသည်။ မစိုးရိမ်တိုက်ဆရာတော်မှာ ဦးဝီရသူ မဟုတ်ကြောင်းနှင့် နာမည်ကို မပြောတတ်ကြောင်း ဥက္ကံမြို့ခံမှ M-Media အား ပြောကြားလာပါသည်။

မတ်လ ၂၉၊ ၂၀၁၃
ဥက္ကံ ။ ။ ဥက္ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ည တရားပွဲအပြီးတွင် ဖျက်ဆီးမည်ဟု သတင်းထွက်ပေါ်လာသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်နေ့ပြီး မွတ်စလင်မ်တချို့
မှာ ရှောင်ပြေးနေကြောင်းသတင်းရရှိသည်။ ဥက္ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား-----------------

ရိုးရာအနုပညာရှင်များအတွက် အမြင့်ဆုံးဆုဖြစ်သည့် “Prince Claus Award”ကို လူရွှင်တော်ဇာဂနာ ရရှိ

ရိုးရာအနုပညာရှင်များအတွက် အမြင့်ဆုံးဆုဖြစ်သည့် “Prince Claus Award”ကို လူရွှင်တော်ဇာဂနာ ရရှိ
Friday, March 29, 2013

နိုင်ငံတကာမှ ရိုးရာအနုပညာရှင်များအတွက်သတ်မှတ်ကာဆုချီးမြှင့်သည့် “Prince Claus Award”ဆုကို  မြန်မာနိုင်ငံမှ လူရွှင်တော်ဇာဂနာမှ ရရှိပြီးမတ်
လ ၂၇ ရက်နေ့တွင်ကျင်းပသော မြပုဏ္ဏမာအငြိမ့်ပွဲတွင် နယ်သာလန်နိုင်ငံ Prince Claus Award ဆုချီးမြှင့်ရေးအဖွဲ့မှ လာရောက် ပေးအပ်ခဲ့သည်။

“Prince Claus Award ဆိုတာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေထဲကမှ မိမိတို့နိုင်ငံရဲ့  ရိုးရာအမွေအနှစ် အနုပညာတွေကို ကမ္ဘာက သိ အောင် ဖော်
ထုတ်ပေးတဲ့ သူတွေကို အဓိကထားပြီး ပေးအပ်တဲ့ဆုပါ။ Prince Claus Award ရဲ့ ရည်ရွယ်ချက်ကိုက ရိုးရာအနုပညာ အမွေ အနှစ်တွေကို ထိန်း
သိမ်းပြီး တိုးတက်အောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်”ဟု Prince Claus Award ဆုချီးမြှင့်ရေးအဖွဲ့မှ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

“ကျွန်တော် ဒီဆုကို လက်ခံရရှိတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒီPrince Claus Awardဆုက နိုင်ငံတကာမှာရှိတဲ့ ရိုးရာအနုပညာရှင်
တွေအတွက် ပေးအပ်တဲ့ အမြင့်ဆုံးဆုပဲ ဖြစ်ပါတယ်။ ဒီPrince Claus Awardဆုကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး ရရှိခဲ့တာကတော့ ကဗျာဆရာ
ကြီး တင်မိုး ဖြစ်ပါတယ်။ 

သူဟာ အမေရိကန်နိုင်ငံမှာ နေထိုင်ရင်း ဒီဆုကို ရရှိခဲ့တာပါ။ ကျွန်တော်လည်း ဒီရိုးရာအနုပညာရှင်တွေအတွက် အမြင့်ဆုံး
ဖြစ်တဲ့ Prince Claus Awardကို မြန်မာနိုင်ငံသားတစ်ယောက် 
အနေနဲ့ရရှိတဲ့အတွက် အရမ်းကိုဂုဏ်ယူပါတယ်”ဟု လူရွှင်တော် ဇာဂနာက ပြောကြားသည်။

“ဇာဂနာကို ဒီရိုးရာအနုပညာရှင်ဆုကို ပေးရတာကတော့ ဇာဂနာက အမြဲတမ်း အမှန်တရားတွေကို ရယ်စရာဟာသတွေနဲ့ ပြောတယ်။ သူရဲ့  ဟာသတွေက လူတွေကို ရယ်မောစေတယ်။  တွေးစရာတွေ ပေးတယ်။ သူပြောတဲ့ ဟာသတွေကို လူတွေ အမြဲတမ်းမှတ်မိနေအောင် လုပ်နိုင် တယ်”ဟု နယ်သာလန်နိုင်ငံမှ  ဆုချီးမြှင့်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်
ဦးက ပြောကြားသည်။

Prince Claus Awardဆုကိုနယ်သာလန်နိုင်ငံမှ နှစ်စဉ် ဆုချီးမြှင့်ခြင်းဖြစ်
ပြီး ရိုးရာအနုပညာနှင့် သတ်ဆိုင်သော နယ်ပယ် ၁၁ ခု မှ ထူးချွန်သူ များကို ပေးအပ်လေ့ရှိသော အမြင့်ဆုံးဆု တစ်ခုဖြစ်ကြောင်း သိရသည်။

ဆုဝေ
The Myanma Age
ွှ

Friday, March 29, 2013

နိုင်ငံတကာမှ ရိုးရာအနုပညာရှင်များအတွက်သတ်မှ်ကာဆုချီးမြှင့်သည့် “Prince Claus Award”ဆုကို မြန်မာနိုင်ငံမှ လူရွှင်တော်ဇာဂနာမှ ရရှိပြီးမတ် လ ၂၇ ရက်နေ့တွင်ကျင်းပသော မြပုဏ္ဏမာအငြိမ့်ပွဲတွင် နယ်သာလန်နိုင်ငံ Prince Claus Award ဆုချီးမြှင့်ရေးအဖွဲ့မှ လာရောက် ပေးအပ်ခဲ့သည်။

ဘာသာရေးလူမျိုးရေး မခွဲခြားမှုမရှိသော လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်စကား

“ကျွန်တော်တို့ တိုင်းပြည်မှာ အလောင်းဘုရားလက်ထက်ကတည်းက မူဆလင်တွေ ရှိတယ်၊ ဘရင်ဂျီတွေရှိတယ်၊ အစတုန်းကရှိလာကြတဲ့ နတ်ကိုးကွယ်တဲ့ တောင်တန်းသားတွေ ရှိတယ်၊ အဲသည် တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်တုန်းက အချို့ခရစ်ယန်တွေဖြစ်ပြီး၊ အရိုးစွဲနေကြတာရှိတယ်။ သူတို့တတွေဟာ အားလုံး နိုင်ငံသားတွေဘဲ၊ တိုင်းပြည်ကို ကျွန်တွင်းကလွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည့် မဟုတ်ဘူး၊ သူတို့တတွေပါကြတယ်။

ယခုကျွန်တွင်းက လွတ်မည် မကြံသေးဘူး၊ သူတို့တတွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့ လူများစုရဲ့ ဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရမည်လို့ လုပ်လိုက်လျင် ကျွန်တော်တို့ဟာ ခွေးလောက်တောင် သောက်သုံး မကျတဲ့ အကောင်တွေ ဖြစ်သွား ကြမှာပါဆရာ။ တိုင်းပြည်ကို တိုင်းပြည်ရေးလို တွေးစမ်းပါ၊ ဘာသာရေးတွေ ဘာတွေ ညာတွေ လုပ်မနေစမ်းပါနှင့် ကျွန်တော်တို့ဟာ တိုင်းပြည်တခုလုံး စည်းလုံးကြဘို့လိုတယ်။”

(ဗိုလ်ချုပ်အောင်ဆန်း)

ဘာသာရေး ကိုင်းရှိုင်းသော ဒီးဒုတ်ဦးဘချိုမှ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဌာန်းဖို့ ပြောရာတွင် ဗိုလ်ချုပ်အောင်ဆန်းမှ အထက်ပါ စကားကို ပြောခဲ့ပါသည်။

ကိုးကား။ ဒီးဒုတ်ဂျာနယ် အတွဲ ၂၁ နံပါတ်၇/၄ သြဂုတ် ၁၉၄၇ စာ ၂၁။

“ကျွန်တော်တို့ တိုင်းပြည်မှာ အလောင်းဘုရားလက်ထက်ကတည်းက မူဆလင်တွေ ရှိတယ်၊ ဘရင်ဂျီတွေရှိတယ်၊ အစတုန်းကရှိလာကြတဲ့ နတ်ကိုးကွယ်တဲ့ တောင်တန်းသားတွေ ရှိတယ်၊ အဲသည် တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်တုန်းက အချို့ခရစ်ယန်တွေဖြစ်ပြီး၊ အရိုးစွဲနေကြတာရှိတယ်။

စိမ်းပြာရောင်ကမ်းခြေ- Navagio beach

စိမ်းပြာရောင်ကမ်းခြေ- Navagio beach

ပန်းချီကားမဟုတ်ပါဘူး။ အပြင်မှာ တကယ်ရှိပါတယ်။ ဂရိနိုင်ငံ အနောက် ပိုင်း Zakynthos ကျွန်းမှာ တည်ရှိတဲ့ ကမ်းခြေတစ်ခု ဖြစ်ပြီး Navagio လို့ခေါ် ပါတယ်။ 

ပုံမှာမြင်တွေ့ရတဲ့အတိုင်း ကျောက်ကမ်းပါးများ ဝန်းရံထားတဲ့ ရေပြင်ဟာ သီးသန့် နီးပါးခွဲထွက်ပြီး စိမ်းပြာရောင် ရေပြင်လို ဖြစ်နေပါတယ်။ အမှန်တော့ ကမ်းခြေပတ်လည်အနီး ရေအောက် ကြမ်းပြင်မှာ အရောင်လက် ကျောက်စရစ်ခဲ များရှိနေပြီး ကောင်းကင်အပြာရောင် ရောင်ပြန်ဟက် ရောစပ် သွားမှု ဖြစ်ပြီး နေရောင်ခြည်ထိုးဖောက်လိုက်တော့ စိမ်းပြာရောင်လို အရောင်ထွက်စေ ပါတယ်။ 

ချောက်ကမ်းပါးများဝမ်းရံပြီး အတွင်းမှာ ရေဂူပေါင်းမြောက်များစွာရှိပါတယ်။ အထဲတွေကိုတော့ စက်လှေငယ်တွေနဲ့ပဲ သွားလာလို့ ရပါတယ်။ Zakynthos ကျွန်းမြို့ နဲ့ သိပ်မဝေးနဲ့နေရာမှာ တည်ရှိတဲ့အတွက် လာရောက် လည်ပတ်သူလည်း များပြားပါတယ်။ Navagio ကမ်းခြေဟာ Ionian ပင်လယ်တွင်းက အလှပ ဆုံး နေရာအဖြစ် အသတ်မှတ်ခံထားရတဲ့ ကမ်းခြေ ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: wiki
ရိုးရာလေး

ပန်းချီကားမဟုတ်ပါဘူး။အပြင်မှာ တကယ်ရှိပါတယ်။ ဂရိနိုင်ငံ အနောက် ပိုင်း Zakynthos ကျွန်းမှာ တည်ရှိတဲ့ ကမ်းခြေတစ်ခုဖြစ်ပြီးNavagioလို့ခေါ်ပါတယ်။ပုံမှာမြင်တွေ့ရတဲ့အတိုင်းကျောက်ကမ်းပါးများ ဝန်းရံထားတဲ့
ရေပြင်ဟာ သီးသန့် နီးပါးခွဲထွက်ပြီး စိမ်းပြာရောင် ရေပြင်လို ဖြစ်နေပါတယ်။

အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက မြန်မာမွတ်စလင်တို့အား အကြမ်းဖက် တိုက်ခိုက်ခြင်းအပေါ် ဘင်္ဂလားဒေ့ရှ် ဟိန္ဒူ ပါရီရှဒ်အဖွဲ့ချုပ် အပြင်းအထန် ရှုတ်ချ

အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက မြန်မာမွတ်စလင်တို့အား အကြမ်းဖက် တိုက်ခိုက်ခြင်းအပေါ် ဘင်္ဂလားဒေ့ရှ် ဟိန္ဒူ ပါရီရှဒ်အဖွဲ့ချုပ် အပြင်းအထန် ရှုတ်ချ
=========================
March 29, 2013
 
မြန်မာနိုင်ငံတွင် အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက မြန်မာမွတ်စလင်တို့အား အကြမ်းဖက်တိုက်ခိုက်ခြင်းအပေါ် လွန်စွာ ဒေါသဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဟိန္ဒူ ပါရီရှဒ်အဖွဲ့ချုပ် (Bangladesh Hindu Parishad) က ယမန်နေ့က ထုတ်ဖော်ပြောကြားလိုက်ပြီး ထိုသို့ အကြမ်းဖက်မှုကို အပြင်းအထန် ရှုတ်ချကြောင်းလည်း ပြောသည်။
 
ပါရီရှဒ်အဖွဲ့ချုပ်၏ ကြေငြာချက်၌ “မည်သည့်အကြမ်းဖက်မှုမျိုးကိုမှ မထောက်ခံကြောင်းနှင့် အချင်းချင်း ချစ်ကြည်ညီညွတ်မှုကိုသာ ယုံကြည်ကြောင်း၊ မြန်မာပြည်ရှိ မွတ်စလင်များအပေါ် စဉ်ဆက်မပြတ် အကြမ်းဖက်တိုက်ခိုက်နေမှုများကို အပြီးတိုင် အဆုံးသတ်ရမည် ဖြစ်ကြောင်း”လည်း ပါရီရှဒ်အဖွဲ့ချုပ်က ကြေငြာသည်။
 
“ကျနော်တို့ တိုင်းပြည်အတွင်း မတူကွဲပြားသော ဘာသာဝင်များအကြား ချစ်ကြည်ညီညွတ်မှုကို ယုံကြည်သကဲ့သို့ အခြားသော တိုင်းပြည်များ၌လည်း အလားတူ ချစ်ကြည်ညီညွတ်မှုမျိုးကို မျှော်လင့်သည်”ဟု ပါရီရှဒ်အဖွဲ့ချုပ်က ထပ်လောင်း ပြောကြားသည်။ ဘင်္ဂလားဒေ့ရှ် (Bangladesh) နိုင်ငံတွင်လည်း အလားတူဖြစ်ရပ်မျိုး မကြာသေးမီက ဖြစ်ပွါးခဲ့သည်ကိုလည်း ထောက်ပြ၍ ထိုသို့ ထပ်မံ မဖြစ်ပွါးမှုကို မျှော်လင့်ကြောင်း ဆိုသည်။
 
မြန်မာမွတ်စလင်များအား အကြမ်းဖက်တိုက်ခိုက်ခြင်းကို ရပ်တန့်ရန်နှင့် ဆုံးရှုံးနစ်နာမှုများ အားလုံးအတွက် လျော်ကြေးပေးရန် ပါရီရှဒ်အဖွဲ့ချုပ်က တောင်းဆိုလိုက်သည်။

 MMV
ကိုးကား – The Daily Star

March 29, 2013
မြန်မာနိုင်ငံတွင် အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက မြန်မာမွတ်စလင်တို့အား အကြမ်းဖက်တိုက်ခိုက်ခြင်းအပေါ် လွန်စွာ ဒေါသဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဟိန္ဒူ ပါရီရှဒ်အဖွဲ့ချုပ် (Bangladesh Hindu Parishad) က ယမန်နေ့က ထုတ်ဖော်ပြောကြားလိုက်ပြီး ထိုသို့ အကြမ်းဖက်မှုကို အပြင်းအထန် ရှုတ်ချကြောင်းလည်း ပြောသည်။

မလေးရှားနိုင်ငံရောက်၊ မြန်မာမွတ်စလင်မ်များမှဦးဆောင်ပြီး အကြမ်းဖက်သတ်ဖြတ်မှုမျာ ဆက်တိုက် ဆက်တိုက်ဖြစ်ပွားနေခြင်း ကိုဥပဒေဆိုးမိုးမှုဖြင့် ရပ်တန့်ထိန်းသိမ်းပေးရန်အတွက် တောင်းဆိုဆန္ဒပြ

၂၉၊မတ်လ၊၂၀၁၃ ယနေ့မွန်းလွဲး (၂း၀၀)နာရီတွင် မလေးရှားနိုင်ငံရောက်၊ မြန်မာမွတ်စလင်မ်များမှဦးဆောင်ပြီး မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူရ်မြို့၊ တန်ပုံဟာဂျီရှေ့တွင်လူ(၂၀၀)ကျော်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါဆန္ဒပြခြင်းရဲ့ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် မင်းမဲ့စရိက်ဆန်စွာ အကြမ်းဖက်သတ်ဖြတ်မှုမျာ ဆက်တိုက် ဆက်တိုက်ဖြစ်ပွားနေခြင်း ကိုဥပဒေဆိုးမိုးမှုဖြင့် ရပ်တန့်ထိန်းသိမ်းပေးရန်အတွက် တောင်းဆိုဆန္ဒပြခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများက တောင်းဆိုချက်(၅)ချက်ကို တောင်းဆိုခဲ့ပါတယ်။ အဆိုပါတောင်းဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်တယ်။
(၁) တောင်ကုပ်တွင် အပြစ်မဲ့မြန်မာမွတ်စလင်မ် ဆယ်ဦအား ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်မှုကို အမြန်ဆုံးအရေးယူပေးရေး။
(၂) ရခိုင်ပြည်နယ်၊ ရိုဟင်ဂျာအရေးခင်းကို ဖန်တီးလှုံဆော်ပေးခဲ့သော တရားခံများအား အမည်နာမများဖြင့် မီဒီရာများမှတဆင့်ကြေငြာပေးရေး။
(၃) မိတ္ထီလာမှစတင်ခဲ့သေား အရေးအခင်းကို တပြည်လုံးမကူစက်အောင် တားဆီးကာကွယ်ပေးရေး။
(၄) ၂၁၊၃၊၂၀၁၃ရက်နေတွင် မိတ္ထီလာမှ ဟာဖစ်ကျောင်းသား (၂၈)ဦးနှင့် ဆရာလေးဦးအား အကြမ်းဖက်ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်သများအုပ်စုအား အမြန်ဆုံးဖေါ်ထုတ်အရေးယူ ဆောင်ရွက်ပေးရေး။
(၅)မြန်မာမွတ်စလင်မ်များ၏ အသက်အိုးအိမ်နှင့် ဘ၀လုံခြုံမှုရရှိရေး။
ဖော်ပြပါတောင်းဆိုချက်ငါးချက်အား အမြန်ဆုံးဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပေးမှု အကောင်အထည်မပေါ်သေးမျှ ယခုကဲ့သို့ တောင်ဆိုဆန္ဒပြနေအုန်းမည်ဟု ဖော်ပြပါရှိပါသည်။

၂၉၊မတ်လ၊၂၀၁၃ယနေ့မွန်းလွဲး (၂း၀၀)နာရီတွင် မလေးရှားနိုင်ငံရောက်၊ မြန်မာမွတ်စလင်မ်များမှဦးဆောင်ပြီး မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူရ်မြို့၊ တန်ပုံဟာဂျီရှေ့တွင်လူ(၂၀၀)ကျော်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါဆန္ဒပြခြင်းရဲ့ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် မင်းမဲ့စရိက်ဆန်စွာ အကြမ်းဖက်သတ်ဖြတ်မှုမျာ ဆက်တိုက်ဆက်တိုက်ဖြစ်ပွားနေခြင်းကိုဥပဒေဆိုးမိုးမှုဖြင့် ရပ်တန့်ထိန်းသိမ်းပေးရန်အတွက် တောင်းဆို
ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

" သမိုင်းနဲ့သွေး အတွက်ရတဲ့ အလေး " ဒို့မြန်မာမူဆလင်တွေရဲ့ ရင်ထဲက ခံယူထားတဲ့ စိတ်ဓါတ် (ကဗျာ)

"  သမိုင်းနဲ့သွေး အတွက်ရတဲ့ အလေး " ဒို့မြန်မာမူဆလင်တွေရဲ့ ရင်ထဲက ခံယူထားတဲ့ စိတ်ဓါတ်...

မြန်မာမွတ်စလင်မ်…..
လူ့အညွှန့်တုံးဘဝကိုပျက်
ယဉ်ကျေးမှုနာစေတဲ့
အရက်ဆိုင်ဖွင့်စီးပွါးမရှာ

မြန်မာမွတ်စလင်မ်
စာရိတ္တပျက် နိုင်ငံသိက္ခာကျ
အရှက်ရစေတဲ့
ဇိမ်ခန်းဖွင့် စီးပွားမရှာ

မြန်မာမွတ်စလင်မ်
စီးပွားပျက် အကြွေးနွံ့နစ်
ဘဝတုံးစေတဲ့
အပေါင်ငွေတိုးစီးပွါးမရှာ

မြန်မာမွတ်စလင်မ်
တိုင်းပြည်သစ္စာဖောက်
အကျိုးယုတ်စေတဲ့
ယုတ်ညံ့အလုပ်ဘယ်မလုပ်

မြန်မာမွတ်စလင်မ်
အမျိုးကောင်းသမီးကို တိုင်းတစ်ပါး
ရောင်းစားစီးပွါးမရှာ

မြန်မာမွတ်စလင်မ်
ခေတ်အဆက်ဆက် ပြည့်အရေး
ရှေ့ဆုံးကနေ ဇီဝိန်ပေး စတေး

သမိုင်းအစဉ်အလာကောင်း
မြန်မာမွတ်စလင်မ်တို့

ဒီနေ့ ….
ဒီမြေမှာမွေး ဒီပြည်မှာကြီးပြီး
ဒီနိုင်ငံသားအဖြစ် အရာမသွင်းချင် …
ထစ်ခနဲဆိုေ-ာက်ကုလားလို့
ခွဲခြား……

မြေအတွက်သမိုင်းနဲ့သွေးပေးခဲ့လို့
အသိအမှတ်ပြုနေတာလားနောင်တော်တို့။

မြန်မာမွတ်စလင်မ်…..
လူ့အညွှန့်တုံးဘဝကိုပျက်
ယဉ်ကျေးမှုနာစေတဲ့
အရက်ဆိုင်ဖွင့်စီးပွါးမရှာ

မြန်မာမွတ်စလင်မ်
စာရိတ္တပျက် နိုင်ငံသိက္ခာကျ
အရှက်ရစေတဲ့
ဇိမ်ခန်းဖွင့် စီးပွားမရှာ

လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်မှု တရားခံ ဖော်ထုတ်ပေးရေး ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်မှု တရားခံ ဖော်ထုတ်ပေးရေး ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှုနှင့် စပ်လျဉ်းပြီး အကြမ်းဖက်မှု တရားခံ ဖော်ထုတ်ပေးရေး ဆန္ဒထုတ်ဖော်မှုကို သက်ဆိုင်ရာ သံဃာ အဖွဲ့အစည်းနှင့် အရပ်ဖက် လူ့ အဖွဲ့အစည်း အချို့၏ ဆန္ဒ ထုတ်ဖော်မှုကို မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်က ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ကိုဝေဠု ကိုမိုးသွေး၊ ကိုဝေမှူးသွင်နှင့် ဦးဝိမလတို့ အပါအ၀င် သံဃာတော် ၁၀ ပါးခန့်နှင့် လူပုဂ္ဂိုလ် ၁၀၀ ၀န်းကျင်က ပါဝင် ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သိရသည်။

လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှုနှင့် စပ်လျဉ်းပြီး အကြမ်းဖက်မှု တရားခံ ဖော်
ထုတ်ပေးရေး ဆန္ဒထုတ်ဖော်မှုကို သက်ဆိုင်ရာ သံဃာ အဖွဲ့အစည်းနှင့် အရပ်ဖက် လူ့ အဖွဲ့အစည်း အချို့
၏ ဆန္ဒ ထုတ်ဖော်မှုကို မတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်က ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီး၌ ပြုလုပ်
ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့သို့ရောက်ရှိနေသော ကမ္ဘာကျော်ဂီတ အဖွဲ့ မိုက်ကယ်လန်းတူရော့ခ် အဖွဲ့သည် ယနေ့ ညနေ ၅နာရီက ဆီဒိုးနားဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်

ရန်ကုန်မြို့သို့ ယနေ့(မတ် ၂၉) နံနက်က ရောက်ရှိလာသော ကမ္ဘာကျော်ဂီတ အဖွဲ့ မိုက်ကယ်လန်းတူရော့ခ် အဖွဲ့သည် ယနေ့ ညနေ ၅နာရီက ဆီဒိုးနားဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ 
သူတို့၏ နာမည်ကျော်သီချင်းများကို မြန်မာမှုပြုပြန်လည်သီဆိုထားသည်ကို သိရပြီး ထိုအတွက် ဂုဏ်ယူဝမ်းသာမိကြောင်း ပြောကြားခဲ့ကာ မတ်လ ၃၁ ရက်တွင် ပြည်သူ့ရင်ပြင်တွင် ကျင်းပမည့် ဖျော်ဖြေပွဲတွင် သူတို့ ၏ အောင်မြင်ကျော်ကြားသော သီချင်းများအပါအ၀င် အပုဒ် ၂၀ကျော်သီဆိုသွားမည်ဟု မှန်းထားကြောင်း ပြောကြားခဲ့သည်။ 
ဓာတ်ပုံ - ကျော်ဇင်သန်း

ရန်ကုန်မြို့သို့ ယနေ့(မတ် ၂၉) နံနက်က ရောက်ရှိလာသော ကမ္ဘာကျော်ဂီတ အဖွဲ့ မိုက်ကယ်လန်းတူရော့ခ် အဖွဲ့သည် ယနေ့ ညနေ ၅နာရီက ဆီဒိုးနားဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဥာဏ်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့(၂၉.၃.၂၀၁၂)ရက်၊ နေ့လည် (၂)နာရီမှ (၃း၃၀)နာရီထိသွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဘယ်သူက အိမ်ရှင်လဲ

ဘယ်သူက အိမ်ရှင်လဲ
ဌေးလွင်ဦး

အခုတစ်လော ရေပန်းစားလာတဲ့ စကားတစ်ခွန်းက “မွတ်စလင်တွေကလည်း လိမ်လိမ်မာမာ (ပါးပါးနပ်နပ်) နေ ပေါ့၊ အိမ်ရှင်နဲ့ သင့်မြတ်အောင်ပေါင်းပေါ့၊” ဆိုတဲ့ စကားပါပဲ။ ဒီစကားကို အသည်းယားနေတာ ကြာပါပြီ။ ပြောရမှာ များလွန်းလို့ စကားမကြုံနိုင် အလှည့်မရောက်နိုင် ဖြစ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနေ့က ကျွန် တော့ မိတ်ဆွေ ဘုန်းကြီးတစ်ပါး ဖုံးဆက်လာတယ်၊ “ဒကာလည်း အတော်လှုပ်ရှားနေတယ် ဆို၊- အေး ဒါတွေ က အစိုးရလှည့်ကွက်တွေပါ၊ ဒီကောင်တွေကတော့ ဒီလိုပဲ အကွက်မျိုးစုံ လုပ်နေမှာပဲ၊ ကိုယ်တွေက သိနေဘို့ လိုတယ်။ မွတ်စလင်တွေကလည်း လိမ်လိမ်မာမာနဲ့ အိမ်ရှင်နဲ့ သင့်မြတ်အောင် အလိုက်သင့်နေတတ်ဘို့ လိုတယ်၊” ဆိုပြီး ပြောလာပြန်ပါတယ်။” ဦဇင်းနဲ့ ကျွန်တော် ပုဂ္ဂိုလ်ရေး အလွန်ရင်းနှီးနေတဲ့ အတွက် ရည်ရွယ် ချက် အဆိုးနဲ့ ပြောတာမဟုတ်ဘူး ဆိုတာ ကျွန်တော်သိနေပါတယ်။ သူ့ခမြာ သူအတွေးရှိသလောက်၊ သူ့ဗဟု သုတ အလျှောက် ကောင်းရာကောင်းကြောင်း ပြောမှန်းလည်း ကျွန်တော် သိနေပါတယ်။ ဒါပေမယ့်-- ဒီစကား က အတော်လေး မှားယွင်းနေတဲ့ စကားဖြစ်နေတော့- ကျွန်တော်လည်း ရေရှည် မြုံမနေသင့်ဘူး ထင်တာနဲ့--

“နေဦး နေဦး ဦးဇင်း၊ ဦးဇင်းပြောတာက မွတ်စလင်တွေက ဧည့်သည်သဘောလား၊ ဒါမှမဟုတ် ကုလားတွေက ဧည့်သည်တွေလား၊” ဆိုတော့ သူနားထောင်နေပါတယ်။ “ကုလားနဲ့ ဗမာ မြန်မာပြည်ကို ဘယ်သူက အရင် ရောက် တာလဲ။ ဦးဇင်း လေ့လာသင့်တယ်။ လက်ရှိမြန်မာစာအဖြစ် ရေးသား ပြောဆိုနေတဲ့ မြန်မာစာ ကိုယ်က ကုလားစာ (ဗြမီ)က ဆင့်ပွားထားတာ ဖြစ်တယ်။ ဗြမီ၊ ပျူ၊ မွန်၊ မြန်မာ အဆင့်ဆင့် ဖြစ်လာတဲ့စာပါ။ မြန်မာရဲ့ အစလူမျိုးတွေဟာ ဗြမီ စာပေကို သုံးတဲ့ (အိန္ဒိယ)သားတွေ ဖြစ်တယ် ဆိုတာ ဖုံးကွယ်ထားလို့ မရနိုင်ဘူး။ ပျူ တွေက အိန္ဒိယပြည်မှာ ပညာတော်သင်တွေလွှတ်ပြီး ဗြမီစာပေ အက္ခရာကို မြန်မာထဲ ယူခဲ့တာ မဟုတ်ဘူး။ ဒါ ကြောင့် မြန်မာပြည်ထဲကို ၀င်လာတဲ့ အိန္ဒိယ မျိုးနွယ်နဲ့ တရုတ်မျိုးနွယ် နှစ်ခုမှာ အိန္ဒိယမျိုးနွယ်တွေက အရင် အဦး ဖြစ်တယ်-- ဆိုတာ သေချာအောင် လေ့လာပါ။

အင်္ဂလိပ်ခေတ်က ရောက်လာတဲ့ အိန္ဒိယတိုက်သား နှစ်ယောက် တစ်ပိုင်းကို အကြောင်းပြပြီး ကုလားတွေက အခုမှ ရောက်လာတာ ဘာညာ လျှောက်ပြောမနေပါနဲ့၊ ကုလားထက် နောက်ကျပြီး တရုတ်တွေ ဒီနေ့ထိ လာ နေဆဲ ဖြစ်တယ် ဗမာထဲကို ၀င်ရောနေဆဲ ဖြစ်တယ် ဆိုတာကိုလည်း မမေ့ထားသင့်ဘူး။ မြန်မာပြည် ဆိုတဲ့ နေရာဒေသကို အိန္ဒိယမျိုးနွယ်နဲ့ တရုတ်မျိုးနွယ်တွေဟာ ခေတ်အဆက်ဆက် ၀င်လာနေလာနေခဲ့တယ်။ အစဉ် အဆက် တွက်ကြည့်ရင် ကုလားက ရှေ့ကျတာချည်းပဲ။ ဒီလိုဆိုရင် ဘယ်သူက ဧည့်သည်လဲ၊ ဘယ်သူက အိမ်ရှင်လည်း သိနိုင်ပါတယ်။

ဘာသာတရား အရကြည့်ရင်လည်း-- ဘာသာတရား ဆိုတာ အယူဝါဒ ဖြစ်တယ်။ အရည်းကြီး-၀ါဒကို မကြိုက် လို့ မြန်မာဘုရင်တွေက ထေရ၀ါဒ ဗုဒ္ဓ၀ါဒနဲ့ အစားထိုးခဲ့တယ်။ ဒါဟာ အယူဝါဒပါ။ အစ္စလာမ်၊ ခရစ်ယာန် ဆိုတာ လည်း ဒီအတိုင်းပဲ အယူဝါဒများ ဖြစ်တယ်။ အယူဝါဒမှ အိမ်ရှင် ဧည့်သည် ဆိုတာ မရှိဘူး။ အဲ့လို ပြောကြစတမ်း ဆို အစ္စလာမ်ဝါဒ ထက်နောက်အများကြီးကျတဲ့ ဆိုရှယ်လစ် ကွန်မြူနစ်ဝါဒ မြန်မာကို ရောက်လာတယ်၊ ဧည့် သည် ဆိုပြီး မောင်းမထုတ်ခဲ့ဘူး။ အခု ဒီမိုကရေစီ ၀ါဒရယ်လို့ ရောက်လာတယ်- ဧည့်သည် ဆိုပြီး မောင်းမ ထုတ်ခဲ့ဘူး။- လူ့အခွင့်အရေး ဆိုတဲ့ ခေါင်းစီး ရောက်လာတယ်၊ မြန်မာနိုင်ငံရေးသမားတွေ ထောင်ကျနေစဉ် ကတော့ မြန်မာပြည်မှာ အလွန်နားဝင်ချိုတဲ့ ၀ါဒဖြစ်ပြီး- စစ်အစိုးရကလွဲ ကျန်သူအားလုံး မြတ်မြတ်နိုးနိုး လက်ခံ ခဲ့တယ်- ဧည့်သည်ဆိုပြီး မောင်းမထုတ်ခဲ့ဘူး။

အခု မွတ်စလင်တွေကို ဧည့်သည် ဆိုပြီး ခေါင်းစီးတပ်၊ အနိုင်ကျင့်တဲ့ အချိန်မှ လူ့အခွင့်အရေး ဆိုတာလည်း မလိုချင်တဲ့ ဧည့်သည် ဖြစ်သွားရော့လား။-- သမိုင်းကို လိုက်ရင် အစအဆုံး လိုက်သင့်ပါတယ်။ ကက်ဆက်က သီးချင်းဖွင့်သလို ကိုယ်လိုချင်တဲ့ သီချင်းကိုပဲ နောက်ပြန်လှည့် ပြန်ဖွင့်နေတာ သမိုင်း မဟုတ်ပါ။ ရခိုင်သမိုင်း၊ မြန်မာ သမိုင်း ဟိုးအစ-ထိ လိုက်နိုင်သမျှ လိုက်ပါ။ အဲ့တော့မှ အိမ်ရှင် ဧည့်သည် ကွဲပြားသွားပါမယ်။--- အစိုးရ က အကွက်ဆင် လှည့်ပတ်နေတယ် ဆိုတာကိုယ်လည်း ကျွန်တော် မငြင်းဘူး၊ ဒါပေမယ့် ဦးဇင်းတို့လို သာသနာ့ ၀န်ဆောင် လူထုရှေ့ဆောင် ပုဂ္ဂိုလ်တွေမှာလည်း သိသင့်တာကို အမှန်သိထားသင့်ပါတယ်။” ဆိုပြီး ဆက်တိုက် ပြောချလိုက်ပါတယ်။

ဦးဇင်းကလည်း-- “အေးပါ။ အေးပါ။ ဘာဖြစ်ဖြစ် ဒီအထဲမှာတော့ ဒို့ မပါဘူး၊ ဒို့ကတော့ အေးအေးပဲ နေလိုတယ်၊ လူဟာ လူပဲ လို့ မြင်တယ်၊- အားလုံး အေးသွားရင် ပိုကောင်းတာပေါ့၊” ဆိုပြီး စကားပြတ်သွားပါတော့တယ်။

ဌေးလွင်ဦး

အခုတစ်လောရေပန်းစားလာတဲ့စကားတစ်ခွန်းက“မွတ်စလင်တွေကလည်းလိမ်လိမ်မာမာ (ပါးပါးနပ်နပ်)
နေပေါ့၊အိမ်ရှင်နဲ့သင့်မြတ်အောင်ပေါင်းပေါ့၊”ဆိုတဲ့စကားပါပဲ။ဒီစကားကိုအသည်းယားနေတာကြာပါပြီ။ ပြော
ရမှာများလွန်းလို့စကားမကြုံနိုင် အလှည့်မရောက်နိုင် ဖြစ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနေ့က ကျွန် တော့ မိတ်ဆွေ ဘုန်းကြီးတစ်ပါး ဖုံးဆက်လာတယ်၊ “ဒကာလည်း အတော်လှုပ်ရှားနေတယ် ဆို၊- အေး ဒါတွေ က အစိုးရလှည့်ကွက်တွေပါ၊ ဒီကောင်တွေကတော့ ဒီလိုပဲ အကွက်မျိုးစုံ လုပ်နေမှာပဲ၊ ကိုယ်တွေက သိနေဘို့ လိုတယ်။ မွတ်စလင်တွေကလည်း လိမ်လိမ်မာမာနဲ့ အိမ်ရှင်နဲ့ သင့်မြတ်အောင် အလိုက်သင့်နေတတ်ဘို့ လိုတယ်၊” ဆိုပြီး ပြောလာပြန်ပါတယ်။

နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်

''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်း
အဝေးတွင် ပြောကြားခဲ့သည်။

ဘာသာရေး အစွန်းရောက်အဖွဲ့တွေရဲ့ လာရောက်ဟောပြောမှု တွေဖြစ်ပွားပြီး တဲ့နောက် ဆူပူအကြမ်းဖက်မှုတွေ ဖြစ်လာရတယ်လို့ ပဲခူး တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ရဲအရာရှိ တဦးက ပြောကြား

ဆောင်းပါး
အကြမ်းဖက်မှု ၉၆၉ နဲ့ ဆက်နွယ်နေသလား
သာလွန်ဇောင်းထက်
                                                                                              
မိတ္ထီလာဖြစ်စဉ်အပြီး မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနဲ့ ပဲခူတိုင်းဒေသကြီးအတွင်းက အကြမ်းဖက်ဖြစ်စဉ် တွေနဲ့ ပတ်သက်ပြီး လူ ၆၈ ဦးကို ဖမ်းဆီးစစ်ဆေးထားကြောင်း၊ မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် လူ ၄၂ ဦးသေဆုံးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
 
မိတ္ထီလာမြို့ ရွှေဆိုင်အရောင်းအ၀ယ်မှ စတင်ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေးနဲ့ လူမျိုးရေးပုံစံ အဓိကရုဏ်းတွေ ပဲခူးတိုင်းဒေသကြီးကိုပါ ဆူပူအကြမ်းဖက်မှုတွေ ကူးစက်လာပါတယ်။
 
ပဲခူးတိုင်းဒေသကြီး အိုးသည်ကုန်းမြို့မှာ ဘာသာရေး အစွန်းရောက်အဖွဲ့တွေရဲ့ လာရောက်ဟောပြောမှုတွေဖြစ်ပွားပြီး တဲ့နောက်မှာ အဲဒီဒေသတွင်းမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ရဲအရာရှိ တဦးက ပြောပါတယ်။
 
ဆူပူအကြမ်းဖက်မှုတွေ မစတင်ခင်မှာ စာရွက်ဖြန့်ဝေမှုတွေ၊ အစ္စလမ်ဘာသာဝင်တွေရဲ့ ပိုင်ဆိုင်မှု အိုးအိမ်ဆိုင်ခန်းတွေနဲ့ ဗလီတွေဖျက်ဆီးပြီးတဲ့အခါမှာ ချန်ထားရစ်ခဲ့တဲ့  အမှတ်အသား တံဆိပ်တွေအရ ဘာသာရေး အစွန်းရောက်တွေ ပါဝင်နေတယ်လို့ သိရပါတယ်။
 
ဘာသာရေးအစွန်းရောက်လို့ ဆိုတဲ့နေရာမှာ ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်နေတဲ့ အမှတ်အသားတွေ တွေ့နေရတယ်လို့ ပဲခူးတိုင်း ဒေသခံတွေက ဆိုပါတယ်။
 
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်မှ တွဲဘက်အတွင်းရေးမှူး ဦးမင်းသူရက ဆူပူအကြမ်းဖက်မှုတွေ မဖြစ်ပွားမီက ၉၆၉ အမှတ်တံဆိပ်ပါ စာရွက်စတစ်ကာတွေ၊ ဘာသာခြား ဆန့်ကျင်ရေး အဓိက ဦးတည်တဲ့ တရားခွေတွေ မြို့တွင်းအထိ  လာရောက်ဝေငှခဲ့မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
 
"မတ်လ၂၃ ရက်နေ့ မှာ ၉၆၉ စတစ်ကာ စာရွက်တွေ လာဝေတယ်။ ဝေတဲ့အထဲမှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးက လူတွေ တချို့လူတွေ လည်းပါတယ်။ အချို့လူတွေက ဒီဟာကို ဘာမှန်းမသိဘဲ တဆင့် ဖြန့် ဝေတာ မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီဖြစ်စဉ်တွေမှာ သူတို့ ပါတယ်လို့ စွပ်စွဲတာမဟုတ်ဘူး။ ဒီဟာက ဘာသာရေး ဖြစ်တဲ့အခါကျတော့ တဆင့်ပြန်ဝေခိုင်းရင်းနဲ့ ကျယ်ပြန့်လာတယ်။ နောက်ဆုံးရွာတွေထိကို မိတ္တူကူး၊ ခွေတွေ ကူးပြီး ကျယ်ပြန့်လာတယ်"လို့ ဦးမင်းသူရက ဆိုတယ်။
 
ဆိုတော့ ၉၆၉ ဆိုတာ ဘာလဲ။ ၉၆၉ ဆိုတာ ဘုရားဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာ့ ဂုဏ်တော် ၉ ပါး ကို ဦးထိပ်ထားပြီး ဗုဒ္ဓဘာသာဝင်တွေ စုစုစည်းစည်းဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တီထွင်ထားတဲ့ အမှတ်တံဆိပ်တခုဖြစ်တယ်လို့ မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဆရာတော်ဦးဝီရသူက မိန့်ပါတယ်။
 
ကြို့ပင်ကောက်မြို့နယ်မှာ ဆူပူအကြမ်းဖက်မှုတွေမဖြစ်ခင် လာဝေငှတဲ့အထဲမှာ ဆရာတော် ၄ ပါးထက်မနည်း ဟောပြောထားတဲ့ တရားခွေတခွေလည်းပါဝင်နေပါတယ်။ DVD ရော CD ရောပါ ဖြန့်ဝေနေတဲ့ အဲဒီအခွေမှာ အရှင်ပညာဝရ ရဲ့ လမ်းခွဲတရားတော်၊ အရှင်ကောသလ္လရဲ့ ဘာကို အရင်လုပ်ကြမှာလဲ၊ အရှင်သုနန္ဒရဲ့ ဗုဒ္ဓလမ်းစဉ် ကျင့်စေချင်၊ အရှင်ဝိစိတ္တာဘိဝံသ(၀ီရသူ)ရဲ့ အမျိုးသားရေး ပေါ့ပေါ့မတွေးနဲ့ စတဲ့ တရားဟောပြောမှုတွေပါဝင်ပါတယ်။
 
ဒီဟောကြားမှုတွေဟာ အဓိကအားဖြင့် မွတ်စလင်ဘာသာဝင်တွေရဲ့ နယ်ချဲ့မှုတွေကြောင့် ဗုဒ္ဓဘာသာ ပျောက်ကွယ်နိုင်တာမို့ ဗမာလူမျိုးတွေ အနေနဲ့ အမျိုးသား၊ ဘာသာ၊ သာသနာကို စောင့်ရှောက် ထိန်းသိမ်းကြဖို့ အတိအလင်း ပြဆို ဟောပြော ထားပါတယ်။ အဲဒီအခွေရဲ့ အပေါ်မှာ "ငါတို့အရိုး စည်းရိုးထိုး၍ ကာသင့်ပါလျှင် ကာရမည်" ဆိုတဲ့ ဆောင်ပုဒ် တခုကိုလည်း ရေးထိုးထားပါတယ်။
 
၉၆၉ အမှတ်တံဆိပ်နဲ့ တရားခွေတွေဟာ အခြားဘာသာတွေကို တိုက်ခိုက်တာ မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့ရဲ့ ဆိုင်၊ အိမ်တွေနဲ့ လုပ်ငန်းတွေမှာ ကပ်ထားဖို့ အတွက် အဓိက ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ဆိုပါတယ်။
 
''အခြား ဘာသာတွေကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ကိုယ့်ဆိုင် ကိုယ့်အိမ်မှာ ကပ်ထားရင် ဗုဒ္ဓဘာသာအိမ်ဖြစ်တယ်၊ ဆိုင် ဖြစ်တယ် ဆိုတာသိပြီးတော့ ဈေးဝယ်ဖို့ ၀င်နားဖို့ ဒီလောက်ပါပဲ။ ၉၆၉ ၀တ်စုံတွေ ၀တ်တယ် ဆိုတာလည်း လှုံ့ဆော်တာ မဟုတ်ပါဘူး။ စည်းရုံးတာပါ''လို့ ဦးဝီရသူက မိန့်ပါတယ်။
 
မိတ္ထီလာမြို့ကို သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားကလည်း အခုလို ဘာသာရေး အကြမ်းဖက်မှုများဟာ “မီးမွှေးပေးတဲ့ ဝါဒဖြန့်မှုများ”ကြောင့်လို့ ဆိုလိုက်ပြီး “ရက်စက်လွန်းတဲ့ ပိရိသေသပ်မှု”လို့လည်း ကောက်ချက်ချ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပြောဆိုချက်ဟာ ၉၆၉ အဖွဲ့ကြောင့်လို့ တိုက်ရိုက်စွပ်စွဲပြောဆိုချက်တော့ မဟုတ်ပါဘူး။
 
ဒါပေမယ့် ကြို့ပင်ကောက်မြို့ပေါ်က ဗလီတွေ၊ နေအိမ်တွေ ၊ ကားတွေ ဖျက်ဆီးခံရပြီးတဲ့နောက်မှာတော့ ၉၆၉ ဆိုတဲ့ အမှတ်တံဆိပ်ကို မင်အစိမ်းရောင်တွေနဲ့ ရေးသားခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
 
"ဖျက်ဆီးခံထားရတဲ့ အစ္စလမ်တွေရဲ့အိမ်တွေမှာ၊ ကားတွေမှာ ၉၆၉ ဆိုတဲ့ ဂဏန်းကို မှင်အစိမ်းနဲ့ အတည့်ပုံစံတမျိုး၊ ဇောက်ထိုးပုံစံမျိုးတွေနဲ့ ရေးသားထားတယ်။ တော်တော်များများမှာ အဲလိုရေးထားတယ်" လို့ ကြို့ပင်ကောက် ဒေသခံတဦးက ဆိုပါတယ်။
 
၉၆၉ တံဆိပ်ကို အသုံးချ ဖျက်ဆီးမှုတွေလုပ်ခဲ့တာလား၊ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဆူပူဖျက်ဆီးမှုတွေ လုပ်ခဲ့သလဲဆိုတာ အဖြေက မရှင်းလင်းပေမယ့် ဘာသာရေး အစွန်းရောက်မှုတွေ ရှိနေတာတော့ သေချာလို့ စုံစမ်းဖော်ထုတ်မှုတွေလုပ်နေတယ်လို့ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက တာဝန်ကျ ရဲအရာရှိက ဆိုပါတယ်။
 
"ပဲခူးတိုင်းထဲမှာ ပထမဆုံးစဖြစ်တာက အိုးသည်ကုန်း မှာစဖြစ်တယ်။ အဲဒီစဖြစ်တဲ့ အိုးသည်ကုန်းကိုလည်း အခင်းမဖြစ်မီ၊ ဆူပူအကြမ်းဖက်မှု တွေ မဖြစ်မီ ဘာသာရေးအစွန်းရောက် အဖွဲ့ တွေလာပြီး ဟောပြောတာတွေ လုပ်သွားတယ်လို့ သိထားပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့လည်း ကျနော်တို့ အခု ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ထုတ်နေပါပြီ။ အခု လောလောဆယ်တော့ ပေါင်းတည်မှာ လူ ၂ ဦး၊ မိုးညိုမှာ ၂ ဦး၊ မင်းလှမှာ ၁၀ ဦး စုစုပေါင်း လူ ၁၄ ဦး ဖမ်းဆီး စစ်ဆေးနေပါတယ်။ အားလုံးက ဒေသခံတွေချည်းပါပဲ" လို့  ရဲအရာရှိက ပြောတယ်။
 
နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ရုံးအဖွဲ့မှူး ဦးမြင့်ဦးက ၉၆၉ တံဆိပ်ကို ဗုဒ္ဓဘာသာရဲ့ တရားဝင် အမှတ်တံဆိပ် အဖြစ် အသိအမှတ် မပြုတဲ့အပြင် မှတ်ပုံတင်ထားတာမျိုးလည်း မရှိကြောင်း၊ ခွင့်ပြုထားတာလည်း မရှိကြောင်း ဧရာဝတီကို ပြောပါတယ်။
 
''၉၆၉ ဖြစ်စဉ်တွေကိုတော့ သိရတယ်။ သိပေမယ့် ဘယ်လိုအရေးယူရမလဲ ဆိုတာတော့ ဒေသအလိုက် ဖြစ်တဲ့ကိစ္စတွေ ကိုတော့ ဒေသအာဏာပိုင်က ရှင်းရမှာပဲ။ သူတို့ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားပြီးသား ''ဟု ဦးမြင့်ဦးက  ဆိုတယ်။
 
ဦးဝီရသူက ၉၆၉ အဖွဲ့ကို မော်လမြိုင်မြို့က သံဃာ ၅ ပါးက စဖွဲ့စည်းပြီး ၁၉၉၉ ခုမှာ ကွယ်လွန်သူ သာသနာရေး ဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် နှစ်ဖက်လှ ဦးကျော်လွင်ကတဆင့် စတင်သိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်သူတွေပါဝင်ဖွဲ့စည်းထားမှန်း မသိရပေမယ့် အခုအခါ ရန်ကုန်မြို့တော်မှာလည်း ၉၆၉ စတစ်ကာတွေနဲ့ တရားခွေ တော်တော်များများ ပျံ့နှံ့နေပြီး အခမဲ့ ဖြန့်ဝေတာဖြစ်တယ်လို့ သိရပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုကတော့ ၉၆၉ စတစ်ကာတွေကို ဆိုင်တွေ၊ ကားတွေ၊ အိမ်တွေမှာ ကပ်ထားကြပါတယ်။
 
ဒါပေမယ့် ရန်ကုန်ဒေသခံအချို့တွေကတော့ ၉၆၉ ကို ဗုဒ္ဓဘာသာရဲ့ တရားဝင် အမှတ်အသားအဖြစ် အသိအမှတ် မပြုလိုကြပါဘူး။
 
"ကျနော်တို့ သိတာက ဗုဒ္ဓရဲ့အဆုံးအမက ငြိမ်းချမ်းတယ်။ အေးချမ်းတယ်။ မေတ္တာထားရမယ်။  အဓိက ချုပ်ငြိမ်းမယ့် ၊ သံသရာခရီးမဆက်နိုင်မယ့် နိဗ္ဗာန်ရောက်ကြောင်း တရားကို ရှာတာပေါ့။ ဒါက ဗုဒ္ဓရဲ့ တကယ့်အနှစ်သာရလို့ ဆရာတော်ကြီးတွေ ဟောထား ပြောထားတွေကို သိထားရလို့ ဒီလို ၉၆၉ စတစ်ကာ ကပ်ထားမှ ဆိုတာမျိုးကို လက်မခံဘူး။ ဘုရားရှင်ရဲ့ တရားတော်တွေကို နာတယ်။ အဆုံးအမကို နာခံတယ်။ ငါးပါးသီလလုံအောင်စောင့်တယ်" လို့ အသက် ၃၀ အရွယ် ရန်ကုန်မြို့ခံ အမျိုးသားတဦးက ဆိုပါတယ်။
 
အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေးရှင်းက ဦးမောင်မောင်ကတော့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ စည်းရုံးဖို့ လှုပ်ရှားခဲ့တဲ့ ၉၆၉ အမှတ်တံဆိပ်က ရည်ရွယ်ချက်လွဲမှားတာမျိုး ဖြစ်နေတယ်လို့  သုံးသပ်ပြောဆိုပါတယ်။
 
''ကိုယ့်ဘာသာကို စည်းလုံးဖို့ လုပ်တာ။ဒါပေမယ့် မြန်မာလူမျိုးကတော့သိတဲ့ အတိုင်း ခုတ်ရာတခြား ရှရာတခြား ဖြစ်တာပေါ့''ဟု ဦးမောင်မောင်က ပြောသည်။
 
ထက်နိုင်ဇော် ပူးပေါင်းပါဝင် ရေးသားသည်။

မိတ္ထီလာဖြစ်စဉ်အပြီးမန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနဲ့ပဲခူတိုင်းဒေသကြီးအတွင်းက အကြမ်း
ဖက်ဖြစ်စဉ် တွေနဲ့ ပတ်သက်ပြီး လူ ၆၈ ဦးကို ဖမ်းဆီးစစ်ဆေးထားကြောင်း၊ မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်
ကြောင့် လူ ၄၂ ဦးသေဆုံးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတရားဝင်ထုတ်ပြန်လိုက်ပါတယ်။မိတ္ထီလာမြို့ ရွှေ
ဆိုင်အရောင်းအ၀ယ်မှစတင်ဖြစ်ပေါ်ခဲ့တဲ့ဘာသာရေးနဲ့ လူမျိုးရေးပုံစံ အဓိကရုဏ်းတွေ ပဲခူးတိုင်းဒေသကြီး
ကိုပါ ဆူပူအကြမ်းဖက်မှုတွေ ကူးစက်လာပါတယ်။

လက်ပတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှု ၄ လပြည့် ဆန္ဒဖော်ထုတ် ရန်ကုန်မြို့ ဆူးလေတွင်ပြုလုပ်

လက်ပတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှု ၄ လပြည့် ဆန္ဒဖော်ထုတ်မှုတစ်ရပ်ကို ဆူးလေမှာပြုလုပ်လျက်ရှိသည်။

လက်ပတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှု ၄ လပြည့် ဆန္ဒဖော်ထုတ် ရန်ကုန်မြို့ ဆူးလေတွင်ပြုလုပ်နေ
ကြောင်းသတင်းရရှိပါသည်။ ပျံလွန်တော်မူသွားသော မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်ကို ရည်စူး၍ ရန်
ကုန်မြို့ ဆူးလေစေတီတွင် ပြုလုပ်ရန်စီစဉ်ထားသော ဆုတောင်းပွဲအား မပြုလုပ်ဖြစ်ကြောင်း သိရှိရပါသည်။
မည်သည့်အတွက် ကြောင့် မပြုလုပ်ဖြစ်ကြောင်းကို ထပ်မံစုံစမ်းပြီး တင်ဆက်ပေးသွားပါမည်။

မြစ်ကြီးနားတွင် ၅၀၀၀ တန် ငွေစက္ကူအတုများဖမ်းဆီးရမိ

မြစ်ကြီးနားတွင် ၅၀၀၀ တန် ငွေစက္ကူအတုများဖမ်းဆီးရမိ

 မတ်လ ၂၉ ရက်၊ ၂၀၁၃ 

 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ ကျွန်းပင်သာရပ်၊ ဆိုင်ကယ်ဆိုင်တစ်ခုတွင် ယမန်နေ့က ၅၀၀၀တန်ငွေ စက္ကူအတုများ ဖမ်းဆီးရမိကြောင်းသိရှိရပါသည်။ ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် ကျွန်းပင်သာရပ်ရှိ ဆိုင်ကယ် ဆိုင်တစ်ခုတွင် ဆိုင်ကယ် ၀ယ်ယူရန်ရောက်လာသူ ၃ဦးထံမှ ၅၀၀၀တန်ငွေစက္ကူအတု ၂၄၈ရွက် (၁၂၄၀၀၀၀) ကျပ်အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။ 
 
ဖမ်းဆီးရမိသူ(၃)ဦးကို စစ်ဆေးမေးမြန်းပြီး ငွေတုများကို ပေးဆောင်သူ(၃)ကို နဂါးနှစ်ကောင်ဟိုတယ်တွင် ဖမ်းဆီးရမိကား ၎င်းတို့ကို စစ်ဆေးမေးမြန်းချက်အရ ကျန်သည့် ငွေတုများကို သိမ်းစည်းထားသည့် သူကို ထပ်မံ စစ်ဆေးရှာဖွေရာ မြေမြင့်ရပ်ကွက်နေသူတစ်ဦး၏ လယ်ကွင်းအတွင်း တွင် ကြွပ်ကြွပ်အိတ်ဖြင့်စွန့်ပစ်ထားသော (၅၀၀၀) တန်အတု အရွက် (၆၀၀) ငွေကျပ် (သိန်း၃၀) ကိုထပ်မံ သိမ်းဆည်း ရမိကြောင်းသိရှိရသည်။

 ငွေစက္ကူအတုကိုင်ဆိုင်သူ (၇)ဦးကို မြစ်ကြီးနား အမှတ်(၂) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်း ချက်အရ ၎င်းငွေများကို တရုတ်နိုင်ငံ ကျောက်ပွဲစားတစ်ဦးထံမှရရှိခြင်းဖြစ်ကြောင်း၊ ၅၀၀၀တန် ငွေတု အရွက်(၁၀၀၀) တန်ဖိုးငွေသိန်း(၅၀)ကို ပထမဆုံးပေးပြီး မြန်မာနိုင်ငံအတွင်းတွင် အသုံးပြုရန်နှင့် အဆင်ပြေပါက နောက်ထပ် အရွက် (၁၀၀၀) ထပ်မံပေးဆောင်မည်ဖြစ်ကြောင်း ဖမ်းဆီးရမိသူများ၏ပြောပြ ချက်အရ သိရှိရပါသည်။ ငွေစက္ကူများသည် တရုတ်နိုင်ငံ ရင်ကျန်း၊ ထိန်ချုံးဒေသမှ ဆဒုံး-ကန်ပိုက်တီး လမ်းကြောင်းအတိုင်း မြစ်ကြီးနားသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်းစစ်ဆေးချက်အရသိရှိရပါသည်။

 မြစ်ကြီးနားမြို့တွင်ပျံ့နှံ့နေသော ၅၀၀၀တန် ငွေစက္ကူ အတုများကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံ သိမ်းဆည်းခဲ့ကြကြောင်း၊ ငွေတု ယူဆောင်သုံးစွဲသူ (၇) ကို ရဲစခန်းတွင်ထိန်းသိမ်းထားကြောင်းသိရှိရသည်။ မြစ်ကြီးနားမြို့ခံများနှင့် ငွေစက္ကူ အတုများထွက်ပေါ်နေခြင်းကြောင့် စိုးရိမ်ပူပန်မှုများရှိနေပြီး တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် အသိပေး နိုးဆော်ထားကြောင်းသိရှိရပါသည်။


Re-Post By ACM 29-3-2013
အေးချမ်းမွန် Credit & Copy From >>Kachin Daily News<< Thank

မတ်လ ၂၉ ရက်၊ ၂၀၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ ကျွန်းပင်သာရပ်၊ ဆိုင်ကယ်ဆိုင်တစ်ခုတွင် ယမန်နေ့က ၅၀၀၀တန်ငွေ စက္ကူအတုများ ဖမ်းဆီးရမိကြောင်းသိရှိရပါသည်။ ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် ကျွန်းပင်သာရပ်ရှိ ဆိုင်ကယ် ဆိုင်တစ်ခုတွင် ဆိုင်ကယ် ၀ယ်ယူရန်ရောက်လာသူ ၃ဦးထံမှ ၅၀၀၀တန်ငွေစက္ကူအတု ၂၄၈ရွက် (၁၂၄၀၀၀၀) ကျပ်အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

မောင်ငံဗလီတွင် လက်နက်များရှိနေသည်ဆိုခြင်းနှင့်ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်

အင်တာနက်စာမျက်နှာပေါ်တွင် အရေးကြီးသတင်း ဆိုပြီး မော်လမြိုင်မြို့၊ မောင်ငံဗလီသို့ နံနက်(၅)နာရီတွင် လက်နက်များ ပါဝင်သော အိတ်များတစ်ညလုံးထည့်သွင်းနေကြောင်းစသည့် သတင်းများ နှင့် စပ်လျဉ်း၍ ယနေ့နေ့လည်တွင် မော်လမြိုင်မြို့၊
မောင်ငံလမ်းဆုံရှိ မြန်မာနိုင်ငံမော်လ၀ီအဖွဲ့ချုပ်၊ မွန်ပြည်နယ်အဖွဲ့ခွဲရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အဆိုပါထွက်ပေါ်နေသော သတင်းများသည် မဟုတ်မှန်ကြောင်းနှင့် ကောလဟာလများ သာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဗြိတိန်မိန်းကလေးငယ်တစ်ဦး ခွေးများ ဝိုင်းဝန်းကိုက်ခဲမှုကြောင့် သေဆုံး

(ခွေးကိုက်ခံရသဖြင့် သေဆုံးသွားသည့် ဂျိတ်အန်ဒါဆန်အား သူမ၏မိခင်နှင့်အတူ တွေ့ရစဉ်)
ဂရိတ်တား မန်ချက်စတာ အရပ်တွင် နေထိုင်သည့် အသက်(၁၄)နှစ်အရွယ် ဂျိတ်အန်ဒါဆန်အား ရိုင်းစိုင်း
ဒေါသထွက်နေသော အိမ်မွေးခွေးများက ဝိုင်းဝန်းတိုက်ခိုက်သဖြင့် မိန်းကလေး သေဆုံးသွားသည့် ကိစ္စ
သည် ဗြိတိန် တစ်နိုင်ငံလုံးကို ခြောက်ခြားသွားစေခဲ့သည်။

ဧရာဝတီ ဆိပ်ကမ်းနဲ့ မြို့သာ စက်မှုစီမံကိန်းအတွက် အစုရှယ်ယာ စရောင်းပြီ

နိုင်ငံတကာအဆင့်မီ ဆီမီးခုံ(ဧရာဝတီ) ဆိပ်ကမ်းနဲ့ မြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်း တည်ဆောက်ခွင့်ရတဲ့ (RHGC) Royal Hi-Tech Group Company Limited ကို ယခုအခါ အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီးတာကြောင့် အစုရှယ်ယာတွေကို ဧပြီလ ၃ ရက်နေ့ကစပြီး ရောင်းချပေးတော့မှာ ဖြစ်တယ်လို့ RHGC မှ သိရပါတယ်။

တရုတ်ပြည်မှာ မြေကျွံကျမှုဖြစ်ပြီး လူတစ်ဦးသေဆုံး

တရုတ်ပြည်မှာ မြေကျွံကျမှုဖြစ်ပြီး လူတစ်ဦးသေဆုံး
=============================

မတ် ၂၉၊ ၂၀၁၃

တရုတ်ပြည်တောင်ပိုင်းမှာ မြေကျွံကျမှုတစ်ခုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး မြေကျင်ထဲနစ်မြုတ်ခဲ့ပါတယ်။

ခုလို ထိန့်လန့်တုန်လှုပ်ဖွယ်ရာ လှုပ်ရှားမှုမြင်ကွင်းကို Shenzhen မြို့ အမြဲတမ်းစောင့်ကြည့်ရေး ကင်မရာက ဖမ်းယူနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အင်္ဂါနေ့((၂၆.၃.၂၀၁၃)ကဖြစ်ပေါ်ခဲ့တဲ့ ဒီ မြေကျွံကျမှုဟာ အနက် ၆၅ ပေ အထိရှိပြီး လုံခြုံရေးတစ်ယောက်က အခင်းဖြစ်ပွားရာနယ်နိမိတ်ကို စောင့်ကြပ်ခဲ့ပါတယ်။


မြေကျင်းထဲကျသွားတဲ့သူကိုတော့ ကျင်းထဲမှ ဆယ်ယူနိုင်ခဲ့ပေမယ့် ဆေးရုံအရောက်ပြီး မကြာခင်မှာပဲ ဒဏ်ရာကြောင့် သေဆုံးခဲ့ရပါတယ်။

တချို့ဒေသခံတွေကတော့ ဒါဟာ အနီးနားဝန်းကျင်မှာ ဆောက်လုပ်ရေးဆိုဒ်တွေဟာ မြေကြီးပွင့်ထွက်သွားစေနိုင်တဲ့ တရားမ၀င်မြေတူးဖော်မှုတွေကြောင့်ဖြစ်ရတာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ 

ပတ်ဝန်းကျင်ရှိလူများကိုတော့ ယာယီရွှေ့ပြောင်းခိုင်းထားပြီး ဒီအဖြစ်ပျက်ကို ဆုံးဖြတ်ဖို့ စူးစမ်းထောက်လှန်းမှုတွေပြုလုပ်နေကြောင်း သတင်းရရှိပါသည်။

NaingLinn ဘာသာပြန်၊
www.facebook.com/ZinYawNews
www.zinyawnews.com
တရုတ်ပြည်တောင်ပိုင်းမှာ မြေကျွံကျမှုတစ်ခုကြောင့် အသက် ၂၅ နှစ် အရွယ် အမျိုးသားတစ်ဦး မြေကျင်ထဲနစ်မြုတ်ခဲ့ပါတယ်။ခုလို ထိန့်လန့်တုန်လှုပ်ဖွယ်ရာ လှုပ်ရှားမှုမြင်ကွင်းကို Shenzhen မြို့ အမြဲတမ်းစောင့်ကြည့်ရေး ကင်မရာက ဖမ်းယူနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အင်္ဂါနေ့ (၂၆.၃.၂၀၁၃)ကဖြစ်ပေါ်ခဲ့တဲ့ ဒီ မြေကျွံကျမှုဟာ အနက် ၆၅ ပေ အထိရှိပြီး လုံခြုံရေးတစ်ယောက်က အခင်းဖြစ်ပွားရာ နယ်နိ မိတ်ကို စောင့်ကြပ်ခဲ့ပါတယ်။

ဖုန်းတစ်ခုလုံး မြန်မာစာ စနစ်သုံး JAS6 ဖုန်းဟန်းဆက် ဈေးကွက် အတွင်း စတင်မိတ်ဆက်

ဖုန်းတစ်ခုလုံး မြန်မာစာ စနစ်သုံး JAS6 ဖုန်းဟန်းဆက် ဈေးကွက် အတွင်း စတင်မိတ်ဆက်

Friday, March 29, 2013

ဖုန်းစနစ်တစ်ခုလုံး မြန်မာစာစနစ် သုံးစွဲထားသည့် JAS6 အမှတ်တံဆိပ် မိုဘိုင်းဖုန်းဟန်းဆက် ကို ဈေးကွက်အတွင်းတွင် စတင် ရောင်းချပြီ ဖြစ်ကြောင်း JAS6 ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ JAS6 ဟန်းဆက်အား အိန္ဒိယနိုင်ငံ အခြေစိုက် ဖုန်းကုမ္ပဏီတစ်ခုမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ဖုန်းတစ်ခုလုံးတွင် အသုံးပြုသော Funtion များအားလုံးကို မြန်မာစာ စနစ်ဖြင်ဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

“ဒီဖုန်းမှာ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ရှိပါတယ်။ တကယ်လို့ ဖုန်းအသုံးပြုသူက အရးပေါ်အခြေအနေတစ်ခုခုနှင့် ရင်ဆိုင်နေရတဲ့ အချိန် မှာ ဖုန်းမှာပါတဲ့ အရေးပေါ်ဆိုတဲ့ ခလုတ်ကိုနှိပ်လိုက်ရင် ၁၉၉ကို အလိုလျောက်ဖုန်းခေါ်ဆိုပြီး “အကူအညီပေးပါ” ဆိုတဲ့ အသံဖိုင်က ပြောပေး မှာပါ။ ပြီးရင် ဖုန်းပိုင်ရှင်ရဲ့  ဖုန်းမှတ်တမ်းမှာ မှတ်ထားတဲ့ ဖုန်းနံပါတ်တွေထဲက လူ ၃ယောက်ဆီကို စာတို မတ်ဆေခ်ျ အလိုလျောက်ပေးပို့ပေး မှာပါ” ဟု JAS6 မှ တာဝန်ရှိသူ က ရှင်းပြသည်။

JAS6 ဖုန်းဟန်းဆက်တွင် ဖုန်းပျောက်သွားပါက ပြန်လည်ရှာဖွေနိုင်ရန် ဆော့ဝဲလ်ထည့်သွင်းထားကြောင်း GPS စနစ်ဖြင့် ရှာဖွေနိုင်မည်ဖြစ်ပြီး ဖုန်းတည်နေရာကို အနီးစပ်ဆုံးပြသပေးနိုင်ကြောင်း သိရသည်။

အင်တာနက် အသုံးပြုလိုသူများအတွက် ဝက်ဘ်ဆိုက်များ၊ လူမှုရေးကွန်ယက်များ ဖြစ်သည့် Facebook၊ Gmail ၊ Skype၊ Viber တို့တွင် လည်း မြန်မာလို အပြည့်အဝ ဖတ်ရှု အသုံးပြုနိုင်ရန်စီစဉ်ထားကြောင်း ၊ မြန်မာစာလက်ကွက်အတွက်လည်း အက္ခရာတစ်လုံးကို ရိုက်နှိပ်လိုက် သည် နှင့် ၎င်းစာလုံးနှင့်သက်ဆိုင်သော စာလုံးပေါင်းများကို ဖော်ပြပေးကြောင်း သိရသည်။

JAS6 ဖုန်းဟန်းဆက်ကို GSM ၊ CDMA 800Mhz ၊ WCDMA ဖုန်းလိုင်းကတ်များထည့်သွင်းအသုံးပြုနိုင်ပြီး ICS 4.0 Android ကိုထည့်သွင်း အသုံးပြုထားကာ မြန်မာခံစားမှုဆော့်ဝဲလ် 6.0 ပါဝင်ကြောင်း၊ ဖုန်းကင်မရာပါဝင်ပြီး ဖုန်းဟန်းဆက်အရောင်မှာ ရှေ့မျက်နှာပြင်မှာ အမည်း ရောင်ဖြစ်ပြီး နောက်ကိုယ်ထည်အရောင်မှာ အဖြူရောင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ JAS6ဖုန်းဟန်းဆက်တန်ဖိုးမှာ တစ်သိန်းလေးသောင်းကိုးထောင်ကျပ်ဖြင့် ဖြန့်ဖြူးရောင်ချပေးလျက်ရှိပြီ မတ်လ ၂၉ ၊ ၃၀ တွင် တပ်မ တော်ခန်းမတွင် ကျင်းပနေသော ကုန်စည်ပြပွဲတွင် အထူးဈေးနှုန်းအဖြစ် တစ်သိန်းနှစ်သောင်းကိုးထောင်ကျပ်ဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

ဆုဝေ

မြန်မာ့ခေတ်

http://www.facebook.com/ZinYawNews
ဖုန်းစနစ်တစ်ခုလုံးမန်မာစာစနစ်သုံးစွဲထားသည့်JAS6အမှတ်တံဆိပ်မိုဘိုင်းဖုန်းဟန်းဆက် ကို ဈေးကွက်အ
တွင်းတွင်စတင်ရာင်းချပြီဖစ်ကြောင်းJAS6ကုမ္ပဏီမှတာဝန်ရှိသူစ်ဦး၏ပြောကြားချက်အရ သိရသည်။
အဆိုပါ JAS6 ဟန်းဆက်အား အိန္ဒိယနိုင်ငံ အခြေစိုက်ဖုန်းကုမ္ပဏီ တစ်ခုမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း ဖုန်းတစ်ခုလုံးတွင် အသုံးပြုသော Funtion များအားလုံးကို မြန်မာစာ စနစ်ဖြင်ဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ ညွန်ကြားချက်အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှု ပြုလုပ်သူများကို ဥပဒေအတိုင်း ပြတ်ပြတ် သားသား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား

နိုင်ငံတော် သမ္မတ၏ ညွန်ကြားချက် အတိုင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှုများ အတွက် မည်သူ့ကိုမဆို ဥပဒေအတိုင်း ပြတ်ပြတ်သားသား ပစ်ခတ် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြဝင်းက မတ်လ ၂၉ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက် အုပ်ချုပ်ရေး မှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်
ဒေသခံများအား ပြောကြားခဲ့သည်။

မြောင်းမြမြို့နယ် ပမ္မဝတီ တံတား ဆိုင်းကြိုး တစ်ချောင်း ပြတ်တောက်

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ကျုံသွပ် ကျေးရွာအနီး ပမ္မဝတီ တံတား၏ဆိုင်းကြိုး တစ်ချောင်း မတ် ၂၆ ရက် က ပြတ်တောက်၍ နှစ်တန်အောက် ကားများသာ ဖြတ်သန်းခွင့် ပြုကြောင်း သိရသည်။ အဆို
ပါ ကြိုးတံတားသည် မြောင်းမြမြို့နယ် ကျုံသွပ် ကျေးရွာအနီး ပမ္မဝတီ တံတား အရှည်ပေ ၁၂၆ဝ ၌ မြောင်းမြ
ဘက်မှ ပုသိမ်ဘက်သို့ အသွား တံတားတိုင်မကြီးမှ ပေ ၆ဝဝ ခန့်အကွာ ယာဘက်ခြမ်းရှိ

“ပုတ်ခတ်ပြောဆိုမှု မပြုကြေး ဘီဘာနှင့် ဂိုမက်ဇ် သဘောတူညီမှု ရယူ”

“ပုတ်ခတ်ပြောဆိုမှု မပြုကြေး ဘီဘာနှင့် ဂိုမက်ဇ် သဘောတူညီမှု ရယူ”

လူအများရှေ့တွင် တစ်ဦးကိုတစ်ဦး ပုတ်ခတ် ပြောဆိုမှုများ မပြုလုပ်ရန် ဂျက်စတင်ဘီဘာနှင့် ဆယ်လီနာ ဂိုမက်ဇ်တို့ သဘောတူညီမှု ရယူထားကြောင်း သိရသည်။ 

ဇန်နဝါရီလက လမ်းခွဲခဲ့သည့် နာမည်ကျော် လူငယ်ဂီတ စုံတွဲသည် ယင်းတို့၏ ပျက်သုဉ်းသွားသော အချစ်ရေးအပေါ် ပြန်လည် တိုက်ခိုက် ဝေဖန်မှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ အပြန်အလှန် သဘောတူညီမှု ယူကာ ထိုကိစ္စများကို မျက်ကွယ်ပြုရန် သဘောတူခဲ့ကြောင်း နီးစပ်သူများက ဆိုသည်။ 

ဘီဘာနှင့် ဂိုမက်ဇ်တို့သည် (၂)နှစ်ကြာ ချစ်သူများ ဖြစ်ခဲ့ကြပြီးမှ လမ်းခွဲခဲ့ကြသည်။ မတ်လ (၂၇)ရက်နေ့ကမူ ၎င်းတို့နှစ်ဦး ပြန်လည် တွေ့ဆုံကာ အပြန်အလှန် သဘောတူညီမှုအချို့ ရယူခဲ့ခြင်းဟု ဆိုသည်။

Read more http://www.planet.com.mm/news/read.cfm/id/21301

လူအများရှေ့တွင် တစ်ဦးကိုတစ်ဦး ပုတ်ခတ် ပြောဆိုမှုများ မပြုလုပ်ရန် ဂျက်စတင်ဘီဘာနှင့် ဆယ်လီနာ ဂိုမက်ဇ်တို့ သဘောတူညီမှု ရယူထားကြောင်း သိရသည်။

တရုတ်တောင်းဆိုချက်ကြောင့် စိုင်းအောင်မြတ်အား မြန်မာအစိုးရ ရုံးတင်စစ်ဆေးမည်

တရုတ်နိုင်ငံ၌ နိုင်ငံတော်သက်သေအဖြစ်စစ်ဆေးပြီးနောက် ယခုလအတွင်းပြည်တော်ပြန်ပို့ခံရသော သျှမ်း
ပြည်အရှေ့ပိုင်း တာချီလိတ်သား စိုင်းအောင်မြတ်အား တရုတ်အစိုးရတောင်းဆိုမှုအတိုင်း တရားစွဲဆိုရန် မနက်ဖြန်ရုံးတင်စစ်ဆေး မည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

တစ်ချိန်ကဆူနာမီ ပုံရိပ်တခု

တစ်ချိန်ကဆူနာမီ
----------------------------------------------------------------

ဒီပုံဟာ ၂၀၀၄ ခုနှစ်အတွင်းက ဆူနာမီလှိုင်းတွေတိုးဝင်လာတဲ့ ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်ပါတယ်...

ဒီဓာတ်ပုံကို ဆူမတ်တြား ကျွန်းရဲ့ ကမ်းခြေတစ်နေရာမှာရိုက်ယူခဲ့တာဖြစ်ပြီး လှိုင်းလုံးတွေရဲ့ အမြင့်ဟာ ခန့်မှန်း ၃၂ မီတာ (၁၀၅) ပေ လောက်အထိရှိပါတယ်...

ဒီဓာတ်ပုံကို ဘေးဒုက္ခဆိုးကြီးဆိုက်ရောက်ပြီး နောက် တစ်နှစ်ခွဲအကြာမှာ ဒစ်ဂျစ်တယ်ကင်မရာတစ်လုံးထဲကနေ ရရှိခဲ့တာလို့သိရပါတယ်...
----------------------------------------------------------------
Ref: Knowledge Bank

ဒီပုံဟာ၂၀၀၄ခုနှစ်အတွင်းကဆူနာမီလှိုင်းတွေတိုးဝင်လာတဲ့ ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်ပါတယ်။.

မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှု ပဋိပက္ခတွင် အကြမ်းဖက်သူ ၆၈ဦးကို ဖမ်းဆီးမိထားဟု ရဲတပ်ဖွဲ့ကြေညာ

မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သူ ၆၈ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၅ဦးကို မသင်္ကာမှုဖြင့် စစ်ဆေးနေ ဆဲဖြစ်ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၂ တွင် ဂျပန်သွားမည်

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ် အောင်ဆန်းစုကြည်သည် လာမည့်ဧပြီ ၁၂ ရက်တွင် ဂျပန်နိုင်ငံသို့ သွား
ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက
ပြောသည်။

မြစ်ကြီးနားတွင် ကျောက်မျက်ဈေး တည်ဆောက်မည်

မန္တလေး၊ မတ်-၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် တရားဝင်ကျောက်မျက်ဈေးတည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်
ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မြစ်ကြီး နား)မှ သတင်းရရှိသည်။ နိုင်ငံတော်အစိုးရ၊ ကချင်
ပြည်နယ်အစိုးရတို့၏ ခွင့်ပြုချက် ဖြင့် မြစ်ကြီးနားမြို့၊ စီတာပူရပ်၊ စက်မှုရပ်ကွက်ဘေးရှိ မြေ ၁၅ ဧကပေါ်
တွင် ဧပြီလဆန်း ၃ ရက် မှစ၍ ကျောက်မျက်ဈေးတည် ဆောက်မည်ဖြစ်ကြောင်း မြစ်ကြီးနားကျောက်မျက်
အသင်း ဒု-ဥက္ကဋ္ဌ ဦးလခရိလအောင်က ပြောသည်။

အကူးအပြောင်းရေး အနုပညာ တင်ဆက်မှုနှင့် စာတမ်းဖတ်ပွဲပြုလုပ်မည်

အကူးအပြောင်းရေး အနုပညာ တင်ဆက်မှုနှင့် စာတမ်းဖတ်ပွဲပြုလုပ်မည်

ရန်ကုန် မတ် ၂၉ 

The Art Of Transition Symposium 2013 ( Yangon )ဟု အမည်ပေးထားသော အဆိုပါပွဲကို ယခုလ ၃၀ နှင့် ၃၁ ရက်တို့တွင် ဗဟန်းမြို့နယ် ဖိုးစိန်လမ်းရှိ Holiday Restaurant ၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပွဲ၏ ပထမရက်တွင် ဦးဝင်းတင် ၊ ဇာဂနာ ၊ Julia ( England ) ၊ လော်ရာ အောင်သိန်း ၊ ဆူးမြင့်သိန်း ၊ မင်းထင်ကိုကိုကြီး ၊ မိုးဇော် ၊ မအိ ၊ ညီဇေမင်း ၊ ကိုထွဋ် ၊ ပန်ဒိုရာ ၊ မင်းခက်ရဲ ၊ ဇော်လူစိမ်း ၊ ဖုန်းသက်ပိုင် ၊ အော်ပီကျယ် ၊ ငုအိမ်ထက်မြတ် ၊ ဇော်သက်ထွေး ၊ နေဘုန်းလတ် နှင့် ၀င်းဖေမောင် တို့ ပါဝင်မည်ဖြစ်သည်။

ဒုတိယရက်တွင် မင်းကိုနိုင် ၊ မောင်နီဦး ၊ ထက်မြတ် ၊ စံဇော်ထွေး ၊ Sharaad Kuttan ( Malaysia ) ၊ အေးကို ၊ ဇေယျာလင်း ၊ Jennifer Leehey ( India )၊ မောင်တင်သစ် ၊ မောင်သွေးသစ် ၊စောဝေ ၊ သက်ဆွေဝင်း ၊မအိ ၊ ချစ်ဝင်းမောင် ၊ စိုးသော်တာ ၊ အရိုင်း ၊ ညီပုလေး ၊ အိန္ဒြာ ၊ ချစ်ဦးညို ၊ မိုးနိုင် ( Guita Mait )၊ဇာဂနာ နှင့် ထိန်လင်း တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

KNO

ရန်ကုန် မတ် ၂၉

The Art Of Transition Symposium 2013 ( Yangon )ဟု အမည်ပေးထားသော အဆိုပါပွဲကို ယခုလ ၃၀ နှင့် ၃၁ ရက်တို့တွင် ဗဟန်းမြို့နယ် ဖိုးစိန်လမ်းရှိ Holiday Restaurant ၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မိတ္ထီလာ မြို့တွင် တည်ငြိမ် အေးချမ်းမှုရှိ ပြည်သူများ သွားလာ လှုပ်ရှားမှု ပုံမှန်အတိုင်း ရောက်ရှိ

မိတ္ထီလာ မြို့တွင် တည်ငြိမ် အေးချမ်းမှုရှိ ပြည်သူများ သွားလာ လှုပ်ရှားမှု ပုံမှန်အတိုင်း ရောက်ရှိ 
Friday, March 29, 2013

မကြာမီ ရက်ပိုင်းအတွင်းက ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့
တွင် ယခုအခါ အခြေအနေများ တည်ငြိမ် အေးချမ်းမှုရှိလာသည် နှင့်အမျှ
ပြည် သူများ သွားလာ လှုပ်ရှားမှု ပုံမှန် အတိုင်း ပြန် လည် ရောက်ရှိလာပြီ
ဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင် မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ကျ ဝန်ထမ်းများနှင့် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပါတီဝင်များ ပူးပေါင်း၍ မီးလောင် ပျက်စီးသွားသော နေအိမ် အဆောက်အအုံ များနှင့် လမ်းများပေါ်ရှိ အမှိုက်သရိုက် များကို ရှင်းလင်းလျက် ရှိသည်ကို တွေ့
ရှိရသည်။

ယနေ့သည် ရုံးဖွင့်ရက် ဖြစ်သည်နှင့် အညီ မိတ္ထီလာ မြို့ပေါ်၌ ဖွင့်လှစ်
ထားသည့် မြန်မာ့ စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်နှင့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) တို့တွင် ငွေသွင်း၊ ငွေ ထုတ် သူများဖြင့် လှုပ်
ရှား သက်ဝင်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

Friday, March 29, 2013


မကြာမီ ရက်ပိုင်းအတွင်းက ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ယခုအခါ အခြေအနေများ
တည်ငြိမ် အေးချမ်းမှုရှိလာသည် နှင့်အမျှပြည် သူများ သွားလာ လှုပ်ရှားမှု ပုံမှန် အတိုင်း ပြန် လည် ရောက်ရှိ
လာပြီဖြစ်သည်။

မော်ရင်ဟို အထင်လွဲခံနေရသည်ဟုဂါလာတာ စာရေးနည်းပြ တီရင်က ဖွင့်ဟပြောကြား

မော်ရင်ဟို အထင်လွဲခံနေရသည်ဟု တီရင် မြင် 
Friday, March 29, 2013

ဖီဖာတစ်နှစ်တာအကောင်းဆုံး နည်းပြဆုနှင့် ပတ်သက်၍ အငြင်းပွား
ခဲ့သော မော်ရင်ဟိုမှာ အထင်လွဲခံနေရသူဖြစ်သည်ဟု ဂါလာတာ စာရေးနည်းပြ တီရင်က ဖွင့်ဟသွားခဲ့သည်။

ပန်ဒက်ဗ်၏မဲပေးမှုနှင့်ပတ်သက်၍ အရှုပ်အထွေးများရှိခဲ့ပြီးနောက် ဖီဖာဆုရွေးမှုတွင် မသမာမှုများ ရှိနေသည်ဟု မော်ရင်ဟိုကဝေ
ဖန်ခဲ့ကာ ယင်းဝေဖန်ချက်နှင့်ပတ်သက်၍ ကလေးဆန်သည်ဟု ဒဲလ်ဘော့စကေးက ပြန်လည်တုံ့ပြန်ထားသည်။

သို့သော် တီရင်က မော်ရင်ဟို၏လူနေမှုစရိုက်မှာ အများနှင့်တူညီခြင်းမရှိ
သောကြောင့် ၎င်း အပေါ်နားမလည်ကြခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
မော်ရင်ဟိုနှင့် တီရင်မှာ ရင်းနှီးသော မိတ်ဆွေများဖြစ်ပြီး ထိုရင်းနှီးမှုကို တန်ဖိုးထားသည်ဟုလည်း တီရင်က ပြောကြားခဲ့သည်။

" မော်ရင်ဟိုရဲ့စရိုက်က လူအများစုနဲ့ မတူပါဘူး။ ဒါကြောင့် တစ်ခါ
တလေကျရင် လူတွေက သူ့ကို နားမလည်နိုင်ကြတာပါ။ ဒါပေမဲ့ သူဟာ အသင်းတိုင်းမှာအောင်မြင်သလို ခမ်းနားတဲ့နည်းပြတစ်ယောက်ပါ။ သူနဲ့ ကျွန်တော်တို့ကြားက ရင်းနှီးမှုက ကျွန်တော့်အတွက် အရေးကြီးပါတယ်"
ဟု ဆိုခဲ့သည်။ သို့သော် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ရီးရဲလ်နှင့် ဂါလာတာစာရေးတို့ တွေ့ဆုံနေခြင်းကြောင့် ၎င်းတို့ ၂ဦးအနေဖြင့်
ပြိုင်ဘက်များအဖြစ် တွေ့ဆုံရမည်ဖြစ်သည်။

ရိုးရာလေး

ဖီဖာတစ်နှစ်တာအကောင်းဆုံး နည်းပြဆုနှင့် ပတ်သက်၍ အငြင်းပွားခဲ့သော မော်ရင်ဟိုမှာ အထင်လွဲခံနေရ
သူဖြစ်သည်ဟု ဂါလာတာ စာရေးနည်းပြ တီရင်က ဖွင့်ဟသွားခဲ့သည်။

ပုဒ်မ ၁၄၄ ထုတ်ထားသော ဇီးကုန်းမြို့ လုယက်မှုများ ဆက်လက်ဖြစ်ပွားနေ (မတ်လ ၂၉၊ ၂၀၁၃ (နံနက် ၉း၁၅ - နာရီ))

ပုဒ်မ ၁၄၄ ထုတ်ထားသော ဇီးကုန်းမြို့ လုယက်မှုများ ဆက်လက်ဖြစ်ပွားနေ 
==============
မတ်လ ၂၉၊ ၂၀၁၃ (နံနက် ၉း၁၅ - နာရီ)
M-Media

မတ်လ ၂၇ ရက်နေ့က ဇီးကုန်းမြို့တွင် မတရား ရက်စက်စွာ အကြမ်းဖက်ဖျက်ဆီးမှုခံရသော ဇီးကုန်းမြို့မှမွတ်စလင်မ်များသည် ဇီးကုန်းမှ ၂-မိုင်ခန့်ဝေးသော
လယ်မအုပ်စု ကျွဲခြံရွာသို့ သွားရောက် ခိုလှုံနေကြရသည်။

ယမန်နေ့က နိုင်ငံတော် သမ္မတမိန့်ခွန်းပြောပြီး ယနေ့ ၂၉-ရက်နေ့ နံနက် (၉း၁၅နာရီ)တွင် မွတ်စလင်မ်များ ထွက်ပြေးတိမ်းရှောင်နေသည့် ကျွဲခြံရွာသို့ အကြမ်းဖက်အုပ်စု ရောက်ရှိလာပြီး မွတ်စလင်မ်များပိုင် ပစ္စည်းများ ကျပ်သိန်း ၃၀ ဖိုးခန့်ကို အဓမ္မလုယက်ဖျက်စီးခဲ့ကြောင်း သိရသည်။ ၄င်း ပစ္စည်းများသည် အလယ်တန်းပြ မွတ်စလင်မ်ဆရာမ ဒေါ်ခင်ထွေးမူနှင့် ၎င်းမိသားစုတို့ ပိုင်ဆိုင်သော ပစ္စည်းများဖြစ်ပြီး အကြမ်း ဖက်မှုများကို စိုးရိမ်သဖြင့် ၄င်းရွာရှိ အသိ လက်သမား ဦးတင်စိန်ဆီသို့ လွန်ခဲ့သည့် ၁၀-ရက်ခန့်က ကြိုတင်ပို့ဆောင်ထားခြင်းဖြစ်ပြီး ဆိုင်ကယ်၊ရေခဲသေတ္တာ၊ တီဗီနှင့် အခြားသောအဖိုးတန်ပစ္စည်းများစွာ ပါဝင်သည်။

ဆရာမ ဒေါ်ခင်ထွေးမူတို့မှာ အစိုးရကျောင်းဆရာ/မ မိသားစုများဖြစ်ကြပြီး ၎င်းတို့ မိသားစုတွင် အလယ်တန်းပြ ၅ ဦးနှင့် အထက်တန်းပြ ၁ ဦးတို့ပါဝင်သည်။ ၎င်းတို့သည် ဇီးကုန်းမြို့ပတ်ဝန်းကျင်တွင် ဗုဒ္ဓဘာသာ ကလေးငယ်များကို အနစ်နာခံ စာသင်ကြားပေးနေသူများဖြစ်ကြသည်။ ယခုအခါ ဇီးကုန်းမြို့ရှိ ၄င်းတို့အိမ်များပျက်စီးရုံမက ၄င်းတို့၏ကျောင်းစိမ်း ၀တ်စုံများကိုလည်း နင်းချေစုတ်ဖြဲထားရာ စာသွားသင်ဖို့ပင် ကျောင်းစိမ်းအင်္ကျီ မရှိတော့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်ဝန်းကျင်ကို ပုဒ်မ ၁၄၄ အမိန့်ထုတ်ထားသည့်ကြားက ယခုလိုအကြမ်းဖက်လုယက်မှုဖြစ်သွားခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၇ ရက်နေ့က ဇီးကုန်းမြို့တွင် မတရား ရက်စက်စွာ အကြမ်းဖက်ဖျက်ဆီးမှုခံရသော ဇီးကုန်းမြို့မှ
မွတ်စလင်မ်များသည် ဇီးကုန်းမှ ၂-မိုင်ခန့်ဝေးသောလယ်မအုပ်စု  လယ်မအုပ်စု ကျွဲခြံရွာသို့ သွားရောက် ခို
လှုံနေကြရသည်။ယမန်နေ့က နိုင်ငံတော် သမ္မတမိန့်ခွန်းပြောပြီး ယနေ့ ၂၉-ရက်နေ့ နံနက် (၉း၁၅နာရီ)တွင် မွတ်စလင်မ်များ ထွက်ပြေးတိမ်းရှောင်နေသည့် ကျွဲခြံရွာသို့ အကြမ်းဖက်အုပ်စု ရောက်ရှိလာပြီး မွတ်စလင်မ်များပိုင် ပစ္စည်းများ ကျပ်သိန်း ၃၀ ဖိုးခန့်ကို အဓမ္မလုယက်ဖျက်စီးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း အနောက်ဘက်ခြမ်း (မတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ အခြေအနေ)


ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက် မြို့နယ်တို့၏ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်း အခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး လွန်ခဲ့သော ပဋိပက္ခ ဖြစ်ပွားခဲ့သည့် နေ့များထက် ဒေသခံများ သွားလာလှုပ်ရှားမှု ပိုမို များပြားလျက်ရှိကြောင်း Eleven Media Group သတင်းထောက်၏ ပြောကြားချက်အရ သိရသည်။

“အမေရိကန်၏ B-2 ဗုံးကြဲလေယာဉ်များ ပျံသန်းခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်များ အသင့်ပြင်”

“အမေရိကန်၏ B-2 ဗုံးကြဲလေယာဉ်များ ပျံသန်းခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်များ အသင့်ပြင်”

အမေရိကန်က တောင်ကိုရီးယား ဝေဟင်တွင် B-2 လေယာဉ်များ ပျံသန်းပြခဲ့သည့်နောက် မြောက်ကိုရီးယားကလည်း ဒုံးကျည်များကို အသင့်ပြင်ဆင်ထားကြောင်း ကြေညာလိုက်သည်။ 

အမေရိကန်သည် ၎င်းတို့ အလွန်အားထားပြီး အရေးပါလွန်းသည့် စစ်ဆင်ရေးများတွင်သာ အသုံးပြုလေ့ ရှိသည့် မဟာဗျူဟာမြောက် ကိုယ်ပျောက် ဗုံးကြဲ တိုက်လေယာဉ်ကြီးများကို မဟာမိတ် နိုင်ငံ၏ ဝေဟင်တွင် ပျံသန်းပြခြင်းဖြင့် တောင်ကိုရီးယား၏ အိမ်နီးချင်း ပြိုင်ဘက်တို့ကို ခြိမ်းခြောက်ပြခဲ့သည်။ 

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း B-2များကို တောင်ကိုရီးယားတွင် စစ်ရေးလေ့ကျင့်မှု ကဏ္ဍအတွင်း ထည့်သွင်း ပျံသန်းစေခဲ့ကြောင်း အတည်ပြုခဲ့သည်။
အမေရိကန်သည် မကြာသေးမီကမှလည်း B-52 ဗုံးကြဲလေယာဉ်ကြီးများကို ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် ဖြတ်ကျော် ပျံသန်း ပြခဲ့သေးသည်။

Read more http://www.planet.com.mm/news/read.cfm/id/21298

အမေရိကန်ကတာင်ကိုရီးယားဝဟင်တွင်B-2လယာဉ်များ ပျံသန်းပြခဲ့သည့်နောက် မြောက်ကိုရီးယား
ကလည်း ဒုံးကျည်များကို အသင့်ပြင်ဆင်ထားကြောင်း ကြေညာလိုက်သည်။

စောင့်ကြည့် သတိထားရမည့် ရန်ကုန်အခြေအနေ

စောင့်ကြည့် သတိထားရမည့် ရန်ကုန်အခြေအနေ
==============
မတ်လ ၂၉၊ ၂၀၁၃
M-Media
သတင်း - ဆူးထက်

ပျံလွန်တော်မူသွားသော မစိုးရိမ် ကျောင်းတိုက်မှ ဆရာတော် ကိုရည်စူး၍ ဆုတောင်းပွဲတစ်ရပ်ကို (၂၉)ရက်၊ သောကြာနေ့ နေ့လည် ၁၂း၃၀ အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမအနီး ဆူးလေစေတီတော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထိုဆုတောင်းပွဲကို ဦးဝီရသူ တက်ရောက်မည် ဖြစ်ကြောင်းသတင်းရရှိသည်။ 

ထိုအတူ လက်ပတောင်းတောင် ကြေးနီ စီမံကိန်း အရေး ဆန္ဒပြပွဲ တရပ်ပြုလုပ်ရန်ခွင့်ပြုချက် ရထားပြီးဖြစ်ကြောင်း သိရသည်။  ညနေ (၄း၀၀) နာရီတွင် ဆန္ဒပြပွဲကိုပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ 

သို့ပါ၍ အစ္စလာမ်ဘာသာဝင် မိဘပြည်သူများ အနေဖြင့် ဂျွမ္မာအချိန်(သောကြာနေ့ဘုရားဝတ်ပြုချိန်)နှင့် အချိန်ကိုက်ဖြစ်နေသည်ကို သတိမူစေလိုကြောင်း၊ ရန်ကုန်မြို့တွင် ဆူပူအကြမ်းဖက်မှုဘက်သို့ ဦးတည်လာနိုင်သည်ကို သတိထားရမည် ဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် ၎င်းအနီးတ၀ိုက်မှ ရှောင်ကြဉ်ကြစေလိုကြောင်း၊ မိဘများ အနေဖြင့် မိမိသား သမီးများကို အိမ်ထဲတွင်သာ ထားရှိစေလိုကြောင်း၊ ပြဿနာဖြစ်စေနိုင်မည့် အရေးများမှ အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်ကြရန် တစ်ဦးချင်းစီမှာ တာဝန် ရှိကြောင်း၊ မိမိတစ်ဦးတစ်ယောက်ကြောင့် အစ္စလာမ်ဘာသာဝင်များ၏ အသက် အိုးအိမ်ကို မထိခိုက် မပျက်ဆီးစေရန် နေထိုင်ပြောဆိုသင့်ကြောင်း ကို ပန်းပဲတန်းမြို့နေ ပြည်သူတစ်ဦးမှ M-Media ကို ပြောပြလာပါသည်။

ဓါတ်ပုံ- Eleven Media
မတ်လ ၂၉ ရက် နံနက် ၁ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များ အဓိကရုဏ်းနှိမ်နင်းရေး လေ့ကျင့်နေစဉ်
မတ်လ ၂၉ ရက် နံနက် ၁ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များ အဓိကရုဏ်းနှိမ်နင်းရေး လေ့ကျင့်နေစဉ်
မတ်လ ၂၉၊ ၂၀၁၃

ပျံလွန်တော်မူသွားသော မစိုးရိမ် ကျောင်းတိုက်မှ ဆရာတော် ကိုရည်စူး၍ ဆုတောင်းပွဲတစ်ရပ်ကို (၂၉)
ရက်၊ သောကြာနေ့ နေ့လည် ၁၂း၃၀ အချိန်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမအနီး ဆူးလေစေတီတော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ထိုဆုတောင်းပွဲကို ဦးဝီရသူ တက်ရောက်မည် ဖြစ်ကြောင်းသတင်းရရှိသည်။

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေ အရေးပေါ်အကူအညီတွေလိုအပ်နေကြောင်း ကုလသမဂ္ဂပြောကြား

လာမယ့်မလမုတ်သုန်ရာသီမစခင်မန်မာနိုင်ငံရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ နေရာရွှေ့ပြောင်းခံရသူ တစ်သိန်းခွဲနီးပါး အတွက် အရေးပေါ်အကူအညီ အစီအမံတွေ အမြန်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည်

သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည်

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဟာ အခုလာမယ့် ဧပြီလဆန်းမှာ
မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ
ငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင် ဘယ်လို အကူအညီပေးမလဲဆိုတာကို
စူးစမ်းလေ့လာဖို့အတွက် မြန်မာနိုင်ငံနဲ့ နီပေါလ်နိုင်ငံကို မတ်လ ၂၉ ရက်နေ့ ကနေ ဧပြီ ၆ ရက်နေ့ အထိ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ နီပေါလ်နိုင်ငံကို အရင်သွားပြီးမှ မြန်မာနိုင်ငံကို သွားရောက်မှာပါ။ မြန်မာနိုင်ငံမှာတော့ လက်ရှိ မြန်မာနိုင်ငံ ဒီမိုကရေစီကူးပြောင်းမှုလုပ်ငန်းတွေမှာ ဘယ်လို အကူအညီတွေ ပေးနိုင်မလဲဆိုတာကို သမ္မတဟောင်း Carter အပါအ၀င် Carter Center က ကိုယ်စားလှယ်အဖွဲ့တွေ လေ့လာစူးစမ်းသွားမှာဖြစ်ပါတယ်။ သမ္မတဟောင်း ဂျင်မီကာတာ
မြန်မာနိုင်ငံမလာခင်မှာပဲ၊ Carter Center ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး၊ သမ္မတဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိုနှိုင်းမှုတွေ
လုပ်ခဲ့တယ်လို့ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ဗွီအိုအေ
မြန်မာပိုင်းကို ပြောပါတယ်။

ဒါကြောင့် သမ္မတဟောင်း ဂျင်မီကာတာ ဟာ မြန်မာနိုင်ငံကို လာရောက်တဲ့အခါ သမ္မတဦးသိန်းစိန်အပါအ၀င် မြန်မာအစိုးရပိုင်းက ခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေ၊
အရပ်ဖက်လူမှုအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေကို တွေ့ဆုံမယ်လို့
မျှော်လင့်ရပါတယ်။ Carter Center ဟာ ကမ္ဘာအရပ်ရပ်မှာ ဒီမိုကရေစီရေးနဲ့
လူ့အခွင့်အရေးအတွက် တွန်းအားပေးဆောင်ရွက်နေသလို၊
ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ ငြိမ်းချမ်းရေးရနိုင်ဖို့ အကူအညီပေး
ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်းက
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာလည်း ပါဝင် အကူအညီပေးနိုင်ဖွယ်ရှိတယ်လို့
သိရပါတယ်။



ဗွီအိုအေ (မြန်မာပိုင်း)

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဟာ အခုလာမယ့် ဧပြီလဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို
့ရှိနေပါတယ်။ပဋိပက္ခဖြစ်တဲ့နေရာတွေမှာငြိမ်းချမ်းရေးတည်ဆောက်နိုင်အောင်ဘယ်လို အကူအညီပေးမ
လဲဆိုတာကို စူးစမ်းလေ့လာဖို့အတွက် မြန်မာနိုင်ငံနဲ့ နီပေါလ်နိုင်ငံကို မတ်လ ၂၉ ရက်နေ့ ကနေ ဧပြီ ၆ ရက်နေ့ အထိ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ 

Michael Learns to Rock (MLTR) ဂီတအဖွဲ့ရန်ကုန်မြို့ သို့ယနေ့မနက်ပိုင်းကရောက်ရှိ


ရန်ကုန်၊ မတ် ၂၉ Michael Learns to Rock (MLTR) ဂီတအဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖျော်
ဖြေမည့် ၄င်းတို့၏ ဖျော်ဖြေပွဲ အတွက် ရန်ကုန်မြို့သို့ မတ်လ၂၉ ရက်နံနက် ၇ နာရီ ၅ မိနစ်က ကာတာလေ
ကြောင်းလိုင်းဖြင့် ရောက်ရှိလာသည်။

အကြမ်းဖက်သမားများ အင်းမ ကိုဖျက်ဆီနေပြီ

မတ်လ ၂၈၊ ၂၀၁၃

ရေကျော်ရွာအကျော် အင်းမအနီးရှိ နွားပွဲဈေးမှ မွတ်စလင်မ်ပိုင် ကြက်ခြံတစ်ခုအား လွန်ခဲ့သော ၄၅-မိနစ်ခန့်က ၀င်ရောက်ဖျက်ဆီးနေကြောင်း၊ အင်းမအနီးတွင် လုံခြုံရေးချထားသော စစ်တပ်ကို လွန်ခဲ့သော နာရီဝက်ခန့်က အကြောင်းကြားစဉ် တပ်မမှူးရောက်နေ၍ ခဏကြာလျှင် လာခဲ့မည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများသည် ယခုအခါ ကြက်ခြံအား တချို့တ၀က်ဖျက်ဆီး၍၊ မီးလုံးများလည်း ရိုက်ခွဲသွားကြောင်း၊ ယခုအချိန်ထိ စစ်တပ်မှ မရောက်ရှိလာသေးကြောင်း သိရသည်။

အကြမ်းဖက်မှုကြောင့် အိမ်ရာများပျက်စီးခဲ့ရတဲ့ အစ္စလာမ် ဘာသာဝင် ၇၄ ဦးအားရန်ကုန်မြို့သို့ခေါ်ဆောင်လာ

နတ္တလင်းမှ အကြမ်းဖက်သမားများရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရသော အစ္စလာမ် ဘာသာဝင် ၇၄ ဦးအား သံဃာတော်များမှ ဦးဆောင်ကာ ရန်ကုန်သို့ ယနေ့ ခေါ်ဆောင်လာခဲ့ပြီး ရန်ကုန်မြို့ ရောင်နက်ဗလီတွင် ထားရှိ ထားသည်ဟု သိရသည်။ အဆိုပါ ဒုက္ခသည်များအား မင်္ဂလာတောင်ညွန့်မှ သံဃာတော်များနှင့်၈၈

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဒေါပုံမြို့နယ်၌ အမျိုးသမီးတစ်ဦးမှ အကြမ်းဖက်ဆူပူရန် လှုံ့ဆော်မှုတစ်ခုဖြစ်ပွား

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဒေါပုံမြို့နယ်၌ အမျိုးသမီးတစ်ဦးမှ အကြမ်းဖက်ဆူပူရန် လှုံ့ဆော်မှုတစ်ခုဖြစ်ပွားခဲ့ရာ ရပ်ကွက်နေပြည်သူများမှ အချိန်မီဟန့်တား ဖမ်းဆီးနိုင်ခဲ့ကြောင်း PDK မှ သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ

အင်းမမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးရန် အကြမ်းဖက်သမားများ ချီတက်လာနေ

အင်းမမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးရန် အကြမ်းဖက်သမားများ ချီတက်လာနေ
================
မတ်လ ၂၈၊ ၂၀၁၃
M-Media
အေးမောင်

ပဲခူး ။ ။ ပဲခူးတိုင်း သဲကုန်းတိုက်နယ် အင်းမမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးရန် အကြမ်းဖက်သမားများ အုပ်စုဖွဲ့၍ ချီတက်လာနေကြာင်း သတင်းရရှိသည်။

အင်းမမြို့ရှိ ဗလီအား လွန်ခဲ့သောရက်က ဖျက်ဆီးရန်ပြုခဲ့ပြီး ယနေ့ညတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဆက်လက်ဖျက်ဆီးရန်အတွက် အင်းမအနီးရှိ ဘုရားကြီးကုန်းရွာနှင့် ပျားစည်ရွာတို့မှ အကြမ်းဖက်သမားများစုပေါင်း၍ လူ-၁၅၀ ခန့် ချီတက်လာကြောင်းကို အခြားရွာမှနေ၍ အင်းမမြို့သို့ သတိပေးပြောဆိုသောကြောင့် အင်းမမြို့ရှိ မွတ်စလင်မ်များ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသောကြောင်း အင်းမမှ M-Media သို့ လွန်ခဲ့သော ၁၅-မိနစ်ခန့်တွင် ပြောကြားလာပါတယ်။

မတ်လ ၂၈၊ ၂၀၁၃
 
ပဲခူး ။ ။ ပဲခူးတိုင်း သဲကုန်းတိုက်နယ် အင်းမမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးရန် အကြမ်းဖက်သမားများ အုပ်စုဖွဲ့၍ ချီတက်လာနေကြာင်း သတင်းရရှိသည်။

ရန်ကုန်မြို့အတွက် စနစ်တကျရေးဆွဲထားတဲ့ လုံခြုံရေး စီမံချက်

ရန်ကုန်မြို့အတွက် စနစ်တကျရေးဆွဲထားတဲ့ လုံခြုံရေး စီမံချက်ကြီးရှိပြီးသားပါ။ အင်မတန်ပြည့်စုံတဲ့ လုံခြုံရေးစီမံချက်ပါ။ ၁၅ မိနစ်အတွင်းမှာတပ်ဖြန့်နေရာယူပြီး နာရီဝက်အတွင်း အတွင်းစည်း (၁၉) နေရာနဲ့ အပြင်စည်း(၁၉) နေရာမှာ တပ်ဖြန့်၊ ပိတ်ဆို့နေရာ (၁၈၄) နေရာနဲ့ ရန်ကုန်မြို့တစ်ခုလုံးကိုပိတ်ဆို့ပြီး မလိုလားအပ်သူတွေကို ချေမှုန်းနိုင်တဲ့စီမံချက်လည်း ဖြစ်ပါတယ်။

အကြမ်းဖက်မှုကြောင့် မင်းလှမြို့တွင် ပိတ်မိနေသော အစ္စလာမ် ဘာသာဝင်များကို သံဃာ(၄)ပါး နှင့် ဗုဒ္ဓဘာသာဝင်အချို့ မှ ကယ်ထုတ်ပေးခဲ့ ( မတ်လ ၂၈၊ ၂၀၁၃ ည ၁၁း၀၀)

မတ်လ ၂၈၊ ၂၀၁၃

ယနေ့ ည(၁၁)နာရီ ၁၀မိနစ် အချိန်တွင် ပဲခူးတိုင်း ၊ မင်းလှမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင် ပိတ်မိနေသော အစ္စလာမ် ဘာသာဝင်များကို ဒေသခံ သံဃာလေးပါး နှင့် ဗုဒ္ဓဘာသာဝင် တချို့တို့မှ ကယ်ထုတ်လာ၍ ရန်ကုန်မြို့ ရှိ ဗလီဝတ်ကျောင်းတော် တခုသို့ လာရောက် ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။