Pages

Pages - Menu

Friday, March 29, 2013

ဧရာဝတီ ဆိပ်ကမ်းနဲ့ မြို့သာ စက်မှုစီမံကိန်းအတွက် အစုရှယ်ယာ စရောင်းပြီ

နိုင်ငံတကာအဆင့်မီ ဆီမီးခုံ(ဧရာဝတီ) ဆိပ်ကမ်းနဲ့ မြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်း တည်ဆောက်ခွင့်ရတဲ့ (RHGC) Royal Hi-Tech Group Company Limited ကို ယခုအခါ အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီးတာကြောင့် အစုရှယ်ယာတွေကို ဧပြီလ ၃ ရက်နေ့ကစပြီး ရောင်းချပေးတော့မှာ ဖြစ်တယ်လို့ RHGC မှ သိရပါတယ်။ ‘တစ်စုကို ကျပ်တစ်သိန်းနှုန်းနဲ့ အနည်းဆုံး ၁၀ စု ဝယ်ရမယ်၊ အစုပေါင်း သုံးသိန်းခြောက်သောင်း သတ်မှတ်ထားပါတယ်၊ မြန်မာနိုင်ငံသား ဘယ်သူမဆို ဝယ်လို့ရပါတယ်’ လို့ RHGC မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 
အစုရှယ်ယာ ဝယ်လိုသူတွေဟာ RHGC ရုံးခန်းတွေ၊ ဧရာဝတီ၊ ကမ္ဘောဇ၊ ယူနိုက်တက် အမရာ၊ မြန်မာရှေ့ဆောင်ဘဏ်တွေနဲ့ city mart ရုံးခန်းတွေမှာ ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ 
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဆီမီးခုံ(ဧရာဝတီ) ဆိပ်ကမ်းနဲ့ မြို့သာစက်မှု ဥယျာဉ်မြို့တော် စီမံကိန်း အကောင်အထည်ဖော်ဖို့ RHGC ကုမ္ပဏီနဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရတို့က ၂၀၁၁ ခုနှစ်ကုန်ပိုင်းက နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်, Rangonnewsdaily
Kolatt(PBDN):29.3.2013

No comments:

Post a Comment