ပန်ဒက်ဗ်၏မဲပေးမှုနှင့်ပတ်သက်၍အရှုပ်အထွေးများရှိခဲ့ပြီးနောက်ဖီဖာဆုရွေးမှုတွင်မသမာမှုများရှိနေသည်
ဟု မော်ရင်ဟိုကဝေဖန်ခဲ့ကာယင်းဝေဖန်ချက်နှင့်ပတ်သက်၍ကလေးဆန်သည်ဟု ဒဲလ်ဘော့စကေးက ပြန်
လည်တုံ့ပြန်ထားသည်။
သို့သော် တီရင်က မော်ရင်ဟို၏လူနေမှုစရိုက်မှာ အများနှင့်တူညီခြင်းမရှိသာကြောင့် ၎င်း အပေါ်နားမလည်
ကြခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။
မော်ရင်ဟိုနှင့် တီရင်မှာ ရင်းနှီးသော မိတ်ဆွေများဖြစ်ပြီး ထိုရင်းနှီးမှုကို တန်ဖိုးထားသည်ဟုလည်း တီရင်က
ပြောကြားခဲ့သည်။
" မော်ရင်ဟိုရဲ့စရိုက်က လူအများစုနဲ့ မတူပါဘူး။ ဒါကြောင့် တစ်ခါတလေကျရင် လူတွေကသူ့ကိုနားမလည်
နိုင်ကြတာပါ။ ဒါပေမဲ့ သူဟာ
အသင်းတိုင်းမှာအောင်မြင်သလို ခမ်းနားတဲ့နည်းပြတစ်ယောက်ပါ။ သူနဲ့
ကျွန်
တော်တို့ကြားက ရင်းနှီးမှုက ကျွန်တော့်အတွက် အရေးကြီးပါတယ်"
ဟု ဆိုခဲ့သည်။ သို့သော် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ရီးရဲလ်နှင့် ဂါလာတာစာရေးတို့ တွေ့ဆုံနေခြင်း
ကြောင့် ၎င်းတို့ ၂ဦးအနေဖြင့်ပြိုင်ဘက်များအဖြစ် တွေ့ဆုံရမည်ဖြစ်သည်.။
ရိုးရာလေး,Rangonnewsdaily
Kolatt(PBDN):29.3.2013

No comments:
Post a Comment