၂၉၊မတ်လ၊၂၀၁၃ယနေ့မွန်းလွဲး (၂း၀၀)နာရီတွင် မလေးရှားနိုင်ငံရောက်၊ မြန်မာမွတ်စလင်မ်များမှဦးဆောင် ပြီး မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူရ်မြို့၊ တန်ပုံဟာဂျီရှေ့တွင်လူ(၂၀၀)ကျော်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါဆန္ဒပြခြင်းရဲ့ရည်ရွယ်ချက် မှာ
မြန်မာနိုင်ငံတွင် မင်းမဲ့စရိက်ဆန်စွာ အကြမ်းဖက်သတ်ဖြတ်မှုမျာ ဆက်တိုက်ဆက်တိုက်ဖြစ်ပွားနေခြင်းကိုဥပဒေဆိုးမိုးမှုဖြင့်
ရပ်တန့်ထိန်းသိမ်းပေးရန်အတွက် တောင်းဆို
ဆန္ဒပြသူများက တောင်းဆိုချက်(၅)ချက်ကို တောင်းဆိုခဲ့ပါတယ်။ အဆိုပါတောင်းဆိုချက်များမှာ အောက်ပါ
အတိုင်းဖြစ်တယ်။
(၁) တောင်ကုပ်တွင် အပြစ်မဲ့မြန်မာမွတ်စလင်မ် ဆယ်ဦအား ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်မှုကို အမြန်
ဆုံးအရေးယူပေးရေး။
(၂) ရခိုင်ပြည်နယ်၊ ရိုဟင်ဂျာအရေးခင်းကို ဖန်တီးလှုံဆော်ပေးခဲ့သော တရားခံများအား အမည်နာမများဖြင့် မီဒီရာများမှတဆင့်ကြေငြာပေးရေး။
(၃) မိတ္ထီလာမှစတင်ခဲ့သေား အရေးအခင်းကို တပြည်လုံးမကူစက်အောင် တားဆီးကာကွယ်ပေးရေး။
(၄) ၂၁၊၃၊၂၀၁၃ရက်နေတွင် မိတ္ထီလာမှ ဟာဖစ်ကျောင်းသား (၂၈)ဦးနှင့် ဆရာလေးဦးအား အကြမ်းဖက်
ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့  အကြမ်းဖက်သများအုပ်စုအား အမြန်ဆုံးဖေါ်ထုတ်အရေးယူ ဆောင်ရွက်ပေး
ရေး။
(၅)မြန်မာမွတ်စလင်မ်များ၏ အသက်အိုးအိမ်နှင့် ဘ၀လုံခြုံမှုရရှိရေး။
ဖော်ပြပါတောင်းဆိုချက်ငါးချက်အား အမြန်ဆုံးဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပေးမှု အကောင်အထည်
မပေါ်သေးမျှ ယခုကဲ့သို့ တောင်ဆိုဆန္ဒပြနေအုန်းမည်ဟု ဖော်ပြပါရှိပါသည်။
Rangonnewsdaily
Kolatt(PBDN):29.3.2013
![]() |

No comments:
Post a Comment