Pages

Pages - Menu

Friday, March 29, 2013

ရန်ကုန်မြို့အတွက် စနစ်တကျရေးဆွဲထားတဲ့ လုံခြုံရေး စီမံချက်

ရန်ကုန်မြို့အတွက် စနစ်တကျရေးဆွဲထားတဲ့ လုံခြုံရေး စီမံချက်ကြီးရှိပြီးသားပါ။ အင်မတန်ပြည့်စုံတဲ့ လုံခြုံရေးစီမံချက်ပါ။ ၁၅ မိနစ်အတွင်းမှာတပ်ဖြန့်နေရာယူပြီး နာရီဝက်အတွင်း အတွင်းစည်း (၁၉) နေရာနဲ့ အပြင်စည်း(၁၉) နေရာမှာ တပ်ဖြန့်၊ ပိတ်ဆို့နေရာ (၁၈၄) နေရာနဲ့ ရန်ကုန်မြို့တစ်ခုလုံးကိုပိတ်ဆို့ပြီး မလိုလားအပ်သူတွေကို ချေမှုန်းနိုင်တဲ့စီမံချက်လည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ ၀င်ပေါက်ထွက်ပေါက်တွေဖြစ်တဲ့ တံတား (၁၁) ခု၊ သင်္ဘော/သမ္ဗာန်ဆိပ် (၁၀) ခု၊ အဝေးပြေးယာဉ်လိုင်းနေရာ (၅) ခုကို ပိတ်ဆို့ပြီး ကြွက်တစ်ကောင်၊ ကြောင်တစ်မြီး မလွတ်ရလေအောင် စီစဉ်ထားတာပါ။

အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုခုဖြစ်ပွားတာနဲ့ ခရိုင်ယာဉ်တင်အသင့် အရာရှိ (၁)၊အခြားအဆင့် (၅) ဦးက (၁၅) မိနစ်အတွင်း ရောက်ရှိပြီး ပိတ်ဆို့ရေးလုပ်၊ ခရိုင်အင်အား အသင့်လုပ်ထားတဲ့ အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ အရာရှိ (၄)၊အခြား အဆင့် (၃၆) ယောက်တို့ကလည်း ချက်ချင်းရောက်လာပြီး ရှင်းလင်းနှိမ်နှင်းရေး လုပ်နိုင်ဖို့ စီစဉ်ထားတာတွေရှိပါတယ်။

ဒီလို ပြည့်စုံတဲ့ မဟာရန်ကုန်လုံခြုံရေးစီမံချက်ကြီး ရှိပါလျက်နဲ့ ပြည်သူတွေအထိတ်တလန့်နဲ့ အိပ်ကောင်းခြင်းမအိပ်ရဘူးဆိုတော့ ရှက်စရာကောင်းပါတယ်ဗျာ။
 
ကျော်စွာမြင့်
Rangonnewsdaily
Kolatt(PBDN):28.3.2013
 
 

No comments:

Post a Comment