Pages

Sunday, June 16, 2013

ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိမည့် ကုမ္ပဏီနှစ်ခု အမည် ဇွန် နောက်ဆုံး အပတ်၌ ကြေညာ သွားမည်ဟု သိရ

Sunday, June 16, 2013
ပြည်တွင်း မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီ နှစ်ခုကို လုပ်ပိုင်ခွင့် လိုင်စင် ပေးအပ်ရန် နိုင်ငံတော် အစိုးရက ဆောင်ရွက်လျက် ရှိရာလုပ်ငန်း လုပ်ကိုင်ခွင့် ရသည့် ကုမ္ပဏီ နှစ်ခု၏ အမည်ကို ဇွန်လ နောက်ဆုံး အပတ်တွင် ကြေညာ ပေးသွားမည် ဖြစ်ပြီး ၎င်းကုမ္ပဏီ များကို အမှတ်ပေး စနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်သည်။ ကုမ္ပဏီများကို ဆက်သွယ်ရေး နည်းပညာ ဆိုင်ရာ စီမံချက် ပေးမှတ် ၁ဝဝဝ နှင့် လိုင်စင်ကြေး အတွက် ပေးမှတ် ၅ဝဝ စုစုပေါင်း ပေးမှတ် ၁၅ဝဝ သတ်မှတ်ကာ ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှု အတွက် ရည်မှန်းချက် ပြည့်မီစေရန် လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသည့် ကုမ္ပဏီများသည် ဆက်သွယ်ရေး ဆိုင်ရာ အခြေခံ အဆောက်အအုံများ တည်ဆောက် ပေးရမည် ဖြစ်သည်။ လုပ်ကိုင်ခွင့် လိုင်စင် သက်တမ်းကို ၁၅ နှစ် သတ်မှတ် ပေးထားပြီး နောက်ထပ် ၁ဝ နှစ် သက်တမ်း တိုးခွင့်လည်း ရှိသည်။ 
လိုင်စင် သက်တမ်းအရ နိုင်ငံတွင်း ဖုန်းခေါ်ဆိုမှု ၂၅ ရာခိုင်နှုန်းနှင့် ဒေတာ ပေးပို့မှု ၁ဝ ရာခိုင်နှုန်း ဝန်ဆောင်မှု ပေးရမည် ဖြစ်ပြီး နောက်ငါးနှစ်တွင် ၇၅ ရာခိုင်နှုန်းနှင့် ၅ဝ ရာခိုင်နှုန်း အထိ တိုးမြှင့် ဆောင်ရွက် ပေးရမည် ဖြစ်သည်။

ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းတင်က ဇွန် ၁ ရက် တွင် ပြုလုပ်ခဲ့သည့် မြန်မာ့ အင်တာနက် လွတ်လပ်ခွင့် ဖိုရမ်တွင် ဆက်သွယ်ရေး အော်ပရေတာ များ၏ ပြိုင်ဆိုင်မှုကြောင့် ဆက်သွယ်ရေး ကဏ္ဍသည် များစွာပြောင်းလဲ သွားမည် ဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅ဝ ရာခိုင်နှုန်းကို မိုဘိုင်းလ်ဖုန်း ကွန်ရက် လွှမ်းခြုံနိုင်ရန် အတွက် ဆက်သွယ်ရေး ကဏ္ဍတွင် အော်ပရေတာ လေးခုဖြင့် လုပ်ကိုင် ခွင့်ပြုသွားမည် ဖြစ်ပြီး မိုဘိုင်းလ်ဖုန်း၊ အင်တာနက်နှင့် အခြားသော ဆက်သွယ်ရေး ကဏ္ဍများကို ယင်းအော်ပရေတာ များက လုပ်ကိုင်သွားမည် ဖြစ်ကာ ယင်းသို့ ယှဉ်ပြိုင် လုပ်ဆောင်လာလျှင် ဖုန်းအသုံးပြု ပြောဆိုမှု (Air Time) လည်းလက်ရှိ တစ်မိနစ် ငွေကျပ် ၅ဝ မှ ထပ်မံ လျော့ကျသွားမည်ဖြစ်ကြောင်း သိရ သည်။

မြ၀တီ ,ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၁၆.၆.၂၀၁၃

0 comments:

Post a Comment

 
world time