RangonNewsDaily:: January . 18 .2014
ကျည်ဆန်(၆)တောင့် ထည့်ထားပြီး ပစ်ခတ်ရာတွင်တွန်းကန်အား နည်းပါးသလို အမျိုးသမီး တစ်ဦး၏ ပိုက်ဆံ
ကျည်ဆန်(၆)တောင့် ထည့်ထားပြီး ပစ်ခတ်ရာတွင်တွန်းကန်အား နည်းပါးသလို အမျိုးသမီး တစ်ဦး၏ ပိုက်ဆံ
အိတ်ထဲတွင် အလွယ်တကူ ထည့်ယူသွားနိုင်မည် ဖြစ်သည် အိန္ဒိယနိုင်ငံတွင်
အမျိုးသမီးများကို အုပ်စုဖွဲ့ အနိုင်အထက် ပြုကျင့်သည့် မှုခင်းများ
ထူပြောလာသည့်နောက် အမျိုးသမီးများအတွက် ရည်ရွယ် ဒီဇိုင်းထုတ်ထားသည့် ပစ္စတို
သေနတ်များကို စတင် ဖန်တီးလာခဲ့ပြီ ဖြစ်
သည်။
(၂၀၁၂)ခုနှစ်၊ဒီဇင်ဘာလက
ဒေလီမြို့တော်တွင်ဘတ်စ်ကားတစ်စင်းပေါ်၌ ကျောင်းသူလေး တစ်ဦးကို အုပ်စု
ဖွဲ့
မုဒိမ်းကျင့်ခဲ့သည့် ကိစ္စသည် အိန္ဒိယ နိုင်ငံ၏ အမျိုးသမီးများဘဝ
လုံခြုံရေးအတွက် အကြီးအကျယ် မေးခွန်း
ထုတ်စရာ ဖြစ်လာခဲ့သည်။
ထိုစဉ်က
မိန်းကလေးသည် သူမရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။ ယခုသီတင်းပတ်
အတွင်း
တွင်လည်း ဒိန်းမတ် ကမ္ဘာလှည့် ခရီးသည် အမျိုးသမီးတစ်ဦး ဒေလီတွင်အုပ်စုဖွဲ့မုဒိမ်းကျင့်မှုနှင့် ကြုံခဲ့ရသေး
သည်။ ထို့ကြောင့်လည်း
အိန္ဒိယတွင် အမျိုးသမီးများ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့် သေနတ်များကို
ရောင်း
ချပေးသွားတော့မည်ဟု သိရသည်။
အစိုးရက ပိုင်ဆိုင်သည့်Indian Ordnancyစက်ရုံသည်Nirbheekအမည်ရှိ သေနတ်ကို ထုတ်လုပ်ခဲ့သည်။ ယင်း
အစိုးရက ပိုင်ဆိုင်သည့်Indian Ordnancyစက်ရုံသည်Nirbheekအမည်ရှိ သေနတ်ကို ထုတ်လုပ်ခဲ့သည်။ ယင်း
သည်
စက်ရုံထုတ် သေနတ်များအနက် အသေးဆုံးဖြစ်ပြီး (၅၀၀)ဂရမ်သာ လေးသည်။
ကျည်ဆန်(၆)တောင့် ထည့်ထားပြီးပစ်ခတ်ရာတွင်တွန်းကန်အား နည်းပါးသလို
အမျိုးသမီး တစ်ဦး၏ ပိုက်ဆံအိတ်ထဲတွင် အလွယ်
တကူထည့်ယူသွားနိုင်မည်
ဖြစ်သည်။ "ပေါ့တယ်။ သေးတယ်။(၆)ချက်လုံး လွယ်လွယ်ပစ်လို့ရတယ်။ပြီးတော့
သေနတ်ရဲ့ တည်ဆောက်ပုံအရ ပေ(၅၀)လောက် အတွင်းက ပစ်မှတ်ကို တိတိကျကျ
ထိနိုင်တယ်"ဟု စက်ရုံ အထွေထွေ မန်နေဂျာ အက်ဘ်ဒူလ် ဟာမိဒ်က ရှင်းပြခဲ့သည်။
သို့သော်လည်း အိန္ဒိယတွင် သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားရန်မှာ ဈေးကြီးလွန်းလှသဖြင့်ယင်း
သို့သော်လည်း အိန္ဒိယတွင် သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားရန်မှာ ဈေးကြီးလွန်းလှသဖြင့်ယင်း
သေနတ်များကို အမျိုးသမီးများ
ဝယ်ယူကိုင်ဆောင်ခွင့်ရရေးမှာ ပြဿနာတစ်ရပ် ဖြစ်နေဆဲဟု ဝေဖန်မှုများလည်း
ထွက်ပေါ်နေသည်။
အမျိုးသမီးအများစုကမူ ယင်းလုပ်ဆောင်မှုကို ကြိုဆိုကြသည်။ကန်ပူအာမှအိမ်ထောင်ရှင်မ တစ်ဦးဖြစ်သည့်
ပရာတစ်ဘ်ဟာဂူပတာက "ကျွန်မမှာ
သေနတ်တစ်လက် ရှိနေတယ်ဆိုတာသိရင် ရန်လုပ်မယ့်လူက အနည်း
ဆုံးတော့
တွန့်ဆုတ်သွားမှာပဲ။ သေနတ်က ကျွန်မအတွက် အထောက်အကူ ပေးနိုင်တဲ့
သူငယ်ချင်းမျိုး၊ ပြီး
တော့ ကျွန်မရဲ့ ခွန်အားတစ်ရပ်လည်း
ဖြစ်လာပါလိမ့်မယ်"ဟု ပြောကြားသွားသည်။
Planet Myanmar Network , kolatt(PBDN)
RangonNewsDaily
Planet Myanmar Network , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment