ပဋိပက္ခ တွင် ပါဝင်သူ များ ကို ဖမ်းဆီးထား ရာ ၂၀၀ ကျော်ရှိသည် ဟု သိရသော်လည်း ဓားလွတ် ကိုင် ဒေသခံ မဟုတ်သည့် ဘုန်းကြီး အဖွဲ့  သည်မြို့  ပြင် တွင် ရပ်ထားသည့် လန်ခရူဆာ ၊ ဆစ်ဂနပ် မော်တော် ကား ၈ စီး ဖြင့် ယနေ့  ည နေ တွင် ပြန် လည် ထွက် ခွာ သွား သည် ဟု မိတ္ထီလာ
မြို့  ခံ တစ်ဦး က FNG ကို သတင်းပေး ပို့  သည်။
" ဟုတ်တယ်.. ဒီကားတွေ ဒီ ညနေ မှာ ပဲ မလှိုင် ၊ တောင်သာ ဘက် ကို ထွက်
သွားတယ်" လို့  ချမ်းအေး ရပ် ကွက် သား တစ်ဦး က ပြော ပြတာ ဖြစ်ပါတယ်။
မိတ္ထီလာမြို့ အဓိကရုဏ်း ဖြစ်ပွားစဉ်ကာလအတွင်း ပစ္စည်းများ သယ်ယူ
ရွှေ့ပြောင်းလာခဲ့တဲ့ မသင်္ကာသူ ၅၃ ဦးကို ရဲတပ်ဖွဲ့မှူးရုံးမှာ ဒေသဆိုင်ရာ
အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးနေကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျ
ရဲအရာရှိတစ်ဦးက မတ်လ ၂၃ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်မှာ RFA ရဲ့
ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။
ခေါ်ယူ စစ်ဆေးနေတဲ့ သူတွေထဲက အချို့မှာ မိတ္ထီလာမြို့ကမဟုတ်ပဲ အခြားမြို့တွေက လူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
RFA (Burmese), Freedom News Group:Rangonnewsdaily
RND: :23.3.2013
RND: :23.3.2013
0 comments:
Post a Comment