Saturday,, March 23, 2013
ဂရိနိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် ညလုံးပေါက် ပစ်ခတ်တိုက်ခိုက် မှု ဖြစ်ပွားပြီးနောက် အကျဉ်းသား ၁၁ ဦး သောကြာနေ့က ထွက် ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ ဂရိနိုင်ငံရှိ ထရီကာလာ အကျဉ်းထောင်မှ အယ်လ်ဘေးနီးယား အကျဉ်းသား ၁၁ ဦးက ထွက် ပြေးလွတ်မြောက်မသွားမီ အကျဉ်းထောင်စောင့်များနှင့် AK-47 ကိုင် သေနတ်သမားများကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ AK-47 ရိုင်ဖယ်နှင့် လက်ပစ်ဗုံးများ ကိုင်ဆောင်ထားသည့် သေနတ်သ
မား၆ ဦးခန့်က ကားနှစ်ဖြင့် ရောက်
ရှိလာကာ အကျဉ်းထောင်အား
တိုက်ခိုက်ခဲ့သည်။
အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေစဉ်အတွင်းအကျဉ်းသားများက အကျဉ်းထောင်၏ ခေါင်မိုးသို့တွယ်
တက်ကာ ထိုမှတစ်ဆင့်
ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း RT News တွင် ဖော်ပြသည်။
Planet Myanmar Network,Rangonnewsdaily
RND: :23.3.2013

0 comments:
Post a Comment