Pages

Tuesday, February 25, 2014

ရွန်နီ၏ ခေါင်းဆောင်မှု အရည်အသွေးများကို ဗီဒစ်ချီးကျူး


RangonNewsDaily: February . 25 .2014
မန်ချက်စတာ ယူနိုက်တက်မှ ထွက်ခွာတော့မည်ဖြစ်သော အသင်းခေါင်းဆောင် နီမန်ယာဗီဒစ်က တိုက်စစ်မှူး ဝိန်းရွန်နီ၏ ခေါင်းဆောင်မှု စွမ်းရည်များကို အသိအမှတ်ပြု ပြောကြားလိုက်သည်။စာချုပ်သက်တမ်း ကုန်ဆုံးမည့် နွေရာသီတွင် အိုးလ်ထရက်ဖို့ဒ်ကို ကျောခိုင်းမည်ဟု ကြေညာထားသည့် ဆာဘီးယား ဗဟိုနောက်ခံလူ၏ မှတ်ချက် စကားများက လာမည့်ရာသီသစ်အတွက် ယူနိုက်တက်တွင် မည်သူမည်ဝါ အသင်းခေါင်းဆောင် ဖြစ်သင့်ကြောင်း အရိပ်အမြွက် ထောက်ခံသည့်သဖွယ် ဖြစ်လာသည်။ ရွန်နီသည် မကြာသေးမီကမှ အသင်းနှင့် (၂၀၁၉)ခုနှစ်ထိ သက်တမ်းရှိသော စာချုပ်သစ်ကို လက်မှတ် ရေးထိုးထားခဲ့သည်။ စာချုပ်သစ် လက်မှတ်ထိုးပြီး ပထမဆုံး ကစားသည့် ခရစ္စတယ်လ် ပဲလေ့စ်နှင့် ပွဲစဉ်တွင် ရွန်နီသည် ကိုယ်တိုင် (၁)ဂိုးသွင်းခဲ့သလို အသင်းကိုလည်း အကောင်းဆုံး ဦးဆောင်ကစားနိုင်ခဲ့သည်။

ဗီဒစ်က "ရွန်နီဟာ တကယ့်ကို ခမ်းနားကြီးကျယ်တဲ့ ကစားသမားတစ်ယောက်ပါ။ အသင်းမှာ သူဆက်နေဖြစ်တယ် ဆိုတာက သိပ်ကို အရေးကြီးပါတယ်"ဟု ဆိုသည်။ ၎င်းက "ရွန်နီ အနေနဲ့ ကာလရှည် စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်တဲ့နောက် လာမည့်နှစ်ပိုင်းတွေမှာ အသင်းအတွက် အရေးအပါဆုံး ဦးဆောင် ကစားသမားတစ်ယောက် ဖြစ်လာမှာ သေချာတယ်"ဟုလည်း ဟောကိန်းထုတ်ခဲ့သည်။ 

သတင်းထောက်များက အသင်းခေါင်းဆောင် လက်ပတ်ကို ရွန်နီ ဆက်ခံရန် သင့်မသင့် မေးမြန်းရာ ဗီဒစ်က "သေချာတာကတော့ ဒါဟာ မန်နေဂျာရဲ့ ဆုံးဖြတ်ချက်ပါ။ သူ့အနေနဲ့ ရွန်နီ့ကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်နိုင်ပါတယ်။ ရွန်နီဟာ အသင်းမှာ ရှိနေတဲ့ တကယ့် ဦးဆောင်နိုင်စွမ်း မြင့်မားသူ တစ်ယောက်ပါ။ 

တကယ်လို့ သူသာ အသင်းခေါင်းဆောင် ဖြစ်လာရင် ကျွန်တော် အံ့ဩနေမှာ မဟုတ်ဘူး"ဟုလည်း ပြောကြားသွားခဲ့သည်။

Ref:skysports
Soccer Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time