skip to main |
skip to sidebar
ဘ၀ဇာတ်ဆရာ (ကဗျာ)
10:59 AM
Kolatt
ဘ၀ဇာတ်ဆရာ
ဖျက်လိုက်ပြန်ရေးလိုက်နဲ့ ကဗျာလေးတစ်ပုဒ်
ဘယ်တော့မှ အဆုံးသတ်မှာလဲ
မျော်လင့်ချက် ကောက်ရိုးတစ်မျှင် ဆွဲကိုင်ထားလဲ
အိပ်မက်တွေသာဖြစ်ခဲ့ရ မိုးရွာတာ ကြုံနေရတဲ့ရက်တွေမှာ
နေသာတဲ့ရက်တွေကိုတော့ မျော်လင့်မိသေး
ဘ၀ သင်္ခန် စာတွေအတွက် ငါတို့က
ကိုယ်တိုင်စာရေးဆရာတွေဖြစ်ခဲ့ပြီ
လုပ်သမျှဖြစ်မလာလဲ
ဆက်လုပ်နေရာမှာက တို့တာဝန်
ငါ့တို့ရေမြေက ငါတို့အတွက်ဖြစ်မလာတော့
Day Work တွေ ၊ Over Time တွေနဲ့ နပန်းလုံးနေရတုန်း
တောင်းဆုတွေပြည့်စုံတဲ့နေ့
မျော်လင့်ခြင်း အပြည့်နဲ့ ပြန်လာခဲ့မယ် မွေးရပ်မြေ
ကိုလတ်(ပန်ဘဲတန်း)
0 comments:
Post a Comment