Saturday, June 29, 2013
မွန်ပြည်နယ် ပေါင်မြို့နယ် ကဒုံစီး ရပ်ကွက်၊ ကမော့မြောက်ကွင်းအမှတ်
(၈၇၉)၊ဦးပိုင်အမှတ်(၂)၊ဦးအချိုမှုန့်
-ဒေါ်ရေးတို့၏လယ်မြေတွင်အငှားကောက်စိုက်နေသည့်ပေါင်မြို့နယ်ကဒုံစီးရပ်ကွက်၊ကမ်းနားပိုင်း၊ အိမ်အ
မှတ်(၇ဝ)တွင်နေထိုင်သူမောင်အောင်ဆန်းသည်ဇွန်၂၅ရက်ညနေ၃နာရီကလယ်မြေတွင် စပါးစိုက်ပျိုးရင်း
မြေအိုးတစ်လုံးအားတက်နင်းမိသဖြင့်ဖော်ယူ ကြည့်ရှုခဲ့ရာမှသင်္ကြန်အတာအိုးပုံစံ မြေအိုးတစ်လုံး
တွေ့ရှိခဲ့
အဆိုပါ အိုးအတွင်းမှ တစ်ပြားလျှင် ငါးကျပ်
သားခန့် ရှိသော အချင်း ၂ လက်မခန့်ရှိ ဘဲဥပုံ ငွေပြား ၃၂ ပြား၊ အလေးချိန်
စုစုပေါင်း တစ်ပိဿာ ၂ဝ ကျပ်သား၊ အချင်း ၂ လက်မခန့် ရှိပြီး လုံးပတ် ၁
လက်မခွဲ အလေးချိန် ၁ဝ ကျပ်သား ကျော်ရှိ သော ရွှေလက်ကောက် တစ်ကွင်း၊ အချင်း ၂
လက်မခန့် ရှိပြီး လုံးပတ် ၁ ဒသမ ၂ လက်မရှိသော အလေးချိန် ၁ဝ ကျပ်သားရှိ
ငွေလက် ကောက်တစ်ကွင်း တို့ကို တွေ့ရှိခဲ့သည်။
မောင်အောင်ဆန်းနှင့် မိဘများက၎င်းတို့လက်ဝယ်ရရှိထားသော ရှေးဟောင်း ငွေဒင်္ဂါးနှင့် ရွှေလက်ကောက်
မောင်အောင်ဆန်းနှင့် မိဘများက၎င်းတို့လက်ဝယ်ရရှိထားသော ရှေးဟောင်း ငွေဒင်္ဂါးနှင့် ရွှေလက်ကောက်
၊
ငွေလက်ကောက် များအား ယနေ့ နံနက် ၉ နာရီခွဲတွင် ပေါင်မြို့နယ် အထွေထွေ
အုပ်ချုပ်ရေးမှူးရုံးမှ တစ်
ဆင့် မွန်ပြည် နယ် ရှေးဟောင်း သုတေသန
ဦးစီးဌာနသို့ ဆက်လက် အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၉.၆.၂၀၁၃
0 comments:
Post a Comment