Pages

Saturday, June 29, 2013

စာရေးဆရာမ စုသဲမွန် ၏ ထွေးပိုက်အိမ်မက်နှင်းဆီ ၀တ္ထုတို စုစည်းမှု စာအုပ် ရေးသူဖတ်သူဆွေးနွေးပွဲကျင်းပ

Photo: စာရေးဆရာမ စုသဲမွန် ၏ ထွေးပိုက်အိမ်မက်နှင်းဆီ ၀တ္ထုတို စုစည်းမှု စာအုပ် ရေးသူဖတ်သူဆွေးနွေးပွဲကျင်းပ
Saturday, June 29, 2013

စာရေးဆရာမ စုသဲမွန် ၏ ထွေးပိုက်အိမ်မက်နှင်းဆီ ၀တ္ထုတို စုစည်းမှု
စာအုပ် ရေးသူဖတ်သူဆွေးနွေးပွဲကို ဗိုလ်အောင်ကျော်လမ်းရှိ HOME
( House Of Media Entertainment )တွင် ကျင်းပခဲ့သည်။

အဆိုပါ ၀တ္ထုတိုစာအုပ်၏ စာအုပ်မျက်နှာဖုံးကို ၈၈မျိုးဆက်ကျောင်း
သားခေါင်းဆောင် ကိုမင်းကိုနိုင် က ရေးဆွဲပုံဖော်ထားခြင်းဖြစ်ပြီး စာအုပ် မျက်နှာဖုံးနှင့် စပ်လျဉ်းပြီး “ ဒီစာအုပ်မျက်နှာဖုံးပန်းချီကတော့ ကျွန်တော်ငယ်ငယ်က မေမေရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော်ချစ်တဲ့
ကြောင် လေးရယ် ထွေးပိုက်ပြီးအိပ်နေတဲ့ ပုံလေးကို ရေးဆွဲထားတာဖြစ်
ပါတယ်။” ဟု ကိုမင်းကိုနိုင်က ပြောကြားသည်။

စာဖတ်ပရိတ်သတ် အခိုင်အမာရရှိထားသော စာရေးဆရာမ စုသဲမွန်ကို လုံးချင်းဝတ္ထုရေးရန် အစီအစဉ်ရှိမရှိကို မေးမြန်းရာတွင် “ကျွန်မ ၀တ္ထု တိုတွေကိုတောင် တော်တော် အချိန်ပေးပြီးရေးရပါတယတ်။ ၀တ္ထုဆိုရင် အချိန် တစ်နှစ်၊ နှစ်နှစ်လောက် ကြာသွားနိုင်ပါတယ်။ လောလော ဆယ်တော့ လုံးချင်းဝတ္တုရေးဖို့ အစီအစဉ်မရှိသေးပါဘူး။” ဟု ပြောကြားသည်။

၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်ကလည်း စာရေးဆရာမစုသဲမွန်၏ စာအရေးအသားနှင့်ပတ်သတ်ပြီး “ ကျွန်တော် ထောင်ထဲမှာတုန်း က သူ့ဝတ္ထုတိုတွေဖတ်ဖူးပါတယ်။ အဲ့ဒီတုန်းက အစောင့်တွေယူလာတဲ့ စာအုပ်ကို ကျွန်တော် ဖတ်ပြီးတဲ့ အချိန်မှာ မြန်မာ စာပေလောကကို တော့ စိန်ခေါ်မယ့် လူတစ်ယောက်တော့ လာပြီဆိုပြီးခံစားရပါတယ်။ သူဘယ်သူလည်း ဆိုတာလည်း ကျွန်တော်မသိပါဘူး။ စုသဲမွန်ဆိုတာ အထီးလား၊ အမလားလဲကျွန်တော်မသိပါဘူး။ ဘာလို့လဲဆိုတော့ မိန်းမကလောင်နဲ့ ယောကျာ်းကြီးတွေဖြစ်နေတာလဲ ရှိတယ်လေ” ဟု မှတ်ချက်ပေးပြောကြားသည်။

စာရေးဆရာမစုသဲမွန် မှာ စာရေးဆရာမကြီး ရွှေကူမေနှင်း၏ မြေး၊ နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသော စာရေး ဆရာ မောင်လွင်မွန် (ကသာ)၏ သမီးဖြစ်ကြောင်း သိရသည်။

ဆုဝေ
The Myanma Age

Saturday, June 29, 2013

စာရေးဆရာမ စုသဲမွန် ၏ ထွေးပိုက်အိမ်မက်နှင်းဆီ ၀တ္ထုတို စုစည်းမှု စာအုပ် ရေးသူဖတ်သူဆွေးနွေးပွဲကို
ဗိုလ်အောင်ကျော်လမ်းရှိ HOME( House Of Media Entertainment )တွင် ကျင်းပခဲ့သည်။ အဆိုပါ ၀တ္ထုတိုစာအုပ်၏ စာအုပ်မျက်နှာဖုံးကို၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်က ရေးဆွဲ
ပုံဖော်ထားခြင်းဖြစ်ပြီး စာအုပ် မျက်နှာဖုံးနှင့် စပ်လျဉ်းပြီး “ ဒီစာအုပ်မျက်နှာဖုံးပန်းချီကတော့ ကျွန်တော်ငယ်
ငယ်က မေမေရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော်ချစ်တဲ့ကြောင် လေးရယ် ထွေးပိုက်ပြီးအိပ်နေတဲ့ ပုံလေးကို
ရေးဆွဲထားတာဖြစ်ပါတယ်။” ဟု ကိုမင်းကိုနိုင်က ပြောကြားသည်။

စာဖတ်ပရိတ်သတ် အခိုင်အမာရရှိထားသော စာရေးဆရာမ စုသဲမွန်ကို လုံးချင်းဝတ္ထုရေးရန် အစီအစဉ်ရှိမ
ရှိကို မေးမြန်းရာတွင် “ကျွန်မ ၀တ္ထု တိုတွေကိုတောင် တော်တော် အချိန်ပေးပြီးရေးရပါတယတ်။ ၀တ္ထုဆိုရင် အချိန် တစ်နှစ်၊ နှစ်နှစ်လောက် ကြာသွားနိုင်ပါတယ်။ လောလော ဆယ်တော့ လုံးချင်းဝတ္တုရေးဖို့ အစီအစဉ်
မရှိသေးပါဘူး။” ဟု ပြောကြားသည်။

၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်ကလည်း စာရေးဆရာမစုသဲမွန်၏ စာအရေးအသားနှင့်ပတ်သတ်ပြီး “ ကျွန်တော် ထောင်ထဲမှာတုန်း က သူ့ဝတ္ထုတိုတွေဖတ်ဖူးပါတယ်။ အဲ့ဒီတုန်းက အစောင့်တွေယူလာတဲ့ စာ
အုပ်ကို ကျွန်တော် ဖတ်ပြီးတဲ့ အချိန်မှာ မြန်မာ စာပေလောကကို တော့ စိန်ခေါ်မယ့် လူတစ်ယောက်တော့ လာပြီဆိုပြီးခံစားရပါတယ်။ 
 
သူဘယ်သူလည်း ဆိုတာလည်း ကျွန်တော်မသိပါဘူး။ စုသဲမွန်ဆိုတာ အထီးလား၊ အမလားလဲကျွန်တော်မ
သိပါဘူး။ ဘာလို့လဲဆိုတော့ မိန်းမကလောင်နဲ့ ယောကျာ်းကြီးတွေဖြစ်နေတာလဲ ရှိတယ်လေ” ဟု မှတ်ချက်
ပေးပြောကြားသည်။

စာရေးဆရာမစုသဲမွန် မှာ စာရေးဆရာမကြီး ရွှေကူမေနှင်း၏ မြေး၊ နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီး
ထိန်းသိမ်းခြင်း ခံခဲ့ရသော စာရေး ဆရာ မောင်လွင်မွန် (ကသာ)၏ သမီးဖြစ်ကြောင်း သိရသည်။

ဆုဝေ
The Myanma Age , RangonNewsDaily
kolatt(PBDN): 29.6.2013

0 comments:

Post a Comment