ရန်ကုန် ။ ။ ရန်ကုန်မြို့အတွင်းရှိ ဘာသာရေး ပညာရှင်များး မိတ်ဆုံစားပွဲ အခမ်းအနားတစ်ရပ်ကို Mizzima Youth Network မှ ဇွန်လ ၄ရက်နေ့ နံနက် (၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဘာသာရေး ပညာရှင် (၆၀)ဦးခန့် နှင့်အစ္စလာမ်ဘာသာဝင်(၁၀)ဦးခန့်တက်ရောက်
ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့ေ
သည့် နည်းလမ်းကောင်းများနှင့် အနာဂတ်တွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအနေနှင့် ပြည်
တွင်းတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးတွင် ဆက်လက် ပါဝင်လုပ်ဆောင်သင့်သည့်ကိစ္စရပ်မ
ကို ဆွေးနွေးသုံးသပ်ခဲ့ကြသည်။
ထိုဆွေးနွေးပွဲမှ သာသနာ့ပညာရှင်များ၊ အစ္စလာမ်ဘာသာဝင် ပြည်သူများနှင့် Mizzima Youth Network မှ
လူငယ်များစုပေါင်းကာ အနာဂတ်တွင် အစ္စလာမ်ဘာသာဝင်များ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး
ကို ဆောင်ရွက်နိုင်ရန် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်းသတင်းရရှိပါသ
အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ မိတ်ဆုံစားပွဲ ဖိတ်ခေါ်ဆောင်ရွက်ခဲ့သော Mizzima Youth Networkမှလူငယ်တစ်ဦးဖြစ်သောကိုရဲထူးအားM-Media မှဆက်သွယ်မေးမြန်းခဲ့ရာလက်ရှိဖြစ်ပေါ်နေ
သည့် အခြေအနေနှင့် ပတ်သက်ပြီး အစ္စလာမ်ထုတစ်ရပ်လုံးဘက်မှ မားမားမတ်မတ် ခိုင်ခိုင်မာမာ မှန်ကန်
စွာ ရပ်တည်ပေးနိုင်မယ့် ဦးဆောင်လမ်းပြမယ့်သူတွေ လိုအပ်နေသေးသည်ဟု ယူဆတဲ့ အတွက် အခုလို အ
ခမ်းအနား ကျင်းပခဲ့ရခြင်း ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ဖြစ်ပွားနေသော အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်မှုများကို အစ္စလာမ် ဘာသာရေးပညာရှင်၏ မှန်ကန်စွာ ရပ်တည်သော လမ်းညွှန်မှု အောက်မှာ တစ်ပြည်လုံးရှိ အစ
ၥလာမ္ဘာသာ၀င္မ်ား တစ်ညီတညွှတ်တည်း ငြိမ်းချမ်းစွာ ဖြေရှင်းစေဖို့ ရည်ရွယ်ပါတယ်"ဟု ပြန်လည်ဖြေ
ကြားခဲ့ပါတယ်။
အဆိုပါအခမ်းအနားကိုနံနက်(၉)နာရီတွင်စတင်ကျင်းပခဲ့ပြီး နေ့လည်(၂)တွင်အခမ်းအနားပြီးဆုံးခဲ့ကြောင်း
သတင်းရရှိသည်။
M-Media , RangonNewsDaily
kolatt(PBDN) :4.6.2013
0 comments:
Post a Comment