Lord of the Rings ဇာတ်ကားထဲတွင် အသုံးပြုခဲ့သည့် ဓားရှည်များကို
ခိုးယူခဲ့ကြောင်း စွပ်စွဲမှုဖြင့် အမျိုးသမီး တစ်ဦးကို အမေရိကန် ရဲတပ်ဖွဲ့က
ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အမျိုးသမီးသည် ကမ္ဘာကျော် စိတ်ကူးယဉ်
ဇာတ်လမ်းတွဲကြီးအတွင်းရိုက်ကွင်း၌အသုံးပြုခဲ့သော ဓား
ရှည်နှစ်လက်ကို
ခိုးယူခဲ့သည်ဟု သံသယ ရှိသည့်အတွက် ဖမ်းဆီးထားကြောင်း နယူးယော့ခ် ရဲတပ်ဖွဲ့က
ဆို
သည်။
ဘရန်ဒါမက်ကေးသည် ယခုအခါ ဖောက်ထွင်းမှု စွဲချက်ဖြင့် တရားစွဲခံရရန် နီးစပ်နေသည်။ သူမသည် အချို့
သော ရိုက်ကွင်းအသုံးပြု ပစ္စည်းများကိုလည်း အလစ်သုတ်ရန် ကြိုးစားခဲ့သေးသည်။ထိုပစ္စည်းများကို မကြာ
မီက
ရုံတင်ခဲ့သည့် The Hobbit, An Unexpected Journey တွင်လည်း အသုံးပြုခဲ့သည်။
Planet Myanmar Network ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) : ၅.၆.၂၀၁၃

0 comments:
Post a Comment