Pages

Wednesday, June 5, 2013

မီးရရန် ငွေသိန်း ၄၀၀ သွင်းထားသော်လည်း ငါးနှစ်ကြာသည်အထိ မီးမရ

Wednesday, June 05, 2013

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် လွှစင် အုပ်စုအတွင်းရှိ ဆီဆုံကုန်း၊ နဝင်းကွက်သစ်၊ အရှေ့ပုပ္ပါးနှင့် လက်ပံလျှိုရွာ တို့တွင် ဒေသခံများသည် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးရရှိရန် ကျေးရွာ မီးလင်းရေးကော်မတီသို့ ငွေသိန်း ၄၀၀ ကို အရစ်ကျ ပေးသွင်းခဲ့သော်လည်း ငါးနှစ် ကြာသည်အထိ လျှပ်စစ်မီး မရရှိသေးကြောင်း အဆိုပါ လွှစင် အုပ်စု ကျေးရွာဒေသခံများ ထံမှ သိရှိရသည်။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်၍ တစ်အိမ်လျှင် ကျပ်လေး သိန်း၊ သုံးသိန်းစီ အရစ်ကျ ပေးသွင်းခဲ့ပြီး ကော်မတီက ထရန်စဖော်မာနှင့် ဓာတ်တိုင်များ ဝယ်ယူခဲ့သော်လည်း ယနေ့တိုင် လျှပ်စစ်မီးကြိုး သွယ်တန်းခြင်း မရှိသေးကြောင်း လွှစင်အုပ်စု နဝင်းကွက်သစ် ကျေးရွာနေ ဦးမြင့်ဝေက ပြောဆိုသည်။

“ကောက်လို့ရတဲ့ငွေက သိန်း ၄၀၀ ကျော်တယ်။ကော်မတီက တစ်အိမ် ကို နောက်ထပ် ခြောက်သောင်း စီတောင်းတယ်၊ မပြေလည်လို့ မပေးနိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။

မီးရရှိရန် တိုင်းလျှပ်စစ် အင်ဂျင်နီယာရုံးက တွက်ချက်ရာတွင် သိန်း ၁၂၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး ခွင့်ပြုမိန့်ရရှိရန် ကောက်ခံရသော ငွေများကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဗိုလ်ကြီး အငြိမ်းစား ဦးမြင့်ဦးထံ ပေးခဲ့ရကြောင်း၊ထရန်စဖော်မာနှင့် ဓာတ်တိုင် ၅၀ ဝယ်ယူထား ခဲ့ကြောင်း ကျေးရွာ မီးလင်းရေး ကော်မတီဝင် လွှစင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးစိုးက ပြောကြားသည်။

ကျေးရွာ မီးလင်းရေးကော်မတီ ပြန်ဖွဲ့ရန် တိုင်းလျှပ်စစ်ဌာနရုံးမှ တစ်ဆင့် နေပြည်တော်ရှိ
မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း ရုံးချုပ်အထိ စာတင်ထားပြီး မဟုတ်မမှန် သတင်းပေးတိုင်ကြားသဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ကာ တရားရုံးက တိုင်ကြားသူများကို ပုဒ်မ (၂၁၁) နှင့် တရားပြန် စွဲထားကြောင်း ၎င်းက ပြောဆိုသည်။

“အခုရွာသားတွေ ငွေကြေးမထည့်နိုင်လို့ မီးမရသေးဘူး။ အတိုင်းအတော ခံရတဲ့နောက် ငွေကောက်တာ ရပ်ထားတယ်” ဟု ၎င်းက ဆိုသည်။

The Voice Weekly ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) : ၅.၆.၂၀၁၃

0 comments:

Post a Comment

 
world time