သျှမ်းမြောက် မူစယ်ခရိုင် တရားရုံး၌ တရားခံများက ရဲတပ်ဖွဲ့ သေနတ်ကို လုယူ ပစ်ခတ်ပြီး တရားခံ ၃ဦး
ထွက်ပြေးလွတ်မြောက်သွားကြောင်း စုံစမ်းသိရသည်။
ထွက်ပြေးလွတ်မြောက်သွားသော လူသတ်တရားခံ လိဖန်နှင့် အိုက်ဆမ် “မနေ့ကညနေ လေးနာရီ ၁၅ မိနစ်
ကဖြစ်တာ။ရဲစခန်းအချုပ်ခန်းကနေခရိုင်တရားရုံးကိုရမန်ယူလာတဲ့တရားခံ၅ဦးကအချုပ်ကားဆင်းဆင်းချင်း
ရဲရဲ့ သေနတ်လုပြီး ပစ်ခတ်တယ်။
အဲဒီအချိန်မှာ တာဝန်ကျ ရဲတယောက်က သေနတ်လုပြေးတဲ့ တရားခံကို သေနတ်ပစ်တာ တရားခံကိုမထိ
ဘဲ ရဲ တယောက်ကိုသွားထိတယ်။ အဲဒီရဲ သေသွားတယ်။ တရားခံကပြန်ပစ်လိုက်လို့ ရဲ ၂ ယောက် ဒဏ်ရာ
ရတယ်၊ တရားခံ ၅ ယောက်ထဲက ၃ ယောက် လွတ်မြောက်သွားတယ်။ သေနတ် ၂ လက်ပါသွားတယ်” ဟု
မူစယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးကပြောသည်။
အဆိုပါရုံးထုတ်လာသောတရားခံများမ
ပြည်သူ့စစ်၏တူ ရဲအောင်ထွေးခေါ်လိဖန် ၊အိုက်ဆမ် ၊အားကျိနှင့်တရုတ်ပန်းဆေးလူမျိုးဘိန်းမှောင်ခို နှစ်ဦး
တို့ဖြစ်ကြကြောင်း၊၄င်း ၅ ဦးအနက် ပြန်လည်ဖမ်းမိသော၂ ဦးမှာနာမည်အတိအကျမသိရသေးကြောင်း ၄င်း
ကဆိုသည်။
“ခုလို တရားခံက ထွက်ပြေးလွတ်မြောက်ထားတယ်ဆိုတော
ရာယ်ကြီးတယ်၊ ကျမတို့ ကလေးက စိုင်းအိုက်လိန် ကျားဖြူဥက္ကဌတူ အသတ်ခံရတဲ့နေ့က အတူပါ နေလို့လေ
၊ တကယ်လို့ ဒီလူသတ်သမားတွေ ကျမတို့ကလေးကို ပြန်လာသတ်ရင် ဘယ်လိုလုပ်ရမလဲ” ဟု နမ့်ခမ်းမြို့မှ လူသတ်မှုတရားလိုဘက်ကပါသော မိခင်တစ်ဦးကပြောသည်။
ခုလက်ရှိလူသတ်သမားကို ပြန်မဖမ်းနိုင်သေးသ၍ အခင်းဖြစ်ပွားသည့်နေ့တွင်ပါဝင်သော တရားလိုဘက်မှ
လူငယ်များကို သက်ဆိုင်ရာအာဏပိုင်ဘက်မှ လုံခြုံရေးယူပေးသင့်ကြောင်း၊သျှ
ချင်သည်ဟု ၄င်းက ဆိုသည်။
“တရားရုံးထုတ်တာ လက်ထိပ်ခြေထိပ်ခတ်ထားတာပဲ၊ဘယ်လိ
လို့ မရဘူး၊တရားခံကိုမနေ့ကရုံးချိန်းတာတရားလိုတွေကိုဘာကြောင့် အာဏာပိုင်ဘက်ကအကြောင်း မကြား
တာလဲမသိဘူး”
“နောက်ပြီး မူစယ်မှာ တရားခံအတွက် လုံခြုံရေးစိတ်မချလို့ လာရှိုးကိုလွှဲပြောင်းစစ်ဆေးမယ်တဲ့၊ကျနော်တ
ဘက်ကလဲ - ငွေကြေးမတတ်နိုင်လို့ အမှုမလိုက်ကြောင်း စာတင်လိုက်တယ်၊ စာတော့ မေလ ၂၉ ရက် မှပြန်
ကျလာတယ်။ မူစယ်ခရိုင်မှာပဲအမှုစစ်ရမယ်၊ မူစယ်မှာရုံးချိန်းတာက ၄ ကြိမ် ရှိပါပြီ၊ သက်သေ ဒီလောက် ခိုင်
မာနေတာ ဘာကြောင့်စီရင်ချက်မချသေးတာလဲ တွေးစရာ တစ်ခုပါ” ဟု အသတ်ခံရသူ စိုင်းအိုက်လိန် နှင့် အမျိုးတော်စပ်သောသူတစ်ဦးကပြောသည
ယခုအချိန်တွင် လူသတ်တရားခံများက သေနတ် ၂ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်နေမှုအပေါ်မူစ
နှင့်နမ့်ခမ်းမြို့နေများက ကြောက်လှန့်နေကြကြောင်းသတင်းရရှိသည်။
သျှမ်းသံတော်ဆင့် , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း) : ၅.၆.၂၀၁၃
0 comments:
Post a Comment