မင်းလှမြို့ တောင်ဘက်မြို့သစ် ၄-လမ်းထဲမှ မွတ်စလင်မ်ပိုင် ကွမ်းယာဆိုင်အား
အကြမ်းဖက်သမားများက လွန်ခဲ့သော နာရီဝက်ခန့်က ဖျက်ဆီးခဲ့ကြပြီး ယခုအခါ
အိမ်များအား ဆက်လက်အကြမ်းဖက်ဖျက်ဆီးရန်လုပ်ဆောင်နေကြကြောင်းသိရသည်။အကြမ်းဖက်သမားများသည် (၅)ယောက် (၆)ယောက် တစ်စုစီဖြင့် အစုများစွာ
မြို့တွင်းတွင် ပတ်နေကြောင်း၊ ဆိုင်ကယ်များဖြင့်လည်း ပတ်နေကြကြောင်း၊
ယင်းလူစုများ တစ်စုတည်းဖြစ်သွားလျှင် မနေ့ကကဲ့သို့
ပြန်လည်အကြမ်းဖက်ကြမည်ကို မြို့ခံများက စိုးရိမ်လျက်ရှိပါသည်။
မနေ့က ဗလီများအား ဖျက်ဆီးရာတွင် ဘင်္ဂါလီဗလီအား စတင်ဖျက်ဆီးစဉ်
အကြမ်းဖက်ဖျက်ဆီးသူများအား စစ်တပ်မှပြောကြားသည်မှာ ‘အခု ဗလီကိုဖျက်ဖို့
နာရီဝက် အချိန်ပေးမယ်၊ နာရီဝက်ကျော်တာနဲ့ သေနတ်ဖောက်မယ်’လို့ ပြောတာကို
ကြားသိလိုက်ရပါတယ်ဟု ဗုဒ္ဓဘာသာဝင်တစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။
မနေ့က ဗလီများအား ဖျက်ဆီးရာတွင် ဘင်္ဂါလီဗလီအား စတင်ဖျက်ဆီးစဉ် အကြမ်းဖက်ဖျက်ဆီးသူများအား စစ်တပ်မှပြောကြားသည်မှာ ‘အခု ဗလီကိုဖျက်ဖို့ နာရီဝက် အချိန်ပေးမယ်၊ နာရီဝက်ကျော်တာနဲ့ သေနတ်ဖောက်မယ်’လို့ ပြောတာကို ကြားသိလိုက်ရပါတယ်ဟု ဗုဒ္ဓဘာသာဝင်တစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။
0 comments:
Post a Comment