![]() |
လူ့အဖွဲ့အစည်း)ရုံးတွင
၈၈မျိုးဆက်မှ ယမန်နေ့က ထုတ်ပြန်ထားသည့် သဘောထားကို ဂျင်မီက ရှင်းလင်းပြောဆိုသွားပြီး တက်
ရောက်လာသော သတင်းဌာနများမှ မေးမြန်းသော မေးခွန်းများကို မင်းကိုနိုင်နှင့် ကိုကိုကြီးတို့က ဖြေကြား
သွားခဲ့ကြသည်။
”သွေးထိုးလှုံ့ဆော်မှုနဲ့အကြမ်းဖက်မှုကိုလက်မခံနိုင်ဘူးဆိုရင် အခုလိုမဖြစ်အောင် ဘယ်လိုတားဆီးကြမလဲ” ဆိုသည့်
ဧရာဝတီမဂ္ဂဇင်းမှ မေးမြန်းချက်ကို မင်းကိုနိုင်က ဖြေကြားရာတွင် “ ဒေသခံတို့၏
ညီညွတ်မှုက အရေးကြီးကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး
တာဝန်ရှိသူများနှင့်အတူ အရပ်ဖက်အဖွဲ့အစည်းအသီးသီး၊ ဌာနဆိုင်ရာ
အဖွဲ့အစည်းများ၊ ကျောင်းသားကျောင်းသူများ၊ ဒေသတွင်း သြဇာကြီးမားသည့်
ရဟန်းရှင်လူများစုပေါင်းညီညွတ်လျှင်ယခုလိုအကြမ်းဖက်မှုမျိုးကို
ကြိုတင်တားဆီးနိုင်ကြောင်း၊ ပြည်မြို့
သည် ယမန်နေ့က ထိုညီညွတ်မှုမျိုးဖြင့်
တားဆီးသွားနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။
DVB သတင်းဌာနမှ “ယခုဖြစ်ပွားနေသောကိစ္စရပ်များကိ
ပြည်ထဲရေးဌာနရဲ့ အားနည်းချက်ကြောင့် ပိုမိုကျယ်ပြန့်ခဲရသည်ဟု
ဆိုချင်ပါသလား”ဟု မေးမြန်းရာတွင် ကိုကိုကြီးကယခုဖြစ်ပွားနေသောကိစ္စရပ်များကိုရာဇ၀တ်မှု၊အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပါကြောင်း၊ ပြည်
ထဲရေးဝန်ကြီးဌာန၏
လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေရှင်းနိုင်စွမ်း ထိရောက်ထက်မြက်ရန်
လိုအပ်သည်ဟု ယမန်နေ့က ထုတ်ပြန်ခဲ့သည့် သဘောထားထုတ်ပြန်ချက်တွင်
အတိအလင်းဖော်ပြထားပြီးဖြစ်ကြောင်း ဖြေကြားသွားခဲ့ပြီး သတင်းဖော်ပြပုံများကိုလည်း အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဖော်ပြနိုင်အောင် ကြိုးစားပေးစေလိုကြောင်းလဲ ပြောကြားခဲ့ပါသည်။
သတင်းဌာနများမှ မေးမြန်းသော မေးခွန်းများကို ဖြေကြားအပြီးတွင် အခင်းဖြစ်ပွားခဲ့သည့်နေရာများသိ
၈၈မျိုးဆက်ကျောင်းသားများ
Rangonnewsdaily
Kolatt(PBDN):28.3.2013
Kolatt(PBDN):28.3.2013
0 comments:
Post a Comment