၂၀၀၉
ခုနှစ်တုန်းကပါ။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေချိန် အတွေး တစ်ခု
ဝင်လာပါတယ်။ ဒါကတော့
ဘေလ်ဘုတ်ကြော်ငြာပဲ ဖြစ်ပါတယ်။လူသား ဘေလ်ဘုတ်
ကြော်ငြာစနစ်မရှိသေးပါဘူး။ဒီတော့ သူက စတင်
ဖို့ စိတ်ကူးရပြီး ဝဘ်ဆိုဒ်
တစ်ခု လုပ်ပါတယ်။ ကုမ္မဏီ နဲ့ ထုတ်ကုန်ပစ္စည်းအကြောင်း ကြော်ငြာထားတဲ့
တီရှပ်
ကို တစ်ရက်ဝတ်ခ ၁ ဒေါ်လာနှုန်းနဲ့ စတင်ပါတယ်။
ယင်းထုတ်ကုန်ပစ္စည်းကြော်ငြာထားတဲ့
တီရှပ်ကို မနက်အိပ်ယာထက စလို့ ညအထိ ဝတ်ဆင်ပြီး ရောက်
တတ်ရာရာ သွားပါတယ်။
လူစည်ကားရာ သွားပါတယ်။ ဆန်းလဲဆန်းတော့ လူသိများလာပြီး သူ့ဝဘ်ဆိုဒ်
လည်း
လူဝင်ကြည့်များ၊ သူ့ကြော်ငြာစနစ်ကိုလည်း စိတ်ဝင်စားလာ ကြပါတယ်။ နောက်တော့
တစ်ရက် ၁ ဒေါ်လာ ကနေ ၂ ဒေါ်လာ၊ ၃ ဒေါ်လာ၊ ၄ ဒေါ်လာ ဈေးအဆင့်ဆင့် တက်လာပြီး
၂၀၀၉ ခုနှစ် တစ်နှစ်ထဲမှာကို အမေရိကန်ဒေါ်လာ ၈၃၀၀၀ တောင်
ရှာဖွေနိုင်ခဲ့ပါတယ်။
ဒါကြောင့် ပထမ နှစ်ကိုအခြေခံလို့ ဒုတိယ
နှစ်မှာ တစ်ယောက်တည်း မဟုတ်တော့ပဲ အဖွဲ့လိုက်လုပ်ပါတယ်။
ကုမ္မဏီပေါင်းများစွာလည်း လာရောက်ပြီး စာချုပ်ချုပ်ပါတယ်။
တစ်လဝတ်ဆင်ကြော်ငြာပေးခ၊ ၆ လ ကြော်
ငြာပေးခ အစရှိသဖြင့် ရရှိတဲ့
ဝင်ငွေတိုးလာပြီး ကြော်ငြာအေးဂျင့် ကုမ္မဏီကြီး တစ်ခုလို ဖြစ်လာပါတယ်။
ယ
နေ့မှာဆိုရင် လုပ်ငန်းကို အမေရိကန်မှာတင် မဟုတ်တော့ပဲ ကမ္ဘာအနှံ့ နယ်ချဲ
့တော့မှာ ဖြစ်ပါတယ်။
ယင်း ကြော်ငြာစနစ်က အတွေးကောင်းတဲ့ Jason Salder ကို တီရှပ်ဝတ်ရင်း ပိုက်ဆံရသူလို့ ယနေ့တိုင် လူ
သိများစေခဲ့ကြောင်း သိရပါတယ်။
International news for myanmar,Rangonnewsdaily
Kolatt(PBDN):28.3.2013

0 comments:
Post a Comment