Pages

Thursday, March 28, 2013

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပုတီးကုန်းမြို့အကြမ်းဖက်ခံရမှုသတင်း ( မတ်လ ၂၈ ရက်နံနက် ၁ နာရီ)

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပုတီးကုန်းမြို့တွင် မတ်လ ၂၇ ရက် ည ၁၀ နာရီမှ ၁၂ နာရီအတွင်း လူတစ်စုက ဗလီတစ်ခုအတွင်းရှိ ပစ္စည်းများနှင့် အစ္စလာမ်ဘာသာဝင်များ၏ သင်္ချိုင်းအတွင်းရှိ ပစ္စည်းများအား ဖျက်စီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ ထိုသို့ ဆူပူ ဖျက်စီးမှုပြုလုပ်ခဲ့သည့် လူ ရာဂဏန်း ဝန်းကျင်သည် ပုတီးကုန်းမြို့အနီးဝန်းကျင်ရှိ ကျေးရွာများမှ လာရောက်သူများဖြစ်ကြောင်း သတင်းရရှိသည်။ ပုတီးကုန်းမြို့ မငြိမ်သက်မှုများနှင့် ပတ်သက်၍ ပုတီးကုန်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ဖြစ်စဉ်ကို ရဲတပ်ဖွဲ့ဝင်တွေ တပ်မတော်သားတွေနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေ ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်နေပါတယ်” ဟု မတ်လ ၂၈ ရက်နံနက် ၁ နာရီဝန်းကျင်က Eleven Media Group သို့ ပြောကြားခဲ့သည်။
Eleven Media Group:,Rangonnewsdaily
Kolatt(PBDN):28.3.2013

0 comments:

Post a Comment