မြိတ်မြိုတွင်လတ်တလောဖြစ်ပေါ်နေေ သာ အခြေအနေများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းစွာဖြင့်အားလုံးလက်တွဲဆောင်ရွက်သွားကြရန်မြိတ်မြိုနယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတာဝန်ရှိသူများ အစ္စလာမ်ဘာသာရေးဆ
ရာများ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊၈၈မျိုးဆက်ကျောင်းသားများနှင့်၂၇.၃ .၂၀၁၃ရက်နေနေ
လည်၁နာရီခွဲ့တွင်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။အဆိုပါ တွေ့ဆုံပွဲအားမြိတ်မြိုပုလဲလမ်း ရှိအိုလမာအစ္စလာမ်သာသနာပညာရှင်များအဖွဲ့ရုံးခန်းတွင်ကျင်းပခဲ့ခြ င်းဖြစ်ပြီး လတ်တ
လောမြန်မာနိုင်ငံအတွင်းဖြစ် ပေါ်နေသောအခြေအနေများနှင့်မြိတ်ြ မိုပေါ်တွင်ဖြစ်ပေါ်နေသည့် ကောလဟာ
လများကိုအတူယှဉ်တွဲကာ ငြိမ်းချမ်းစွာဖြင့် အားလုံးပူးပေါင်းဆောင်ရွက်သွားမ ည်ကိုဆွေးနွေးခဲ့ကြပါသည်
တွေ့ဆုံဆွေးနွေးပွဲသို့အစ္စလာမ်ဘာသာရေးဆရာများအပါအ၀င်၊ြ မိတ်မြို့ပေါ်မှ ဗလီဂေါပကများ၊အိုလမာသာ
သနာပညာရှင်များအဖွဲ့၊အစ္စလာမ်သာသနာရေးရာကောင်စီ၊မြန်မာမွတ်ဆလင်အမျိုးသားေ ရးရာအဖွဲ့ချုပ်
၊မြိတ်ခရိုင်၈၈မျိုးဆက်ကျောင်းသားများ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ရဲတပ်ဖွဲ့၊စရဖ၊ရဲသတင်းတပ်
ဖွဲ့တက်ရော က်ခဲ့ကြပါသည်။
မြိတ်မြို့တွင်ပြီးခဲ့တဲ့ညကဖြစ်ပေါ်ခဲ့သောကောလဟာလသတင်းများေ ကြာင့် မြို့နေလူထုများအထိတ်တလန်
့ဖြစ်ခဲ့ရပြီး ရပ်ကွက်အလိုက်နေရာတော်များများမှ စုရုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ် စိုးရိမ်သောကဖြစ်တာတွေ သံသယလွန်ကဲမှုတွင်ဖြစ်ခဲ့ပြီးNLDပါတီဝင်များ၊၈၈မျိုးဆက်ကျောင်းသားတွေနဲ့ရပ်မိရပ်ဖလူကြီးတွေအ
တော်လးကို လိုက်လံရှင်းပြခဲ့ရပါတယ်။
လက်ရှိဖြစ်ပေါ်နေမှုများအပေါ် NLD ပါတီရဲ့ သဘောထားများကို မြို့နယ် အတွင်းရေးမှူး ကိုအောင်အောင်မိုး မှ ၄င်းတို့ အနေဖြင့် သက်ဆိုင်ရာပါတီ ရပ်ကျေးရုံးများနှင့် လက်လှမ်းသော ပါတီဝင်များအပေါ်လက်ရှိ ဖြစ်ပွားမှု များ ပါဝင်ပါတ်သက်မှု မပြုလုပ်ရန်၊တိကျသေချာတဲ့ သတင်းများအား စုစည်း ပြီး မြို့နယ်ရုံးနှင့် ဆက်သွယ်မှုပြုလုပ်ပြီးမှသာ ဆက်လက် ပါဝင်ကူညီပေးရန် နှင့် ညွန်ကြားချက်များအတိုင်းသား ဆောင်ရွက်ပေးရန်ကို ဖုန်းအဆက်သွယ်ဖြင့် ပြောပြထားပြီး ဖြစ်ကြောင်း၊

ပါတီရဲ့
သဘောထားထုတ်များနှင့် ညွန်ကြားချက်များကို ဆက်လက်ထုတ်ဝေ ပြီး အဓိကရုဏ်းမဖြစ်ပွားစေ
ရေးအတွက်သက်ဆိုင်ရာဘာသာအသီးသီးမှ အဖွဲ့အစည်း အသီးသီး ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ေ ကြာင်း အသိပေး ပြောကြားခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြိတ်မြို့
Rangonnewsdaily
Kolatt(PBDN):28.3.2013
Kolatt(PBDN):28.3.2013
0 comments:
Post a Comment