Genius အဖြစ် သတ်မှတ်ခံရသည့် ပုဂ္ဂိုလ်များတွင် တူညီစွာတွေ့ရှိရတတ်သည့် အဓိကအရည်အချင်း ငါးခုရှိ
သည်။(၁) ခံယူသိရှိမှုစွမ်းရည်ထက်မြက်ခြင်း၊ (perceptiveness) စိတ်ကူးစိတ်သန်းကောင်းခြင်း၊ ပြဿနာများအရာဝတ္ထုများကို အများနှင့်မတူသော ရှုထောင့်သစ်များမှမြင်တတ်ခြင်း။ (၂) စဉ်ဆက်မပြတ်ဆောင်ရွက်တတ်ခြင်း၊ (continuity) မိမိ၏အတွေးသစ်၊ အမြင်သစ်၊ အကြံဥာဏ်သစ်ကို
ဖော်ထုတ်ပြသရန် အမြဲစိတ်အားထက်သန်နေတတ်ခြင်း၊ မပြတ်လုံ့လစိုက်ထုတ်နေတတ်ခြင်း။
ဖော်ထုတ်ပြသရန် အမြဲစိတ်အားထက်သန်နေတတ်ခြင်း၊ မပြတ်လုံ့လစိုက်ထုတ်နေတတ်ခြင်း။
(၃) ခံနိုင်ရည်ရှိခြင်း၊ (endurance)သူတစ်ပါး၏ ဆန့်ကျင်မှု၊ ဝေဖန်တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်ခြင်း။
(၄) ထုတ်လုပ်မှုစွမ်းအားကောင်းခြင်း၊ (productivity) မိမိ၏အမြင်သစ်၊ ဥာဏ်သစ်များကို ဖော်ပြသည့်လုပ်
ရပ်များ မပြတ်ဖန်တီးထုတ်လုပ်နိုင်စွမ်းရှိခြင်း။
ရပ်များ မပြတ်ဖန်တီးထုတ်လုပ်နိုင်စွမ်းရ
(၅) လွှမ်းမိုးနိုင်စွမ်းရှိခြင်း၊ (influence) သူတစ်ပါး၏ စိတ်နှလုံးတွင် စွဲမြဲသွားစေနိုင်ခြင်း၊ သူတစ်ပါးကိုလွှမ်း
မိုးချုပ်ကိုင်နိုင်သည့် လုပ်ရပ်များဖန်တီးထုတ်လုပ်နိုင်စွမ်းရှိခြင်း။
စသည်တို့ဖြစ်သည်။
စသည်တို့ဖြစ်သည်။
ထိုအရည်အချင်းတို့ကိုကြည့်လျှင် genius ဆိုသည်မှာ မွေးရာပါဆိုသော သဘောထက် ပြုစုပျိုးထောင်ရမှု
သဘော ပိုကဲကြောင်းတွေ့ရလိမ့်မည်။ geniusနှင့်ဇွဲနပဲ၊ geniusနှင့်ထက်သန်စွဲမြဲမှု၊ geniusနှင့်ပင်ပန်းဆင်းရဲ
ခံနိုင်မှုတို့ ဒွန်တွဲလျက်ရှိသည်ကို သတိပြုရလိမ့်မည်။
လူတစ်ယောက်၏ "အကျင့်" သို့မဟုတ် "စရိုက်လက္ခဏာ"သည် တစ်စုံတစ်ရာကို ထပ်တလဲလဲ အချိန်ကြာ
ကြာလုပ်ကိုင်ရင်း စွဲမြဲလာသောအရာဖြစ်သည်။ မိမိဘ၀ကို ကောင်းမွန်အောင် တည်ဆောက်လိုသူသည် မိမိ
ကိုယ်ကို ဆင်ခြင်ကာ မိမိမှာရှိသည့် မကောင်းသော အကျင့်စရိုက်များကို ပယ်ဖျောက်၍၊ မရှိသေးသည့်
ကောင်းသောအကျင့်များကို မွေးမြူဖြည့်တင်းရမည်ဖြစ်သည်။

အလားတူ
ပညာထူးချွန်လိုသော ကျောင်းသားများသည်လည်း ထူးချွန်ထက်မြက်သော
ကျောင်းသားတို့၏ အမူအကျင့်များကို အတုယူကာ မိမိမှာလည်း အလားတူအမူအကျင့်မျိုး ရှိလာအောင် မွေးမြူလေ့ကျင့်ပျိုးထောင်မှုပြုရပေမည်။
ref:workcom
ref:workcom
0 comments:
Post a Comment