ကိုယ့်ဆီမှာရှိတဲ့ မှတ်ဥာဏ်၊ အိုင်ကျူလယ်ဗယ်အားလုံးကို စက်ရုပ် ဆီ ရောက်အောင် Upload လုပ်ပေးရုံပါပဲ။ ဒီမှာတောင် ကိုယ် မမှတ်မိစေ ချင်တဲ့အကြောင်းအရာတွေကိုတောင် ချန်ထားလို့ရမယ်လို့ ဆိုပါတယ်။ ယင်း စက်ရုပ်ကလည်း အနည်းဆုံး နှစ်ပေါင်း ၅၀၀ လောက် ကတော့ တာရှည်ခံ မှာလို့ ဆိုပါတယ်။
ကွန်ပြူတာ ချစ်ပ်၊ နာနိုဓာတ်ပြားများထဲမှာ လူ့လိပ်ပြာ ဝင်ခိုအောင်းဖို့ ဆိုတာ စဉ်းတော့စဉ်းစားစရာပါပဲ။ ဒီလိုနဲ့ စက်ပစ္စည်း ပြတ်ရင် ပြင်လိုက်၊ အသစ် လှဲလိုက်၊ ပိုကောင်းတဲ့ စက်ရုပ်ခန္ဓာကိုယ်ကို ကူးပြောင်းလိုက်နဲ့ သူတို့ တွေး ထားတဲ့ အတွေးကတော့ အံ့မခန်းပါပဲ။ ဒီတော့ ပထမဆုံး အဆင့်က လူတစ်ယောက်နီးနီး တွေးခေါ်နိုင်၊ ခံစားနိုင်တဲ့ စက်ရုပ် သို့မဟုတ် နှလုံးသား ပါတဲ့ စက်ပစ္စည်း၊ Memory , ဟာ့ဒ်ဝဲများ တီထွင်ရမှာက ပထမအဆင့်ဖြစ်ပါ တယ်။
ယင်းစက်ရုံက နေရာစုံသွားလာနိုင်၊ ပိုမို သန်မာ၊ လှုပ်ရှားနိုင်ပြီး၊ ကိုယ်ပါပဲ လုပ်ချင်လုပ်ချင်၊ ပရိုဂရမ်ဆွဲ သွင်းလိုက်ရုံ ဖြစ်ပြီး စွယ်စုံတတ်ကျွန်းမယ့် သူတောင် ဖြစ်လာနိုင်ပါတယ်။
ထိကိုင်လို့မရပေမယ့် ပညတ်အတိုင်း ရှိနေတဲ့၊ အချစ်၊အမုန်း၊ သံယောဇဉ် ဆိုတာတွေကို စက်ရုပ်ဦးနှောက်မှာ ထည့်သွင်းနိုင်ပြီဆိုရင် အောင်မြင်ဖို့ ပထမဆုံး ခြေလှမ်းပါပဲ။ လူ့မှတ်ဥာဏ်ကိုကူးပြောင်းလို့ရတ
--
Ref: techblog
ရိုးရာလေး
0 comments:
Post a Comment