skip to main |
skip to sidebar
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစတင်
12:00 PM
Kolatt
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏
အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားခရီးစဉ်အား ယနေ့ ဇန်နဝါရီလ ၂၄
ရက်နေ့ နံနက်ပိုင်းက စတင်ထွက်ခွာသွားပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည်
ဟိုနိုလူလူ မြို့၌ ဟာဝိုင်ယီပြည်နယ် အုပ်ချုပ် ရေးမှူး၊ ဟာဝိုင်ယီရောက်
မြန်မာများ နှင့် သီးခြားစီတွေ့ဆုံခြင်း၊ ရိုထရီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
(Rotary Pe- ace Fourm) သို့တက်ရောက်မိန့်ခွန်း ပြောကြားခြင်းနှင့်
ဟာဝိုင်ယီငြိမ်း ချမ်းရေးဆု (Hawaii Peace Award) ကို
လက်ခံရယူခြင်းတို့ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဇန်န၀ါရီလ ၂၉ ရက် တွင်တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့
၌တောင်ကိုရီးယားသမ္မတလီမြောင် ဘတ်နှင့်သမ္မတသစ်အဖြစ် ရွေးချယ်
တင်မြှောက်ခြင်းခံရသော မစ္စ ပက် ဂွန်းဟေးတို့အား တွေ့ဆုံသွားမည်ဖြစ်
ကြောင်းလည်း သိရသည်။
Eleven Media Group
0 comments:
Post a Comment