တီဟီရန်၊ ဇန်န၀ါရီ-၂၁
အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသည် မြန်မာနိုင်ငံတွင် ၎င်းတို့၏သံရုံး
ထားရှိဖွင့်လှစ်ရေးအတွက် မြန်မာအစိုးရနှင့် ညှိနှိုင်းနေကြောင်း Presstv
သတင်းဌာနက သတင်း ဖော်ပြသည်။ အီရန်နိုင်ငံ၏ မာဂ်ျလစ်(ပါလီမန်) အမျိုးသားလုံခြုံရေးနှင့်
နိုင်ငံခြားရေးမူဝါဒကော်မတီ၏ ပြောခွင့်ရပုဂ္ဂိုလ်
ဆေယတ်ဟိုစိန်နာကာဗီ-ဟိုဆနီက မြန်မာအစိုးရက နိုင်ငံ၌ အီရန်ဘက်မှ
မြန်မာနိုင်ငံတွင် သံရုံးတစ်ခု တည်ထောင်ရေးကမ်းလှမ်းချက်ကို
စဉ်းစားနေကြောင်း၊ မြန်မာနိုင်ငံတွင် အီရန်သံရုံး တည်ထောင်ရေးအတွက်
ထိုင်းအစိုးရသည် ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း ၎င်းကပြောသည်။
အီရန်နိုင်ငံသံအမတ်ခန့်အပ်ရန် သဘောတူညီဖြစ်၍ အီရန်သံအမတ်ကြီး
မစ္စတာဟိုစိန်ကာမာလီယံက ၂၀၁၂ စက်တင်ဘာ ၁၁ ရက်တွင် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို
ပေးအပ်ခဲ့သည်။
အီရန်နှင့် မြန်မာသည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကဏ္ဍသစ်ဖွင့်လှစ်ရန်
ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ နှစ်နိုင်ငံစလုံးတွင်လည်း
သံရုံးများ အပြန်အလှန်ဖွင့်လှစ်သွားရေးကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သည်။
ယခုကဲ့သို့ သံတမန်ရေးတိုးတက်မှုမှာ မကြာမီက ဇန်န၀ါရီလဆန်းတွင်
အီရန်လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့တစ်ဖွဲ့ မြန်မာသို့လာရောက်ကာ
ရခိုင်တွင် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ ပြုလုပ်ခြင်း၊
လေ့လာခြင်းများ ဆောင်ရွက်အပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အီရန်ကိုယ်စားလှယ်များသည် ရခိုင်တွင် ဒုက္ခသည်စခန်း လေးခုမှ ငါးခုကို
သွားရောက်လေ့လာခဲ့ပြီး မြန်မာအစိုးရသည် ရခိုင်တွင် ဒုက္ခသည်များ
အခြေအနေတိုးတက်အောင် လုပ်နိုင်မည်ဟု အကောင်းမြင်ကြောင်း
ထုတ်ဖော်ပြောကြားခဲ့သည်။
အီရန်သည် ရခိုင်ရှိ ဒုက္ခသည်များအတွက်
တန်ချိန် ၂၄ တန် ပမာဏရှိ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများကို ယခုလ
အစောပိုင်းက ပေးပို့ခဲ့ပြီး ရခိုင်တွင် ဒုက္ခသည်များအတွက်
ထောက်ပံ့ရေးစခန်းတစ်ခု တည်ထောင်ရေးကိုလည်း မြန်မာတာဝန်ရှိသူများနှင့်
ပူးတွဲလုပ်ဆောင်နေကြောင်း သိရသည်။
Ref: Presstv
အီရန်သည် ရခိုင်ရှိ ဒုက္ခသည်များအတွက် တန်ချိန် ၂၄ တန် ပမာဏရှိ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများကို ယခုလ အစောပိုင်းက ပေးပို့ခဲ့ပြီး ရခိုင်တွင် ဒုက္ခသည်များအတွက် ထောက်ပံ့ရေးစခန်းတစ်ခု တည်ထောင်ရေးကိုလည်း မြန်မာတာဝန်ရှိသူများနှင့် ပူးတွဲလုပ်ဆောင်နေကြောင်း သိရသည်။
Ref: Presstv
0 comments:
Post a Comment