skip to main |
skip to sidebar
"မတော်တဆမှုတစ်ခုကြောင့် ဝေါတံတားလမ်းပိတ်နေ"
3:07 PM
Kolatt
ဝေါ၊ ဇန်န၀ါရီ ၂၁
မတော်တဆမှုတစ်ခုကြောင့် ဝေါတံတားလမ်းပိတ်နေကြောင်းသိရသည်။
ဇန်န၀ါရီ ၂၁ ရက်နေ့ နံနက် ၃ နာရီခန့်တွင် မော်လမြိုင်ဖက်မှ ရန်ကုန်သို့လာသော အကြီးစားမြေတူးစက်(ဘက်ဟိုး)တစ်စီးကိုသယ်ဆောင်လာသော ယာဉ်က ဝေါတံတားပေါ်ဖြတ်သန်းစဉ် တံတားပေါ်မှ ထုတ်တန်းများနှင့်ထိတိုက်မိပြီးယင်းတန်းများပြိုကျသဖြင့် ဝေါတံတား ယိုယွင်းပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါ အပျက်အစီများနှင့် ပိတ်မိနေသောယာဉ်ကို ယခုအခါ
ရှင်းလင်းနေပြီဖြစ်ပြီး၊ လောလောဆယ်အားဖြင့်မူ ယာဉ်အသွားအလာများ
ခေတ္တပိတ်ဆို့နေကြောင်းသိရသည်။
"လောလောဆယ်မှာတော့ ဆိုင်ကယ်လိုယာဉ်အသေးလေးတွေတစ်ချို့တော့ ဖြတ်လို့ရတယ်လို့ သိရတယ်။ ဘုရားဖူးကားတွေတော့ ဖြတ်လို့မရသေးဘူး" ဟု ဒေသခံတစ်ဦးကပြောသည်။
တံတားကိုရှင်းလင်းမှုမှာ ဇန်န၀ါရီ ၂၂ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုး
Popular Myanmar News
0 comments:
Post a Comment