စရောက်တည်းက သတိထားမိတာက ....ဆေးခန်းအပြင်ဘတ်မှာ အထွေထွေရောဂါကုဆရာဝန်၂ယောက်အမည်
ထားတာတွေ့  ရတယ်
အဲ့ဒီ ဆရာဝန်၂ယောက် က မြန်မာ နာမည် နဲ့ .... ပါ
နောက် တစ်ချက်က ....လူနာမှတ်တမ်း စာအုပ်ယူပြီးတာနဲ့ ပိုက်ဆံ ၅၀၀၀/ စတောင်းပါတယ် ဒါလဲ ထားတော့ ...
နောက်တစ်ချက် က .... ဆရာ လာပြီတဲ့ ဆိုပြီးနာမည်ခေါ်တော့ ....ကျမ အထင်က မြန်မာဆရာဝန်ပဲထင်ခဲ့တာပါ
အဲ့ဒီမှာ စတွေ့ တော့တာပါပဲ .... ဆရာဝန်က တစ်ရုတ် လူမျိုးအသက် ၃၀ ခန့်  မြန်မာ စကားမတတ်ဘူး မြန်မာ တစ်ရုတ်ကောင်မလေး တစ်ယောက်က စကားပြန်လုပ်ပေးတယ် ...
အရင်က ကျှီးပေါင်း ဖြစ်ဖူးလို့  မြန်မာဆရာဝန်နဲ့  ပြတာ ပျောက်သွားပြီးကာမှ .... အခန့် မသင့်တော့
ပြန်ဖြစ် ချင်သလို ဖြစ်တာနဲ့  ခုတစ်လော ဂျာနယ်တွေ မှာ ကြော်ငြာ ကောင်းတာကြောင့် ဒီဆေးခန်းကို လာခဲ့မိတာ ..မေးကြည့် တော့ တရုတ်တိုင်းရင်းဆေး ဆရာလို့ ပြောတယ်ဒါပေမယ့် ....
ဘာအထောက်အထားမှ မရှိ ဘူး အနည်းဆုံး တိုင်းရင်းဆေးအသိအမှတ်ပြု လက်မှတ် တစ်ခုခုပေါ့ ...အဲ့ဒါလည်းမတွေ့ ရပါဘူး .... အဓိကပြောပြချင်တာက ဆေးကို ရက်၃၀ သောက်ရမယ်ပြောတယ် .. ပုခုံး ၂ဖတ် ကိုလည်းဆေးထိုးရမယ်လို့ ပြောတယ် ...ဘာမှလဲ သေချာ စစ်ဆေးပေးတာမျိုးလည်းမရှိဘူး ဒါပေမယ့် သောက်ရမယ့် ဆေးဖိုးက လေးသောင်းကျမယ်လို့ ပြောတယ်။
ထင်လိုက်တာက ရက် ၃၀ စာကို ဆေးဖိုး ငွေ လေးသောင်း လို့ ထင်လိုက်တာ ... အဲ့ဒီအချိန်မှာ ဆရာဝန် ကို လည်း သိပ်မကြိုက်တော့ ..ဆေးလည်းမထိုးချင်ဘူး သောက်ဆေးကို လည်း၁၅ ရက်စာပဲ ယူမယ်လို့ ပြောလိုက်တယ် ....အဲ့ဒီ တော့ ကောင်မလေးက ပိုက်ဆံ အရင်ရှင်းရမယ် လို့ ပြောတယ် ဘောင်ချာမှာ ရေးထားတာ ကြည့် လိုက်တော့600000(ခြောက်သိန်း)တ
ကိုတွေ့ လိုက်ရတယ် ..သေချာအောင် မေးကြည့်လိုက်တော့မှ ဆေးတစ်ရက် စာ ကိုလေးသောင်း ဆိုပြီးပြောတယ် ..... အံ့ သြ လွန်းလို့ ယုံတောင် မယုံ နိုင်ပါဘူး
သောက်သေး ၃မျိုး နှင့် ကပ်ခွာ တစ်ခု တစ်ရက် စာ ကို လေးသောင်းကျ တယ် ဆိုတာ .... ဘယ်လိုဆေးမျိုး ပါလဲ စိတ်ဝင်စားစရာပါပဲ အဲ့ဒါနဲ့ စကားအချေအတင်မပြောချင်တော့တာနဲ
ဒါပေမယ့် အဲ့ဒီဆေးကိုမသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ် .... ကိုယ် မသိတာတွေ သိခဲ့ရလို့  ရှစ်သောင်းတန်တယ်လို့ ပဲ စိတ်ဖြေလိုက်ပါတယ် မနက်ဖြန်ကစပြီးအဲ့ဒီ ဆေးခန်းကိုဆက်လက်စုံစမ်း
သွား ပြီးအမှန်တရားကိုဖော်ထုတ်သွား မှာဖြစ်ပါတယ် ကိုယ့်လိုမဖြစ်ရလေအောင် ဓာတ်ပုံနှင့် တကွ တင်ပြ လိုက်ပါတယ်။
0 comments:
Post a Comment